Bagan News Agency covers daily updates on Myanmar's military coup, human rights issues, and political developments, offering insights into the ongoing crisis and struggles for democracy.

16/03/2025
16/03/2025
စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၁၃ ဦးသေဆုံး မတ် ၂ / Bagan News တအာင်းတပ်မတော် TNLA  ထိန်းချုပ်ထားသော...
02/03/2025

စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၁၃ ဦးသေဆုံး

မတ် ၂ / Bagan News

တအာင်းတပ်မတော် TNLA ထိန်းချုပ်ထားသော မြို့များတွင် ဖေဖော်ဝါရီလအတွင်း စစ်ကောင်စီမှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား (၁၃)ဦး သေဆုံးကာ(၃၆)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း TNLA ကထုတ်ပြန်သည်။

ထုတ်ပြန်ချက်အရ ဖေဖော်ဝါရီလ ၆ ရက်တွင် နောင်ချိုမြို့ သပြေတောင်ရပ်ကွက်အား စစ်ကောင်စီတပ်မှ ဗုံး (၁)လုံး ကြဲချတိုက်ခိုက်မှုကြောင့် အရပ်သား (၁)ဦး ဒဏ်ရာရရှိပြီး နေအိမ် (၅)လုံး ပျက်စီးခဲ့သည်။

ဖေဖော်ဝါရီလ ၁ဝ ရက်နေ့တွင် စစ်ကောင်စီတပ်မှ မိုးကုတ်မြို့အနောက်ပိုင်း ဝန်းထရံရပ်ကွက်အား လေကြောင်းကိုအသုံးပြုပြီး ဗုံး (၂ဝ)လုံး ကြဲချမှုကြောင့် အရပ်သား(၅)ဦး သေဆုံးခဲ့ကာ (၁၉)ဦး ဒဏ်ရာရရှိခဲ့သည်။

ဖေဖော်ဝါရီလ ၂ဝ ရက်တွင် နောင်ချိုမြို့ ဘူတာရပ်ကွက်နှင့် ပြည်သူ့ဆေးရုံပေါ်သို့ စစ်ကောင်စီတပ်မှ ဗုံး (၂)လုံးကြဲချတိုက်ခိုက်မှုကြောင့် အရပ်သား (၃)ဦး သေဆုံးခဲ့ပြီး (၄)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

အလားတူ မိုးမိတ်မြို့နယ် ဝဲဘောင်းကျေးရွာကို စစ်ကောင်စီမှ လေကြောင်းဖြင့် ဗုံး (၂)လုံး ကြဲချမှုကြောင့်အရပ်သား (၃)ဦး သေဆုံးခဲ့ပြီး (၇)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂ဝ ရက်ကလည်း နောင်ချိုမြို့နယ် လောက်ဖန်းကျေးရွာကို စစ်ကောင်စီတပ်မှ ဗုံးကြဲတိုက်ခိုက်မှုကြောင့်အရပ်သား (၁)ဦး သေဆုံးခဲ့သည်။

ဌင်းပြင် ကလေးငယ်အပါအဝင် (၄)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် (၆)လုံး ထိခိုက်ပျက်စီးခဲ့သည်။

ဖေဖော်ဝါရီလ ၂၂ ရက်ကလည်း ရွှေမုဠောကျေးရွာနှင့် တောင်ရှည်ကျေးရွာကို စစ်ကောင်စီမှ ဗုံး (၃၂)လုံးဖြင့်တိုက်ခိုက်မှုကြောင့် အရပ်သား (၁)ဦး သေဆုံးခဲ့သည်။

စစ်ကောင်စီတပ်သည် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၃ ရက်တွင် တောင်ရှည်နှင့် မန်မော်ကျေးရွာကြားဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း အဆိပ်ငွေ့ဗုံး အသုံးပြုတိုက်ခိုက်မှုကြောင့် TNLA တပ်သား (၁ဝ)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ဖေဖော်ဝါရီလ ၂၈ ရက်ကလည်း စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံး (၃)လုံး လာရောက်ကြဲချမှုကြောင့် မယ်သီလရှင် (၁)ပါး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် (၅)လုံးနှင့် ဘုန်းကြီးကျောင်း (၁)ကျောင်း ထိမှန်ပျက်စီးခဲ့သည်။

Photo - TNLA




#လေကြောင်းတိုက်ခိုက်
#နောင်ချို

Website(Blog) https://www.bagannews.org/
Facebook https://www.facebook.com/bagannews.org
Youtube https://www.youtube.com//videos
Telegram https://t.me/bagannews

ပွင့်ဖြူတွင် တိုက်ပွဲဖြစ် ပျူစောထီး ၃ ဦး သေဆုံးမတ် ၂ / Bagan News မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်၊ ရေပုတ်ကြီးကျေးရွာအတွင်း...
02/03/2025

ပွင့်ဖြူတွင် တိုက်ပွဲဖြစ် ပျူစောထီး ၃ ဦး သေဆုံး

မတ် ၂ / Bagan News

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်၊ ရေပုတ်ကြီးကျေးရွာအတွင်း စစ်ကောင်စီလက်အောက်ခံ ပျူစောထီးအဖွဲ့နှင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ပျူစောထီး ၃ ဦး သေဆုံးခဲ့ကြောင်း Earthquake People's Defence Force မှယနေ့ထုတ်ပြန်သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၇ ရက်နေ့ နံနက် ၆ နာရီခန့်တွင် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ၎င်းပျူစောထီးများထံမှ ကာဘိုင်သေနတ် ၁ လက်၊ ကျည် ၁၄၉ တောင့်၊ ကျည်ဘောက် ၂ ဘောက် ၊ G3 ကျည် ၁၁ တောင့်၊ ကျည်ဘောက်စပရိန် ၁ ခု ၊ ဓားမြှောင် ၁ ချောင်း ၊ ဖုန်း ၅ လုံး၊ Power Bank ၂ လုံးတို့ကို သိမ်းဆည်းရရှိခဲ့သည်။

တိုက်ပွဲ ဖြစ်ပွားနေစဉ်အတွင်း စစ်ကောင်စီတပ် ဘက်မှ MI-35 ရဟတ်ယာဉ်ဖြင့် ၅ ကြိမ် ပစ်ကူပေး တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ချက်ကဖော်ပြသည်။

ယင်းတိုက်ခိုက်မှုကို မင်းဘူးခရိုင် အမှတ်-၄ တပ်ရင်း၊ မဟာမိတ် တပ်ပေါင်းစုများဖြစ်သော ပေါက် ၊ မြိုင်စုဖွဲ့မှု ပကဖ၊ Young Force (PKU) ၊ Joker ပြောက်ကျားတပ်ဖွဲ့နှင့် Earthquake People's Defence Force တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။



#မကွေးတိုင်း
#ပွင့်ဖြူ
#ပျူစောထီး

Website(Blog) https://www.bagannews.org/
Facebook https://www.facebook.com/bagannews.org
Youtube https://www.youtube.com//videos
Telegram https://t.me/bagannews

ကရင်နီနှင့် ကယန်းဒေသတွင် စစ်ကောင်စီတပ်သား ၃၆ဝဝ ကျော်သေဆုံး PDF ဘက်မှ ၇ဝဝ ကျော်ကျဆုံးမတ် ၁ / Bagan News ၂ဝ၂၁ ခုနှစ်၊ ဖေဖေ...
01/03/2025

ကရင်နီနှင့် ကယန်းဒေသတွင် စစ်ကောင်စီတပ်သား ၃၆ဝဝ ကျော်သေဆုံး PDF ဘက်မှ ၇ဝဝ ကျော်ကျဆုံး

မတ် ၁ / Bagan News

၂ဝ၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁)ရက်နေ့ စစ်တပ် အာဏာသိမ်းချိန်ကပြီး ၂ဝ၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၈)ရက်နေ့အထိ ကရင်နီပြည်နယ်နှင့် ကယန်းဒေသအတွင်းတွင် အရပ်သားပြည်သူ ၅၅ဝ ဦး သတ်ဖြတ်ခံခဲ့ရကြောင်း တိုးတက်သောကရင်နီပြည်သူ့အင်အားစု PKPF မှယနေ့ထုတ်ပြန်သည်။

ဌင်းကာလအတွင်း တိုက်ပွဲအကြိမ်အရေ ၁၂၉၆ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှသေဆုံးသူ ၃၆၈၂ ဦး ရှိခဲ့ကာ KNDF/PDF/KA ဘက်မှကျဆုံးသူ ၇ဝ၃ ဦး ရှိခဲ့ကြောင်း သိရသည်။

စစ်ကောင်စီမှ လေကြောင်းတိုက်ခိုက်မှု ၁၈၂၈ ကြိမ်ရှိခဲ့ပြီး စစ်ရှောင်ရင်းသေဆုံးသူ ၁၇၇ ဦးရှိခဲ့ကြောင်း၊ ဘာသာရေးအဆောက်အုံ ၅၆ လုံး၊ အိမ် ၂၉၆၉ လုံး၊ ဆေးရုံ၊ဆေးခန်း ၁၇ လုံး နှင့် စာသင်ကျောင်း ၂၉ လုံးထိခိုက်ပျက်စီးခဲ့ကြောင်း PKPF မှထုတ်ပြန်သည်။

ထို့ပြင် စစ်ကောင်စီ ယာဉ်တန်း ပျက်စီးမှု ၆၈ စီး၊ တိုက်လေယာဉ်ပျက်စီးမှု ၃ စီး နှင့် မတရားဖမ်းဆီးခံရသူ ၁၄၇ ဦးရှိခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ - ကရင်နီတွင် ဖမ်းဆီးရမိခဲ့သည့် စစ်ကောင်စီတပ်သားများ။
(Photo - KNDF)




#ကရင်နီ
#ကယန်း
#လေကြောင်းတိုက်ခိုက်

Website(Blog) https://www.bagannews.org/
Facebook https://www.facebook.com/bagannews.org
Youtube https://www.youtube.com//videos
Telegram https://t.me/bagannews

ရှမ်းမြောက် N.S.S.A.A တပ်ရင်း သင်တန်းဆင်းပွဲ ကျင်းပမတ် ၁ / Bagan News (Photo News) ရှမ်းပြည်နယ်မြောက်ပိုင်း မဟာမိတ်တပ်ရင...
01/03/2025

ရှမ်းမြောက် N.S.S.A.A တပ်ရင်း သင်တန်းဆင်းပွဲ ကျင်းပ

မတ် ၁ / Bagan News
(Photo News)

ရှမ်းပြည်နယ်မြောက်ပိုင်း မဟာမိတ်တပ်ရင်း (N.S.S.A.A) ​၏ အခြေခံစစ်ပညာသင်တန်း၊ အပတ်စဉ် (၄) ဆင်းပွဲနှင့် သစ္စာရေသောက် ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနားကို ပြီးခဲ့သည့် ဇန်နဝါရီလ ၁၃ ရက်နေ့တွင် လွတ်မြောက်နယ်မြေတခု၌ ကျင်းပခဲ့ကြောင်း N.S.S.A.A မှထုတ်ပြန်သည်။



#ရှမ်းမြောက်

မြန်မာစစ်ဘေးရှောင် ၄ဝဝ ကျော် ထိုင်းဘက်ခြမ်း ထွက်ပြေး မတ် ၁ / Bagan News ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် ဘားအံခရိုင် ပိုင...
28/02/2025

မြန်မာစစ်ဘေးရှောင် ၄ဝဝ ကျော် ထိုင်းဘက်ခြမ်း ထွက်ပြေး

မတ် ၁ / Bagan News

ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် ဘားအံခရိုင် ပိုင်ကျုံမြို့နယ် ကလေးဖိုးကလိုးရွာရှိ စစ်ကောင်စီတပ်စခန်တခုကို KNLA တပ်ဖွဲ့ကတိုက်ခိုက်မှုကြောင့် မြန်မာစစ်ဘေးရှောင် ၄ဝဝ ကျော် ထိုင်းဘက်ခြမ်း ထွက်ပြေးလာခဲ့ကြောင်း ထိုင်းသတင်းများတွင်ဖော်ပြသည်။

ယမန်နေ့(ဖေဖော်ဝါရီ ၂၈)ရက်တွင် ထိုင်း-မြန်မာနယ်စပ် နယ်ခြားမျဉ်းမှ ၈ဝဝ မီတာအကွာရှိ ပလူတူ စခန်းကို KNLA တပ်ဖွဲ့များ ကတိုက်ခိုက်ခဲ့သည်ဟုသတင်းတွင်ရေးသားသည်။

ဌင်းနေရာသည် ထိုင်းနိုင်ငံ၊ တက်ခရိုင်၊ မေအူဆူမြို့နယ်ခွဲ၊ နောင်ဘူဝါရွာနှင့် ကပ်လျက်ရှိသည်။

တိုက်ပွဲကြောင့် မြန်မာဘက်ခြမ်းမှ စစ်ဘေး ဒုက္ခသည်စုစုပေါင်းမှာ ၄၃၆ ဦး ထွက်ပြေးလာကြပြီး နောင်ဘူဝါရွာရှိ ခရစ်ယာန်ဘုရားကျောင်း တွင် ယာယီထားရှိကြောင်း သိရသည်။

မြန်မာပြည်မှ ဒုက္ခသည်များကို ထိုင်းအာဏာပိုင်များမှ အစားအသောက်၊ အဝတ်အထည်နှင့် အခြားလိုအပ်သောပစ္စည်းများကို ပေးအပ်ခဲ့ကြောင်း ထိုင်းရီပိုတာသတင်းတွင်ဖော်ပြသည်။

ဓာတ်ပုံ - The Reporters



#မြဝတီ
#ထိုင်း
#စစ်ဘေးရှောင်

Website(Blog) https://www.bagannews.org/
Facebook https://www.facebook.com/bagannews.org
Youtube https://www.youtube.com//videos
Telegram https://t.me/bagannews

နွေဦးတော်လှန်ရေး ကာလအတွင်း သေဆုံးခဲ့သည့်  ပြည်သူ ၆၃၅၃ ဦး ရှိလာ ဖေဖော်ဝါရီ ၂၈ / Bagan News ၂ဝ၂၁ ခုနှစ် ၊ဖေဖော်ဝါရီလ ၁ ရက်...
28/02/2025

နွေဦးတော်လှန်ရေး ကာလအတွင်း သေဆုံးခဲ့သည့် ပြည်သူ ၆၃၅၃ ဦး ရှိလာ

ဖေဖော်ဝါရီ ၂၈ / Bagan News

၂ဝ၂၁ ခုနှစ် ၊ဖေဖော်ဝါရီလ ၁ ရက်၊ မတရားစစ်အာဏာလုမှုဖြစ်စဉ် စတင်ချိန်မှ ၂ဝ၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၆ ရက်အထိ စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့သည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်း(၆၃၅၃) ဦး ရှိခဲ့ပြီ ဖြစ်သည်။

ထို့အပြင် မတရားအာဏာလုမှုဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၈၆၇၇) ဦးရှိပြီး ထိုအထဲမှ (၂၁၉၂၂) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်သည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ)မှ ကောက်ယူထားသော သတင်းအချက်အလက်များအရ ၂ဝ၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၆ ရက်နေ့အထိ နိုင်ငံတဝန်း၌ စစ်အုပ်စုက အမျိုးသမီး (၃) ဦးနှင့် အမျိုးသား (၁၆) ဦး စုစုပေါင်း (၁၉) ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့သည်။

ဖမ်းဆီးခံရသူများအနက် မန္တလေးတိုင်းမှ (၈) ဦးဖြင့် အများဆုံးဖမ်းဆီးခံခဲ့ရပြီး ရခိုင်ပြည်နယ်မှာ (၅) ဦးဖြင့် ဒုတိယအများဆုံး ဖမ်းဆီးခံခဲ့ရသည်။

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၊ ဆပ်သွားကျေးရွာနေ ကိုသိန်းဦး၊ ညောင်ချောင်းကျေးရွာနေ ကိုအောင်နိုင်ဦး၊ ဇီးကုန်းကျေးရွာနေ ကိုညီလေး၊ ဆပ်သွားကျေးရွာနေ ဆပ်သွားတိုက်နယ်ဆေးရုံမှ ဓာတ်မှန်ကျွမ်းကျင်ဝန်ထမ်းတဦးဖြစ်သူ ကိုချမ်းငြိမ်းအောင်နှင့် ဂျိုင်ကောက်ကျေးရွာနေ ကိုမိုးထက်ကျော်တို့သည် စစ်ဘေးရှောင်ရန်အတွက် ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့သို့ ရောက်ရှိနေစဉ် အာရက္ခတပ်တော်(AA) နှင့် ပတ်သက်မှုရှိသည်ဟုစွပ်စွဲကာ ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် စစ်အုပ်စုတပ်က ဖမ်းဆီးခဲ့ကြောင်း အေအေပီပီကထုတ်ပြန်သည်။

ဓာတ်ပုံ - ရှမ်းပြည်နယ်၊မိုးမိတ်တွင် စစ်ကောင်စီတပ်မှဖေဖော်ဝါရီလ ၂ဝ ရက်၌ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုမြင်ကွင်း။ (Photo - TNLA)



#နွေဦးတော်လှန်ရေး
#ဒီမိုကရေစီ
#နိုင်ငံရေးအကျဉ်းသား
#အာရက္ခတပ်တော်

Website(Blog) https://www.bagannews.org/
Facebook https://www.facebook.com/bagan24news
Youtube https://www.youtube.com//videos
Telegram https://t.me/bagannews

ที่อยู่

Bangkok

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Bagan Newsผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์