Cele Trends Report

Cele Trends Report ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก Cele Trends Report, บริษัทด้านสื่อ/ข่าวสาร, Thanon Nakhon Chai Si, Bangkok.

23/07/2026

အရမ်းလိုက်ဖက်တယ်။ အချစ်ရေး ကံမကောင်းခဲ့တဲ့ အနောလေး ဒီတစ်ခါတော့ ကံကောင်းပါစေ။

23/07/2026
ပရိသတ်တွေရဲ့ အချစ်တော် သက်စံကတော့ ကွယ်လွန်သူ ဖခင်ကြီးကို ရည်စူးပြီး မွန်မြတ်တဲ့အလှူတစ်ခုကို ပြုလုပ်ခဲ့ပါတယ်။သက်စံဟာ ဘုန်...
19/07/2026

ပရိသတ်တွေရဲ့ အချစ်တော် သက်စံကတော့ ကွယ်လွန်သူ ဖခင်ကြီးကို ရည်စူးပြီး မွန်မြတ်တဲ့အလှူတစ်ခုကို ပြုလုပ်ခဲ့ပါတယ်။
သက်စံဟာ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း မှာ ပညာသင်ကြားနေတဲ့ ရင်ခွင်မဲ့ကလေးငယ်တွေနဲ့ နွမ်းပါးတဲ့ ကျောင်းသား၊ ကျောင်းသူလေးတွေအတွက် စာအုပ်၊ ခဲတံ အပါအဝင် စာရေးကိရိယာ အစုံအလင်ကို ကိုယ်တိုင်သွားရောက် လှူဒါန်းပေးခဲ့တာ ဖြစ်ပါတယ်။
ဒီအလှူဟာ ကွယ်လွန်သူ ဖခင်ကြီးကို ရည်စူးပြီး ပြုလုပ်ခဲ့တာဖြစ်သလို၊ ပညာရေးအတွက် အထောက်အကူဖြစ်စေချင်တဲ့ စိတ်ရင်းနဲ့ လုပ်ဆောင်ခဲ့တဲ့ မွန်မြတ်တဲ့ ကုသိုလ်တစ်ခုလည်း ဖြစ်ပါတယ်။
ဒါ့အပြင် သက်စံက နိုင်ငံရပ်ခြားမှာရှိတဲ့ မိခင်ကြီးဆီ သွားရောက်နေထိုင်ဖို့ စီစဉ်ထားတာကြောင့် ဒီအလှူပြီးနောက် မြန်မာနိုင်ငံကနေ ထွက်ခွာတော့မယ်လို့လည်း အသိပေးထားပါတယ်။
သက်စံရဲ့ ဒီလို မွန်မြတ်တဲ့ စိတ်ထားနဲ့ အလှူအတန်းလုပ်ဆောင်မှုဟာ ပရိသတ်တွေရဲ့ လေးစားချီးကျူးမှုကိုလည်း ရရှိနေပါတယ်။

#သက်စံ #အနုပညာသတင်းစုံ #သတင်းစုံ

ကလေးယူဖို့ကတော့ ကိုယ်က အဆင်သင့်ဖြစ်နေပြီဖြစ်ပေမယ့် ဇနီးဖြစ်သူ ချစ်မဝလေးက အချိန်နည်းနည်း ထပ်စောင့်ချင်သေးတယ်လို့ သရုပ်ဆော...
19/07/2026

ကလေးယူဖို့ကတော့ ကိုယ်က အဆင်သင့်ဖြစ်နေပြီဖြစ်ပေမယ့် ဇနီးဖြစ်သူ ချစ်မဝလေးက အချိန်နည်းနည်း ထပ်စောင့်ချင်သေးတယ်လို့ သရုပ်ဆောင် ဇေယျက ပြောလာပါတယ်။
ဇေယျကတော့ ကိုယ့်အသက်အရွယ်အရ ကလေးလိုချင်နေပြီဆိုပေမယ့် ဆုံးဖြတ်ချက်ကိုတော့ ဇနီးရဲ့ဆန္ဒကို ဦးစားပေးထားတယ်လို့ ဆိုပါတယ်။ "Woman Rights" ကို လေးစားတာကြောင့် ချစ်မဝလေး ပြောတဲ့အတိုင်း လိုက်နာပေးနေတယ်လို့လည်း ဟာသနှောပြီး ပြောခဲ့ပါတယ်။
ဒါ့အပြင် "ကိုကိုရေ" လို့ တစ်ခွန်းခေါ်လိုက်တာနဲ့ ရေပုံးတောင် ပြေးသယ်ပေးတဲ့အထိ ဇနီးကို ချစ်တဲ့အကြောင်းကိုလည်း ရယ်မောဖွယ် ပြောပြခဲ့ပါတယ်။
ယောကျ်ားတွေက မိန်းကလေးတွေကို တကယ်ကြောက်တာမဟုတ်ဘဲ ချစ်လို့ အလျှော့ပေးတာဖြစ်ပြီး၊ အဲဒီလို အလျှော့ပေးရင်းနဲ့ နောက်ဆုံး တကယ်ကြောက်သွားတာလို့ ဇေယျရဲ့ ဟာသစကားက ပရိသတ်တွေကို ပြုံးစေခဲ့ပါတယ်။

#ဇေယျ #ချစ်မဝလေး #အနုပညာသတင်းစုံ #သတင်းစုံ

အသက် (၁၄) နှစ်အရွယ်နဲ့ပဲ တစ်နိုင်ငံလုံးရဲ့ အသက်အငယ်ဆုံး ဝိနယဝိဒူဘွဲ့ရအရှင် အဖြစ် မှတ်တမ်းဝင်သွားတဲ့ ရှင်ပညာဗလရဲ့ သတင်းကတ...
19/07/2026

အသက် (၁၄) နှစ်အရွယ်နဲ့ပဲ တစ်နိုင်ငံလုံးရဲ့ အသက်အငယ်ဆုံး ဝိနယဝိဒူဘွဲ့ရအရှင် အဖြစ် မှတ်တမ်းဝင်သွားတဲ့ ရှင်ပညာဗလရဲ့ သတင်းကတော့ ဗုဒ္ဓဘာသာဝင်တွေအတွက် ဝမ်းမြောက်ဂုဏ်ယူစရာ ဖြစ်လာပါတယ်။
ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်ရှိ ဖားအောက်တောရစာသင်တိုက် (ထောက်ကြန့်) မှာ ပရိယတ္တိစာပေကို ကြိုးကြိုးစားစား သင်ယူခဲ့တဲ့ ရှင်ပညာဗလဟာ (၃၂) ကြိမ်မြောက် နိကာယ်စာမေးပွဲမှာ ဝိနည်းငါးကျမ်းလုံးကို အောင်မြင်စွာ ဖြေဆိုနိုင်ခဲ့ပြီး ဝိနယဝိဒူဘွဲ့ ကို ဆွတ်ခူးနိုင်ခဲ့တာပါ။
ငယ်ရွယ်တဲ့အရွယ်နဲ့ အခုလို ထူးချွန်တဲ့ အောင်မြင်မှုရရှိခဲ့တဲ့ ရှင်ပညာဗလကို သာသနာတော်အတွက် ဂုဏ်ယူဖွယ် သံဃာတော်ငယ်တစ်ပါးအဖြစ် လူအများက မုဒိတာပွားကာ ချီးကျူးဂုဏ်ပြုလျက်ရှိပါတယ်။

#ပရိယတ္တိစာပေ #သတင်းစုံ

‎‎💍 သိန်း ၁၀၀၀ တန် ပတ္တမြားလက်စွပ်နဲ့ "မယ်​​အောင်ဗလ" ကို Surprise လုပ်ခဲ့တဲ့ မသိင်္ဂီ‎‎မသိင်္ဂီက စမ်းရေမိုးရဲ့ မွေးနေ့အတ...
19/07/2026


‎💍 သိန်း ၁၀၀၀ တန် ပတ္တမြားလက်စွပ်နဲ့ "မယ်​​အောင်ဗလ" ကို Surprise လုပ်ခဲ့တဲ့ မသိင်္ဂီ

‎မသိင်္ဂီက စမ်းရေမိုးရဲ့ မွေးနေ့အတွက် သိန်း (၁၀၀၀) ဝန်းကျင်တန် ပတ္တမြားလက်စွပ်ကို Surprise လက်ဆောင်ပေးခဲ့တာကြောင့် လူမှုကွန်ရက်မှာ အများစိတ်ဝင်စားနေပါတယ်။

‎ဒီလက်ဆောင်နဲ့ ပတ်သက်ပြီး မသိင်္ဂီက "ဒီလက်စွပ်ကို မွေးနေ့အတွက် အချိန်အတော်ကြာကတည်းက စုဆောင်းထားခဲ့တာပါ။ တန်ဖိုးဆိုတာ ပစ္စည်းထက် စိတ်ချမ်းသာမှုကိုပဲ အစ်မက ပိုတန်ဖိုးထားပါတယ်" လို့ ပြောကြားခဲ့ပါတယ်။

‎ဒါ့အပြင် လူတချို့ရဲ့ ဝေဖန်မှုတွေအပေါ်လည်း "အစ်မအကြောင်း မသိတဲ့သူတွေကတော့ မသိသလို ပြောကြမှာပဲ၊ အဲဒါကို နားလည်ပါတယ်" လို့ တည်ငြိမ်စွာ တုံ့ပြန်ခဲ့ပါတယ်။

‎အရင်ဘဝက ကုသိုလ်ကောင်းမှုတွေဘယ်လောက်များလည်းမသိဘူး ပရိတ်သတ်တွေရဲ့အရမ်းချစ်တာခံနေရတဲ့ မယ်အောင်ဗလ (ခ)စမ်းရေမိုး

‎ #စမ်းရေမိုး #အပြုံးမင်းသားလေးစမ်းရေမိုး #မယ်အောင်ဗလ #မွေးနေ့ဇာတ်ပွဲ #သတင်းစုံ

သားကြီး အိမ်နဲ့ခွဲပြီး ကျောင်းသွားတက်တဲ့အချိန်က မိဘတွေအတွက် အခက်ခဲဆုံးအချိန်တစ်ခု ဖြစ်ခဲ့တယ်လို့ ပိုင်ဇေရဲထွန်းနဲ့ ဇင်သဲ...
17/07/2026

သားကြီး အိမ်နဲ့ခွဲပြီး ကျောင်းသွားတက်တဲ့အချိန်က မိဘတွေအတွက် အခက်ခဲဆုံးအချိန်တစ်ခု ဖြစ်ခဲ့တယ်လို့ ပိုင်ဇေရဲထွန်းနဲ့ ဇင်သဲနိုင်တို့က ဖွင့်ဟလာပါတယ်။
ဇင်သဲနိုင်ကတော့ သားကို အရမ်းလွမ်းလို့ နေ့တိုင်းနီးပါး ငိုခဲ့ရပြီး၊ သားလည်း မိဘနဲ့ တစ်ခါမှ မခွဲဖူးတာကြောင့် အစပိုင်းမှာ စိတ်ပူခဲ့ရတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် သားက မိဘတွေ ပိုက်ဆံကုန်မှာ စိုးရိမ်ပြီး ကိုယ်တိုင် အရမ်းချွေတာနေတတ်တာကို မြင်ရတဲ့အခါ ဝမ်းသာသလို စိတ်မကောင်းလည်း ဖြစ်ရတယ်လို့ ပြောခဲ့ပါတယ်။
သားသမီးကို ပညာသင်ဖို့ အဝေးပို့ရတဲ့ မိဘတိုင်းရဲ့ ရင်ထဲက ခံစားချက်ကို ထင်ဟပ်စေခဲ့ပါတယ်။

#ပိုင်ဇေရဲထွန်း #ကိုပိုင် #ဇင်သဲနိုင် #အနုပညာသတင်းစုံ #သတင်းစုံ

အသက် ၆၆ နှစ်အရွယ်၊ ခြေတစ်ဖက်သာရှိတဲ့ လူပျိုကြီးအဘိုးအိုတစ်ဦးသည် မိသားစုဝင်များ၏ စွန့်ပစ်ခြင်းခံရပြီး ကားမှတ်တိုင်တွင် နေ...
17/07/2026

အသက် ၆၆ နှစ်အရွယ်၊ ခြေတစ်ဖက်သာရှိတဲ့ လူပျိုကြီးအဘိုးအိုတစ်ဦးသည် မိသားစုဝင်များ၏ စွန့်ပစ်ခြင်းခံရပြီး ကားမှတ်တိုင်တွင် နေထိုင်ကာ လမ်းပေါ်တွင် တရွတ်တိုက်သွားလာရင်း အသက်မွေးဝမ်းကြောင်းပြုနေခဲ့ရသည်။ စားသောက်မှုအတွက် ရပ်ကွက်စေတနာရှင်များက ကူညီပေးခဲ့ကြသည်။
နောက်ပိုင်းတွင် ထောက်ကြန့်ဘက်မှ လုပ်ငန်းရှင်အမျိုးသမီးတစ်ဦးက အကြောင်းကို သိရှိပြီး ငွေကျပ် ၅ သိန်း လှူဒါန်းကာ ပုတုနှင့်ပူးပေါင်း၍ အဘိုးအိုအား “သဘာဝတရားရိပ်သာ” သို့ ပို့ဆောင်ပေးခဲ့သည်။ အဘိုးအိုသည် ဝှီးချဲလ်ဖြင့် လုံခြုံအေးချမ်းသော နေရာတွင် နေထိုင်နိုင်ပီဖြစ်ပါတယ်။လမ်းဘေးဘဝကနေလွတ်မြောက်ပီး အေးချမ်းစွာနေထိုင်နိုင်ပီဖြစ်ပါတယ်။

#ပုတု #သတင်းစုံ #အနုပညာသတင်းစုံ

လူငယ်တွေရဲ့ အိပ်မက်ကို ပညာရေးနဲ့ အားဖြည့်ပေးခဲ့တဲ့ မမကြီးဒွေးကေ… ကျောင်းသူ (၃) ဦးအတွက် သိန်း (၄၅၀) ထောက်ပံ့လှူဒါန်းလူငယ်...
16/07/2026

လူငယ်တွေရဲ့ အိပ်မက်ကို ပညာရေးနဲ့ အားဖြည့်ပေးခဲ့တဲ့ မမကြီးဒွေးကေ… ကျောင်းသူ (၃) ဦးအတွက် သိန်း (၄၅၀) ထောက်ပံ့လှူဒါန်း
လူငယ်တစ်ယောက်ရဲ့ ဘဝကို ပြောင်းလဲပေးနိုင်တဲ့ အရေးကြီးဆုံးအရာတွေထဲမှာ ပညာရေးက ထိပ်ဆုံးက ပါဝင်ပါတယ်။ ဒီလို ပညာသင်ယူဖို့ ကြိုးစားနေတဲ့ ကျောင်းသူ (၃) ဦးရဲ့ ရည်မှန်းချက်တွေ အကောင်အထည်ပေါ်လာစေဖို့ မမကြီးဒွေးကေက ငွေကျပ် သိန်း (၄၅၀) ကို ပညာရေးထောက်ပံ့ငွေအဖြစ် ပေးအပ်ခဲ့ပါတယ်။
ထောက်ပံ့မှုရရှိခဲ့တဲ့ ကျောင်းသူတွေထဲမှာ အင်ဂျင်နီယာပညာကို ဆက်လက်သင်ယူချင်တဲ့ ကျောင်းသူ (၂) ဦးနဲ့ အနာဂတ်မှာ ဆရာမအဖြစ် တာဝန်ထမ်းဆောင်ဖို့ ရည်မှန်းထားတဲ့ ကျောင်းသူ (၁) ဦး ပါဝင်ပါတယ်။ အဆိုပါ ထောက်ပံ့ငွေဟာ သူတို့ရဲ့ ပညာရေးခရီးစဉ်ကို အခက်အခဲနည်းနည်းနဲ့ ဆက်လက်လျှောက်လှမ်းနိုင်ဖို့ ရည်ရွယ်ပေးအပ်ခဲ့တာလည်း ဖြစ်ပါတယ်။
ပညာရေးကို အလှူတစ်ခုအဖြစ်သာမက လူငယ်တွေရဲ့ အနာဂတ်အတွက် ရင်းနှီးမြှုပ်နှံမှုတစ်ခုအဖြစ် မြင်ပြီး ကူညီပေးခဲ့တဲ့ မမကြီးဒွေးကေရဲ့ လုပ်ရပ်ဟာ လူမှုအသိုင်းအဝိုင်းအတွင်း အားပေးချီးကျူးမှုတွေ ရရှိနေပါတယ်။
အိပ်မက်တွေ အကောင်အထည်ဖော်နိုင်ဖို့ အချိန်မီ လက်တွဲပေးတဲ့ အကူအညီတစ်ခုဟာ လူငယ်တစ်ယောက်ရဲ့ ဘဝကို ပြောင်းလဲပေးနိုင်သလို၊ အနာဂတ်မျိုးဆက်တွေအတွက်လည်း အကျိုးသက်ရောက်မှုရှိတဲ့ လုပ်ရပ်တစ်ခုအဖြစ် တွေ့မြင်ရပါတယ်။

#မမကြီးဒွေးကေ #တက္ကသိုလ်ဝင်တန်း #အနုပညာသတင်းစုံ #သတင်းစုံ

သဘင်လောကရဲ့ "အပြုံးမင်းသား" လို့ ပရိသတ်တွေရဲ့ အချစ်ကို သိမ်းပိုက်ထားတဲ့ စမ်းရေမိုးရဲ့ မွေးနေ့အထိမ်းအမှတ် ဇာတ်သဘင်ပွဲကတော...
16/07/2026

သဘင်လောကရဲ့ "အပြုံးမင်းသား" လို့ ပရိသတ်တွေရဲ့ အချစ်ကို သိမ်းပိုက်ထားတဲ့ စမ်းရေမိုးရဲ့ မွေးနေ့အထိမ်းအမှတ် ဇာတ်သဘင်ပွဲကတော့ ဒီနေ့ (ဇူလိုင် ၁၆) မှာ ဒုတိယည ဖျော်ဖြေမှုအဖြစ် ဆက်လက်ကျင်းပနေပါတယ်။
ဇူလိုင် (၁၅) ရက်နေ့ကနေ (၁၈) ရက်နေ့အထိ (၄) ရက်ဆက်တိုက် ရန်ကုန်မြို့ အမျိုးသားဇာတ်ရုံမှာ ကျင်းပနေတဲ့ ဒီပွဲဟာ သဘင်ချစ်ပရိသတ်တွေအတွက် ဒီရက်ပိုင်းအတွင်း အာရုံစိုက်ခံရဆုံး ဖျော်ဖြေပွဲတစ်ခု ဖြစ်နေပါတယ်။
ဒုတိယည ဖျော်ဖြေမှုမစတင်ခင် စမ်းရေမိုးဟာ ဝတ်စုံ၊ မိတ်ကပ်နဲ့ ဇာတ်ကောင်အသွင်အပြင်တွေကို သေချာပြင်ဆင်နေတဲ့ ပုံရိပ်တွေ ထွက်ပေါ်လာခဲ့ပြီး၊ စင်မြင့်ပေါ်တက်မယ့် အချိန်တိုင်းကို အကောင်းဆုံးဖြစ်စေဖို့ အလေးထားပြင်ဆင်နေတဲ့ သူ့ရဲ့ ပရော်ဖက်ရှင်နယ်ဆန်မှုကို ပရိသတ်တွေက သဘောကျနေကြပါတယ်။
မွေးနေ့ကို ဖျော်ဖြေပွဲတစ်ခုအဖြစ်သာ မဟုတ်ဘဲ ပရိသတ်တွေနဲ့ အမှတ်တရဖန်တီးချင်တဲ့ ရည်ရွယ်ချက်နဲ့ ကျင်းပထားတဲ့ ဒီဇာတ်ပွဲမှာ နေ့စဉ်လာရောက်အားပေးသူတွေလည်း များပြားနေပါတယ်။
ဖျော်ဖြေပွဲက နောက်ထပ် (၂) ရက် ကျန်ရှိသေးတာကြောင့် စမ်းရေမိုးက ဘယ်လိုထူးခြားတဲ့ တင်ဆက်မှုတွေနဲ့ ပရိသတ်တွေကို အံ့ဩစေမလဲဆိုတာလည်း စိတ်ဝင်စားစွာ စောင့်ကြည့်နေကြပါတယ်။

#အပြုံးမင်းသားလေးစမ်းရေမိုး #မွေးနေ့ဇာတ်ပွဲ #အနုပညာသတင်းစုံ

ที่อยู่

Thanon Nakhon Chai Si
Bangkok
10300

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Cele Trends Reportผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ทางลัด

แชร์