15/05/2026
ပထမ ကိုယ်ဝန်က မအောင်မြင်ခဲ့တော့ ခုဒုတိယကိုယ်ဝန်မှာ တစ်နေ့ တစ်နေ့ ကလေးလေးက ဗိုက်ထဲ လှုပ်နေတယ်ဆို သူလေး ကျမ်းကျမ်းမာမာ ကြီးပြင်းနေပါလားဆိုပြီး စိတ်သက်သာရာရတယ်။
တစ်လပြီး တစ်လ၊ Trimester တစ်ခုကျော်ဖြတ်ပြီးတိုင်း စိတ်ပူမှုတွေလျော့လျော့လာတယ်။
ကိုယ်ဝန် ၅ လ မတိုင်ခင်ကဆို ကလေးကမလှုပ်သေးတော့ ကလေးအဆင်ပြေနေလားသိချင်တော့ ကလေး နှလုံးခုန်တာ နားထောင်တဲ့စက်လေးဝယ်ထားပြီး နားထောင်ခဲ့တာ။ ဒါတောင် တစ်လ တစ်ခါ OG ပြနေသေးတာ။
၅ လနောက်ပိုင်းကစ ကလေးလေးက နဲနဲ စလှုပ်လာရာက ခု ၇ လပြည့်ချိန်မှာ လှုပ်တာ ကြမ်းလာတယ် 😃 သူလှုပ်ချိန်၊ တိုးချိန်ဆို လူကပါယိုင်ချင်တယ်၊ တချက် တချက် အောင့်အောင့် သွားတာ။ အားတော်တော်ပြင်းတဲ့ သမီးလေး 😊
လရင့်လေ ဗိုက်ထွက်လေ ခန္တာကိုယ်က အိပ်ရတာ သက်တောင့်သက်သာ မရှိလေဖြစ်လာ၊ ခါးနာတာတွေ၊ စားချင်စိတ်ရှိရင်တောင် အစာကြေတာနှေးလာလို့ ရင်ပူတာတွေပိုဖြစ်လို့ တစ်ခါစားရင် အစားများများစားမရတာတွေ စသဖြင့် စိတ်သွားတိုင်းကိုယ်မပါ ဖြစ်လာလို့ မြန်မြန် due date ရောက် မြန်မြန် မွေးချင်ပြီ။
ကလေးထိန်းရတာ ပင်ပန်းတာကိုမကြောက်ဘူး ကိုယ်ဝန်ဆောင်ချိန် ခံစားရတာတွေကိုကြိုက်မနေဘူး 😃
တချို့မွေးပြီးတဲ့ မေမေတွေကတော့ပြောကြတယ် ဗိုက်ထဲထည့်ထားချိန်က ပိုသက်သာတယ်တဲ့🤣
#ကိုယ်ဝန်
#ကိုယ်ဝန်ဆောင်honestreview