24/05/2026
Antipodas
အပိုင်း (၂၈)
"တီ...တီ...တီ"
အဆက်မပြတ်မြည်နေသည့်နှိုးစက်သံကြောင့် မိုးစက်မျက်ဝန်းများပွင့်လာခဲ့သည်။ဘေးကိုကြည့်တော့ ဘယ်သူမှမရှိတော့သည်မလို့ သူမမျက်မှောင်ကြုတ်လိုက်မိသည်။ဘယ်အချိန်ရှိပြီလဲသိချင်တာကြောင့် ခုတင်ဘေးစားပွဲပေါ်ရှိဖုန်းအားလှမ်းယူစဥ် ဖုန်းအောက်တွင်ဖိထားသည့်စာခေါက်အားသူမယူဖတ်လိုက်မိသည်။
"ရဲမှူးခေါ်လို့ဌာနချုပ်ကိုသွားတယ် ဌာနကကားလွှတ်လိုက်တာမလို့ မိုး စခန်းကိုသွားရင် စခန်းကားကိုယူသွားပါ။မောင်းပို့ပေးမဲ့သူလည်းခေါ်ထားခဲ့တယ်။စားပွဲပေါ်မှာ ထမင်းကြော်နဲ့ကော်ဖီဖျော်သောက်ဖို့ပြင်ပေးခဲ့တယ်နော် စခန်းရောက်မှ တွေ့မယ်"
စာအောက်ခြေရှိအသည်းပုံကြောင့် မိုးစက်ပြုံးလိုက်မိသည်။အသည်းပုံထဲမှာရေးထားသေးတာက N&M တဲ့။
"ဘယ်လိုတောင်ကလေးဆန်လိုက်တာလဲ"
မိုးစက်ရေရွတ်ရင်း မျက်နှာပေါ်ရှိအပြုံးမှာပျောက်မသွား။စာအားသေချာခေါက်ကာ သူမဖုန်းကာဗာထဲတွင်ညှပ်လိုက်မိသည်။ဒါဟာ ပထမဆုံးအကြိမ် မ ဆီကရတဲ့စာမလား။
"မြန်မြန်မျက်နှာသစ် ရေချိုးမှပဲ"
အခန်းဆီသို့ပြန်ကာ ရေမိုးချိုးအဝတ်အစားလဲပြီး သူမချစ်ရသူပြင်ဆင်ပေးသည့်မနက်စာအား စားကာ စခန်းသွားရန်ပြင်မိသည်။အချိန်ကိုက်ပဲ ကားမောင်းပေးမည့်သူရောက်လာသည်မလို့ သူ့အား ဆိုင်ကယ်ပြင်ဆိုင်ဆီပို့ခိုင်းပြီး ဆိုင်ကယ်နဲ့ပဲ စခန်းသို့ ထွက်လာခဲ့သည်။
"လေးစားပါတယ် ဒုရဲအုပ် "
"လေးစားပါတယ်...နေမင်းခန့် မျက်နှာမကောင်းပါလား ဘာဖြစ်တာလဲ "
"ဘာမှမဖြစ်ပါဘူး စခန်းမှူး အဆင်ပြေပါတယ်"
"သေချာရဲ့လား"
"ဟုတ်ကဲ့...ဒါနဲ့စခန်းမှူးရော မလာသေးဘူးလား"
"ရဲမှူးဆီသွားတယ်...တစ်ခုခုပြောစရာရှိလို့လား"
နေမင်းခန့်ခေါင်းခါပြလိုက်မိသည်။တကယ်တော့ သူ့မှာစခန်းမှူးကိုပြောစရာရှိသည်။ဒုရဲအုပ်ကဘာကိစ္စလဲမေးရင် သူမဖြေရဲသည်မလို့ နှုတ်ဆိတ်နေခြင်းသာ။
"နေမင်းခန့် ပြောစရာရှိတာပြောလိုက်လေ ဒုရဲအုပ်ကလည်းဖြေရှင်းပေးနိုင်တာပဲ ဟုတ်တယ်မလား"
အလိုက်မသိစွာထွက်လာသည့်နှင်းသုရဲ့စကားသံကြောင့်အားလုံးမျက်လုံးပြူးသွားသည်။နေမင်းခန့်မှာတော့ နေရာတွင်ပင်ပျောက်ကွယ်ချင်မိသည်အထိ။
"SU7 မှာရှိတဲ့သူတွေအကုန်လုံးက မိသားစုတွေပဲဆို မဟုတ်ဘူးလား နေမင်းခန့်"
"ဟုတ်ပါတယ် ဒုရဲအုပ်"
"ဒါဆို ဘာလို့ စခန်းမှူးကိုပြောချင်တဲ့ကိစ္စကို ငါ့ကိုမပြောပြနိုင်တာလဲ ငါကရေယ ဒီစခန်းရဲ့လူပဲမဟုတ်ဘူးလား ဒါမှမဟုတ် ငါကမဖြေရှင်းပေးနိုင်ဘူးလို့ထင်လို့လား"
"မဟုတ်...မဟုတ်ပါဘူး ဒုရဲအုပ် တကယ်တော့"
နေမင်းခန့် သက်ပြင်းအားချလိုက်မိရင်း သူ့ပါးအားသူပြန်ပွတ်လိုက်မိသည်။သူပြောပြီးရင် ဒုရဲအုပ်ရဲ့လက်ဝါးသိုင်းက သူ့မျက်နှာဆီရောက်လာနိုင်တယ်မလား။
"ဘာဖြစ်တာလဲ...."
"နေမင်းခန့် အွန်လိုင်းကနေ လက်တော့ဝယ်တာ အလိမ်ခံလိုက်ရလို့ပါ ဒုရဲအုပ်"
"ဘာဖြစ်တယ် နှင်းသု"
နှင်းသုကိုအားတစ်လှည့်နေမင်းခန့်အားတစ်လှည့် မိုးစက်ကြည့်လိုက်မိသည်။ကျန်တဲ့သူများကလည်း တိတ်ဆိတ်နေသည်မလိုဘ ဒါကအမှန်ဖြစ်ကြောင်း သူမအတည်ပြုနိုင်သည်။
"နေမင်းခန့် ဘယ်လိုဖြစ်တာလဲ"
"တောင်းပန်ပါတယ် ဒုရဲအုပ် ကျွန်တော် သေချာမစစ်ဆေးမိလို့"
"ကျစ်...ရဲတပ်ဖွဲ့မှာနေပြီး အလိမ်ခံရတာ ဘယ်လောက်ရှက်စရာကောင်းလိုက်လဲ။အခြားသူတွေသာကြားရင် လှောင်ရယ်နေတော့မယ်"
"တောင်းပန်ပါတယ်..."
"တောင်းပန်ရုံနဲ့ပြီးသွားတာမှမဟုတ်တာ....ပစ္စည်းကိုဘယ်မှာလက်ခံတာလဲ"
"စခန်းကိုလာပို့တာပါ"
"နှင်းသု သူဝယ်တဲ့website နဲ့ deli ကိုတစ်ချက်စုံစမ်းကြည့်...ဒီကိုလာပို့တာဆိုတော့ CCTV မှတ်တမ်းကိုလဲတစ်ချင်ပြန်ကြည့် တွေ့လိုတွေ့ငြား"
"ဟုတ်ကဲ့ပါ ဒုရဲအုပ်"
နေမင်းခန့်အား မိုးစက် စိတ်ကုန်စွာကြည့်လိုက်မိသည်။ဒီနေရာမှာ နှင်းသုကိုဆိုရင်တောင် သူမ မပြောလို။
"ဒုရဲအုပ် website ကမတွေ့တော့ပါဘူး "
"Deli ပို့တုန်းက ပစ္စည်းတွေရှိသေးလား"
"ရှိပါတယ် ဒုရဲအုပ်"
"ယူလာခဲ့...ကုမ္ပဏီနာမည် တစ်ခုခုတော့ပါမှာပေါ့ စစ်ကြည့်ရအောင် ဟက်ချိုး...ဟက်ချိုး"
တရစပ်ချီနေသည့်မိုးစက်အားကြည့်ပြီး နှင်းသု အနောက်သို့ဆုတ်သွားသည်။မိုးစက်ကဒါကိုမြင်တော့ နှင်းသုအား ပြူးကြည့်လျက်။
"ကုမ္ပဏီက DELIA ရှာတွေ့ပြီ××××× လမ်းမှာ ဒုရဲအုပ်"
"သူတို့ကိုဆက်သွယ်ပြီး နေမင်စခန့်ရဲ့စာရင်းတစ်ချက်စစ်ခိုင်းကြည့် ဒါကလိမ်လည်တာလား အမှားလားဆိုတာ"
"ဟုတ်ကဲ့...."
ခဏအကြာမှာတော့ နှင်းသု လက်တော့အားမကာ မိုးစက်ထိုင်ခုံရှေ့သို့ရောက်လာခဲ့သည်။သူမစစ်ဆေးပြီးသည့်နောက် နေမင်းခန့်ရဲ့စာရင်းဟာ ကုမ္ပဏီရဲ့ဝယ်သူမှတ်တမ်းမှာရှိမနေ။
"ပိုက်ဆံပြန်ရနိုင်ပါ့မလား"
နေမင်းခန့်ရဲ့ဝမ်းနည်းသံနဲ့ပြောလာသည့်စကားကြောင့် အားလုံးသနားသွားသည်။ဒါကိုဝယ်ဖို့ သူအကြာကြီးပိုက်ဆံစုခဲ့ရတာ အားလုံးအသိ။
"အခုမှငိုမဲ့မဲ့လုပ်ပြမနေနဲ့ အစတည်းက သေချာစစ်ပါလား သွားမယ်"
"ဘယ်..ဘယ်ကိုလဲ"
"ဘယ်ကိုရမှာလဲ ကုမ္ပဏီကိုတိုက်ရိုက်သွားပြီး လူကြီးနဲ့တွေ့ရမှာပေါ့ ကားသော့ယူခဲ့"
"ဒုရဲအုပ် ဟို စခန်းမှူးကိုအကြောင်းမကြားဘဲ ဖြစ်ပါ့မလား"
"နှင်းသုကို ငါကဒီမှာစီနီယာနော် ဒီအခြေအနေလောက်ကိုငါ့ဘာသာကိုင်တွယ်နိုင်တယ်"
"တောင်းပန်ပါတယ်"
နေမင်းခန့်နဲ့အတူ ကုမ္ပဏီဆီသို့ မိုးစက်ထွက်ခဲ့သည်။ဆိုင်ကယ်နဲ့သွားရတာ သူမအတွက်ပိုကောင်းပေမဲ့ လူတစ်ယောက်ပါနေတော့ကျ ကားနဲ့ကပိုအဆင်ပြေသည်မလားလေ။
"နွေရွက်ဝါ......မင်း နေကောင်းရဲ့လား"
အမေးနဲ့အတူ ထိုင်ခုံမှထကာ ရပ်နေသည့် နွေရွက်ဝါ၏နဖူးပြင်အား လက်ဖြင့်စမ်းလိုက်သည့်ရဲမှူးမိုးထက်ယံ။နွေရွက်ဝါခဏမျှကြောင်သွားပြီး ချက်ချင်းပဲ နောက်သို့ခြေတစ်လှမ်းဆုတ်လိုက်သည်။
"မင်းကိုယ်တွေပူနေပါလား"
"အဆင်ပြေပါတယ်ဆရာ..."
"တကယ်လား...ဆရာဝန်ခေါ်ပေးဖို့မလိုဘူးလား"
"မလိုပါဘူးဆရာ....အလုပ်ကိုပဲ အာရုံစိုက်ရအောင်"
တကယ်တော့ နွေရွက်ဝါ အိမ်ကထွက်လာတည်းက မကောင်းချင်နေတာပင်။အအေးကြောက်တဲ့သူမလို့နှာတွေမွှန်ပြီး ကိုယ်ကပါပူလာသည်။ခေါင်းလည်းအနည်ူငယ်ကိုက်ချင်နေသည်မလို့ သူမထွက်လာတည်းကဆေးသောက်ခဲ့တာပင်။ဒါပေမဲ့ ဒီမှာသူမမတ်တပ်ရပ်နေတာ နာရီဝက်မကတော့ပေ။
"အလုပ်ကတော့ ဒါပါပဲ...နွေရွက်ဝါကိုယုံကြည်လို့ နဂါးအဖွဲ့အမှုကို အချိန်ဆယ်ရက်ပေးမယ်။အဲအချိန်အတွင်းမထူးခြားရင်တော့ အမှုကအခြားအဖွဲ့ဆီသွားရင်သွား မဟုတ်ရင် ပိတ်လိုက်ရမှာပဲ"
"ဆယ်ရက်အတွင်း ဖမ်းနိုင်ဖို့ ကြိုးစားပါ့မယ်ဆရာ...ဒါဆို ကျွန်မပြန်လို့ရပြီလား"
"အင်း...သွားရအောင်"
"ဆရာ..."
"နွေရွက်ဝါကို ကိုယ်လိုက်ပို့မှာ ဌာနကကားက လူကြီးတစ်ယောက်ကိူကြိုဖို့လွှတ်လိုက်တဲ့အတွက်ကြောင့်"
"ရပါတယ်ဆရာ...ကျွန်မဘာသာ တက္ကစီခေါ်ပြန်ပါမယ်"
"အစကတော့ အဲလိုပြန်ခိုင်းမလို့ပါပဲ ဒါပေမဲ့ မင်းရဲ့အခြေအနေကိုကြည့်ပြီး ကိုယ်စိတ်မချလို့ မငြင်းနဲ့ ဒါအမိန့်ပဲ"
"ဆရာ့ သဘောပါ"
ငြင်းရင်လဲအပိုပဲဆိုတာ သိသည်မလို့ နွေရွက်ဝါ တိတ်ဆိတ်မှုကိုပဲရွေးချယ်လိုက်သည်။အဆင်သင့်ဖွင့်ပေးသည့်ကားထဲသို့သူမဝင်လိုက်ချိန် ဝန်းထဲရှိလူများ၏ အကြည့်အား မြင်လိုက်ရသည်။ဒါပေမဲ့ သူမ ဂရုမစိုက်ပါ။
"အဲကွန်းပိတ်ပေးရမလား အဆင်ပြေရဲ့လား"
"ကျွန်မကိုဂရုမစိုက်ပါနဲ့ဆရာ...အဆင်ပြေပါတယ်"
ခေါင်းအားအနောက်မှီကာ မျက်လုံးများအား ပိတ်ချလိုက်သည့်နွေရွက်ဝါကြောင့် မိုးထက်ယံလည်းဘာမှမပြောတော့ဘဲ ကားကိုသာဂရုတစိုက်မောင်းနေမိသည်။နွေရွက်ဝါကို သူ့ဘက်ပါလာအောင်လုပ်ဖို့က မလွယ်ကူမှန်း သူသဘောပေါက်ပေမဲ့ လက်မလျှော့နိုင်သေး။
"နေမင်းခန့် စခန်းရှေ့ကကားက မိုးထက်...ကျစ် ရဲမှူးကားမလား"
"ဟုတ်တယ် အခုမှရောက်ပုံပဲ စခန်းမှူးက အဲကိုသွားတာမလား ရဲမှူးကဘာလို့ဒီရောက်"
"စခန်းမှူးတောင် ပြန်မလာသေးဘူးမလား "
"ဒါမှမဟုတ်...ရဲမှူးက စခန်းမှူးကိုလိုက်ပို့တာလား ဟီးဟီး"
မိုးစက်နေခြည်ရဲ့အကြည့်ကြောင့် နေမင်းခန့် မျက်နှာပိုးသတ်ကာ ပါးစပ်အားပိတ်ပြီး ဘာမှမပြောတော့။အရှေ့ကအခြေအနေကိုသာ အကဲခတ်နေမိသည်။
"အားအားယားယား ဘာလာလုပ်တာလဲ "
ခပ်တိုးတိုးရေရွတ်ရင်း ကားပေါ်မှ အခြေအနေအားလှမ်းကြည့်နေမိသည်။နေမင်းခန့်ပြောသလို စခန်းမှူးကိုလိုက်ပို့တာများလား။မဖြစ်နိုင်ပါ။ဌာနရဲ့ကားရှိနေတာကို စခန်းမှူးကသူ့ကားနဲ့ပြန်မှာမဟုတ်လောက်ပါဘူး။ဒါပေမဲ့ ကားပေါ်မှဆင်းပြီး တစ်ဖက်တံခါးဆီသို့လျှောက်သွားသည့် မိုးထက်ယံကြောင့် မိုးစက်ကားပေါ်မှလျင်မြန်စွာဆင်းလာလိုက်မိသည်။
"နွေရွက်ဝါ....နွေရွက်ဝါ"
မိုးထက်ယံနှိုးမရသည်မလို့ ပွေ့ခေါ်ရန်ပြင်လိုက်စဥ် သူ့အနားသို့လူတစ်ယောက်ရောက်လာပြီး တွန်းဖယ်လိုက်သည်မလို့ကြည့်လိုက်တော့ မိုးစက်နေခြည်။
"ကျွန်မရဲ့စခန်းမှူးကို ကျွန်မဘာသာ ဂရုစိုက်နိုင်ပါတယ် ရဲမှူးမိုးထက်ယံ"
ပြောပြောဆိုဆိုဖြင့် ကားပေါ်ရှိလူအားပွေ့ချီရန်ပြင်လိုက်စဥ် ပူခြစ်နေသည့်အသားများကြောင့် အိပ်ပျော်နေတာမဟုတ်ဘဲ သတိလစ်နေကြောင်း မိုးစက်ချက်ချင်းသိလိုက်သည်။
"နေမင်းခန့် ဆေးခန်းကဒေါက်တာကို အခုချက်ချင်းသွားခေါ်လာခဲ့"
မဆိုင်ူမတွပွေ့ချီလိုက်ပြီး စခန်းတွင်းသို့ခြေလှမ်းကျဲများဖြင့် သူမဝင်လာခဲ့သည်။စခန်းထဲရှိလူများလည်း မြင်လိုက်ရသည့်မြင်ကွင်းကြောင့် ရုတ်ရုတ်သဲသဲ။
"စခန်းမှူး...စခန်းမှူးဘာဖြစ်လာတာလဲ...နှင်းသု အခန်းတံခါးဖွင့်ပေးလိုက် စခန်းမှူးအခန်းကို"
"ဘယ်လိုဖြစ်တာလဲ ဆေးရုံမသွားဘူးလား"
"အဖျားကြီးပြီးသတိလစ်သွားတာဖြစ်မယ် ရေပတ်တိုက်ဖို့ပြင်ပေးပါ ဒေါ်မြတ်နိုးဝေ"
ရုတ်ရုတ်သဲသဲလှုပ်ရှားနေသူများမှာ သူ့အားဘယ်သူကမှအရေးတယူမေးခြင်းမရှိသည်မလို့ မိုးထက်ယံ စခန်းထဲမှချက်ချင်းထွက်ခွာသွားခဲ့သည်။သူဆက်နေရင်လည်း သူ့ကိုဂရုပြုမိကြမှာမဟုတ်။
"ဒေါက်တာ ရောက်ပါပြီ ဒုရဲအုပ်"
မိုးစက်အနောက်သို့ရွှေ့ကာ ဒေါက်တာအတွက်နေရာပေးလိုက်မိသည်။ဒေါက်တာစမ်းသပ်သည်အား သူမလိုက်ကြည့်နေမိရင်း ကိုယ့်ကိုယ့်ကိုလည်း အပြစ်တင်မိလျက်။
"ဆေးထိုးပေးခဲ့တယ်နော် လူနာကြည့်ရတာ အိပ်ရေးတွေလည်းတအားပျက်ထားပုံပဲ သွေးပေါင်လည်းကျနေတယ် အရမ်းတော့စိုးရိမ်စရာမရှိပါဘူး အဖျားကျအောင် ရေပတ်လေးတော့သေချာတိုက်ပေးပါ သေချာလေးအနားယူခိုင်းပါ"
"ကျေးဇူးတင်ပါတယ် ဒေါက်တာ....နေမင်းခန့် ငါ့အိတ်ထဲမှာ ဒေါက်တာ့ကိုခြေကြွခပေးပြီး သေချညလိုက်ပို့ပေးပါ"
"ဟုတ်ကဲ့ပါ ဒုရဲအုပ်"
"ကျန်တဲ့သူတွေလုပ်စရာရှိတူလုပ်ပါ စခန်းမှူးကို ကျွန်မ ဂရုစိုက်လိုက်ပါမယ်"
"ဟုတ်ကဲ့...."
"နှင်းသု စခန်းမှူးသတိရလာရင်စားဖို့ အဆင်ပြေမဲ့တစ်ခုခုပြင်ထားပေးပါနော် "
အားလုံးထွက်သွားကြတော့ မိုးစက်တစ်ယောက်တည်း နွေရွက်ဝါအား ရေပတ်တိုက်ပေးနေမိသည်။ညက အတူအိပ်ပေမဲ့သူမတစ်ရေးနိုးချိန်မှာ စခန်းမှူးက သူ့စားပွဲမှာ အမှုကိစ္စတွေလုပ်နေတာပင်။သူမ တားပေမဲ့ ခဏနေရင်ပြီးပါပြီဆိုပြီး ဘယ်အချိန်အိပ်တယ်မသိ။အိပ်ချိန်ထက်အလုပ်လုပ်ချိန်က ပိုများနေတော့ တစ်ခုခုဆို ခန္ဓာကိုယ်က ခံနိုင်ရည်မရှိတာ မဆန်းလှပါ။စိတ်ဓာတ်က မာကျောနေလို့သာ တော်တော့သည်။
------
နွေရွက်ဝါမျက်ဝန်းများအား အားယူကာဖွင့်လိုက်တော့ မျက်နှာကြတ်အဖြူရောင်အား ဝိုးတဝါးမြင်ရသည်။ခေါင်းကိုက်နေဆဲပဲမလို့ သူမနားထင်အား လက်ဖြင့်ဖိလိုက်မိသည်။သူမဘေးတွင် ခုံပေါ်ခေါင်းတင်ပြီး အိပ်ပျော်နေသည့်မိုးစက်အားမြင်တော့ သူမစခန်းကိုပြန်ရောက်နေပြီမှန်း သိလိုက်သည်။သူမကားပေါ်မှာ ခေါင်းကိုက်လို့ဆိုပြီး မျက်လုံးမှိတ်လိုက်ပြီးနောက် မသိတော့။
"မ...စခန်းမှူး သတိရပြီလား"
"အင်း...တမံသလင်းကြီးပေါ်မှာ အအေးပတ်တော့မှာပဲ ခုံပေါ်မှာဘာလို့မထိုင်လဲ"
"ဘယ်လောက်တောင်လန့်သွားလဲသိရဲ့လား...ဟင်...ကိုယ့်ကျန်းမာရေးကိုဂရုစိုက်ပါလို့အမြဲမှာရဲ့နဲ့"
"ကိုယ်လေးနည်းနည်းပူပြီးဖျားတာလောက်ပဲ တို့မသေနိုင်ပါဘူး"
"ဒုရဲအုပ် ဆန်ပြုတ်ရပါပြီ....စခန်းမှူး ဘယ်လိုနေသေးလဲ"
"အဆင်ပြေပါတယ် နှင်းသု...နည်းနည်းခေါင်းကိုက်ရုံလောက်ပဲ...တပ်ကြပ်ဟိန်းမင်းသစ်ရော"
"ရှိပါတယ်...ခေါ်ပေးရမလား"
"အင်း...ခဏလောက်"
"နေအုံး...စခန်းမှူး အခုမှသတိရလာတာနော် အလုပ်ကိုခဏထားလိုက်ပါ "
"ငါအဆင်ပြေပါတယ် မိုးစက်...အလုပ်ကအရေးကြီးတယ်"
"ကိုယ့်ကျန်းမာရေးထက်ဘယ်အရာကမှအရေးမကြီးပါဘူး...ဆန်ပြုတ်သောက်ပါ ပြီးရင် ဆေးသောက်ရမယ်"
"အလုပ်ပြီးရင် သောက်မယ် ခဏပဲ"
"မရဘူး....နှင်းသု သွားတော့ ငါအမိန့်မရဘဲ ဘယ်သူမှအခန်းထဲမလွှတ်နဲ့"
"နှင်းသုကို....တပ်ကြပ်ကိုအထဲလွှတ်လိုက် ငါ့အမိန့်ပဲ"
"လွှတ်ရဲရင်လွှတ်ကြည့်လိုက် နှင်းသုကို"
ဟိုလူ့ကြည့်လိုက် ဒီလူ့ကြည့်လိုက်နဲ့ နှင်းသုကိုမှာ ငိူချင်လာတော့သည်။သူမဘယ်သူ့ရဲ့စကားကိုနားထောင်ရမှာလဲ။နှစ်ယောက်လုံးက သူမရဲ့စီနွယာအထက်လူကြီးတွေ။အကြီးဆုံးဖြစ်တဲ့စခန်းမှူးစကားနားထောင်ပြန်ရင်လဲ ဒုရဲအုပ်ကသူ့ကိုအလွတ်ပေးမှာမဟုတ်။ဒုရဲအုပ်စကားနားထောင်ပြန်ရင်လဲ စခန်းမှူးက သူ့ကိုအလုပ်ထုတ်ပစ်ရင်ဘယ်လိုလုပ်မလဲ။
"အာ့...ဗိုက်...ဗိုက်အောင့်တယ်...ခဏ...ခဏလေးနော်"
ဗိုက်အားဖိကာ နှင်းသုကို အခန်းထဲမှ ပြေးထွက်လာခဲ့တော့သည်။အပြင်ကလူတွေကတော့ ဘာဖြစ်မှန်းမသိလို့ နှင်းသုအား စိုက်ကြည့်လျက်။
"ငါ့ဘာသာသွားမယ်"
ညောင်စောင်းပေါ်မှထကာ အပြင်ထွက်ရန် နွေရွက်ဝါ မတ်တပ်ထရပ်လိုက်စဥ်မှာပဲ ခေါင်းထဲမိုက်ခနဲဖြစ်ကာ ခြေလှမ်းပျက်သွားသည်မလို့ မိုးစက်ထိန်းလိုက်ရသည်။
"လူကဖြင့်မကောင်းသေးဘူး အလုပ်ကလုပ်ချင်နေတယ် အလုပ်တွေက ပင်စင်မရမချင်း လုပ်နေရမှာ ကိုယ့်ကိုယ့်ကို ဂရုစိုက်စမ်းပါ"
မိုးစက်နေခြည်ပြောတာ မှန်နေသည်မလို့ ဒီတစ်ကြိမ်တော့ နွေရွက်ဝါ ပြန်လည်မတုံ့ပြန်တော့ဘဲ ငြိမ်နေမိသည်။
"ဆန်ပြုတ်သောက်ပြီးလို့ဆေးသောက်ပြီးရင် တပ်ကြပ်ကြီးကိုခေါ်ပေးမယ် အခုတော့ အရင်သောက်လိုက်"
"ကိုယ့်ဘာသာသောက်ပါမယ်...အပြင်မှာလူတွေနဲ့"
"ဘာဖြစ်လဲ ကိုယ့်စခန်းမှူးကို ကိုယ်ဂရုစိုက်တာ သောက်စမ်းပါ ခေါင်းမာမနေနဲ့"
"မိုးစက်..."
"ဘာမှားလို့လဲ...ကိုယ့်ရည်းစားကိုကိုယ်ဂရုစိုက်တာ ဘာဖြစ်လဲလို့ မပြောမိပါဘူး"
"မိုးစက်နေခြည်"
နွေရွက်ဝါ အသံအားနှိမ့်ရင်း မိုးစက်နေခြည်ရဲ့လက်မောင်းအား ခပ်ဖွဖွထုလိုက်မိသည်။မိုးစက်ကတော့ သဘောတကျရယ်လျက်။
"တပ်ကြပ်ကိုလွှတ်လိုက်မယ်...တစ်ခုခုလိုရင်ပြောပါ"
"ကျေးဇူးတင်ပါတယ်"
"ကျေးဇူးက ဝါးစားလို့မရဘူး အခြားဟာနဲ့ဆပ်ပါ့လား"
သူမနှုတ်ခမ်းအားမျက်စပစ်ပြသည်မလို့ နွေရွက်ဝါနှုတ်ခမ်းအားကိုက်ကာ မျက်စောင်းခဲလိုက်မိသည်။အနည်းငယ်ချမ်းစိမ့်စိမ့်ဖြစ်သလိုခံစားရသည်မလို့အနားရှိစောင်အား ကိုယ်ပေါ်လွှမ်းခြုံလိုက်သည်။
"စခန်းမှူး ကျွန်တော် ရောက်ပါပြီ"
"ကျွန်မစုံစမ်းခိုင်းတဲ့ကိစ္စ အခြေအနေဘာထူးလဲ"
"အခုထိ မထူးသေးပါဘူး စခန်းမှူး"
"ကျွန်မတို့ အမြန်လုပ်မှရမယ် ဌာနကဆယ်ရက်ပဲအချိန်ပေးတယ်"
"ဒီထက်ပိုပြီး ကြိုးစားပါ့မယ် စခန်းမှူးပြောသလိုစောင့်ကြည့်ဖို့လူလွှတ်ထားပါတယ် ဒါပေမဲ့ လမ်းကြောင်းက ရှင်းလွန်းနေတယ် သံသယဖြစ်စရာမရှိဘူး။ကျွန်တော်တို့လူမှားနေတာများလား"
"ဟင့်အင်း...မဖြစ်နိုင်ဘူး။ငါသေချာတွေ့ခဲ့တာ လက်ကောက်ဝတ်ကဒဏ်ရာက သူနဲ့တစ်ပုံစံတည်းပဲ"
"ဟုတ်ကဲ့ ဒါဆို ဆက်စုံစမ်းလိုက်ပါမယ်"
"အင်း...သူ့ကိုပိုပြီးအနီးကပ်လိုက်နိုင်ဖို့ နည်းလမ်းတစ်ခုခု ကျွန်မစဥ်းစားကြည့်ပါအုံးမယ်။သူကပါးနပ်လွန်းသူမလို့ အလွယ်တကူတော့ ထောင်ချောက်မိမှာမဟုတ်ဘူး"
"ဟုတ်ကဲ့ပါ စခန်းမှူး"
တပ်ကြပ်ဟိန်းမင်းသစ်ထွက်သွားတော့ နွေရွက်ဝါ အခန်းထဲရှိမိမိထိုင်ခုံတွင် ခေါင်းအားနောက်လှန်မှီထားပြီးမျက်ဝန်းများအား ပိတ်ထားမိသည်။ခဏအကြာ သူမနားထင်သို့ထိတွေ့လာသည့် လက်တစ်စုံကြောင့် ပြုံးလိုက်မိသည်။
"ထမင်းစားပြီးပြီလား"
"ပြီးပြီ....အဆင်ပြေလား"
"အင်း ချစ်ရသူရဲ့ဂရုစိုက်မှုကြောင့်ထင်တယ် အရမ်းနေလို့ကောင်းတာပဲ"
မျက်ဝန်းများဖွင့်ကယ သူမအားအပေါ်စီးမှအုံ့မိုးကြည့်နေသူအား နွေရွက်ဝါပြုံးလိုက်မိသည်။ပထမဆုံးအကြိမ်အဖြစ် သူမရဲ့အခန်းမှာ အလုပ်မဟုတ်သော ကိုယ်ရေးကိုယ်တာခံစားချက်ကိုဖွင့်လှစ်ပြမိခြင်းဖြစ်မယ်ထင်ရဲ့။
"ဘာလို့ ရဲမှူးနဲ့အတူပြန်လာတာလဲ"
"သဝန်တိုတာလား"
မိုးစက်မဖြေဘဲ မျက်နှာအားတစ်ဖက်သိူ့လွှဲလိုက်ပေမဲ့ နားထင်ပေါ်တွင်လှုပ်ရှားနေသည့်လက်မှာရပ်မသွားပါ။သူမ ဘာပြန်ဖြေရမလဲမသိ။ဟုတ်တယ်လို့ပြောလိုက်ရင် သူမက ပရော်ဖက်ရှင်နယ်မဆန်သလိုများဖြစ်သွားမလား၊အလုပ်နဲ့ကိုယ်ရေးကိုယ်တာမခွဲတတ်သူအဖြစ် မြင်သွားမှာမလိုချင်ပါ။
"မဖြေဘူးနော်...သိလိုက်ပါပြီအဖြေကို"
"ဘာလဲ"
"သဝန်တိုတာမဟုတ်မှန်း"
"မဟုတ်ဘူး..."
"အဲတာဆို သဝန်တိုတာလား..."
"ဟုတ်တယ်လို့ပြောရင် စိတ်ဆိုးမလား"
နွေရွက်ဝါပြုံးရင်း ခေါင်းခါပြလိုက်မိသည်။ချစ်လို့သဝန်တိုတာ စိတ်ဆိုးစရာမှမဟုတ်တာပဲမလား။
"ရဲမှူးကဘာတွေပြောလဲ အစောကြီးခေါ်တော့ အရေးကြီးကိစ္စလား"
နွေရွက်ဝါအနည်းငယ်မျက်နှာမကောင်းဖြစ်သွားမိပေမဲ့ သူမချက်ချင်းပင်ပြင်လိုက်သည်။မိုးစက်က စားပွဲပေါ်က လိမ်းဆေးဗူးကိုလှမ်းယူနေသည်မလို့ မမြင်လိုက်။
"အင်း ဆိုပါတော့...နဂါးအဖွဲ့ကိစ္စလေ အထက်ကဖိအားပေးနေပုံပဲ ဆယ်ရက်ပဲအချိန်ပေးတယ်"
"ဆယ်ရက်ကျော်သွားရင်ရော"
"အမှုပိတ်တာမဟုတ်ရင် အမှုလွှဲရမှာပေါ့...ဒါပေမဲ့ သိပ်မကြာခင်ဖမ်းမိတော့မယ်လို့ယုံကြည်တယ်"
"ကျွန်မရောပဲ....ကျွန်မရဲ့ရည်းစားလေးတော်တာသိပြီးသားလေ"
နားနားကပ်ကာပြောလိုက်သည်မလို့ နွေရွက်ဝါမျက်နှာတစ်ခုလုံးရဲသွားခဲ့သည်။ခုနကသူမစခဲ့တဲ့အတွက် တန်ပြန်ထိုးစစ်ဆင်ခံရတာမလား။
"စခန်းမှူးနဲ့ဒုရဲအုပ် အခုတလောပိုရင်းနှီးလာသလိုပဲနော် ဒေါ်မြတ်နိုးဝေ"
"အင်း...ဒုရဲအုပ်က စခန်းမှူးက အရမ်းဂရုစိုက်လာတယ် အထက်လူကြီးနှစ်ယောက်အဆင်ပြေနေတော့ စခန်းအတွက်ကောင်းတာပေါ့"
"ဟုတ်တယ်...ဒါနဲ့ ရဲမှူးမိုးထက်ယံကိုဘယ်လိုမြင်ကြလဲ"
နေမင်းခန့်အမေးကြောင့် အားလုံးရဲ့အကြည့်များ နေမင်းခန့်ဆီ ကျရောက်လာတော့သည်။
"ဟိုဟာ...ရဲမှူးက ပုံမှန်ထက်ပိုပြီး စခန်းမှူးကို ဦးစားပေးသလားလို့"
"ဟုတ်တယ် ကျွန်တော် ဌာနချုပ်ကိုလိုက်ပို့တဲ့အခါကျရင်လဲ ရဲမှူးက စခန်းမှူးကိုအလေးထားသလိုပဲ ဒါပေမဲ့"
"ဒါပေမဲ့ ဘာဖြစ်လဲ သော်ဇင်ထက်"
"ဘာဖြစ်ရမှာလဲ ဒေါ်မြတ်နိုးဝေရာ စခန်းမှူးက အလုပ်ကိစ္စကလွဲ ဝတ်ကြေတန်းကြေတောင် သိပ်နှုတ်ဆက်တာမဟုတ်ဘူး အရမ်းချေတာပဲ"
"အဲတာကြောင့် ဒီအရွယ်ထိ ရည်းစားမရတာနေမယ် အဟိ"
သဘောတကျရယ်နေသည့်နှင်းသုကို ဇက်ပိုးအား ဒေါ်မြတ်နိုးဝေ ခပ်သာသာဖြတ်ရိုက်လိုက်သည်မလို့ နှင်းသုမှာအရယ်ရပ်သွားတော့သည်။
"ကိုယ့်အထက်လူကြီးကို ဘာတွေလျှောက်ပြောနေတာလဲ"
"အာ...စတာကို ဒေါ်မြတ်နိုးဝေကလဲ"
ဆူပုတ်ပုတ်ကလေးဖြင့် နှင်းသုမှာ သူမနေရာပြန်ထိုင်ရင်း ဘာမှပြန်မလုပ်နိုင်သည့်ကီးဘုတ်ခလုတ်များကိုသာ တဂျောင်းဂျောင်းမြည်အောင် နှိပ်နေတော့သည်။
-----
"စခန်းမှူးက နေလည်းမကောင်းသေးဘဲ အပြင်ကိုထွက်တယ် ဒုရဲအုပ်သိရင် နှင်းသုကို အော်အုံးမယ်"
"ရှင်က ကျွန်မထက် မိုးစက်ကိုပိုကြောက်တယ်ပေါ့"
"ကြောက်တာပေါ့ တော်ကြာ အရိုးကျိုးနေမှ ပတ်တီးကြီးနဲ့မလှမပဖြစ်အုံးမယ်"
"ဟားဟား....မိုးစက်ဖြင့်အရိုးမချိုးတာကြာရောပေါ့ ငြိမ်နေတာလေ"
"ငြိမ်နေလို့ကြောက်တာလေ တရားခံတွေအရိုးမချိုးရတော့ နှင်းသုတို့အရိုးလာချိုးနေရင်ဘယ်လိုလုပ်...."
"အဖွဲ့အားလုံးနားထောင်ပါ ဓားပြတိုက်မှုတစ်ခုဖြစ်သွားတယ် ဆိုင်ကယ်တစ်စီးနဲ့လူနှစ်ယောက် အနက်ရောင်အထုပ်ကိုင်ထားတယ်"
"ထပ်ပြောပါမယ် ဆိုင်ကယ်တစ်စီးနဲ့လူနှစ်ယောက် ရွှေဆိုင်ကိုဓားပြတိုက်သွားတယ် တစ်ယောက်က အနီရောင်တီရှပ်ဝတ်ထားပြီးတစ်ယောက်က အဖြူရောင်ရှပ်ဝတ်ထားတယ်"
"အဖွဲ့အားလုံး သတိထားပါ တွေ့ရင်အကြောင်းကြားပါ သူတို့ရဲ့ဦးတည်ရာက ပတ္တမြားလမ်းဘက်ပါ"
"နှင်းသု ကားပေါ်အမြန်တက် ဒီနေရာနဲ့သိပ်မဝေးဘူး"
နှစ်ယောက်သား ကားဆီသို့ခပ်သွက်သွက်ပြန်လျှောက်လာပြီး နှင်းသုကိုက မောင်းသူနေရာတွင်နေရာယူကာ ကားအားလျင်မြန်စွာမောင်စထွက်ခဲ့သည်။
"ကျွန်မနဲ့နီးတဲ့နေရာမှာသူတို့ဒီလိုလုပ်တာ ကံဆိုးတာပဲ"
နှင်းသုရဲ့ယုံကြည်ချက်ရှိရှိပြောချလိုက်သည့်စကားကြောင့် နွေရွက်ဝါမျက်ခုံးတစ်ဖက်ပင်ပင့်သွားပြီး ပြုံးလိုက်မိပေမဲ့ သူမ ဘာမှမပြော။
"အဲဒီနှစ်ယောက်လုံးကို ကျွန်မလက်နဲ့ကိုယ်တိုင်ဖမ်းမယ် စခန်းမှူးကြည့်နေပါ"
"တကယ်လား"
"တကယ်ပေါ့...စခန်းမှူးကိုကာကွယ်ရမှာ နှင်းသုရဲ့တာဝန်ပဲ စိတ်ချပါ နှင်းသုရှိနေသရွေ့ စခန်းမှူးလုံးဝမထိခိုက်စေရဘူး"
ထူးထူးဆန်းဆန်းစကားတွေပြောနေသည့်နှင်းသုအားကြည့်ကာ နွေရွက်ဝါ မပြုံးဘဲမနေနိုင်။ရှေ့တွင် ဖြတ်သွားသည့် ဆိုင်ကယ်မှာ ဓားပြဆိုင်ကယ်နဲ့တူနေသည်မလို့ သူမ ထိုဆိုင်ကယ်နောက်သို့လိုက်ရန် နှင်းသုအားပြောလိုက်မိသည်။
"ဒီဘက်ဖြတ်လမ်းကလိုက် နှင်းသု"
သူတို့ကတစ်ဖက်လမ်းကအဖြတ် နွေရွက်ဝါတို့ကားက လမ်းကြားကအထွက်ကွက်တိမလို့ ဆိုင်ကယ်မှာ မြေပြင်ပေါ်လဲကျသွားတော့သည်။
"ကျွန်မကို လွှဲလိုက်ပါ စခန်းမှူး"
ကားပေါ်မှ မာန်ပါပါဆင်းသွားသာ့်နှင်းသုကြောင့် နွေရွက်ဝါ ခဏတော့ကြောင်သွားသည်။ဒါပေမဲ့ သူမချက်ချင်းပင် ကားပေါ်မှလျင်မြန်စွာဆင်းလိုက်သည်။မဟုတ်ရင် ဒီလူနှစ်ယောက်လွတ်သွားမှာ သူမသိသည်။
"ဘယ်လိုတောင်ရဲတင်းလိုက်တာလဲဟမ်...အာ့...အား"
ပြောကာ လက်ဖြင့်ရိုက်ရန်ရွယ်သည့် နှင်းသုကိုလက်အား တစ်ဖက်ကတစ်ယောက်ကဆွဲလိမ်ကာ သူ့ဘက်သို့ဆွဲလိုက်သည်မလို့ နွေရွက်ဝါ သေနတ်အားထုတ်ကာ ထိုလူအားချိန်လိုက်မိသည်။
"လွှတ်လိုက်...."
"အာ့..အား နာတာ...နာတယ်"
"ရန်သူက မင်းကိူညှာမှာမဟုတ်ဘူး နှင်းသုကို ကိုယ်ကလက်ဦးမှုရှိရမှာ ဟိတ်ဟန်တွေနဲ့ခြောက်ပြရမှာမဟုတ်ဘူး"
နှစ်ယောက်စလုံးအား တွဲကာ လက်ထိပ်ခတ်လိုက်ပြီး ကားပေါ်သို့ တင်ကာ စခန်းသိူ့ပြန်လာခဲ့ကြသည်။စခန်းမှာတော့ သူမတို့အား စောင့်ကြိုနေသည့်သူများ။
"စခန်းမှူး..."
"တပ်ကြပ် ဘာဖြစ်လို့ စခန်းရှေ့မှာ လူတွေအုံနေတာလဲ"
"အဲတာ...."
"ဘာဖြစ်တာလဲ"
"အရင်ဆုံးစခန်းထဲဝင်လိုက်ပါ ရှင်းပြပါမယ်"
တပ်ကြပ်ဟိန်းမင်းသစ်ဖွင့်ပေးသည့်လက်တော့အားနွေရွက်ဝါ ကြည့်လိုက်ရင်း သက်ပြင်းအားချလိုက်မိသည်။
"အဲတော့ ဒီvideo အတွက် ရှေ့မှာရောက်နေကြတာပေါ့"
"ဟုတ်ပါတယ် စခန်းမှူး"
"ခဏလေး...ဒါက ကုမ္ပဏီရုံးခန်းလား။သူကဘယ်သူမလို့ မိုးစက်နေခြည်နဲ့ပြဿနာဖြစ်တာလဲ"
"အဲတာက..."
"ဘာလို့ထစ်ငေါ့နေတာလဲ ငါမသိသေးတာ တစ်ခုခုရှိတာလား"
နွေရွက်ဝါအသံအနည်းငယ်မြင့်သွားသည်မလို့ အားလုံး ဘာမှမပြောရဲအောင် တိတ်ဆိတ်သွားကြသည်။တိတ်ဆိတ်မှုကိုဖြိုခွင်းပြီးရောက်လာသူမှာ မိုးစက်နေခြည်သာ။
"စခန်းရှေ့မှာ လူတွေအများကြီးပဲ ဘာပွဲရှိတာလဲ"
"နတ်ပွဲ"
"ဟမ်...ဘယ်သူက စခန်းရှေ့နတ်လာကတာ"
မိုးစက်မေးမိပြီးကာမှ စခန်းမှူးရဲ့တင်းမာနေသည့်မျက်နှာထားကြောင့် ဘာမှဆက်မပြောတော့ဘဲ လက်တော့ဆီသို့အကြည့်ပို့လိုက်မိသည်။
"ဒီကိစ္စရှင်းပါအုံး ဒုရဲအုပ်မိုးစက်နေခြည်"
"ကျွန်မ ဘယ်သူ့ကိုမှမရိုက်နှက်ခဲ့ပါဘူး စခန်းမှူး"
"အင်း...ဟုတ်တယ် မရိုက်နှက်ဘူး ခြိမ်းခြောက်တာ...စီစီတီဗီရှိနေတာသိရဲ့နဲ့.. နောက်ပြီး ငါ့ကိုတောင်အကြောင်းမကြားဘဲ ဘာကိစ္စလဲ။စခန်းကလူတွေကရော စခန်းမှူးတစ်ယောက်ရှိသေးတာ သတိရသေးလား"
"ဘယ်သူဒီကိစ္စကို ပြောပြမှာလဲ...."
ဖြစ်စဥ်အစအဆုံးအား မိုးစက်ရှင်းပြလိုက်မိသည်။ကုမ္ပဏီအားသူမသွားကာ ဝယ်ယူသူစာရင်းကိုစသ်ခိုင်းရုံပါ။ဒါပေမဲ့အချိုးမပြေတဲ့မန်နေဂျာကြောင့် အနည်းငယ်ကတောက်ကဆဖြစ်ခဲ့ရုံ။ဒါပေမဲ့ သူမ လုံးဝမရိုက်ခဲ့ပါ။
"တစ်ခုခုဖြစ်လာတဲ့အခါ အကြောင်းကြားဖို့လောက်တောင် သတိမရကြဘူးလား...အမှုဖွင့်ထားတာတောင်မရှိဘဲ အခြားသူပိုင်နက်အထိ သွားခြိမ်းခြောက်တာ ရဲတစ်ယောက်ရဲ့လုပ်ရပ်လား မိုးစက်နေခြည်"
"အကြောင်းမကြားမိတာ တောင်းပန်ပါတယ် စခန်းမှူး"
"တောင်းပန်တာက နောက်ထားပါ...အခုအပြင်ကိစ္စကို အရင်ရှင်းလိုက်ပါ။အားလုံး သွား"
"စခန်းမှူးကရော..."
"ငါမသိတဲ့ကိစ္စတစ်ခုအတွက် ငါကဘယ်လိုဖြေရှင်းချက်ပေးရမှာလဲ နှင်းသုကို။ဒီမှာလူတွေအများကြီးရှိနေတာပဲ ငါ့ကိုမလိုပါဘူး"
အားလုံးအား တစ်ချက်ဝေ့ဝဲကြည့်ပြီး အခန်းဆီသို့နွေရွက်ဝါလျှောက်လာကာ တံခါးအား အတွင်းမှဂျက်ချလိုက်သည်။တစ်ခါတစ်လေလောက်တော့ သူမရဲ့အဖွဲ့သားတွေကို သူမလွှတ်ထားလိုက်ချင်သည်။ကိုယ်လုပ်လိုက်တဲ့အကျိုးဆက်ကို ကိုယ်တိုင်သိစေချင်ရုံသာ။
"ဟုတ်ကဲ့ဆရာ "
"....."
"စိတ်ချပါဆရာ...ဌာနကိုမထိခိုက်စေရပါဘူး"
"....."
"အခုပဲ video ကို viral ဖြစ်တာကနေ လျော့ကျအောင်လုပ်ဖို့ နည်းပညာအဖွဲ့ကို အကူအညီတောင်းထားပါတယ်"
"...."
"ဟုတ်ကဲ့...လေးစားပါတယ် ဆရာ"
ဖုန်းအားချလိုက်ပြီးနောက် သူမအံဆွဲထဲမှာ သူမရဲ့ကိုယ်ပိုင်ကားသော့အားထုတ်ကာယူပြီး အပြင်ဘက်ဆီလျှောက်လာခဲ့သည်။လူအုပ်အားကျော်ပြီး သူမကားအား မောင်းထွက်လာခဲ့သည်။
"စခန်းမှူး တကယ် စိတ်ဆိုးသွားတယ်ထင်တယ် "
တစ်ခုခုဆို အမြဲရှေ့ကနေကာကွယ်ပေးသည့်သူက ဘာမှမဆိုင်သလို ထွက်သွားတော့ အားလုံးဝမ်းနည်းမိသွားပေမဲ့ ဒါက သူတို့ရဲ့အမှားမကင်းတာမလို့ အပြစ်မမြင်မိကြ။တကယ်ဆို ဒီကိစ္စကိုကြိုပြီးပြောပြခဲ့သင့်တာမလား။အုတ်အော်သောင်းနင်းဖြစ်မှ သိရတာ စခန်းမှူးတစ်ယောက်အတွက်တွေးကြည့်ရင် ဝမ်းနည်းစရာပဲလေ။
"စိတ်မချရင်လဲ ဟိုမှာနေတာမဟုတ်ဘူး ဒေါ်နွေရွက်ဝါ "
ဆိုင်ထဲရောက်တည်းက တိုက်ရိုက်ထုတ်လွှင့်နေသည်အားဖုန်းမှကြည့်နေသူအား စနိုး စနောက်လိုက်မိသည်။
"စိတ်မချရင် ကိုယ်တိုင်ဝင်ရှင်းပေးတယမဟုတ်ဘဲနဲ့နွေရယ်"
"စိတ်မချဘူး...ဒါပေမဲ့ နောက်ကျရင်လည်း တစ်ခုခူဖြစ်လာရင် သူတို့ကိုယ်တိုင်ပဲရှင်းရတော့မှာဆိုတော့ အသားကျအောင်"
"နွေ ဘယ်သွားမလို့လဲ"
"ဟင်!!"
"နွေပြောတာ နောက်ကျ သူတို့ကိုယ်တိုင်ပဲရှင်းရမယ်ဆိုတော့ နွေကဘယ်သွားမလို့လဲလို့မေးတာ အပြောင်းအရွှေ့လား"
"အမ်း...အဲလိုတော့ မဟုတ်ပါဘူး ဒီကော်ဖီသောက်လို့ကောင်းတယ်နော် စနိုးဖျော်တာလား"
"အမြဲတမ်း ကျွန်မပဲ ဖျော်တာကို လာနောက်မနေနဲ့"
"ဒါနဲ့...ဟက်ပီဘတ်ဒေးပါ စနိုး"
"ဟင် နွေကဘယ်လိုသိတာလဲ"
"အမလေး အမကြီးရယ် ဆိုင်ဝမှာ မေလ ၁၆ရက်နေ့ မွေးနေ့ပရိုမိုးရှင်းစာရွက်ကြီးကပ်ထားတာမဟုတ်ဘူးလား။ကျွန်တော်မျိုးမဝင်လာတော့ မြင်လိုက်တာပါ "
"ဟီး ကျေးဇူးတင်ပါတယ်နွေ...ညနေကျ တစ်ဆိုင်ဆိုင်မှာ ညစာသွားစားကြမလား"
"ကျွေးမယ်ဆိုရင် အားမနာဘဲ လိုက်စားရမှာပေါ့"
ကိုယ့်ဘာသာပြောပြီး ကိုယ့်ဘာသာ သဘောတကျရယ်လိုက်သည့် နွေရွက်ဝါအား စနိုးမှာ မေးလေးကိုလက်ထောက်ကာ ကြည့်ရင်း အတွေးကမ္ဘာထဲမျောသွားလိုက်တာ နွေရွက်ဝါ သုံးလေးခွန်းခေါ်မှသာ အတွေးပျက်တော့သည်။
"သွားတော့မယ် တိုက်ရိုက်ထုတ်လွှင့်တာလဲ ပြီးပြီဆိုတော့ ညနေမှတွေ့ကြမယ်"
"ည ၆နာရီ အဆင်ပြေလား တို့လာခေါ်မယ်လေ"
"အင်း ကောင်းတာပေါ့ ပြီးရင်တော့ အဆောင်ပါလိုက်ပို့ရလိမ့်မယ် အဆင်ပြေရဲ့လား"
"ပြေတာပေါ့ မပြေစရာဘာရှိလဲ....ဒါနဲ့နေမကောင်းဘူးဆို နွေးနွေးထွေးထွေး ဝတ်ခဲ့"
"အင်း...တာ့တာ"
ကျသင့်ငွေအားပေးပြီး နွေရွက်ဝါ ကော်ဖီဆိုင်ထဲမှထွက်လာခဲ့သည်။အနောက်သို့ပြန်လှည့်ကြည့်မိတော့ သူမအားပြုံးပြနေသည့်စနိုးအားမြင်ရသည်မလို့ ပြန်လည်ပြုံးပြရင်း ကားပေါ်သို့တက်ခဲ့သည်။ကားပေါ်ရောက်ပေမဲ့ သူမတော်တော်နှင့်မထွက်ဖြစ်။
"ဟိုမှာ စခန်းမှူးပြန်လာပြီ"
စခန်းထဲသို့ဝင်ရုံရှိသေး နွေရွက်ဝါအား ပြေးဖက်လိုက်သည့်ကောင်မလေး။ဖက်ထားတာ တင်းကျပ်နေသည်မလို့ မိုးစက်နေခြည် သူမရဲ့စူးရှသည့်မျက်ဝန်းများဖြင့်စိုက်ကြည့်နေမိသည်။အားလုံးလည်းပါးစပ်အဟောင်းသား။
"စိတ်လျှော့ စိတ်လျှော့ မငိုတော့နဲ့နော်"
ကောင်မလေးပုခုံးအား.နွေရွက်ဝါ ပုတ်ပေးရင်း သူမအဖွဲ့သားများအား ဘာဖြစ်တာလဲဆိုသည့်ပုံစံဖြင့် အချက်ပြမေးလိုက်သည်။
"ဒီလောက်ဆို ပြောလို့ရပြီ"
မိုးစက်ရဲ့အသံကြောင့် ကောင်မလေးရဲ့လက်များ နွေရွက်ဝါကို ဖက်ထားရာမှပြေလျော့သွားသည်။
"နာမည် ဘယ်လိုခေါ်လဲ"
"ချမ်းမြေ့ပါ...."
"ချမ်းမြေ့....ဘာဖြစ်လာတာလဲ ဘာကူညီပေးရမလဲ"
"စခန်းမှူး ကျွန်မကိုသေချာပေါက်ကူညီပေးရမယ်..အဟင့်ဟင့်...ကျွန်မ ကျွန်မ"
"တော်တော့....ငိုနေတာရပ်ပြီးကောင်းကောင်းပြော"
မိုးစက်အသံကြောင့် ချမ်းမြေ့မှာ အငိုချက်ချင်းတိတ်သွားသည်။နွေရွက်ဝါကတော့ မိုးစက်နေခြည်အား စောင်းငဲ့ကြည့်ပြီး သက်ပြင်းချလျက်။
"ကျွန်မက သဘက်ခါဆို အလုပ်သွားတော့မှာ၊အိမ်မှာအမေရယ် ကျွန်မရယ်ပဲရှိတာ အဖေက ဆုံးပါးသွားခဲ့ပြီ"
"သြော်....ဆုံးသွားတဲ့အဖေကို သတိရလို့လား"
နှင်းသုကိုရဲ့အပြောကြောင့် အားလုံးဆွံ့အသွားသဘယလို ချမ်းမြေ့မှာလဲ ဘာဆက်ပြောရမလဲမသိတော့။နွေရွက်ဝါမှာ ကြားထဲကနေ စကားထောက်ပေးပြီး ဆက်ခိုင်းရသည်။
"အလုပ်သွားတဲ့အခါ အမေနဲ့ဆက်သွယ်ဖို့ ကျွန်မဖုန်းလေးတသ်လုံးဝယ်တာ ဒါပေမဲ့"
"ဘာဖြစ်လဲ..."
"ဖုန်းက ဒီလိုကြီးရောက်လာတယ်...ကျွန်မစုထားသမျှ ပိုက်ဆံနဲ့ဝယ်ခဲ့တာ အဟင့်ဟင့်"
ချမ်းမြေ့အား နှစ်သိမ့်ပေးပြီး နွေရွက်ဝါ ဖုန်းဗူးအားဖွင့်လိုက်မိသည်။ဖုန်းဗူးထဲတွင် ကျောက်ခဲများကို ထည့်ထားလေသည်။
"ဘယ်ကဝယ်တာလဲ"
"လိုင်းပေါ်ကပါ..."
"နှင်းသု...သူဝယ်တဲ့နေရာကို တစ်ချက်စစ်ကြည့်လိုက်ပါ"
"ဟုတ်ကဲ့ပါ စခန်းမှူး"
"မငိုနဲ့...မငိုတော့နဲ့...အဆင်ပြေအောင်လုပ်ပေးမယ် ဟုတ်ပြီလား"
"ဟုတ်ကဲ့..."
"စခန်းမှူး သူဝယ်တဲ့နေရာနဲ့နေမင်းခန့်ဝယ်တဲ့နေရာနှစ်ခုလုံးက တူတူပါပဲ လူလိမ်တွေပါ...သူတို့ရဲ့websiteက ပေါ်လိုက်ပျောက်လိုက်လုပ်ထားတာ"
"အီးဟီးဟီး ဒါဆို ပြန်မရတော့ဘူးပေါ့"
"ခဏလေး"
နွေရွက်ဝါ အခန်းထဲသွားကာ ဗီဒိုအားဖွင့်လိုက်ပြီး သူမသိမ်းထားသည့်ဖုန်းတစ်လုံးအားထုတ်ယူလိုက်သည်။ဒါကသူမလက်ဆောင်ရထားပြီး တစ်ခါမှမသုံးရသေးပေ။
"ဒေါ်မြတ်နိုးဝေ သူ့ကိုအမှုဖွင့်ခိုင်းလိုက်ပါ...လောလောဆယ် ဒီဖုန်းကိုယူသွားပါ တရားခံကိုဖမ်းမိရင် ဆက်သွယ်ပေးမယ်"
"ဒါပေမဲ့..."
"ယူသွားလိုက်ပါ....နှင်းသုနဲ့နေမင်းခန့် အဲဒီwebsite ကိုခြေရာခံလို့ရမလား စစ်ဆေးပါ"
"ဟုတ်ကဲ့ စခန်းမှူး"
"ကျေးဇူးတင်ပါတယ် စခန်းမှူး...တကယ်ကျေးဇူးတင်ပါတယ်"
သူမအား ဖက်လိုက်သည့်ချမ်းမြေ့အား အလိုက်သင့်ပြန်လည်ဖက်လိုက်ရင်း မှာစရာရှိသည်များအား သူမ မှာလိုက်သည်။ချမ်းမြေ့ပြန်သွားတော့မှ နွေရွက်ဝါ အခန်းဘက်ဆီ လှည့်လာခဲ့သည်။
"အမေ့...."
လက်အားအနောက်မှဆွဲလှည့်လိုက်ပြီး သူမအားခါးမှဆုပ်ကိုင်ကာ စားပွဲပေါ်တင်လိုက်တာကြောင့် နွေရွက်ဝါလန့်သွားရသည်။
"မိုး...မိုးစက် ဘာလုပ်တာလဲ"
သူမရဲ့ခြေထောက်နှစ်ချောင်းအား သူ့ခြေထောက်ကြားညှပ်ထားပြီး လက်နှစ်ဖက်ကိုလည်း စားပွဲတစ်ဖက်စီတွင်ထောက်ထားသည်မလို့ နွေရွက်ဝါ ဘယ်လိုမှဆင်းမရ။
"မိုးစက်နေခြည် ဘာအရူးထတာလဲ ဖယ် လူမြင်မကောင်းဘူး"
"ခုနကအဖက်ခံရတုန်းကတော့ လူမြင်ကောင်းတယ်ပေါ့"
"မိုးစက်နေခြည် ဘာဖြစ်နေတာလဲ...ဒါငါ့အခန်းနော် နည်းနည်းလောက်တော့ လေးစားမှုရှိစမ်းပါ"
"လေးစားမှုရှိလို့သာပေါ့ လေးစားမှုသာမရှိရင် အရှေ့မှာတည်းက ကျွန်မရည်းစားကိုမဖက်နဲ့ဆိုပြီးပြောခဲ့မှာ"
"မင်း