30/06/2026
ယခုလက်ရှိ မြန်မာနိုင်ငံအတွင်း
ရခိုင်လူမျိုးများ နယ်ပယ်အသီးသီးမှာ
Top 🥇 ဝင်နေကြပြီ....
#ရခိုင်လူမျိုးအတွက်ဂုဏ်ယူပါရေဘုမေ
#ပညာတက်ကြီးဖြစ်ပါစီ
အမှတ်ပေါင်း (၅၆၂) မှတ်ဖြင့် မြန်မာတစ်နိုင်ငံလုံး ပထမ( The Whole Burma First) ကို ထိုက်ထိုက်တန်တန်ရရှိခဲ့တဲ့ #ရခိုင်သူ "သီရိစိုး"
___________________________________
ယနေ့ ဇွန်လ(၂၈)ရက်နေ့တွင် ထွက်ရှိခဲ့သော (၂၀၂၆) ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းတွင် တစ်နိုင်ငံလုံး အောင်ချက်ရာခိုင်နှုန်း ၅၂.၃၇% ရှိပြီး ဖြေဆိုသူ ၂၅၅,၂၂၈ ဦးအနက် ၁၃၃,၆၇၃ ဦး အောင်မြင်ခဲ့ကာ မန္တလေးတိုင်းသည် အောင်ချက် ၆၂.၂၂% ဖြင့် အကောင်းဆုံးဖြစ်ခဲ့ပြီး တစ်နိုင်ငံလုံး ပထမ ( The Whole Burma First) ကို မန္တလေးတိုင်း , ချမ်းအေးသာစံမြို့နယ် မှ မသီရိစိုး( မန္တလေး CAE ကိုယ်ပိုင်ကျောင်း) က အမှတ်ပေါင်း ၅၆၂ မှတ်ဖြင့် ထိုက်ထိုက်တန်တန် ရရှိခဲ့တာပဲ ဖြစ်ပါတယ်။
#ရခိုင် #မန္တလေး
#၂၀၂၆ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်း