Social Space Entertainment

Social Space Entertainment iT's Ur Space .

Ethic ကိုတန်ဖိုးထားတဲ့ Team တခု အနေနဲ့ အားလုံးကို စိတ်မပျက်ရအောင် ကျွန်တော်တို့ကြိုးစားပါ့မယ်။
ကျွန်တော်တို့အားလုံးအတွက်လိုအပ်နေတဲ့ Space အသစ်လေးတခုဖြစ်ချင်ပါတယ်။ခင်ဗျားတို့လည်းပါဝင်နိုင်ပါတယ်။
Social Space!!!!

14/09/2025

New Zero
Village Art School
❣️ Children Art Exhibition ❣️
(2024 - 2025)
14 to 16 September 35 @ Good Mood

11/09/2025

KoShaki
@သောတဘုံဆိုင်

10/09/2025

လန်းလန်း
@သောတဘုံဆိုင်
Band AOB

09/09/2025

🎤ဒီလိုလူငယ်တွေဒီလိုအိပ်မက်တွေ🎤

လူငယ်တွေရဲ့ဘဝမှာရွေးချယ်စရာတွေများပါတယ်။ဒီရေခံမြေခံဒီနိုင်ငံမှာတော့
ဆရာဝန်ကြီးလုပ်မှာလားစစ်ဗိုလ်ကြီးလုပ်မှာလား။ဘာညာပေါ့။ရွေးချယ်စရာနှစ်မျိုးတပတ်လည်လောက်ပဲရှိမှာပါ။မိဘအသိုင်းအဝိုင်းကရွေးတဲ့လမ်းနဲ့ကိုယ့်အိပ်မက်နောက်တရွတ်တိုက်လျှောက်တဲ့လမ်း တွေပေါ့။
ဒီတပတ်မှာတော့ဒီလိုလူငယ်တယောက်ဖြစ်တဲ့
ပိုင်ပိုင်မြင့်အောင် နဲ့မိတ်ဆက်ပေးချင်ပါတယ်။
Illness Symphony ရဲ့ တေးရေးအဆို
နောက်ပြီး အရမ်းမိုက်တဲ့ Bluegrass of Burma ရဲ့ ပင်တိုင်အဆို။ ဆိုတော့ကြည့်ရှုအားပေးလိုက်ပါဦး။
သောတဘုံဆိုင်မှာ ဆိုထားတဲ့livemoodတွေပါမယ်။
#သောတဘုံဆိုင် #ရွှေအိမ်သစ်
#သီချင်းချစ်သူ #

07/09/2025

နိဗ္ဗာန် သေးသေးလေးတခု
သောတဘုံဆိုင်

ကြည့်မြင်တိုင်ဘက်ကိုရောက်ရင်။ပန်းလှိုင်လမ်းပေါ်က ရွှေအိမ်သစ် Bar and Restaurant ကိုသွားမေးကြည့်။ စက်တာဘာ၅ရက်နေ့ ညန၅နာရီက နေရာတခုကိုရောက်ခဲ့တယ်။
သောတဘုံဆိုင်တဲ့
နာမည်ကြီးသီချင်း‌တွေ
အဆိုတော်ကြီးသီချင်းတွေ
ဘာမှမဆိုဘူး။
ကိုယ့်ရဲ့ကိုယ်ပိုင်ဖန်တီးနိုင်သလောက်ဖန်တီးသီဆိုထားတဲ့ ကိုယ်ပိုင် Original တွေအမိုက်စားကြားရစေမယ်။
Own tune တွေ Original တွေရဲ့နိဗ္ဗာန်သေးသေးလေး
သောတဘုံဆိုင်
#သောတဘုံဆိုင်

#ရွှေအိမ်သစ်

05/09/2025

တေးရေးထုံကြီး ရေးထားတဲ့ လူမိုးရံအတွက် သီချင်းများသီချင်းချစ်သူများဆုံစည်းရာ #သီချင်းချစ်သူ

Kurt Cobain ရဲ့ ဓါတ်ပုံဆရာ  Charles Peterson၁၉၈၀ နှောင်းပိုင်းနဲ့  ၁၉၉၀ Grunge ခေတ်ဦးကာလ တွေနဲ့ Post punk ကာလ‌အစောပိုင်း...
01/09/2025

Kurt Cobain ရဲ့ ဓါတ်ပုံဆရာ
Charles Peterson
၁၉၈၀ နှောင်းပိုင်းနဲ့ ၁၉၉၀ Grunge ခေတ်ဦးကာလ တွေနဲ့ Post punk ကာလ‌အစောပိုင်းတွေမှာ အဲဒီဂီတတွေနဲ့ Show ပရိတ်သတ်တွေရဲ့ moodကို အမိုက်စား အဂျွတ်ကြီး ဓါတ်ပုံရိုက်ခဲ့တဲ့ Charles Peterson ဆိုတဲ့ဘဲကြီးရှိပါတယ်။Music Photography ကိုသီးသန့်ရိုက်ခဲ့တယ်။
Mudhoney၊ Sound Garden၊၊Nirvanaနဲ့ Pearl Jam တို့လို အဂေါ်စား ဆရာတွေ ရဲ့ Underground Scene ကနေ Main Stream ကာလအထိ ဓါတ်ပုံတွေကိုရိုက်ခဲ့တဲ့ ဆရာသမားပါ။၁၉၆၄မှာမွေးခဲ့တယ်။Post Punk နဲ့ Grunge (Alternative )ဂီတသမိုင်းကြောင်းရဲ့ အဓိက Music Scene ထဲက Seattle Music Scene ရဲ့ အထင်ရှားဆုံးဓါတ်ပုံဆရာဖြစ်ခဲ့ပါတယ်။
သူဟာ Kurt Cobain ရဲ့ဓါတ်ပုံဆရာလည်းဖြစ်ပါတယ်။
" Kurt အကြောင်းကို တကမ္ဘာလုံးက မသိခင်ကတည်းက Kurt ကကျွန်တော့်ဘယ်လိုလူဆိုတာသိခဲ့ပြီးသားပါ။kurt နဲ့ ကျွန်တော်တို့နှစ်ယောက်စလုံးက introvert တွေဗျ။Kurt ရဲ့ Stageပေါ်ကပုံတွေကိုကျွန်တော်ကောင်းကောင်းရိုက်နိုင်ခဲ့တယ်လို့ဘယ်တော့မှ မခံစားခဲ့ရဘူးဗျ။"
လို့ Lens မဂ္ဂဇင်းမှာသူ‌ဖြေခဲ့ဖူးပါတယ်။
သူက Nikon FE2ကင်မရာ၊24mm lens၊Vivtar 285flash၊Tri-X သုံးပြီးရိုက်တာများတယ်။ Leciaလည်းသုံးတဲ့အခါသုံးပါတယ်။
သူ့ရဲ့ blurry moodတွေ၊ Audience shoot တွေက ဓါတ်ပုံကိုကြည့်တဲ့သူက Showပွဲရောက်သွားသလိုခံစားရပါတယ်။
ဖလင်ခေတ်မှာအတော်ဂေါ်ခဲ့တဲ့ Charles Peterson လက်ရာ Nirvana နဲ့ Kurt Cobain ရဲ့ ဓါတ်ပုံတချို့ကို အမြည်းခံစားကြည့်ပါဦး။
သူရဲ့ www.charleseterson.net မှာ အပြည့်အစုံသွားရောက်ခံစားနိုင်ပါတယ်။
Disclaimer:All Photos used for Knowledge Sharing and All Copyrights to Charles Peterson.




29/08/2025

❣️ဒီလိုလူငယ်တွေ ဒီလိုအိပ်မက်တွေ ❣️
လူငယ်တွေ။ ပြေးနေကြတယ်။ လူငယ်တွေကြံနေကြတယ်။ တချိုက ပျံဖို့ကြိုးစားနေကြတယ်။ တချို့က အိပ်မက်ကိုတကယ်ဖြစ်အောင် ကိုယ်ပိုင်ကောင်းကင်ကို ကိုယ်ပိုင်လှေခါးနဲ့တက်နေကြတယ်။ အိပ်မက်အမျိုးမျိုးနဲ့ ကိုယ့်စကြဝဠာကို ကိုယ်တိုင်ဖန်တီးနေကြပါတယ်။ လူငယ်တွေရဲ့ အိပ်မက်ကိုလျှော့တွက်လို့မရပါဘူး။
ဒီတပါတ်မှာတွေ့ဆုံပေးဖို့‌ ရွေးချယ်ထားတာကတော့ ဂီတမြို့သား #ဟန်ထူးဇင် ပါ။ မြန်မာ့ဂီတနဲ့ ကမ္ဘာ့ဂီတကိုပေါင်းစပ်ဖို့ကြိုးစားနေတဲ့လူငယ်တယောက်ပါ။ သူဟာ သူဖခင် မြန်မာပြည်ကျောက်စိမ်းရဲ့ပညာအမွေအပြင် နိုင်ငံတကာ ဂီတပညာကို ဆရာကိုဒူး နဲ့ ဆရာဓီရာမိုရ် (ဂီတမြို)တို့ဆီမှာသင်ယူခဲ့ပါတယ်။ ၂၇ရက်နေ့က ထွက်ထားတဲ့ Alterverse instrumental Music Video က တကယ်ကောင်းပါတယ်။ မြန်မာမှုနဲ့နိုင်ငံတကာဂီတနဲ့ ပေါင်းစပ်ဖန်တီးထားတာပါ။ ဒီနိုင်ငံရဲ့ ရှားပါးတဲ့ instrumental မျိုးဆက်သစ်တယောက်ပါ။ သူ့ရဲ့ official YouTube Link နဲ့ face book page တွေမှာ သွားရောက်ကြည့်ရှုအားပေးရင်း ဒီလိုလူငယ်တယောက်ကို Support လုပ်နိုင်ပါတယ်။ သူ့ရဲ့ပြောစကားအချို့နဲ့ သူ့ရဲ့ဖန်တီးမှု အချို့ကို ကြည့်ရှုနားဆင်ကြည့်ပါ။ comment မှာ Alterverse Link ပေးထားပါတယ်။

#ဂီတမြို့သားဟန်ထူးဇင် #လူငယ် #သီချင်း #အဆိုတော် #သီချင်းချစ်သူ #ရန်ကုန်

26/08/2025

❣️ Rangoon Holistic Healing Space ❣️ ရဲ့ ၂ နှစ်ပြည့်ပွဲလေးနဲ့အတူ New Services မိတ်ဆက်ပွဲလေးကို မိတ်ဆွေများနဲ့အတူ ရင်းနှီးနွေးထွေးစွာ ပြုလုပ်ခဲ့တယ်။

❣️ Rangoon Holistic (၂)နှစ်ပြည့်မှ နှစ်ပေါင်းများစွာ ပိုမိုအောင်မြင်ပါစေ။

#ကျောက်တံတား #ရန်ကုန်

25/08/2025

❣️ Welcome to the Gallery ❣️
ဆရာနေမျိုးရဲ့ နည်းနည်းလောက်ချစ်ပါ။
စာပေ၊ပန်းချီ၊ကာတွန်း၊ကဗျာ စတဲ့နယ်ပယ်ပေါင်းစုံမှာ သက်တမ်းရင့်ပြီးဖြတ်သန်းမှုစုံခဲ့တဲ့ ဆရာနေမျိုး ရဲ့၁၁ကြိမ်မြောက်တကိုယ်တော်ပြပွဲကို ရန်ကုန်မြို၊၃၄လမ်းအလယ် ဘလောက် အမှတ်၁၁၂ပထမထပ်မှာရှိတဲ့ East Vine Art Gallery မှာဩဂုတ် ၂၃ကနေ၂၇ရက်နေ့အထိပြသသွားမှာဖြစ်ပါတယ်။ ပြပွဲနာမည်ကတော့
Just Love me a llittle.
နည်းနည်းလောက်ချစ်ပါ* လို့ပေးထားပါတယ်။အချိန်ရရင်သွားရောက်အားပေးကြည့်ရှုနိုင်ပါတယ်။
Myo (Nay Myo)
#ပန်းချီချစ်သူ #မြန်မာ့ပန်းချီ #ပန်းချီ #နေမျိုး #ရန်ကုန်
#၃၄လမ်း #ကျောက်တံတား

24/08/2025

နောက်ကွယ်ကလူတွေ

အနုပညာလောကထဲမှာဖြစ်ဖြစ်၊ ဂီတလောကထဲမှာဖြစ်ဖြစ်၊ ပရိတ်သတ်ရဲ့မြင်ကွင်းမှာ ရှိမနေတဲ့ ပရိတ်သတ်တွေရင်းရင်းနှီးနှီးမှတ်မိဖို့ မလွယ်တဲ့နေရာက လူတွေရှိပါတယ်။ မန်နေဂျာတွေ၊production design လုပ်သူတွေ၊ Talent Scout တွေ၊ ပွဲစီစဉ်သူတွေ၊ Stage Manager တွေအစရှိသဖြင့်ပေါ့။
အခုတပါတ်မှာတော့
အရင်ခေတ်က Okra Band ရဲ့မန်နေဂျာ၊ Tagu Jams ရဲ့ Production Design နဲ့ Talent Scout တွေ ကူညီလုပ်ပေးသူ၊လက်ရှိလူငယ် Band တွေ အတွက် လုပ်တဲ့ show တွေကို စီစဉ်ကူညီပေးသူ
ကိုဦး(ခ)ကိုကျော်စိုးလင်းနဲ့ တွေ့တုန်းကြုံတုန်းပြောဖြစ်သမျှ တင်ဆက်ပေးလိုက်ပါတယ်။



23/08/2025

Welcome to the Gallery
ဆရာကြီးတမ္ပဝတီဦးဝင်းမောင်ရဲ့ပန်းချီကားနှစ်ကားအကြောင်း

ဆရာကြီးတမ္ပဝတီဦးဝင်းမောင် ဟာ မြန်မာမှုဗိသုကာလက်ရာ ပညာရှင်ကြီးတယောက်ပါ။ပြီးခဲ့တဲ့ရက်ပိုင်းက ပြသပြီးစီးခဲ့တဲ့ ဆရာကြီးရဲ့ ပထမဆုံးတကိုယ်တော် "၃၁ဘုံ"ပန်းချီပြပွဲမှာ ဆရာကြီးက ပန်းချီကားတခုချင်းရဲ့ ဆွဲဖြစ်ပုံ၊ဆိုလိုရင်းနဲ့၊သမိုင်းအချက်အလက်တွေကို စိတ်ရှည်လက်ရှည်ရှင်းပြခဲ့ပါတယ်။ဆရာကြီးသက်ရှည်ကျမ်းမာပြီး မြန်မာမှုဗိသုကာပညာတွေကိုဒီ့ထက်မျှဝေနိုင်ပါစေလို့ social Space Entertainment မှဆုတောင်းပေးလိုက်ပါတယ်။
ရှားပါးပညာရှင် ဆရာကြီးတမ္ပဝတီဦးဝင်းမောင်ရဲ့စကားသံနဲ့ပန်းချီကားတွေကိုကြည့်ရှုနားဆင်ခံစားကြည့်ပါ။

#တမ္ပဝတီဦးဝင်းမောင်
#မြန်မာမှုဗိသုကာပညာ
#မြန်မာ့ပန်းချီ


#ပန်းချီချစ်သူ

ที่อยู่

Bangkok

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Social Space Entertainmentผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์