Buddha Dhamma Tayar

Buddha Dhamma Tayar � Welcome to Buddha Dhamma Tayar�

ဝါဆိုလပြည့်နေ့ အကြောင်း သိကောင်းစရာ 🙏🙏🙏🙏🙏~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ဝါဆိုလပြည့်နေ့ နဲ့ ပတ်သက်လို့ ဗုဒ္ဓဝင်မှာ......
29/07/2026

ဝါဆိုလပြည့်နေ့ အကြောင်း သိကောင်းစရာ 🙏🙏🙏🙏🙏
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ဝါဆိုလပြည့်နေ့ နဲ့ ပတ်သက်လို့ ဗုဒ္ဓဝင်မှာ........
သန္ဓေ တောထွက် ဓမ္မစက် မိန့်မြွက်သံချို လဝါဆို တဲ့
ဘုရားဖြစ်စဉ် ဗုဒ္ဓဝင်မှာ ထူးခြားသော ဝါဆိုလပြည့်နေ့
( ၁ ) ဘုရားလောင်းသိဒ္ဓတ္တမင်းသား ပဋိသန္ဓေ နေသောနေ့
( ၂ ) ဘုရားလောင်း တောထွက်တော်မူသောနေ့
( ၃ ) ဂေါတမမြတ်စွာဘုရား ဓမ္မစကြာစတင်ဟောတော်မူသောနေ့
( ၄ ) ရေမီးအစုံစုံတို့ဖြင့် တန်ခိုးပြာဋိဟာကို ပြတော်မူသောနေ့
( ၅ ) ဘုရားအဖြစ်ကို ဝန်ခံတော်မူသောနေ့
( ၆ ) တရားရတနာ စတင်ပေါ်သောနေ့
( ၇ ) သံဃာရတနာ စတင်ပေါ်သောနေ့
( ၈ ) ပုထုဇဉ်ခရီးမှ အရိယာခရီးသို့ စတင် ကူးပြောင်းခွင့်ကြုံသောနေ့
( ၉ ) ဧဟိဘိက္ခု ဟူသောစကားကိုစတင်ကြားရသောနေ့
ဝါဆိုလပြည့်နေ့ ဓမ္မစကြာအခါတော်
~~~~~~~~~~~~~~~~~~~~~~~~
ဂေါတမဘုရားလောင်းတော်သည် ပဉ္စဝဂ္ဂိ ၅ ဦးတို့ စွန့်ခွါထွက်သွားပြီးသည့် နောက် တစ်ကိုယ်တည်း တရားကျင့်တော်မူခဲ့ရာ မဟာသက္ကရာဇ် ၁၀၃ ခုကဆုန်လပြည့်နေ့ သောကြာနေ့ တွင် သဗ္ဗညုတဥာဏ်တော်ကို ရရှိကာဘုရားအဖြစ်သို့ရောက်တော်မူလေသည်။
ထိုအခါ သဟမ္ပတိဗြဟ္မာမင်း၏ လျှောက်ထားတောင်းပန် ချက်အရအဘယ်သူ့ကို တရားဦးဟောကြားအံ့နည်းဟု ဆင်ခြင်တော်မူ၏။ ဗုဒ္ဓမြတ်စွာ၏ အာသယာနုသယဥာဏ် ဣနြဒိယပ ရောပရိယဥာဏ်တော်တို့ဖြင့် ဆင်ခြင်သည်။ ပထမဦးစွာ စျာန်လမ်းပြခဲ့ဖူးသော အာဠာရရသေ့ ဆရာကိုမြင်၏ ထိုရသေ့ကား ကွယ်လွန်ခဲ့ပြီးဖြစ်သည် ထိုမှ တစ်ဆင့် ဥဒကရသေ့ဆရာကို မြင်တော်မူလေသည် ။ ဥဒကရသေ့လည်း ကွယ်လွန်ခဲ့ပြီဖြစ်၏။
ထို့နောက် အခြားသော ကျေးဇူးရှိခဲ့ဖူးသူများအား တရားဦးဟောကြားရန် ကြည့်တော်မူပြန်သည်။ ထိုအခါ ပဉ္စဝဂ္ဂီငါးဦးတို့ကိုမြင်တော်မူလေသည် ။ သို့သော်လည်း ထိုရသေ့များထံ ချက်ချင်းမကြွပေ။ သုံးရက် သီတင်းသုံး စောင့်ဆိုင်းတော်မူ၏။ ထို့နောက် ဗာရာဏသီအနီးရှိ မိဂဒါဝုန်တောသို့ ခရီးဆက်တော်မူလေသည်။
အစားနည်းသောအကျင့်မှ များသောအကျင့်သို့ ပြောင်းခဲ့သောကြောင့် ဘုရားမဖြစ်နိုင်တော့ဟု ပဉ္စဝဂ္ဂီတို့ ယူဆခဲ့ကြ၏။ ထိုကြောင့် ဘုရားလောင်းအား စွန့်ခွာပြီးဗာရာဏသီ မိဂဒါဝုန်တောသို့ ရောက်ခဲ့ ကြလေသည် ။ မြတ်စွာဘုရားကြွလာသည်ကိုပဉ္စဂ္ဂီတို့မြင်ကြ၏။
ခရီးဦးမကြို ဝတ်မပြုလိုကြတော့ပေ သို့ရာတွင် အရှင်မြတ်သည် ဖန်ရည်ဆိုး သင်္ကန်းဝတ်ရုံလျက် ပင်ဝင်လာတော်မူ၏။ ကိလေသာ ကင်းစင်သဖြင့် အေးချမ်းတင့်တယ် ကြည်ညိုဖွယ်ရှိ၏။ သို့ဖြစ်ရာ ပဉ္စဂ္ဂီတို့သည် ခရီးဦးကြိုကြ၏ ရှိခိုးပူဇော်ကြ၏ နှုတ်ခွန်းဆက်ကြ၏။
အချိန်ကား နေမင်းကြီးဝင်လုဝင်ဆဲအချိန်လမင်းကြီးမှာ ပြူလစ်စ အခါသမယဖြစ်၏။ ဆည်းဆာညချမ်း ဖြစ်သည်။ သူတော်မြတ်ဓာတ်ကြောင့် သာယာဖွယ်ကောင်းပေ၏။ မိဂဒါဝုန်တောကား ရွှင်ပျအေးမြနေ၏ ဆိတ်ငြိမ်မှုဖြင့်ပြီးလျက်ရှိ၏။
ထိုအခိုက်တွင် မြတ်စွာဘုရားရှင်သည် ပဉ္စဂ္ဂီတို့၏ ရှေ့တွင်ထက်ဝယ်ဖွဲ့ခွေနေတော်မူသည် ။ ထို့နောက် ရဟန်းတို့ ဟု ခေါ်ဝေါ်ကာနှုတ်ခွန်းဆက်တော်မူုလိုက်၏။ ဤကား တရားဦးဟောရန်ဖိတ်ခေါ်သံ အစတည်း။
ပဉ္စဂ္ဂီတို့သည် သီလစင်ကြယ်ပြီးသူများဖြစ်ကြသည်။ ထို့ပြင် သဒ္ဓါ ဆန္ဒ ဝီရိယ စိတ်ထားပြည့်စုံနေပြီး သူများဖြစ်ကြလေရာ မြတ်စွာဘုရား၏ စကားအစသည် သူတို့၏ နှလုံးသားဝယ် တရား တည်၍တည်၍ လာလေသည်။ ထိုအချိန်တွင် မြတ်စွာဘုရားက မိမိဘုရား ဖြစ်တော်မူကြောင်း မိန့်ကြား၏ တရားနာယူကြရန်လည် တဆက်တည်း တိုက်တွန်း၏။
သို့သော်မယုံကြည်နိုင်ကြသဖြင့် သုံးကြိမ်သုံးခါ ငြင်းဆန်ကာနေကြ၏။ မြတ်စွာဘုရားသည် ထိုငြင်းဆန်မှုကို ဘုရားဖြစ်ကြောင်း ထပ်မံသိစေပြန်၏။ ပြီးမှ တရားဦး ခေါ်ဓမ္မစက္က ပဝတ္တန သုတ္တ ကိုဟောကြားတော်မူလေသည်။ ထိုတရားတော်၏ အဆုံးဝယ် အရှင်ကောဏ္ဍညသည် လူသားများအနက် ပထမဦးဆုံး သောတာပတ္တိဖိုလ်၌တည်လေ၏ ထိုနေ့သည် ဝါဆိုလပြည့်နေ့ ဖြစ်၏။
ထို့နောက်တဖန် ဒေသနာကိုဟောပြတော်မူရာ ဝါဆိုလပြည့်ကျော် ( ၁ ) ရက်နေ့၌ အရှင်ဝပ္ပ( ၂ ) ရက်နေ့၌ အရှင်ဘဒ္ဒိယ ( ၃ ) ရက်နေ၌ အရှင်မဟာနာမ် ( ၄ ) ရက်နေ့၌ အရှင်အဿဇိ တို့သည် အသီးသီး သောတာပန်တည်ကြလေကုန်၏။ပဉ္စဝဂ္ဂီအားလုံးပင် ဧဟိဘိက္ခု ရဟန်း အဖြစ်ရောက်ကြလေသည်။
ဝါဆိုလပြည့်ကျော် ( ၅ ) ရက်နေ့တွင် မြတ်စွာဘုရားသည် အနတ္တလက္ခဏသုတ္တ ကိုဟောကြားတော်မူခဲ့သည်။ ဤတွင် ငါးဦးလုံး ရဟန္တာ ဖြစ်တော်မူကြလေသည် ။ ထိုနေ့ကို လည်း '' ရဟန္တာ ''နေ့ ဟု ဗုဒ္ဓဘာသာဝင်တို့ သတ်မှတ်ယူကြကုန်သည်။
ဝါဆိုလပြည့်နေ့ကို တရားဦး '' ဓမ္မစကြာ '' ဟောကြား သောနေ့ဖြစ်၍ '' ဓမ္မစကြာနေ့'' ဟု ယနေ့အထိ ဗုဒ္ဓဘာသာဝင်တို့ အလေးအမြတ်ပြုခဲ့ကြပေသည်။
🙏🙏🙏
မျှဝေပူဇော်ပါ၏။

ဘဝကြီးက တဖြည်းဖြည်းရွေ့နေတယ်။ ရပ်ထားလို့မရဘူး... ဖြစ်ပြီးရင် ပျက်သွားတာပဲ။ ဒီလောကကြီးမှာ အစစ်ဆိုတာ မရှိတော့ဘူး၊ Copy တွေ...
26/07/2026

ဘဝကြီးက တဖြည်းဖြည်းရွေ့နေတယ်။ ရပ်ထားလို့မရဘူး... ဖြစ်ပြီးရင် ပျက်သွားတာပဲ။ ဒီလောကကြီးမှာ အစစ်ဆိုတာ မရှိတော့ဘူး၊ Copy တွေပဲ ကျန်ခဲ့တာပါ...
ကျေးဇူးတော်ရှင် ပါချုပ်ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသ ဟောကြားတော်မူသော ဤ ၁၅ မိနစ်စာ တရားတော်သည် ကျွန်ုပ်တို့၏ ပြေးလွှားနေသော ဘဝများကို ခဏတာ ရပ်တန့်ပြီး သစ္စာတရားကို ဆင်ခြင်နိုင်စေရန် ရည်ရွယ်ပါသည်။

🕊️ ဘဝကြီးက တဖြည်းဖြည်းရွေ့နေတယ်။ ရပ်ထားလို့မရဘူး... ဖြစ်ပြီးရင် ပျက...

🪷 မဟာသမယသုတ် စေတီတည်နည်း (အပြည့်အစုံ) 🪷မဟာသမယသုတ် စေတီတည်ပြီး ကုသိုလ်ပြုပူဇော်လိုသူတွေအတွက်  မျှဝေပေးလိုက်ပါတယ်ခင်ဗျာ 🙏အ...
24/07/2026

🪷 မဟာသမယသုတ် စေတီတည်နည်း (အပြည့်အစုံ) 🪷

မဟာသမယသုတ် စေတီတည်ပြီး ကုသိုလ်ပြုပူဇော်လိုသူတွေအတွက် မျှဝေပေးလိုက်ပါတယ်ခင်ဗျာ 🙏

အရေးကြီးတုံးက စေတီတည်ချိန်တွင် စိတ်ကို ကြည်လင်အောင်ထားပါ။ ဒေါသ၊ စိတ်ညစ်နေချိန် (သို့) စိတ်မကြည်လင်ချိန်တွင် မပြုလုပ်သင့်ပါ။ သဒ္ဓါတရား၊ မေတ္တာတရားတို့ဖြင့် ပြည့်စုံနေစေရန် အရေးကြီးပါသည်။

မဟာသမယသုတ်တော်ဟာ နတ်၊ ဗြဟ္မာ၊ ဘီလူး အစရှိတဲ့ နတ်အပေါင်းတို့ စုဝေးရောက်ရှိလာပြီး မြတ်စွာဘုရားရှင်ကို ပူဇော်ကြတဲ့ အလွန်ကြီးကျယ်ခမ်းနားတဲ့ သုတ္တန်တစ်ခုဖြစ်ပါတယ်။ ဒီသုတ္တန်ကို စေတီတည်၍ ပူဇော်သူများအတွက် ဘေးအန္တရာယ် ကင်းဝေးခြင်း၊ နတ်ကောင်းနတ်မြတ်များစောင့်ရှောက်ခြင်း၊ စိတ်အေးချမ်းခြင်း၊ ချမ်းသာသုခနှင့် ပြည့်စုံခြင်း စတဲ့ အကျိုးကျေးဇူးများစွာရရှိစေပါတယ်။

မဟာသမယသုတ် စေတီတည်၍ ပူဇော်ရသော အကျိုးအာနုဘော်ကြောင့် ဘေးရန်အပေါင်းမှ ကင်းဝေးကြပါစေ၊ မမြင်ရသော အန္တရာယ်၊ မကောင်းသော အိပ်မက်ဆိုးများ၊ ဂြိုဟ်ဆိုးတို့မှ လွတ်မြောက်၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပါစေ၊နတ်ကောင်းနတ်မြတ်အပေါင်းတို့သည် အမြဲစောင့်ရှောက်၍ လာဘ်လာဘပွားများကာ တရားအသိဉာဏ်နှင့် ပြည့်စုံပါစေခင်ဗျာ🙏

💌 ကုသိုလ်ပါဝင်နိုင်ရန် တစ်ဆင့်မျှဝေခြင်းဖြင့် ဓမ္မဒါနကုသိုလ်ရရှိကြပါ‌စေခင်ဗျာ ။ 🌹🙏🙏🙏🌹

https://youtu.be/M8tGCbwvk0w?si=NJNdOscHjcgYgGGM

#မဟာသမယသုတ် #မဟာသမယသုတ်စေတီ #တရားဓမ္မကုသိုလ် #ကုသိုလ်ယူကြမယ်

ที่อยู่

Bangkok

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Buddha Dhamma Tayarผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ทางลัด

แชร์