15/06/2026
"အာမန် ဆာရူးခရမ် က အီလီယာ တိုပူရီယာ ကို 'Ilia No Mas Topuria' ဆိုပြီး သမိုင်းဝင် စကားလုံးနဲ့ ခနဲ့လှောင်ပြောင်ခဲ့👀🔥
"အီလီယာ 'တော်ပါပြီ/ထပ်မထိုးတော့ဘူး'
တိုပူရီယာ 🤦♂️" (အရှုံးပေးပါပြီပေါ့)
(Ilia "no mas" Topuria)
“No Mas" စပိန်ဘာသာစကား ဖြစ်ပြီး အင်္ဂလိပ်လို "No More" (တော်ပါပြီ၊ ထပ်မလုပ်တော့ဘူး၊ အရှုံးပေးပါတယ်) လို့ အဓိပ္ပာယ်ရပါတယ်။ ၁၉၈၀ ပြည့်နှစ်က ကျင်းပခဲ့တဲ့ သမိုင်းဝင် ကမ္ဘာ့လက်ဝှေ့ချန်ပီယံပွဲစဉ် ဖြစ်တဲ့ ရော်ဘတ်တို ဒူရန် (Roberto Durán) နှင့် ဆူဂါရေး လီယိုနတ် (Sugar Ray Leonard) တို့ရဲ့ ပွဲစဉ်မှာ... ဂန္ထဝင်လက်ဝှေ့ကျော် ဒူရန် ဟာ လီယိုနတ် ရဲ့ ဆရာကျကျ ကစားကွက်ရွှေ့ အကွက်ပြတာကို မခံနိုင်တော့ဘဲ အချီအလယ်ကြီးမှာတင် ဒိုင်လူကြီးကို "¡No más, no más!" (တော်ပြီ၊ ထပ်မထိုးတော့ဘူး) လို့ ပြောပြီး ပွဲကို ကိုယ်တိုင် လက်လျှော့ စွန့်လွှတ်သွားခဲ့ဖူးပါတယ်။
မာမန်း က တိုပူရီးယား ရဲ့ အလယ်ကနံမည် (Nickname) ဖြစ်တဲ့ "El Matador" (နွားသတ်
သမား) နေရာမှာ "No Mas" လို့ အစားထိုးပြီး လှောင်ပြောင်ခဲ့တာပါ။
တိုပူရီးယား တော့ ဘယ်လိုမျက်နှာပြဦးမလဲမသိတော့ဘူးတော်တော်ကြာကြာ အနားယူရပါလိမ့်မယ်🫣
God bless you all guys ❤️🌻