Mr.Mone Dann Nor

Mr.Mone Dann Nor MDN Combat Sports
(MMA၊ Myuathai၊ Kickboxing)

ပွဲမပျက်ကြောင့် ONE ဘက်က အတည်ပြုလိုက်ပါတယ် တာကေးရုနဲ့ ဆက်ပီး ဗျင်းကြမယ်
16/04/2026

ပွဲမပျက်ကြောင့် ONE ဘက်က အတည်ပြုလိုက်ပါတယ်

တာကေးရုနဲ့ ဆက်ပီး ဗျင်းကြမယ်

ပွဲအစစ်အဖြစ် ထိုးသတ်ဖို့ သဘောတူလိုက်ရတဲ့ မေဝဲလ်သာ Floyd Mayweather နဲ့ Manny Pacquiao တို့ ဒုတိယအကြိမ် တွေ့ဆုံမယ် မကျေပွ...
16/04/2026

ပွဲအစစ်အဖြစ် ထိုးသတ်ဖို့ သဘောတူလိုက်ရတဲ့ မေဝဲလ်သာ

Floyd Mayweather နဲ့ Manny Pacquiao တို့ ဒုတိယအကြိမ် တွေ့ဆုံမယ် မကျေပွဲကတော့ ပျက်ဖို့လမ်းစတွေ ပေါ်လာပြီ…။

ဘာလို့လဲဆိုတော့ Pacquiao ဘက်ကနေ ဒီပွဲကို အပျော်တမ်းသရုပ်ပြပွဲ (Exhibition bout) မဟုတ်ဘဲ "တကယ်ထိုးမယ့်ပွဲ” (Professional Fight) အဖြစ် အတည်ပြုပေးဖို့ Mayweather ဘက်ကို (၂၄) နာရီ အတွင်း ဆုံးဖြတ်ခိုင်းလိုက်လို့ပါ။
ဒါကြောင့် မေဝဲလ်သာ အနေဖြင့် ပွဲအစစ် ထိုးဖို့ သဘောတူလိုက်တဲ့ အကြောင်းကို ပြောကြားလိုက်ပါတယ်။ အခုပွဲစဉ်က စက်တင်ဘာ ၁၉ရက်မှာ မကျေပွဲအဖြစ်ထိုးသတ်သွားမှာ ဖြစ်ပါတယ်

ရော့ထန်းနဲ့ ONE  ကြားက အက်ကွဲကြောင်းက ထိုင်း အားကစား လောကမှာ ဟိုလေ တစ်ကျော်ကျော် ဖြစ်နေခဲ့ပါတယ် ..... ONE က ရော့ထန်းကို ...
16/04/2026

ရော့ထန်းနဲ့ ONE ကြားက အက်ကွဲကြောင်းက ထိုင်း အားကစား လောကမှာ ဟိုလေ တစ်ကျော်ကျော် ဖြစ်နေခဲ့ပါတယ် .....

ONE က ရော့ထန်းကို စာချုပ်ပါ အချက်အလက်တွေကို ဖောက်ဖျက်တယ်ဆိုပြီး တရားစွဲထားပါတယ် .... ဒီအတွက် ရော့ထန်းကို ဘတ် ၆၅၀ သန်းလောက် ရလိုမှုနဲ့ တရားစွဲထားတယ်။

ရော့ထန်း တစ်ယောက် ဒီလို အခင်းအကျင်းဖြစ်လာအောင် ONE ဘက်ကနေ တွန်းပို့တယ်လို့ ပြောရမယ် ... ပြဿနာအစက စာချုပ် သက်တမ်း ဆက်တိုးဖို့ ကစ္စကနေ ဆက်နွယ်လာဒါ လို့ ပြောရမယ်

စာချုပ် သက်တမ်းက ၂၀၂၅ ဇန်နဝါရီလ ‌လောက်ကတည်းက သက်တမ်းကုန်နေပီ ... ဒီအကြောင်းအရာကို ရော့ထန်းကိုယ်တိုင် ပြောထားပါတယ်။ ဒီမတိုင်ခင် ကတည်းက ရော့ထန်းက စာချုပ် သက်တမ်းတိုးချင်နေတဲ့ ပုံစံ ဖြစ်ပေမဲ့ ပရိုမိုးရှင်းဘက်ကတော့ တုတ်တုတ် မလုပ်ဖြစ်နေခဲ့ဒါပါ ... ဒါကြောင့် ကစားသမားက ခဏခဏ စိတ်ကောက်နေတဲ့ အပြင် စာချုပ်နဲ့ ပက်သက်တဲ့ အကြောင်းအရာကို သွယ်ဝိုက်သော နည်းလမ်းနဲ့ အသိပေးနေခဲ့ဒါ ကြာပါပီ။

တာကေးရုနဲ့ ပွဲကို စာချုပ်အပြင်ကနေ သီးသန့်ပုံစံနဲ့ စီစဉ်ပေးပီး ရော့ထန်းကို ချော့ထားပါတယ် ... ဒါပေမဲ့ ကစားသမားအနေဖြင့် အနာဂတ် မသေချာသေးတဲ့ အတွက် မကျေနပ်ဘဲ သူ့အနေဖြင့် တစ်ခြား ပရိုမိုးရှင်းကို သွားလိုကြောင်း အသိပေးလာတယ်။ တစ်ဆက်တည်းမှ MMA သွားပီး လေ့ကျင့်ပြခဲ့တယ်။

ပြဿနာက အဲဒီကနေ စခဲ့ဒါပါ... စာချုပ်အရ ရော့ထန်းအနေဖြင့် စာချုပ်ကုန်ပီး ပေမဲ့ တစ်နှစ်တိတိ တစ်ခြား ပရိုမိုးရှင်းကို သွားလို့ မရကြောင်းကို ပြောခဲ့တယ် (ဘန်ကောက်ပို့စ်မှာလည်း ဒီအကြောင်းကို တင်ထားပါတယ်) ... ဒါကြောင့် ရော့ထန်းက စာချုပ်ကို တောင်းကြည့်ရာကနေ ပြဿနာ စခဲ့ဒါပါ။

ကစားသမားတစ်ယောက်က သူ့ရဲ့ အနာဂတ် ရေရာဖို့ အတွက် စာချုပ်ကစ္စကို ဘာမှ မပြောဘဲ ဒီတိုင်း ကြိုးရှည်ရှည်နဲ့ လှမ်းထားတဲ့ အတွက် သူ့အနာဂတ် အတွက်၊ သူ့မိသားစု အတွက် တစ်ခြား ပရိုရှင်းနဲ့ လက်တွဲဒါကို လည်း လက်မခံ။ သူတို့နဲ့လည်း စာချုပ် ဆက်မတိုးတော့ တစ်ချို့ တစ်ချို့ စာချုပ်ပါ အကြောင်းအရာတွေကို ဖွင့်ဟ လာဒါ ဖြစ်ပါတယ်။

ဒါကြောင့် ရော့ထန်း ဒီလို အခြေအနေ ရောက်အောင် ONE ဘက်က တွန်းပို့ခဲ့ဒါလို့ ပြောရမှာ ဖြစ်ပါတယ် ... ဒီလို ပရိုမိုးရှင်းနဲ့ ထိုင်းစူပါစတား ကစားသမားတစ်ယောက် အခုလို တရားရေးရာ ရင်ဆိုင်ဒါက နှစ်ဦးနှစ်ဖက် အတွက် နစ်နာမှုတွေကြီးဘဲ ဖြစ်စေမှာ ဖြစ်ပါတယ် ....

#

အချောလေး အစ္စလေး ပွဲချပြလာပါပြီပြိုင်ဘက်ကတော့  ထိုင်းဖိုက်တာမလေး နဲ့ ယှဉ်ပြိုင်ရမှာပါလာမယ့် ၂၄ရက်နေ့ ONE Friday Fight 15...
15/04/2026

အချောလေး အစ္စလေး ပွဲချပြလာပါပြီ

ပြိုင်ဘက်ကတော့ ထိုင်းဖိုက်တာမလေး နဲ့ ယှဉ်ပြိုင်ရမှာပါ
လာမယ့် ၂၄ရက်နေ့ ONE Friday Fight 151
Inner Circle ခေါင်းစဉ်အောက်မှာပါလာမယ်ဗျာ။

ပိုက်ဆံပေးပီး ကြည့်ရမှာပါ။

ရော့ထန်း နဲ့  Championship တို့ကြား စာချုပ်ပါအချက်အလက်တွေအပေါ်  နားလည်မှုလွဲမှားရာ​ကနေ ကြီးမားတဲ့ ပဋိပက္ခတစ်ခု ဖြစ်လာခဲ့...
15/04/2026

ရော့ထန်း နဲ့ Championship တို့ကြား စာချုပ်ပါအချက်အလက်တွေအပေါ် နားလည်မှုလွဲမှားရာ​ကနေ ကြီးမားတဲ့ ပဋိပက္ခတစ်ခု ဖြစ်လာခဲ့ဒါပါ…

အကယ်၍ ရော့ထန်းအနေနဲ့ စာချုပ်ပါ သဘောတူညီချက်တွေကို ချိုးဖောက်ခဲ့တာမှန်ရင် လျှော်ကြေးငွေအဖြစ် ဘတ် သန်း ၆၄၀ ခန့် အထိ ပေးဆောင်ရဖို့ ဖြစ်လာနိုင်တယ်လို့ ထိုင်းနာမည်ကြီး အားကစားမီဒီယာတစ်ခုက သုံးသပ်ထားတာပါ

ဒီလောက်အထိပမာဏများရတာဟာ ကစားသမားကိုဒုက္ခရောက်စေချင်လို့မဟုတ်ဘဲ အဖွဲ့အစည်းရဲ့ပုံရိပ်၊ စီးပွားရေးအခွင့်အလမ်းနဲ့ နိုင်ငံတကာပါတနာတွေအပေါ် ထားရှိထားတဲ့ စံနှုန်းများကို ကာကွယ်ရတာကြောင့်လို့လည်း ဆိုထားပါတယ်

ရောထန်း ဟာ ONE CHAMPIONSHIP ရဲ့ Iconic ဖိုက်တာဖြစ်သလို သူဒီလိုအခြေအနေမျိုးရောက်လာအောင်လည်း ONE ဘက်ကပံ့ပိုးပေးခဲ့တာဖြစ်ပါတယ်

ဒါတွေကိုထောက်ရှုပြီး နှစ်ဦးနှစ်ဖက်အတွက် အကျိုးရှိတဲ့ အဖြေကို ရှာဖွေဖို့ ပရိတ်သတ်တွေက တိုက်တွန်းနေကြတာပါ

Photo credits-Martrai arts Myanmar

15/04/2026

Rodtang ကို တရားစွဲရတဲ့ အကြောင်း အရင်း …. ဘယ်အချက်တွေက သည်း မခံနိုင် ဖြစ်သွားရတာလဲ။

ONE samurai ပွဲကနေ Rodtang နုတ်ထွက်သွားရင် လူစားထိုးဖို့ ရွေးထားပီ … ဘယ်သူ ဖြစ်လာနိုင်မလဲ …

ONE Championship က ရော့ထန်း ကို တရားစွဲဆိုဖို့ လုပ်ဆောင်လိုက်ပြီ ဖြစ်ပါတယ်။အကြောင်းရင်းကိုတော့ မသိရသေးပါဘူး… ဧပြီလ တာကေရ...
14/04/2026

ONE Championship က ရော့ထန်း ကို တရားစွဲဆိုဖို့ လုပ်ဆောင်လိုက်ပြီ ဖြစ်ပါတယ်။

အကြောင်းရင်းကိုတော့ မသိရသေးပါဘူး…
ဧပြီလ တာကေရုနဲ့ ပွဲက ပွဲပျက်သွားမလား စောင့်ကြညည့်ရမှာ ဖြစ်ပါတယ်


သတင်းအစုံကို ဆက်လက်ဖော်ပြပေးသွားပါမည်

ကျော်စွာဝင်းနှင့် ရဲ့ ပွဲမှာ ဘတ် ၅သောင်းကြေး စိတ်ခေါ်ခံရပါတယ် ......................................မတ်လာမှာ ထိုးတဲ့ ကျေ...
14/04/2026

ကျော်စွာဝင်းနှင့် ရဲ့ ပွဲမှာ ဘတ် ၅သောင်းကြေး စိတ်ခေါ်ခံရပါတယ် ......................................

မတ်လာမှာ ထိုးတဲ့ ကျော်စွာဝင်းနှင့် ဆမ်မီဒမ်တို့ရဲ့ ပွဲမှာ ပွဲကြိုသုံးသပ်ချက် လုပ်တဲ့ သူတွေထဲမှာ အများနဲ့ မတူဘဲ ထိုင်းဖိုတ်တာ ဆမ်မီဒမ် အကြောင်းကို ရေးမိပါတယ်
သုံးသပ်သူ အများစုက မြန်မာ ပရိသတ်အကြိုက် ကျော်စွာဝင်းမှာ ဘယ်လို လက်သီး ပါဝါ ကောင်းတယ် ... ဘယ်အချီမှာ အလဲထိုးနဲ့ နိုင်မှာပါ... စသည်ဖြင့် ရေးကြပါတယ်
ကျွန်တော်က ဆမ်မီဒမ်(လိပ်နင်ဂျာ)ကို အလဲထိုးဖို့ ခက်ခဲလိမ့်မည်လို့ သုံးသပ်ထားပါတယ် ... ဒီလိုပြောတဲ့ အခါ ဆမီဒမ် ကစားတဲ့ ပုံစုံ၊ မာဂုဏ် နှင့် သူ့ထိုးခဲ့တဲ့ ပွဲတွေက ဂိမ်းပလန်တွေကို ကြည့်ပီး သုံးသပ်ထားဒါပါ။
ကျွန်တ်ော ဒီလို ရေးတဲ့ အခါ ၉၉% ရာခိုင်နှုန်းက သဘောမတူကြဒါပါ။ ဒါကလည်း ကျော်ကြီးရဲ့ မာဂုဏ်နှင့် မာမာထန်ထန် ကစားတဲ့ ပုံကြောင့် ဖြစ်ပါလိမ့်မည်။
တစ်ချို့ဆို မက်ဆေ့အထိ လာပြောကြပါတယ် ... ဒီထဲမှာ မှတ်မှတ်ရရ
ထိုင်းရောက် ညီကို တစ်ယောက်ဖြစ်မယ် ထင်တယ်.... ကော်မန့်ထိ လာပြီး ကျော်ကြီး ပွဲအချိန်အတွင်း အလဲထိုးနဲ့ နိုင်မယ်၊ အမှတ်နဲ့ အနိုင်ရရင် သရေ သတ်မှတ်ပေးမယ် ဆိုလာပါတယ်.... ဒီအတွက် ဘတ် ၅သောင်းကြေး ကြေးခေါ်ချင်တယ် လာပြောတယ်။
တကယ့် ပွဲရလဒ်မှာတော့ အားလုံး ခန့်မှန်းထားသလို ဆမီဒမ်ရဲ့ ဂိမ်းပလန်က ကျော်ကြီးကို တည့်ဝင် ကစားဖို့ စီစဉ်လာဒါတော့ ဟုတ်တယ် ... ဒါပေမဲ့ ပထမအချီကတည်းက ကျော်ကြီးကို ဒီလို ကစားလို့ မရဘူးဆိုဒါ သိသွားတယ် .... ဒါကြောင့် ကောင်တာ ကစားသွားတယ် ...
ကျွန်တော်ပြောချင်တဲ့ ဆမီဒမ်ကို အလဲထိုး အနိုင်ရဖို့ မလွယ်ဘူးဆိုဒါ ... သူ့ကစားတဲ့ ပုံစံ၊ ဂိမ်းပလန်တွေ ကြောင့်ပါ... တည့်ဝင်ပြီး ကျော်ကြီးနဲ့ ကိုယ်သေ သူသေ ချမယ်ဆိုရင်တော့ ဘယ်လွယ် မလဲ .... ပြိုင်ပွဲဖြစ်တဲ့ အတွက် အနိုင်ရဖို့အတွက် ညဏ်၊ ဝရိယ၊ ဂိမ်းပလန်တွေကို အသုံးချရဒါပါ ....
ဆမီဒမ်က ငကြောက်ကြီး ပြေးဘဲ ပြေးနေဒါ .... အနိုင်ရမှာပေါ့ လို့ ပြောကြလိမ့်မည် ..... နိုင်ခြင်လို့ သူ့ရဲ့ ဂိမ်းပလန်ကို ဒီလို ပြောင်းကစားသွားတဲ့ အတွက် အပြစ်ပြောလို့ တော့ မရပါဘူး ခင်ဗျား .....
အားလုံး နှစ်သစ်မှာ ကံကောင်းမှုတွေ ယူဆောင်လာနိုင်ကြပါစေဗျာ

14/04/2026

ပရိုမိုးရှင်း ဆင်းဒါက ကျွတ်ဆင့်ကြီး

ဂုဏ် သိက္ခအတွက် ထိုးတဲပွဲ ONE Samurai ပွဲစဉ် ခေါင်ပွဲ အဖြစ် ထိုးသတ်သွားမဲ့  ရောထန် နှင့် တာကေရုတို့ပွဲက ဂုဏ် သိက္ခအတွက် ...
14/04/2026

ဂုဏ် သိက္ခအတွက် ထိုးတဲပွဲ

ONE Samurai ပွဲစဉ် ခေါင်ပွဲ အဖြစ် ထိုးသတ်သွားမဲ့ ရောထန် နှင့် တာကေရုတို့ပွဲက ဂုဏ် သိက္ခအတွက် ပြောလို့ ရပါတယ် .....

အထူးသဖြင့် အိမ်ရှင်ဖိုတ်တာ ဂျပန်သားအတွက် ပြောရင် ပိုမှန်ပါတယ်
တကယ့် ဇာတ်လမ်းအစ က ပထမ အကြိမ် ဂျပန်မှာထိုးတဲ့ပွဲ မှာ အရှက်တကွဲ ရှုံးနိမ့်သွားဒါကနေ စဒါလို့ ပြောရမယ်
ဒီရှုံးနိမ့်မှုက တာကေရုအတွက် ဂုဏ်သိက္ခာ အရာမှာ အရေးကြီးပါတယ် .... ပြိုင်ပွဲဆိုဒါ အရှုံးနဲ့ အနိုင် တော့ ရှိမှာဘဲ ဆိုပေမဲ့ တာကေရုအတွက်တော့ ဒီရှုးနိမ့်မှုက လက်မခံနိုင် စရာဖြစ်ခဲ့ပါတယ်
ဂျပန်တွေက သူတို့ရဲ့ ဂုဏ် သိက္ခာကို သိပ်ပြီး တန်ဖိုးထားသလို တာဝန်ယူမှုကလည်းအပြည့် ရှိတဲ့ လူမျိုးဖြစ်တဲ့ အတွက် အခုလို့မျိုး အိမ်ရှင် ပရိသတ်တွေ အရှေ့၊ စွမ်းဆောင်ရည် ကောင်း မချပြလိုက်ရတဲ့ အတွက် မခံချီ၊ မခံသာ ဖြစ်စေပါတယ်
ပြိုင်ပွဲ အတွက် ၃ ချီ အတွင်း ရေကုန်ရေခမ်း ကစားပြီး ရှုံးနိမ့်သွားဒါမျိုးဆိုရင်တော့ လက်ခံ နိုင်မှာပါ... ဒါပေမဲ့ ရလဒ်က ပထမအချီ ကတည်းက အလဲထိုးနဲ့ ရှုံးနိမ့်ခဲ့ဒါပါ .....
တာကေရုက သူအနားမယူခင် ထိုးသွားချင်တဲ့ သူက ရှောထန်ပါလို့ ပွင့်ပွင့်လင်းလင်း ပြောသွားပါတယ် ... အခုလိုမျိုး မဟုတ်ရင် သူဘဝ တစ်လျှောက်လုံး နောင်တ ရသွားဒါမျိုး ဖြစ်နေမှာပါလို့လည်း ပြောထားပါတယ်
ဒီဖိုတ်တာ နှစ်ဦး ပြန်တွေ့တဲ့ ပွဲမှာ ဘယ်သူက အနိုင်ရသွားမလဲ ....

LIke and Share ဖြင့် ကူညီပေးကြပါ ......

13/04/2026

ပွဲဆူသွားတဲ့ ပြဿာ ဒီကနေ စဒါပါ
………………………………..
Tyson Fury က Arslanbek Makhmudov ကို အနိုင်ရပြီးတဲ့ နောက်မှာ Antony Joshua ကို ချက်ချင်း စိန်ခေါ်ခဲ့ပါတယ်
Fury နဲ့ Joshua တို့ဟာ ဗြိတိန်ရဲ့ ဝိတ်ကြီးတန်း (Heavyweight) လက်ဝှေ့လောကမှာ ဆယ်စုနှစ်တစ်ခုစာ အကြီးကျယ်ဆုံး နာမည်ကြီးသူတွေ ဖြစ်ခဲ့ကြပါတယ်။ အရင်က ပွဲဖြစ်ဖို့အတွက် စာချုပ်တွေ လက်မှတ်ထိုးခဲ့ကြသလို၊ "သေချာသလောက်ဖြစ်ခဲ့တဲ့ သဘောတူညီမှုတွေ" (အထူးသဖြင့် ၂၀၂၁ ခုနှစ်က) ရှိခဲ့ပေမယ့်လည်း အကြောင်းအမျိုးမျိုးကြောင့် ပွဲပျက်ခဲ့ရပါတယ်
ဒါကြောင့် Tyson တစ်ယောက် သူတို့ နှစ်ဦးကြားက ၁၀ စုနှစ်တစ်ခုကြာ ပြိုင်ဆိုင်မှုကို အဆုံးသတ်ခြင်းလို့ စိန်ခေါ်ဒါ ဖြစ်ပါတယ်

Video ကို ကြိုက်နှစ်သက်တယ်ဆိုရင် Like and Share ပြုလုပ်ပေးကြဖို့ တိုက်တွန်းချင်ပါတယ်

ONE Samurai 1 မှာ ထိုးသတ်မဲ့ ပွဲစဉ် အပြည့်အစုံ ဘယ်တွဲဆိုင်းက ပိုကြည့်ကောင်းမယ်လို့ ထင်ကြလဲ
13/04/2026

ONE Samurai 1 မှာ ထိုးသတ်မဲ့ ပွဲစဉ် အပြည့်အစုံ

ဘယ်တွဲဆိုင်းက ပိုကြည့်ကောင်းမယ်လို့ ထင်ကြလဲ

ที่อยู่

Bankok

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Mr.Mone Dann Norผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์