Bagan News TV We mainly focus on Myanmar(Burmese) News. https://www.bagannews.org/

- Bagan News Agency Welcome to Bagan News Agency.

Bagan News is Myanmar(Burma) Media Agency.

2021 February 1, After Military Coup in Myanmar, Bagan News Agency was moved to Thailand and
fought for media freedom to responsible journalism. Please contact :

[email protected]

Website

https://bagannews.com

ရန်ကုန်မြို့မှာ ၈၈၈၈ အထိမ်းအမှတ် ထီးသပိတ် လှုပ်ရှားမှုပြုလုပ် ဩဂုတ် ၈ - Bagan News ရန်ကုန်မြို့ နေရာအနှံ့အပြားမှာ ၈၈၈၈ ထ...
08/08/2025

ရန်ကုန်မြို့မှာ ၈၈၈၈ အထိမ်းအမှတ် ထီးသပိတ် လှုပ်ရှားမှုပြုလုပ်

ဩဂုတ် ၈ - Bagan News

ရန်ကုန်မြို့ နေရာအနှံ့အပြားမှာ ၈၈၈၈ ထီးသပိတ်လှုပ်ရှားမှုကို ဒီကနေ့ပြုလုပ်ခဲ့ကြပါတယ်။

၃၇ နှစ်မြောက် ၈၈၈၈နေ့ အထိမ်းအမှတ်အနေနဲ့ ရန်ကုန်တော်လှန်ညီနောင်လေးဖွဲ့ကပြုလုပ်ခဲ့ကြတာပါ။

စစ်ကောင်စီရဲ့ လှည်ကင်းတွေ လုံခြုံရေးတွေ အထပ်ထပ်ချထားတဲ့ကြားက ရန်ကုန်မြို့ ရဲ့အထင်ကရနေရာအနှံ့အပြားမှာ '၈' သင်္ကေတစာလုံးရေးဆွဲထားတဲ့ ထီးတွေနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုပြုလုပ်ခဲ့တာဖြစ်တယ်လို့ တော်လှန်ညီနောင်လေးဖွဲ့ကထုတ်ပြန်ပါတယ်။

'၈' လေးလုံး ဒီမိုကရေစီအရေးတော်ပုံကနေ ဒီကနေ့ နွေဦးတော်လှန်ရေးကာလအထိ စစ်အာဏာရှင်တွေရဲ့ အကြမ်းဖက် ဖိနှိပ်ရက်စက်မှုအောက်မှာ ပြည်သူတွေရဲ့ အသက် အိုးအိမ်ပေါင်းများစွာ ဆုံးရှုံးခဲ့ရတယ်။

အာဏာတည်မြဲရေးအတွက် ပြည်သူကို ရန်သူသဖွယ် သတ်ဖြတ်ချေမှုန်းနေတဲ့ စစ်အာဏာရှင်စနစ်ကိုအမြစ်ပါမကျန် တွန်းလှန်တိုက်ထုတ်ကြဖို့ ရန်ကုန်လူထုသပိတ်နဲ့ ရန်ကုန်တော်လှန်ညီနောင်လေးဖွဲ့ကထုတ်ပြန်ထားပါတယ်။


#ရန်ကုန်
#ထီးသပိတ်
#၈၈၈၈လူထုအရေးတော်ပုံ

YouTube https://www.youtube.com//videos
Telegram https://t.me/bagannews
Spotify https://open.spotify.com/show/731ZlRXmHoEucpxapMJuul
Website www.bagannews.org

၈၈၈၈ အထိမ်းအမှတ် ဆားလင်းကြီးမြို့နယ်မှာ လူထုလှုပ်ရှားမှုပြုလုပ် ဩဂုတ် ၈ - Bagan News ၈၈၈၈ လူထုလှုပ်ရှားမှု (၃၇)နှစ်မြောက...
08/08/2025

၈၈၈၈ အထိမ်းအမှတ် ဆားလင်းကြီးမြို့နယ်မှာ လူထုလှုပ်ရှားမှုပြုလုပ်

ဩဂုတ် ၈ - Bagan News

၈၈၈၈ လူထုလှုပ်ရှားမှု (၃၇)နှစ်မြောက်အထိမ်းအမှတ်ကို ဆားလင်းကြီးမြို့နယ် အတွင်းက ကျေးရွာတစ်ရွာမှာ ဒီကနေ့ပြုလုပ်ခဲ့ပါတယ်။

၈၈၈၈ အထိမ်းအမှတ် ထီးသပိတ် (Umbrella Strike)ကို လက်ပံတောင်းတောင်ပင်မသပိတ်အဖွဲ့ဝင်တွေက ကျင်းပခဲ့ကြပြီး "မပြီးဆုံးသေးတဲ့ ၈ လေးလုံး လူထုလွတ်မြောက်ရေး တို့အတူရုန်း" စာသားပါဘန်နာကိုင်ပြီး ချီတက်ခဲ့ကြပါတယ်။


#ဆားလင်းကြီး
#၈၈၈၈လူထုအရေးတော်ပုံ

YouTube https://www.youtube.com//videos
Telegram https://t.me/bagannews
Spotify https://open.spotify.com/show/731ZlRXmHoEucpxapMJuul
Website www.bagannews.org

မုံရွာမြို့မှာ “၈၈၈၈” ဒီမိုကရေစီ အရေးတော်ပုံ လှုပ်ရှားမှု ပြုလုပ်ဩဂုတ် ၈ - Bagan News ဒီကနေ့ကျရောက်တဲ့ “၈၈၈၈” လူထုအရေးတေ...
08/08/2025

မုံရွာမြို့မှာ “၈၈၈၈” ဒီမိုကရေစီ အရေးတော်ပုံ လှုပ်ရှားမှု ပြုလုပ်

ဩဂုတ် ၈ - Bagan News

ဒီကနေ့ကျရောက်တဲ့ “၈၈၈၈” လူထုအရေးတော်ပုံ(၃၇) နှစ်ပြည့်အထိမ်းအမှတ်အနေနဲ့
မုံရွာမြို့မှာလှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။

စစ်ကောင်စီ တပ်စွဲထားတဲ့ ဗောဓိတစ်ထောင် အပါအဝင် မုံရွာ - မန္တလေး လမ်းမကြီးပေါ်နဲ့ မုံရွာ မုဒ်ဦးရှေ့ စတဲ့နေရာတွေမှာ လူငယ်တွေနဲ့ပူးပေါင်းပြီး လှုပ်ရှားမှုတွေ ဖော်ဆောင်ခဲ့တယ်လို့ မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီကထုတ်ပြန်ပါတယ်။

ဒီကနေ့ မနက်ခင်းမှာ ရှစ်အက္ခရာပါတဲ့ ဘောလုံးအကျီတွေဝတ်ဆင်ထားတဲ့ လူငယ်တွေက စစ်ကောင်စီ စိုးမိုးဧရိယာနဲ့ တော်လှန်ရေးဧရိယာတွေမှာ ရှစ်လေးလုံး ( Global Movement ) ထီးသပိတ် လှုပ်ရှားမှုကို ပူးပေါင်း ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။

၁၉၈၈ ကနေ ဒီနေ့အချိန်ထိ စစ်အာဏာရှင်တွေရဲ့ ရက်စက်ယုတ်မာတွေကို မမေ့လျော့ကြဖို့နဲ့ နိုင်ငံရေး ထောင်ချောက် ဖြစ်တဲ့ တရားမဝင် အတုအယောင် ရွေးကောက်ပွဲကို တွန်းလှန်သပိတ်မှောက်ကြဖို့ မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီက ထုတ်ပြန်ထားပါတယ်။


#မုံရွာ
#8888
#၈၈၈၈
#လူထုအရေးတော်ပုံ

YouTube https://www.youtube.com//videos
Telegram https://t.me/bagannews
Spotify https://open.spotify.com/show/731ZlRXmHoEucpxapMJuul
Website www.bagannews.org

မန္တလေး မြို့ပေါ်မှာ “၈၈၈၈” လှုပ်ရှားမှု ပြုလုပ်Photo News ။ဒီကနေ့ကျရောက်တဲ့ “၈၈၈၈” လူထုအရေးတော်ပုံကြီး (၃၇) နှစ်ပြည့်အထ...
08/08/2025

မန္တလေး မြို့ပေါ်မှာ “၈၈၈၈” လှုပ်ရှားမှု ပြုလုပ်

Photo News ။

ဒီကနေ့ကျရောက်တဲ့ “၈၈၈၈” လူထုအရေးတော်ပုံကြီး (၃၇) နှစ်ပြည့်အထိမ်းအမှတ်အနေနဲ့
မန္တလေး မြို့ပေါ်မှာ လူထုတိုက်ပွဲလှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။

“၈၈၈၈” နေ့ကစပြီး ပြည်သူအားလုံးအနေနဲ့လည်း အာဏာရူးစစ်အုပ်စုကို “ငုံ့မခံဘဲ” ရရာနည်းနာနည်းလမ်းအစုံနဲ့ “တုံ့ပြန်” နေကြဖို့ လိုအပ်တယ်လို့ လူထုတိုက်ပွဲလှုပ်ရှားမှု ပြုလုပ်သူတွေကပြောပါတယ်။


#8888
#၈၈၈၈
#လူထုအရေးတော်ပုံ

YouTube https://www.youtube.com//videos
Telegram https://t.me/bagannews
Spotify https://open.spotify.com/show/731ZlRXmHoEucpxapMJuul
Website www.bagannews.org

08/08/2025

၈.၈.၈၈ ရဲ့ စိတ်ဝိဉာဉ်ကို ဆက်လက်သယ်ဆောင်ရန် တိုက်တွန်း

ဩဂုတ် ၈ - Bagan News

ဒီကနေ့ကျရောက်တဲ့ “၈၈၈၈” လူထုအရေးတော်ပုံကြီး (၃၇) နှစ်ပြည့်ကစပြီး ၈.၈.၈၈ ရဲ့ စိတ်ဝိဉာဉ်ကို ဆက်လက်သယ်ဆောင်ကြဖို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့သားဖြစ်တဲ့ ကင်အဲရစ်ကတိုက်တွန်းလိုက်ပါတယ်။

၁၉၈၈ ခုနှစ်မှာ ပြည်သူတွေဟာ လွတ်လပ်ခွင့်အတွက် ရဲရင့်စွာ တိုက်ပွဲဝင်ခဲ့ပြပါတယ်။ အဲဒီတုန်းကနေ ဒီနေ့ထိလွတ်လပ်ခွင့်အတွက် ဆက်လက်လှုပ်ရှားနေသူတွေကို လေးစားဦးညွှတ်ဂုဏ်ပြုပါတယ်လို့ ကင်အဲရစ်ကပြောပါတယ်။

မြန်မာနိုင်ငံအတွက် ကြံ့ကြံ့ခံ တိုက်ပွဲဝင်နေသူအားလုံး၈.၈.၈၈ ရဲ့ စည်းလုံးမှုရဲ့အကျိုးဆက်ကို မမေ့ကြဖို့ ၊ ရဲရင့်မှုက မြန်မာ့မျိုးဆက်တိုင်းနဲ့ ကမ္ဘာအနှံ့မှာ သံသယမရှိ ပဲ့တင်ထပ်နေစေဖို့ ၊ ၁၉၈၈ ခုနှစ်မှာ အသက်ပေးခဲ့သူတွေရဲ့ ပြင်းပြတဲ့ စိတ်ဆန္ဒ မီးကို ဆက်လက်တောက်လောင်စေခြင်းနဲ့ ဂုဏ်ပြုကြဖို့လိုတယ်လို့ သူကတိုက်တွန်လိုက်ပါတယ်။


#8888
#၈၈၈၈
#လူထုအရေးတော်ပုံ

YouTube https://www.youtube.com//videos
Telegram https://t.me/bagannews
Spotify https://open.spotify.com/show/731ZlRXmHoEucpxapMJuul
Website www.bagannews.org

07/08/2025

သံတောင်ကြီးမှာ မြေပြို သေဆုံးသူ ၁၁ ဦးရှိ (Podcast)

ဩဂုတ် ၇ - Bagan News

- ကရင်ပြည်နယ် သံတောင်ကြီးမြို့မှာ ဩဂုတ်လ ၄ ရက်ကနေ ၆ ရက်နေ့အထိ မြေပြိုမှုဖြစ်ခဲ့ပြီးဒီကနေ့ထိ သေဆုံးသူ ရုပ်အလောင်း ၁၁ လောင်းတွေ့ရှိထားတယ်လို့ ဒေသခံအမျိုးသမီးတစ်ဦးထံကနေသိရပါတယ်။

- ၂ဝ၂၁ စစ်အာဏာသိမ်းပြီးထဲက စစ်ကောင်စီက ဖမ်းဆီးခဲ့သူ ၁,၈ဝဝ ကျော်ဟာ အကျဉ်းထောင်တွေမှာကျန်းမာရေးစောင့်ရှောက်မှု ငြင်းပယ်ခံရတာ စစ်ဆေးမေးမြန်းမှုမှာ ရရှိခဲ့တဲ့ ဒဏ်ရာတွေကို ကုသမှုမရတာကြောင့် သေဆုံးခဲ့တယ်လို့ အဖွဲ့ ၁၅ ဖွဲ့က ဒီကနေ့မှာပူးပေါင်းပြီး ထုတ်ပြန်ကြေညာပါတယ်။

- စစ်ကောင်စီကခန့်အပ်ခဲ့တဲ့ ယာယီသမ္မတ ဦးမြင့်ဆွေဟာဒီကနေ့ ဩဂုတ်လ ၇ ရက်နေ့ နံနက် မှာကွယ်လွန်ခဲ့တယ်လို့ စစ်ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ကထုတ်ပြန်ပါတယ်။



#သံတောင်ကြီး
#မြေပြို

YouTube https://www.youtube.com//videos
Telegram https://t.me/bagannews
Spotify https://open.spotify.com/show/731ZlRXmHoEucpxapMJuul
Website www.bagannews.org

စစ်ကောင်စီက ဖမ်းဆီးထားသူ ၁,၈ဝဝ ကျော် ဆေးကုသခွင့်မရတာကြောင့်သေဆုံး ဩဂုတ် ၇ - Bagan News ၂ဝ၂၁ စစ်အာဏာသိမ်းပြီးထဲက စစ်ကောင်...
07/08/2025

စစ်ကောင်စီက ဖမ်းဆီးထားသူ ၁,၈ဝဝ ကျော် ဆေးကုသခွင့်မရတာကြောင့်သေဆုံး

ဩဂုတ် ၇ - Bagan News

၂ဝ၂၁ စစ်အာဏာသိမ်းပြီးထဲက စစ်ကောင်စီက ဖမ်းဆီးခဲ့သူ ၁,၈ဝဝ ကျော်ဟာ အကျဉ်းထောင်တွေမှာကျန်းမာရေးစောင့်ရှောက်မှု ငြင်းပယ်ခံရတာ စစ်ဆေးမေးမြန်းမှုမှာ ရရှိခဲ့တဲ့ ဒဏ်ရာတွေကို ကုသမှုမရတာကြောင့် သေဆုံးခဲ့တယ်လို့ အဖွဲ့ ၁၅ ဖွဲ့က ဒီကနေ့မှာပူးပေါင်းပြီး ထုတ်ပြန်ကြေညာပါတယ်။

စောင့်ကြည့်ရေးအဖွဲ့တွေရဲ့ အချက်အလက်တွေအရ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလကနေ ဇူလိုင်လအတွင်း အကျဉ်းထောင်မှာလူ ၇၀ ကျော် သေဆုံးခဲ့ပါတယ်။ အဲဒီအထဲက အနည်းဆုံး ၅၉ ဦးဟာ၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက် ကလူပ်ခတ်ခဲ့တဲ့ ၇.၇ ရှိ ငလျင်ဒဏ်ကြောင့် မန္တလေး အိုးဘိုအကျဉ်းထောင်ထဲမှာအဆောက်အအုံတွေ ပြိုကျမှုကြောင့် သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ချက်ကဆိုပါတယ်။

အကျဉ်းထောင် စောင့်ကြည့်ရေးအဖွဲ့တွေကတော့ ဒီနှစ် ဇူလိုင်လအတွင်းမှာ လူအများအပြား သေဆုံးခဲ့တယ်လို့ပြောပါတယ်။

၂၀၂၁ ခုနှစ် စက်တင်ဘာလမှ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဖမ်းဆီးခဲ့တဲ့ အသက် ၂၆ နှစ်အရွယ် မဝတ်ရည်အောင်ဟာ ဇူလိုင်လ ၁၉ ရက်ဝန်းကျင်မှာ ရန်ကုန်မြို့ရှိ အင်းစိန်အကျဉ်းထောင်မှာ စစ်ဆေးမေးမြန်းမှုမှာ ရရှိခဲ့တဲ့ ဒဏ်ရာကြောင့်သေဆုံးခဲ့ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မွန်ပြည်နယ် ဘီးလင်းမြို့နယ် ကိုယ်စားလှယ် အသက် ၄၄ နှစ်အရွယ် ကိုပြည့်စုံအောင်ဟာလည်း ပြင်းထန်စွာ ရိုက်နှက်ခံခဲ့ရပြီးနောက် သထုံအကျဉ်းထောင်မှာ သေဆုံးခဲ့ပါတယ်။

လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး (OHCHR) ကလည်း ၂၀၂၁ အာဏာသိမ်းမှုနောက်ပိုင်း အကျဉ်းထောင်ထဲမှာ အနည်းဆုံး လူ ၁,၈၅၃ ဦး သေဆုံးခဲ့တယ်လို့ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ အစီရင်ခံစာမှာ ဖော်ပြခဲ့ပါတယ်။

၂၀၂၁ စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီဟာ အရပ်သားအများစု အပါအဝင် လူပေါင်း ၇,၀၀၀ ကျော်ကို သတ်ဖြတ်ခဲ့ပြီး လူပေါင်း ၃၀,၀၀၀ နီးပါးကို မတရားဖမ်းဆီးချုပ်နှောင်ခဲ့တယ်လို့ ထုတ်ပြန်ချက်အရသိရပါတယ်။

ထိန်းသိမ်းခံရသူတွေကို အကျဉ်းထောင်ပြင်ပ ဆေးရုံတွေကို သွားရောက်ခွင့် အပါအဝင် လိုအပ်တဲ့ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ဆေးကုသမှုတွေပေးရမယ်လို့ အဖွဲ့ ၁၅ ဖွဲ့က ထုတ်ပြန်ပါတယ်။

စစ်တပ်က မတရားဖမ်းဆီးချုပ်နှောင်ထားသူ အားလုံးကို ချက်ချင်း လွှတ်ပေးရမယ်လို့ အဲ့ဒီအဖွဲ့တွေကတောင်းဆိုထားပါတယ်။

ထုတ်ပြန်တဲ့ထဲပါဝင်တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) အဖွဲ့ဝင်ကတော့ အကျဉ်းထောင်တွေထဲ့မှာ နိုင်ငံရေးအကျဉ်းသားတွေကို ရည်ရွယ်ချက်ရှိရှိ ထောင်ပိုင်တွေက ညှင်းပန်းနှိပ်စက်နေတယ်လို့ Bagan News ကိုပြောပါတယ်။


#နိုင်ငံရေးအကျဉ်းသား
#ဆေးကုသခွင့်

YouTube https://www.youtube.com//videos
Telegram https://t.me/bagannews
Spotify https://open.spotify.com/show/731ZlRXmHoEucpxapMJuul
Website www.bagannews.org

သံတောင်ကြီး မြေပြိုမှုတွင် သေဆုံးသူ ၁၁ ဦးရှိဩဂုတ် ၇ - Bagan News ကရင်ပြည်နယ် သံတောင်ကြီးမြို့မှာ ဩဂုတ်လ ၄ ရက်ကနေ ၆ ရက်န...
07/08/2025

သံတောင်ကြီး မြေပြိုမှုတွင် သေဆုံးသူ ၁၁ ဦးရှိ

ဩဂုတ် ၇ - Bagan News

ကရင်ပြည်နယ် သံတောင်ကြီးမြို့မှာ ဩဂုတ်လ ၄ ရက်ကနေ ၆ ရက်နေ့အထိ မြေပြိုမှုဖြစ်ခဲ့ပြီးဒီကနေ့ထိ သေဆုံးသူ ရုပ်အလောင်း ၁၁ လောင်းတွေ့ရှိထားတယ်လို့ ဒေသခံအမျိုးသမီးတစ်ဦးထံကနေသိရပါတယ်။

ဩဂုတ်လ ၄ ရက်နေ့ညက မိုးသည်းထန်တာကြောင့် ဩဂုတ်လ ၅ ရက်နဲ့ ၆ ရက်နေ့မှာ မြေပြိုမှုတွေဖြစ်ပြီးသံတောင်ကြီး မြို့တွင်းနဲ့ လိပ်ပြာလေးရွာ၊ ခိုဝယ်ရွာ နဲ့ အခြားကျေးရွာ ဥယျာဉ် ခြံတွေထဲမှာ သေဆုံးသူပေါင်း စုစုပေါင်း ၁၁ ဦးတွေ့ခဲ့ပြီး ပျောက်ဆုံးသူတွေ ရှိနေသေးတယ်လို့ သိရပါတယ်။

သံတောင်ကြီးမြို့နယ်မှာ မိုးဆက်လက်ရွာနေတာကြောင့် ဒီကနေ့ မနက်အထိ မြေပြို မှုတွေ ရှိနေတယ်လို့ သိရပါတယ်။

သံတောင်ကြီးမြို့နယ်မှာ မြေပြိုမှုကြောင့် ကျေးရွာချင်းဆက် တံတားတွေပျက်စီးခဲ့ပြီး ဒေသခံတွေရဲ့ အဓိက အသက်မွေးဝမ်းကြောင်းဖြစ်တဲ့ ချဉ်ပေါင်ဖာလာ အပင်တွေ ပျက်စီးခဲ့တယ်လို့ဒေသခံတစ်ဦးကပြောပါတယ်။

လာမယ့် စက်တင်ဘာလဟာ ဖာလာခူးရမယ့် အချိန် ဖြစ်ပေမယ့် လက်ရှိ မြေပြိုမှုကြောင့်
ဒေသခံတွေရဲ့ အသက်မွေးဝမ်းကြောင်း ပိုပြီး ခက်ခဲလာနိုင်တယ်လို့ အဲ့ဒီဒေသခံက လူမှုကွန်ရက်ကတစ်ဆင့်ပြောပါတယ်။

သံတောင်ကြီးမြို့နယ်မှာ ဇူလိူင်လ ၂၉ ရက်နေ့ကလည်း မြေပြိုမှုကြောင့် အိမ်လေးလုံး ထိခိုက်ပျက်စီးခဲ့ပေမယ့် လူသေဆုံးတာတော့ မရှိခဲ့ဘူးလို့သိရပါတယ်။

Photo - Gaw Hsar / FB


#သံတောင်ကြီး
#မြေပြို

YouTube https://www.youtube.com//videos
Telegram https://t.me/bagannews
Spotify https://open.spotify.com/show/731ZlRXmHoEucpxapMJuul
Website www.bagannews.org

သာယာဝတီထောင် သီးသန့် (က/ခ)တိုက်အတွင်းတွင် နိုင်ငံရေးအကျဉ်းသားတွေကို နှစ်ကြီးကျနေတဲ့အကျဉ်းသား ပြူးကြီးဆိုသူက အသက်အန္တရာယ်...
07/08/2025

သာယာဝတီထောင် သီးသန့် (က/ခ)တိုက်အတွင်းတွင် နိုင်ငံရေးအကျဉ်းသားတွေကို နှစ်ကြီးကျနေတဲ့အကျဉ်းသား ပြူးကြီးဆိုသူက အသက်အန္တရာယ်ခြိမ်းခြောက်မှုတွေ ပြုလုပ်နေပါတယ်။



ပဲခူးတိုင်း၊ သာယာဝတီအကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသားတွေကို ထောင်ပိုင်က နှစ်ကြီးအကျဉ်းသားတွေနဲ့ ပူးပေါ....

ဦးမြင့်ဆွေသည် စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေလက်ထက်တွင် ရန်ကုန်တိုင်း တိုင်းမှူးအဖြစ် တာဝန်ယူခဲ့သူဖြစ်ပြီး  ၂ဝဝ၇ ခုနှစ်တွင်...
07/08/2025

ဦးမြင့်ဆွေသည် စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေလက်ထက်တွင် ရန်ကုန်တိုင်း တိုင်းမှူးအဖြစ် တာဝန်ယူခဲ့သူဖြစ်ပြီး ၂ဝဝ၇ ခုနှစ်တွင် ဖြစ်ပွားခဲ့သည့် ရွှေဝါရောင်တော်လှန်ရေးတွင် ရန်ကုန်မြို့၌ သံဃာတော်များအား သွေးထွက်သံယိုဖြိုခွင်းခဲ့သူအဖြစ် နာမည်ဆိုးထွက်ခဲ့သည်။



စစ်ကောင်စီကခန့်အပ်ခဲ့ဖူးသည့် ယာယီသမ္မတ ဦးမြင့်ဆွေသည် ယနေ့ ဩဂုတ်လ ၇ ရက်နေ့ နံနက် ၈ နာရီ ၂၈ မိနစ်တွင် ကွယ်လွန်...

ယာယီသမ္မတဟောင်း ဦးမြင့်ဆွေ ကွယ်လွန် ဩဂုတ် ၇ - Bagan News စစ်ကောင်စီကခန့်အပ်ခဲ့ဖူးသည့် ယာယီသမ္မတ ဦးမြင့်ဆွေသည် ယနေ့ ဩဂုတ်...
07/08/2025

ယာယီသမ္မတဟောင်း ဦးမြင့်ဆွေ ကွယ်လွန်

ဩဂုတ် ၇ - Bagan News

စစ်ကောင်စီကခန့်အပ်ခဲ့ဖူးသည့် ယာယီသမ္မတ ဦးမြင့်ဆွေသည် ယနေ့ ဩဂုတ်လ ၇ ရက်နေ့ နံနက် ၈ နာရီ ၂၈ မိနစ်တွင် ကွယ်လွန်ခဲ့ကြောင်း စစ်ကော်မရှင်(စစ်ကောင်စီ) သတင်းထုတ်ပြန်ရေးအဖွဲ့ကယနေ့ ကြေညာသည်။

ဦးမြင့်ဆွေသည် အမှတ်(၂) တပ်မတော်ဆေးရုံ ခုတင် (၁ဝဝဝ) ၌ ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။
ဦးမြင့်ဆွေ၏ ဈာပနကို နိုင်ငံတော်ဈာပနအဆင့်ပြုလုပ်မည်ဖြစ်ကြောင်း စစ်ကော်မရှင်ကထုတ်ပြန်သည်။

ဦးမြင့်ဆွေသည် စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေလက်ထက်တွင် ရန်ကုန်တိုင်း တိုင်းမှူးအဖြစ် တာဝန်ယူခဲ့သူဖြစ်ပြီး ၂ဝဝ၇ ခုနှစ်တွင် ဖြစ်ပွားခဲ့သည့် ရွှေဝါရောင်တော်လှန်ရေးတွင် ရန်ကုန်မြို့၌ သံဃာတော်များအား သွေးထွက်သံယိုဖြိုခွင်းခဲ့သူအဖြစ် နာမည်ဆိုးထွက်ခဲ့သည်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ ၂ဝ၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းမှုတွင် ဦးမြင့်ဆွေသည် ယာယီသမ္မတအဖြစ် ပါဝင်ခဲ့သည်။

၂ဝ၂၄ ခုနှစ် ဇူလိူင်လ ၁၈ ရက်နေ့တွင် ယာယီ သမ္မတ ဦးမြင့်ဆွေသည် ခန္ဓာကိုယ် လှုပ်ရှားမရတော့၍ ဆေးကုသမှု ခံယူနေရသည်ဟု စစ်ကောင်စီက ထုတ်ပြန်ခဲ့ပြီး ဦးမြင့်ဆွေကို ယာယီသမ္မတ ရာထူးမှ အနားပေးကာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် သူ့ကိုယ်သူ ယာယီသမ္မတအဖြစ် ခန့်အပ်ခဲ့သည်။

ထို့နောက် ယမန်နေ့ ဩဂုတ်လ ၆ ရက်နေ့တွင် စစ်ကော်မရှင် သတင်းထုတ်ပြန်ရေးအဖွဲ့က ဦးမြင့်ဆွေ၏ ကျန်းမာရေး အခြေအနေမှာ အထူးစိုးရိမ်ဖွယ်ရာ အခြေအနေရှိနေကြောင်း ထုတ်ပြန်ပြီးနောက် ယနေ့နံနက်တွင် ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။

ဦးမြင့်ဆွေသည် အာရုံကြောရောဂါဖြင့် အသက် ၇၄ နှစ်အရွယ်တွင် ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။


#ဦးမြင့်ဆွေ
#ရန်ကုန်တိုင်း

YouTube https://www.youtube.com//videos
Telegram https://t.me/bagannews
Spotify https://open.spotify.com/show/731ZlRXmHoEucpxapMJuul
Website www.bagannews.org

ที่อยู่

Chiang Mai
50100

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Bagan News TVผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง Bagan News TV:

แชร์