Bagan News TV "Bagan News Agency that presents news from the Sagaing Region, Mandalay Region, Magway Region, and the central dry zone (Anya region) of Myanmar."

Contact mail : [email protected]

https://www.bagannews.org/ Welcome to Bagan News Agency. Bagan News is Myanmar(Burma) Media Agency.

2021 February 1, After Military Coup in Myanmar, Bagan News Agency was moved to Thailand and
fought for media freedom to responsible journalism. Please contact :

[email protected]

Website

https://bagannews.com

ကနီ ချောင်းမတိုက်ပွဲက ထွက်ပြေးလာတဲ့ ဒုတပ်ကြပ်အပါ စစ်သုံ့ပန်း ၃ ဦးဖမ်းမိစက်တင်ဘာ ၃ဝ  - Bagan Newsစစ်ကိုင်းတိုင်း၊ ကနီမြို...
30/09/2025

ကနီ ချောင်းမတိုက်ပွဲက ထွက်ပြေးလာတဲ့ ဒုတပ်ကြပ်အပါ စစ်သုံ့ပန်း ၃ ဦးဖမ်းမိ

စက်တင်ဘာ ၃ဝ - Bagan News

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ချောင်းမတိုက်ပွဲက စစ်ပြေးလာတဲ့ စစ်တပ် ဒုတပ်ကြပ်အပါအဝင် စစ်သုံ့ပန်း (၃)ယောက်ကို အရှင်မိပြီး၊ ကျန်(၃)ယောက်ကို အသေပစ်ခတ်ဖမ်းမိခဲ့တယ်လို့ ယင်းမာပင်မြို့နယ် ပကဖ (Union Liberation Front - ULF V 02)ကထုတ်ပြန်ပါတယ်။

စက်တင်ဘာလ ၁၂ ရက်နေ့က ထွက်ပြေးလာတဲ့ စစ်ကော်မရှင်တပ်သား(၂)ဦးကို အသေဖမ်းဆီးနိုင်ခဲ့ပြီးMa 1 (၂)လက်၊ ၅.၅၆ကျည် ၁၇၀တောင့်နဲ့ ကျည်ဘောက် (၈) ဘောက် သိမ်းဆည်းရရှိခဲ့တယ်လို့သိရပါတယ်။ စက်တင်ဘာလ ၁၈ ရက်နေ့မှာ ထွက်ပြေးလာတဲ့ စစ်ကော်မရှင် ဒုတပ်ကြပ်(၁)ဦးနဲ့ ပြည်သူစစ်(၂)ဦးကို အရှင်ဖမ်းမိခဲ့ပြီး Ma 1 (၂)လက်၊ Ma 2 (၁)လက်၊ ၅.၅၆ကျည် 200 နဲ့ ကျည်ဘောက် (၈)ဘောက်၊ ဖုန်း(၄)လုံးကို သိမ်းဆည်းခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

အလားတူ စက်တင်ဘာလ ၂၉ ရက်မှာလည်း ထွက်ပြေးလာတဲ့ တပ်သားတစ်ဦးကို အသေ ဖမ်းစီးခဲ့ပြီး Ma 1 (၁)လက်၊ ၅.၅၆ ကျည် 50 နဲ့ ကျည်ဘောက် (၃)ဘောက်ကို ထပ်မံသိမ်းဆည်းရရှိခဲ့တယ်လို့ ယင်းမာပင်မြို့နယ် ပကဖ ကထုတ်ပြန်ပါတယ်။


#ကနီ
#ယင်းမာပင်
#စစ်ကိုင်းတိုင်း


Youtube https://www.youtube.com//videos
Telegram ⁠https://t.me/bagannews⁠
Spotify ⁠https://open.spotify.com/show/731ZlRXmHoEucpxapMJuul
Website ⁠www.bagannews.org

ပြင်ဦးလွင် ရေတံခွန်မှပြုတ်ကျသည့် အမေရိကန်အမျိုးသမီး ၁ ဦး၏ အလောင်းထပ်တွေ့🟥သေဆုံးသူ ၃ ဦးတွေ့ရှိပြီး ၁ ဦးပျောက်နေ စက်တင်ဘာ ...
30/09/2025

ပြင်ဦးလွင် ရေတံခွန်မှပြုတ်ကျသည့် အမေရိကန်အမျိုးသမီး ၁ ဦး၏ အလောင်းထပ်တွေ့

🟥သေဆုံးသူ ၃ ဦးတွေ့ရှိပြီး ၁ ဦးပျောက်နေ

စက်တင်ဘာ ၃ဝ - Bagan News

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်၊ ဇီးပင်ကျေးရွာအုပ်စု၊ အုန်းနှဲရေအရှေ့ ကျေးရွာရှိ (၈)ထပ်ရေတံခွန်တောင်တွင် ယမန်နေ့ စက်တင်ဘာလ ၂၉ ရက်နေ့ ညနေပိုင်း၌ (၃)ထပ်ရေတံခွန်သို့ လူ(၅)ဦးပြုတ်ကျကာ အမျိုးသမီး ၂ ဦးသေဆုံးခဲ့ကြောင်း မီးသတ်တပ်ဖွဲ့မှသိရသည်။

ယမန်နေ့တွင် ရုရှားနိုင်ငံသား အမျိုးသား (၁)ဦးအားအသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ကာ အမျိုးသမီး ၂ ဦးအားသေဆုံးလျက်တွေ့ခဲ့သည့်။ ပျောက်ဆုံးနေသည့် အမျိုးသမီး ၂ ဦးအနက် အမေရိကန်နိုင်ငံသူ (မ) တစ်ဦး၏ ရုပ်အလောင်းအား ၃ ထပ်ရေတံခွန် အောက်ပိုင်းတွင် ယနေ့တွေ့ရှိခဲ့ကြောင်း မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ - မန္တလေးတိုင်းဒေသကြီး ကော်မတီ မှသိရသည်။


#ပြင်ဦးလွင်
#မန္တလေးတိုင်း၊


Youtube https://www.youtube.com//videos
Telegram ⁠https://t.me/bagannews⁠
Spotify ⁠https://open.spotify.com/show/731ZlRXmHoEucpxapMJuul
Website ⁠www.bagannews.org

လေဖိအားနည်းဆဲလ်ကြောင့် မြန်မာအလယ်ပိုင်းတွင် နေရာကွက်၍ မိုးကြီးမည်စက်တင်ဘာ ၃ဝ - Bagan Newsလာအိုနိုင်ငံနှင့် မြန်မာနိုင်ငံ...
30/09/2025

လေဖိအားနည်းဆဲလ်ကြောင့် မြန်မာအလယ်ပိုင်းတွင် နေရာကွက်၍ မိုးကြီးမည်

စက်တင်ဘာ ၃ဝ - Bagan News

လာအိုနိုင်ငံနှင့် မြန်မာနိုင်ငံနယ်စပ်ဒေသများတွင် လေဖိအားနည်းဆဲလ်အဖြစ် အားလျော့သွားခဲ့သည့် အပူပိုင်းမုန်တိုင်း“ဘူအလွိုင်”ကြောင့် မြန်မာနိုင်ငံအလယ်ပိုင်းတွင် နေရာကွက်၍ မိုးကြီးမည်ဖြစ်ကြောင်း မိုး၊ဇလဌာနကထုတ်ပြန်သည်။

လေဖိအားနည်းဆဲလ်၏ အရှိန်ကြောင့် ယနေ့နံနက်မှ အောက်တိုဘာလ ၁ ရက်နေ့အတွင်း တိုင်းနှင့်ပြည်နယ်အနှံတွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာမည်ဖြစ်ကြောင်းသိရသည်။

နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူး တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး‌၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးခြင်းများ ဖြစ်ပေါ်နိုင်ကြောင်းထုတ်ပြန်သည်။

မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့်
သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်ကြောင်း သတိပေးထားသည်။

အဆိုပါဒေသများရှိ ကုန်းမြင့်ဒေသအနီးတွင် နေထိုင် ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်၊ မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြုရှောင်ရှားနိုင်ရန် ထုတ်ပြန်ထားသည်။


#မုန်တိုင်း
#မိုးထစ်ချုန်း
#အညာ


Youtube https://www.youtube.com//videos
Telegram ⁠https://t.me/bagannews⁠
Spotify ⁠https://open.spotify.com/show/731ZlRXmHoEucpxapMJuul
Website ⁠www.bagannews.org

ပြင်ဦးလွင် ၈ ထပ်ရေတံခွန်တောင်မှပြုတ်ကျကာ ၂ ဦးသေဆုံး ၂ ဦးပျောက်နေ စက်တင်ဘာ ၂၉ - Bagan Newsမန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့န...
29/09/2025

ပြင်ဦးလွင် ၈ ထပ်ရေတံခွန်တောင်မှပြုတ်ကျကာ ၂ ဦးသေဆုံး ၂ ဦးပျောက်နေ

စက်တင်ဘာ ၂၉ - Bagan News

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်၊ ဇီးပင်ကျေးရွာအုပ်စု၊ အုန်းနှဲရေအရှေ့ ကျေးရွာရှိ (၈)ထပ်ရေတံခွန်တောင်မှာ (၃)ထပ်ရေတံခွန်သို့ လူ(၅)ဦးပြုတ်ကျကာ အမျိုးသမီး ၂ ဦးသေဆုံးခဲ့ကြောင်း မီးသတ်တပ်ဖွဲ့မှသိရသည်။

ယနေ့ စက်တင်ဘာလ ၂၉ ရက်နေ့ ညနေ ၃ နာရီခွဲခန့်တွင် လူ(၁၄)ဦးသည် သွားရောက်ရေကစားရာမှ လူ(၅)ဦးပြုတ်ကျခဲ့ခြင်းဖြစ်ပြီး ရုရှားနိုင်ငံသား အမျိုးသား (၁)ဦးအားအသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ကာ အမျိုးသမီး ၂ ဦးအားသေဆုံးလျက်တွေ့ကြောင်း၊ ကျန်(၂)ဦးတို့အား ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေကြောင်း သိရသည်။


#ပြင်ဦးလွင်
#မန္တလေးတိုင်း၊


Youtube https://www.youtube.com//videos
Telegram ⁠https://t.me/bagannews⁠
Spotify ⁠https://open.spotify.com/show/731ZlRXmHoEucpxapMJuul
Website ⁠www.bagannews.org

စစ်ကိုင်းမြို့ နေရာအနှံ့ ပေါ်တာ ဆွဲဖမ်းဆီးနေစက်တင်ဘာ ၂၉ - Bagan Newsစစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ရှိ တာရိုးကြီးအနောက်ခ...
29/09/2025

စစ်ကိုင်းမြို့ နေရာအနှံ့ ပေါ်တာ ဆွဲဖမ်းဆီးနေ

စက်တင်ဘာ ၂၉ - Bagan News

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ရှိ တာရိုးကြီးအနောက်ခြမ်း ဘော်ဂါရပ်၊ ငါးထပ်ကြီး၊ ဧမြဝတီရပ်ကွက်နှင့် ဘော်ဂါတောင်မြောက်နေရာများတွင် စစ်ကောင်စီတပ်သား ပျုစောထီးများက လက်နက်ငယ်များဖြင့် ပစ်ဖောက်နေပြီး ပေါ်တာဆွဲဖမ်းဆီးနေကြောင်း The voice of wetlet madayar အဖွဲ့ကထုတ်ပြန်သည်။

ယနေ့ ညနေ ၆ နာရီခန့်တွင် စစ်ကိုင်းမြို့ ချင်းစုရပ်နှင့် ဧမြဝတီရပ်ကွက်များအတွင်း ဒေသခံပြည်သူများကို မတရား ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

ဘုန်းကြီးတစ်ပါး ပါလာသည့် ကားက နေရာအနှံ့ပတ်ကာ ရမ်းသန်းပစ်ဖောက်နေပြီး ကျန်သည့် ကားများက လူများ လိုက်ဆွဲနေကြောင်း၊ စစ်ကိုင်းမြို့နယ် အနောက်တာ ရပ်ဘုန်းကြီးကျောင်းတစ်ကျောင်းသို့ စစ်သားများ ဝင်ရောက်ကာ ကျောင်းထိုင်ဘုန်းကြီးအား စစ်ရှောင်များနှင့်ပတ်သက်ပြီး သတိပေးသွားကြောင်း သိရသည်။


#စစ်ကိုင်းမြို့
#စစ်ကိုင်းတိုင်း
#အညာ


Youtube https://www.youtube.com//videos
Telegram ⁠https://t.me/bagannews⁠
Spotify ⁠https://open.spotify.com/show/731ZlRXmHoEucpxapMJuul
Website ⁠www.bagannews.org

နွားထိုးကြီး ရွာသာအေးရွာ ပြည်သူ ၈ ဦးကို စစ်တပ်သတ်ဖြတ် စက်တင်ဘာ ၂၉ - Bagan Newsမန္တလေးတိုင်း၊ မြင်းခြံခရိုင် ၊ နွားထိုးက...
29/09/2025

နွားထိုးကြီး ရွာသာအေးရွာ ပြည်သူ ၈ ဦးကို စစ်တပ်သတ်ဖြတ်

စက်တင်ဘာ ၂၉ - Bagan News

မန္တလေးတိုင်း၊ မြင်းခြံခရိုင် ၊ နွားထိုးကြီးမြို့နယ် ရွာသာအေးရွာရှိ ပြည်သူ ၈ ဦးကို စက်တင်ဘာလ ၂၇ ရက်နေ့တွင် စစ်ကောင်စီတပ်သားများက သတ်ဖြတ်ခဲ့ကြောင်း နွားထိုးကြီး-Journal မှသိရသည်။

စက်တင်ဘာ ၂၆ ရက်နေ့ကလည်း မလှိုင်မြို့နယ် အဆုံးအိမ်ကြီးတောရွာရှိ အသက် ၁၂/၁၃ ရွယ် မိန်းပလေးကိုလည်း စစ်ကောင်စီတပ်က မုဒိန်းကျင့် ပြီးသတ်ခဲ့ကြောင်း၊ ၎င်းအပြင် မျက်စေ့မကောင်းသည့် အမိခင်ဖြစ်သူ၊ အကိုဖြစ်သူနှင့်လေဖြတ်နေသည့် ညီမကိုပါ စစ်အုပ်စုက ထပ်မံသတ်ဖြတ်ခဲ့ကြောင်းသိရသည်။

နွားထိုးကြီးမြို့နယ်တွင် စစ်ကောင်စီတက်များက စစ်ကြောင်း ၃ ကြောင်းဖြင့် ချင်းကပ်နေပြီး ယနေ့ စက်တင်ဘာလ ၂၉ ရက်၌ အမြန်လမ်းမှ ကုက္ကိုသီး ကျေး ရွာကို ကားကြီး ၆ စီး ဖြင့် ဝင်ရောက်ပြီး ညနေပိုင်းတွင် ဒိုင်းလယ်ကျေးရွာဘုန်းကြီးကျောင်းတွင်းတပ်စွဲ ထားကြောင်းသိရသည်။


#နွားထိုးကြီး
#မန္တလေးတိုင်း
#အညာ


Youtube https://www.youtube.com//videos
Telegram ⁠https://t.me/bagannews⁠
Spotify ⁠https://open.spotify.com/show/731ZlRXmHoEucpxapMJuul
Website ⁠www.bagannews.org

ရေစကြိုမြို့တွင် လ္ဘက်ရည်ဆိုင်ထိုင်နေသော လူငယ်နှစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားစက်တင်ဘာ ၂၉ - Bagan Newsမကွေးတိုင်း၊ ပခုက္ကူ...
29/09/2025

ရေစကြိုမြို့တွင် လ္ဘက်ရည်ဆိုင်ထိုင်နေသော လူငယ်နှစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွား

စက်တင်ဘာ ၂၉ - Bagan News

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့တွင် စက်တင်ဘာလ ၂၅ ရက်နေ့က အမှတ် ၅ ၊ ရွာဘိုးရပ် ဦးကြီး လ္ဘက်ရည်ဆိုင်တွင် ထိုင်နေသည့် ကိုမြတ်နိုးထွန်းနှင့် ကိုဝေမိုးထွန်း လူငယ်နှစ်ဦးကို စစ်ကောင်စီတပ်သားများက အကြောင်းမဲ့ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း Info Committee Yesagyo မှသိရသည်။

ရေစကြိုမြို့ရှိ စစ်ကောင်စီလက်အောက်ခံ ပြည့်ဖြိုးအောင်ဆိုသူသည် ပြည်သူများကို ဒုက္ခအမျိုးမျိုးပေးနေပြီး လမ်းဘေးတွင် ဈေးရောင်းနေသော လက်လုပ်လက်စားဈေးသည်များပါမကျန် ခြိမ်း‌ခြောက်ငေါက်ငန်း ပြဿနာရှာ ဒုက္ခပေးနေကြောင်းသိရသည်။ ၎င်းသည် ပြောင်းရွေ့ရတော့မည့်ဟု သတင်းများထွက်နေပြီး ပြည်သူများကို ဖမ်းဆီးငွေညှစ်ကာ သိန်းရာချီတောင်းယူနေကြောင်း၊ အမျိုးမျိုး ဒုက္ခပေးနေကြောင်း သိရသည်။


#ရေစကြို
#မကွေးတိုင်း
#အညာ


Youtube https://www.youtube.com//videos
Telegram ⁠https://t.me/bagannews⁠
Spotify ⁠https://open.spotify.com/show/731ZlRXmHoEucpxapMJuul
Website ⁠www.bagannews.org

ဘူအလွိုင် မုန်တိုင်းတိမ်တိုက်များကြောင့်  မြန်မာအလယ်ပိုင်းတွင် မိုးထစ်ချုန်းရွာမည် စက်တင်ဘာ ၂၉ - Bagan Newsဗီယက်နမ်နိုင်...
29/09/2025

ဘူအလွိုင် မုန်တိုင်းတိမ်တိုက်များကြောင့် မြန်မာအလယ်ပိုင်းတွင် မိုးထစ်ချုန်းရွာမည်

စက်တင်ဘာ ၂၉ - Bagan News

ဗီယက်နမ်နိုင်ငံနှင့် လာအိုနိုင်ငံနယ်စပ်ဒေသများကို ဖြတ်ကျော်လျက်ရှိသော အပူပိုင်းမုန်တိုင်း “ဘူအလွိုင်”မှ ပြတ်ထွက်လာသော တိမ်တိုက်များကြောင့် မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွင် မိုးထစ်ချုန်းရွာမည်ဖြစ်ကြောင်း မိုး၊ဇလဌာနကထုတ်ပြန်သည်။

ယနေ့ညမှ အောက်တိုဘာလ ၁ ရက်အတွင်း နေပြည်တော်၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး အချို့ဒေသများတွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်းထုတ်ပြန်သည်။

မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့်
သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်ကြောင်း သတိပေးထားသည်။

အဆိုပါဒေသများရှိ ကုန်းမြင့်ဒေသအနီးတွင် နေထိုင် ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်၊ မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြုရှောင်ရှားနိုင်ရန် ထုတ်ပြန်ထားသည်။


#ဘူအလွိုင်
#မုန်တိုင်း
#မိုးထစ်ချုန်း
#အညာ


Youtube https://www.youtube.com//videos
Telegram ⁠https://t.me/bagannews⁠
Spotify ⁠https://open.spotify.com/show/731ZlRXmHoEucpxapMJuul
Website ⁠www.bagannews.org

အညာမြေတပ်ပေါင်းစု စခန်းခွဲလေကြောင်းတိုက်ခိုက်ခံရပြီး ရဲဘော် ၃ ဦးကျဆုံးစက်တင်ဘာ ၂၉ - Bagan Newsမကွေးတိုင်း၊ ပခုက္ကူမြို့န...
29/09/2025

အညာမြေတပ်ပေါင်းစု စခန်းခွဲလေကြောင်းတိုက်ခိုက်ခံရပြီး ရဲဘော် ၃ ဦးကျဆုံး

စက်တင်ဘာ ၂၉ - Bagan News

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ အညာမြေတပ်ပေါင်းစုရဲ့ စခန်းခွဲတခုကို မနေ့(စက်တင်ဘာ ၂၈ )ကလေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်ခံရတာကြောင့် ရဲဘော် ၃ ဦးကျဆုံးခဲ့တယ်လို့ အညာမြေတပ်ပေါင်းစုကထုတ်ပြန်ပါတယ်။

စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အညာမြေတပ်ပေါင်းစုက အသက်(၂ဝ)နှစ်အရွယ် တပ်စိတ်မှူး ရဲဘော် သေမင်း၊ God of Myaing က အသက် (၁၈) အရွယ် ရဲဘော် ဗလနဲ့ PI PDF က အသက် (၃၄)နှစ်အရွယ် ရဲဘော် နိုင်ကြီးတို့ ကျဆုံးခဲ့တယ်လို့ သိရပါတယ်။

Photo - Bobo Thantzin


#အညာမြေ
#မကွေးတိုင်း


Youtube https://www.youtube.com//videos
Telegram ⁠https://t.me/bagannews⁠
Spotify ⁠https://open.spotify.com/show/731ZlRXmHoEucpxapMJuul
Website ⁠www.bagannews.org

နတ်မောက်မြို့မှာ ချောင်းရေလျှံပြီး လူသေဆုံးမှုများရှိ စက်တင်ဘာ ၂၉ - Bagan Newsမကွေးတိုင်း ၊ နတ်မောက်မြို့၊ ဈေးရပ်ကွက်နှင...
29/09/2025

နတ်မောက်မြို့မှာ ချောင်းရေလျှံပြီး လူသေဆုံးမှုများရှိ

စက်တင်ဘာ ၂၉ - Bagan News

မကွေးတိုင်း ၊ နတ်မောက်မြို့၊ ဈေးရပ်ကွက်နှင့် အောင်ဆန်းရပ်ကွက်တို့တွင် ယမန်နေ့ စက်တင်ဘာလ ၂၈ ရက်နေ့က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ချောင်းရေလျှံခဲ့ပြီး လူသေဆုံးမှုများရှိကြောင်းဒေသခံအချို့မှသိရသည်။

နတ်မောက်မြို့နယ်၊ မယ်ဇလီပင်ဆည်လက်တံ ကျိုးခြင်းကြောင့် ရုတ်တရက်ချောင်းရေကြီးပြီး မယ်ဇလီပင်ကျေးရွာက နေအိမ်နှစ်လုံးမျောပါခဲ့ကာ လူ ၄ ဦးခန့်သေဆုံးခဲ့ကြောင်း သိရသည်။

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ချောင်းရေလျှံပြီး နေအိမ်များအတွင်း ရေဝင်ရောက်မှုဖြစ်ပွားခဲ့သည့်အတွက် အိမ်ထောင်စုများအား ရေဘေးလွတ်ရာသို့ ကူညီရွှေ့ပြောင်းပေးခဲ့ကြောင်း နတ်မောက်မြို့နယ်မီးသတ်စခန်းမှ သိရသည်။

စက်တင်ဘာလ ၂၈ ရက်နေ့က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မကွေးတိုင်း ၊ ရေနံချောင်းမြို့တွင် ဆုံတိုက်ရပ်ကွက်၊ တပင်ရွှေထီးရပ်ကွက်၊ မြို့မမြောက်ရပ်ကွက်နှင့် စလင်းတန်းရပ်အတွင်း နေအိမ်များအတွင်း ရေဝင်ရောက်မှုဖြစ်ပွားခဲ့သည်။

Photo - MFSD


#နတ်မောက်
#မကွေးတိုင်း


Youtube https://www.youtube.com//videos
Telegram ⁠https://t.me/bagannews⁠
Spotify ⁠https://open.spotify.com/show/731ZlRXmHoEucpxapMJuul
Website ⁠www.bagannews.org

မြိုင်မြို့နယ်မှာ လှည့်လည်ခိုးယူနေသည့် စစ်ကြောင်းကိုတိုက်ခိုက် စစ်သား ၃ ဦးထက်မနည်းသေဆုံးစက်တင်ဘာ ၂၉ - Bagan Newsမကွေးတို...
29/09/2025

မြိုင်မြို့နယ်မှာ လှည့်လည်ခိုးယူနေသည့် စစ်ကြောင်းကိုတိုက်ခိုက် စစ်သား ၃ ဦးထက်မနည်းသေဆုံး

စက်တင်ဘာ ၂၉ - Bagan News

မကွေးတိုင်း ၊ မြိုင်မြို့နယ် တွင်းမ ပျူစောထီးရွာအတွင်းတွင် အများပြည်သူပိုင် ပစ္စည်းများကို လှည့်လည်ခိုးယူနေသည့် စစ်ကောင်စီစစ်ကြောင်းအား စက်တင်ဘာလ ၂၈ ရက်နေ့ ၊ နေ့ခင်း ၂နာရီခန့်တွင်တိုက်ခိုက်ခဲ့ပြီး စစ်သား ၃ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း မြိုင်ပကဖမှထုတ်ပြန်သည်။

တွင်းမပျူ စောထီးရွာအတွင်း အလစ်ဝင်၍ ချောင်းမြောင်း ပစ်ခက်ခဲ့ခြင်းဖြစ်ပြီး စစ်တပ်ဘက်မှ MA-1 ၁ လက်သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။ တိုက်ခိုက်မှုကို မြိုင်ပကဖ ၊ တပ်ခွဲ(၁) ၊ တပ်ခွဲ (၂) ၊ ပြည်သူ့လွတ်မြောက်ရေးတပ်ပေါင်းစု - PLC ၊ ကမ္မတပ်ပေါင်းစု နှင့် 8+ တပ်ပေါင်းစုတို့က ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း မြိုင်ပကဖမှထုတ်ပြန်သည်။


#မြိုင်မြို့
#မကွေးတိုင်း


Youtube https://www.youtube.com//videos
Telegram ⁠https://t.me/bagannews⁠
Spotify ⁠https://open.spotify.com/show/731ZlRXmHoEucpxapMJuul
Website ⁠www.bagannews.org

တမူးခရိုင်အမှတ်(၂)တပ်ရင်းရဲ့ အ​ခြေခံစစ်ပညာ သင်တန်းဆင်းပွဲကျင်းပ Photo Newsစက်တင်ဘာ ၂၈ - Bagan News စစ်ကိုင်းတိုင်း ၊ တမူ...
28/09/2025

တမူးခရိုင်အမှတ်(၂)တပ်ရင်းရဲ့ အ​ခြေခံစစ်ပညာ သင်တန်းဆင်းပွဲကျင်းပ

Photo News
စက်တင်ဘာ ၂၈ - Bagan News

စစ်ကိုင်းတိုင်း ၊ တမူးခရိုင်အမှတ်(၂)တပ်ရင်းရဲ့ ၁/၂ဝ၂၅ အပတ်စဉ်(၁)အ​ခြေခံစစ်ပညာ သင်တန်းဆင်းပွဲအခမ်းအနားကို စက်တင်ဘာလ၊ ၂၆ ရက်နေ့မှာ အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့တယ်လို့ အဲ့ဒီတပ်ရင်းကထုတ်ပြန်ပါတယ်။


#တမူး
#စစ်ကိုင်းတိုင်း


Youtube https://www.youtube.com//videos
Telegram ⁠https://t.me/bagannews⁠
Spotify ⁠https://open.spotify.com/show/731ZlRXmHoEucpxapMJuul
Website ⁠www.bagannews.org

ที่อยู่

Chiang Mai
50100

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Bagan News TVผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง Bagan News TV:

แชร์