16/06/2026
🇹🇭 Work Permit သီးသန့် မလိုဘဲ Thailand မှာ အလုပ်လုပ်နိုင်တဲ့ Smart Visa ဆိုတာ ဘာလဲ?
Sharing is scaring 👈
🇹🇭 Smart Visa ဆိုတာ ဘာလဲ?
Smart Visa ဟာ ထိုင်းနိုင်ငံရဲ့ Innovation, Technology, Research နဲ့ Startup Ecosystem ကို အားပေးဖို့ ဖန်တီးထားတဲ့ အထူးဗီဇာ အမျိုးအစားတစ်ခု ဖြစ်ပါတယ်။
ပုံမှန် Work Visa များနဲ့ မတူဘဲ အရည်အချင်းမြင့် ကျွမ်းကျင်ပညာရှင်များ၊ သုတေသီများ၊ Startup Founder များနဲ့ နည်းပညာဆိုင်ရာ လုပ်ငန်းရှင်များအတွက် ရည်ရွယ်ထားတာ ဖြစ်ပါတယ်။
📌 Smart Visa ကို ဘယ်သူတွေ လျှောက်လို့ရလဲ?
✅ Startup Founder များ
✅ Technology & Digital Industry တွင် လုပ်ကိုင်နေသူများ
✅ Software Engineer များ
✅ AI / Data Specialist များ
✅ Researcher များ
✅ Biotechnology, Food Technology, AgTech စသည့် နယ်ပယ်များတွင် လုပ်ကိုင်နေသူများ
✅ Smart Visa Holder ၏ မိသားစုဝင်များ
📌 Smart Visa ရဲ့ အကျိုးကျေးဇူးတွေက ဘာတွေလဲ?
✨ Work Permit သီးသန့် လျှောက်စရာ မလိုအပ်ခြင်း
✨ Visa သက်တမ်းကို အခြေအနေပေါ်မူတည်၍ နှစ်ရှည် ရရှိနိုင်ခြင်း
✨ Re-entry Permit သီးသန့် လျှောက်စရာ မလိုခြင်း
✨ Immigration Report ကို 90 ရက်တစ်ကြိမ် မဟုတ်ဘဲ 1 နှစ်တစ်ကြိမ်သာ တင်ရန်လိုခြင်း
✨ Spouse အတွက် အလုပ်လုပ်ခွင့် ရရှိနိုင်ခြင်း
✨ မိသားစုဝင်များ ထိုင်းနိုင်ငံတွင် အတူနေထိုင်နိုင်ခြင်း
━━━━━━━━━━━━━━
📍 Smart Visa Stamp ရယူတဲ့ Experience Sharing
Smart Visa Approval ရရှိပြီးသွားပြီဆိုရင် လက်ရှိ မိမိမှာ ဘယ် Visa အမျိုးအစားပဲ ရှိနေပါစေ၊ ထိုင်းနိုင်ငံအတွင်းမှာပဲ Smart Visa Stamp ကို တစ်ခါတည်း ရယူနိုင်ပါတယ်။
Smart Visa Stamp ပြုလုပ်ရမယ့် နေရာကတော့ One Bangkok ရှိ Smart Visa & LTR Service Center (5th Floor) ဖြစ်ပြီး Lumphini, Bangkok တွင် တည်ရှိပါတယ်။
Approval ရရှိပြီးနောက် Email မှတစ်ဆင့် Appointment Date နဲ့ Time ကို Confirm ပေးထားမှာ ဖြစ်ပါတယ်။
Appointment အချိန်ထက် ၁၀ မိနစ်ခန့် စောရောက်တာ ပိုကောင်းပါတယ်။
Service Center ရောက်သွားရင် ပုံမှန် Immigration Office တွေလို Queue Ticket ထုတ်စရာ မလိုပါဘူး။
Reception မှာ Registration လုပ်ပြီး Lounge Area ထဲမှာ အေးအေးဆေးဆေး ထိုင်စောင့်နေရုံပါပဲ။
ကျန်တဲ့ လုပ်ငန်းစဉ်တွေကို Immigration Staff တွေက အစအဆုံး စီစဉ်ဆောင်ရွက်ပေးပါတယ်။
Queue လိုက်စရာ မလိုသလို Counter တွေ လိုက်ရှာစရာလည်း မလိုပါဘူး။
မိမိအလှည့်ရောက်လာတဲ့အခါ Visa Fee ပေးချေရမှာ ဖြစ်ပြီး Visa / MasterCard နဲ့လည်း ပေးချေနိုင်ပါတယ်။
ထို့နောက် ဓာတ်ပုံရိုက်ပြီး အချိန်အနည်းငယ်သာ စောင့်ဆိုင်းရပါတယ်။
Passport ပြန်ရတဲ့အချိန်မှာတော့ Smart Visa Stamp ကို Passport ထဲမှာ တစ်ခါတည်း ထည့်သွင်းပေးထားပြီး ဖြစ်ပါတယ်။
ထို့နောက် Passport Copy Update အတွက် စာအုပ်ကို ခေတ္တပေးထားရုံပါပဲ။
ကျန်တဲ့ လုပ်ငန်းစဉ်အားလုံးကို Staff များက ဆက်လက် ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။
ဒါ့အပြင် ဘယ် Document တွေက အရေးကြီးတယ်၊ ဘယ်စာရွက်စာတမ်းတွေကို သိမ်းဆည်းထားသင့်တယ် ဆိုတာကိုလည်း အသေးစိတ် ရှင်းပြပေးပါတယ်။
Service Experience တစ်ခုလုံးကတော့ Premium Service တစ်ခုလို ခံစားရပါတယ်။
━━━━━━━━━━━━━━
👔 သိထားသင့်တဲ့ အချက်တစ်ခု
Smart Visa သို့မဟုတ် LTR Visa Stamp လာရောက်ရယူသူများအနေဖြင့် သင့်လျော်သော Formal Attire ဝတ်ဆင်လာရန် လိုအပ်ပါတယ်။
❌ လက်တိုအင်္ကျီ
❌ ဘောင်းဘီတို
❌ ရင်ပြတ်အဝတ်အစား
❌ လက်ပြတ်အဝတ်အစား
စသည့် အဝတ်အစားများကို ရှောင်ကြဉ်သင့်ပြီး
✅ Formal Shirt
✅ Long Pants
✅ Business Casual
✅ Suit
စသည့် သပ်ရပ်သော ဝတ်စားဆင်ယင်မှုများဖြင့် လာရောက်ခြင်းက ပိုမိုသင့်တော်ပါတယ်။
Smart Visa ဟာ ထိုင်းနိုင်ငံရဲ့ အထူးဗီဇာအစီအစဉ်များထဲက တစ်ခုဖြစ်ပြီး လျှောက်ထားနိုင်သူများအတွက်တော့ အတော်လေး အဆင်ပြေတဲ့ Visa Option တစ်ခုလည်း ဖြစ်ပါတယ်။