Myanmar International News

Myanmar International News True story

ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးခင်ရီနှင့်  မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီးတွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံ ရင်းနှီးစွာ ဆော...
10/12/2025

ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးခင်ရီနှင့် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီးတွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံ ရင်းနှီးစွာ ဆောင်ရွက်မည့်လုပ်ငန်းများ တိုးမြှင့် ဆောင်ရွက်သွားရေးကိစ္စရပ်များ ဆွေးနေ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီဟာ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး H.E. Mr. Mongkol Visitstump နှင့်အဖွဲအား ဒီဇင်ဘာ ၈ ရက်၊ နံနက်ပိုင်းတွင်လက်ခံတွေ့ဆုံကာ နှစ်နိုင်ငံရင်းနှီးစွာဆောင်ရွက်မည့်လုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်သွားရေး ကိစ္စရပ်များ ဆွေးနွေးခဲ့ကြောင်း ပြည်ခိုင်ဖြိုးပါတီ၏ ဒီဇင်ဘာ ၉ ရက်၊ ည ၁၁ နာရီခွဲ သတင်းထုတ်ပြန်မှုအရ သိရပါတယ်။

အဆိုပါတွေ့ဆုံမှုကို နေပြည်တော်ရှိ ပြည်ခိုင်ဖြိုးပါတီ ဗဟိုဌာနချုပ်၊ ဧည့်ခန်းမမှာ ပြုလုပ်ခဲ့ပြီး
နှစ်နိုင်ငံချင်း ချစ်ကြည်ရင်းနှီးစွာဖြင့် ဆောင်ရွက်မည့်လုပ်ငန်းများအား တိုးမြှင့်ဆောင်ရွက်သွားရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရပါတယ်။

crd photos

ကာတာနိုင်ငံ၏ အမျိုးသားနေ့အထိမ်းအမှတ်ညစာစားပွဲကို ရန်ကုန်မြိုတွင်ကျင်းပကာတာနိုင်ငံရဲ့ အမျိုးသားနေ့အထိမ်းအမှတ်ညစာစားပွဲကို...
09/12/2025

ကာတာနိုင်ငံ၏ အမျိုးသားနေ့အထိမ်းအမှတ်ညစာစားပွဲကို ရန်ကုန်မြိုတွင်ကျင်းပ

ကာတာနိုင်ငံရဲ့ အမျိုးသားနေ့အထိမ်းအမှတ်ညစာစားပွဲကို ယမန်နေ့ ဒီဇင်ဘာ ၈ ရက်ညနေပိုင်းက ရန်ကုန်မြိုရှိ Lotte Hotel မှာကျင်းပရာ နိုင်ငံတော်ဝန်ကြီးချုပ်ဦးညိုစောနှင့် ဇနီး၊ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးစိုးသိန်း၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒု-ဝန်ကြီးဦးနိုင်မင်းကျော်၊ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများ၊ သံရုံးယာယီတာဝန်ခံများ၊ ကုလသမဂ္ဂဆိုင်ရာဌာနေကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသူများတက်ရောက်ခဲ့ကြပါတယ်။

နိုင်ငံတော်ဝန်ကြီးချုပ်နှင့် တက်ရောက်လာကြသူများအား မြန်မာနိုင်ငံဆိုင်ရာ ကာတာနိုင်ငံ သံရုံးတာဝန်ခံ Mr.Ahmad Ali R.A. AL-Marri နှင့်တာ၀န်ရှိသူများကကြိုဆိုနှုတ်ဆက်ပြီးနောက် ညစာစားပွဲကို မြန်မာနိုင်ငံ တော်သီချင်း၊ ကာတာနိုင်ငံတော်သီချင်းတိုဖြင့် ဖွင့်လှစ်ခဲ့ပါတယ်။

ထိုအပြင် နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ကာတာနိုင်ငံ သံရုံးတာဝန်ခံတိုမှ အထိမ်းအမှတ်ကိတ်ကိုလှီးဖြတ်ပြီးနောက် ကာတာနိုင်ငံ သံရုံးတာဝန်ခံက ကာတာနိုင်ငံရဲ့ အမျိုးသားနေ့အထိမ်းအမှတ် ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့ပါတယ်။

crd photos

အာကာသပြတိုက် ရန်ကုန်သို လာရောက်လေ့လာကြသူများပြားရန်ကုန်မြို၊ ပြည်သူ့ရင်ပြင်ရှိ အာကာသပြတိုက်(ရန်ကုန်)အား ဖွင့်လှစ်ပြီး နေ...
07/12/2025

အာကာသပြတိုက် ရန်ကုန်သို လာရောက်လေ့လာကြသူများပြား

ရန်ကုန်မြို၊ ပြည်သူ့ရင်ပြင်ရှိ အာကာသပြတိုက်(ရန်ကုန်)အား ဖွင့်လှစ်ပြီး နောက် လူငယ်များ စိတ်ဝင်တစားလာရောက်ကြည့်ရှုကြသည်ကို တွေ့ရပါတယ်။

ထိုအပြင်နိုင်ငံခြားသားများလည်း လာရောက်ကြည့်ရှုခဲ့ကြောင်းလည်း တွေ့ရပါတယ်။

အာကာသပြတိုက် ရန်ကုန်ကို (နိုဝင်ဘာ ၃၀ ရက်)နံနက်ပိုင်းက မြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိင်မှ ပြတိုက်ဆိုင်းဘုတ်ကို စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးခဲ့ခြင်း ဖြစ်ပါတယ်။

အာကာသပြတိုက် (ရန်ကုန်)ဟာ ရန်ကုန်မြို၊ ပြည်သူ့ရင်ပြင်တွင်ဖွင့်လှစ်ထားရှိပြီး ယခင်နက္ခတ်တာရာပြခန်းအား ခေတ်နှင့်အညီဖြစ်စေရန် အဆင့်မြှင့်တင်ပြန်လည်မွန်းမံပြီး အာကာသပြတိုက်(ရန်ကုန်)အဖြစ် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပါတယ်။

crd photos

ဒီမိုကရေစီစနစ်ထွန်းကားပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲများ မရှိတဲ့အချိန် တပ်မတော်အနေဖြင့် လွှတ်တော်တွင် ပါဝင်နေမှုကို အ...
06/12/2025

ဒီမိုကရေစီစနစ်ထွန်းကားပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲများ မရှိတဲ့အချိန် တပ်မတော်အနေဖြင့် လွှတ်တော်တွင် ပါဝင်နေမှုကို အဆင့်ဆင့်လျှော့ချသွားနိုင်မှာ ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ပြောကြား

မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ်များထွန်းကားပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲများ မရှိတဲ့အချိန်မှာ တပ်မတော်အနေနဲ့ လွှတ်တော်မှာ ပါဝင်နေမှုကို အဆင့်ဆင့် လျှော့ချသွားနိုင်မှာဖြစ်ကြောင်း နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြင်ဦးလွင်တပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဗိုလ်လောင်းများအား ယမန်နေ့တွေ့ဆုံ အမှာစကားပြောကြားစဉ် ပြောကြားခဲ့ပါတယ်။

တပ်မတော်ပိုင်းဆိုင်ရာများနှင့် ပတ်သက်ပြီး တပ်မတော်ရဲ့ အဓိကတာဝန်ဟာ နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်ရန်ဖြစ်သော်လည်း ခေတ်အဆက်ဆက်မှာ ဖြစ်ပေါ်ခဲ့တဲ့ အခြေအနေများအရ ပြည်တွင်းသောင်းကျန်းမှု နှိမ်နှင်းရေးအခန်းကဏ္ဍမှာ လည်း ပါဝင်နေရခြင်းဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားခဲ့တာ ဖြစ်ပါတယ်။

လက်ရှိနိုင်ငံတော်မှာ ဖြစ်ပေါ်နေတဲ့ လက်နက်ကိုင်အကြမ်းဖက်မှုများအား တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲဝင်များ အတူတကွပူးပေါင်းပြီး တိုက်ဖျက်ဆောင်ရွက်လျက်ရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားခဲ့ပါတယ်။

crd photos

စစ်တက္ကသိုလ်ဗိုလ်လောင်းသင်တန်း အမှတ်စဥ် (၆၇) ၏ သင်တန်းဆင်းစစ်ရေးပြအခမ်းအနားမန္တလေးတိုင်း၊ ပြင်ဦးလွင်မြိုရှိ စစ်တက္ကသိုလ...
03/12/2025

စစ်တက္ကသိုလ်ဗိုလ်လောင်းသင်တန်း အမှတ်စဥ် (၆၇) ၏ သင်တန်းဆင်းစစ်ရေးပြအခမ်းအနား

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြိုရှိ စစ်တက္ကသိုလ်တွင် ယနေ့ ဒီဇင်ဘာ ၃ ရက်နံနက်ပိုင်းက စစ်တက္ကသိုလ်ဗိုလ်လောင်းသင်တန်းအမှတ်စဥ် (၆၇) ၏ သင်တန်းဆင်းစစ်ရေးပြအခမ်းအနားကျင်းပရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တက်ရောက်ခဲ့ကြောင်း သိရပါတယ်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ကျောင်းဆင်းဗိုလ်လောင်းတပ်ခွဲကိုစစ်ဆေးပြီးနောက် အလံတော်အဖွဲ၊ ကျောင်းဆင်းတပ်ခွဲနှင့် ကျောင်းအရန်တပ်ခွဲများက ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား အနှေးလျှောက်၊ အမြန်လျှောက်တိုဖြင့် ချီတက်အလေးပြုခဲ့ကြကြောင်း သိရပါတယ်။

crd photos

“ဒိုအတူတူ မဲပေးကြမယ်” ရွေးကောက်ပွဲအောင်မြင်ရေးလှုဆော်မှု လက်ကမ်းစာစောင်များ ဖြန့်ဝေ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၈) ရက်နေ့မှာ ...
01/12/2025

“ဒိုအတူတူ မဲပေးကြမယ်” ရွေးကောက်ပွဲအောင်မြင်ရေးလှုဆော်မှု လက်ကမ်းစာစောင်များ ဖြန့်ဝေ

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၈) ရက်နေ့မှာ ကျင်းပမယ့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ မှာ ပြည်သူများ ပိုမိုပါဝင်မဲပေးနိုင်ရေးအတွက် ရွေးကောက်ပွဲအောင်မြင်ရေးလှုဆော်မှု လက်ကမ်း စာစောင်များအား ယနေ့နေ့လယ်(၂)နာရီအချိန်က ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြိုနယ်အတွင်းရှိ ဈေးဆိုင်များ၊ လူစည်ကားသည့်နေရာများနှင့် ရပ်ကွက်များအတွင်း ဖြန့်ဝေပေးခဲ့ကြောင်း သိရပါတယ်။

အဆိုပါ “ဒိုအတူတူမဲပေးကြမယ်” လက်ကမ်းစာစောင်များကို မြိုနယ်အတွင်းရှိ ပြည်သူများအား လက်ဝယ်အရောက် မြိုနယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ဖြန့်ဝေ ပေးခဲ့ကြကြောင်း သိရပါတယ်။ အဆိုပါ လက်ကမ်းစာစောင်မှာ "ရွေးကောက်ပွဲမှသည် ပိုမိုကောင်းမွန် သောအနာဂတ်ဆီသို" ဆောင်ပုဒ်နှင့်အညီ ဒီမိုကရေစီကို ပြန်လည်ဖော်ဆောင်ဖိုအတွက် ရွေးကောက် ပွဲမှလွဲ၍ အခြားနည်းမရှိပါ၊ ပြည်သူများလိုလားသည့် ဒီမိုကရေစီနိုင်ငံတော်ကို ရွေးကောက်ပွဲဖြင့်သာ ဖော်ဆောင်နိုင်ပါသည်၊ ဒီမိုကရေစီခိုင်မြဲဖို မဲရုံသွားပြီး မဲပေးကြပါစို" စသည့်အကြောင်းအရာများ ပါဝင်ကြောင်း သိရှိရပါတယ်။

crd photos

သယံဇာတပစ္စည်းထုတ်ရောင်းမှုများကို ကန့်သတ်ထားကြောင်းနှင့် ယင်းလုပ်ငန်းများကို အကြံမပြုကြရန် ယာယီသမ္မတ သတိပေးမြေပေါ်မြေအော...
30/11/2025

သယံဇာတပစ္စည်းထုတ်ရောင်းမှုများကို ကန့်သတ်ထားကြောင်းနှင့် ယင်းလုပ်ငန်းများကို အကြံမပြုကြရန် ယာယီသမ္မတ သတိပေး

မြေပေါ်မြေအောက် သယံဇာတပစ္စည်းထုတ်ရောင်းမှုကို ကန့်သတ်ထားကြောင်းနှင့် ယင်းလုပ်ငန်းများကို အကြံမပြုကြရန် မြန်မာနိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့ ကျင်းပတဲ့ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI)ရဲ့ (၃၄) နှစ်မြောက် နှစ်ပတ်လည် အသင်းသားစုံညီ အစည်းအဝေးတွင် ပြောကြားခဲ့ပါတယ်။

“သယံဇာတပစ္စည်းတွေကို ကန့်သတ်ထားပါတယ်။ အခုမှ မဟုတ်ပါဘူး။ အရင်ကတည်းကတိုင် ကျွန်တော် ဒီသယံဇာတပစ္စည်းရောင်းတာ မကြိုက်ပါဘူး။ သယံဇာတဆိုတာ ကုန်သွားလိမ့်မယ်။ ကြာလိုရှိရင်။ သယံဇာတကို အစားထိုးနိုင်တဲ့ပစ္စည်းတွေ မထုတ်နိုင်ဘူးဆိုရင်တော့ တိုင်းပြည်တိုးတက်မှာ မဟုတ်ပါဘူး။ ဒါကြောင့်လည်း ဟိုးအရင်ကတည်းက သယံဇာတ ပစ္စည်းထုတ်တာနဲ့ပတ်သက်ပြီး မထောက်ခံပါဘူး” ဟု ယာယီသမ္မတက ပြောကြားပါတယ်။

ပြန်လည်ပြည်ဖြိုးမြဲသယံဇာတများထက် အထူးသဖြင့် ပြန်လည်ဖြစ်ထွန်းရန် နှစ်ပေါင်းသန်းချီစောင့်ရတဲ့ သဘာဝကပေးတဲ့ မြေပေါ်မြေအောက် သယံဇာတများအား ထုတ်ရောင်းမည့် လုပ်ငန်းများအား အကြံမပြုရန်နှင့် ရနိုင်ရန်လည်း ခက်ခဲမည်ဖြစ်ကြောင်း ယာယီသမ္မက ပြောကြားခဲ့တာ ဖြစ်ပါတယ်။

crd photos

မြန်မာနိုင်ငံတော် ယာယီသမ္မတနှင့် ဘယ်လာရုစ်နိုင်ငံသမ္မတတို နှစ်နိုင်ငံအကျိုးအတွက် နားလည်မှုစာချွန်လွှာများလက်မှတ်ရေးထိုးမ...
28/11/2025

မြန်မာနိုင်ငံတော် ယာယီသမ္မတနှင့် ဘယ်လာရုစ်နိုင်ငံသမ္မတတို နှစ်နိုင်ငံအကျိုးအတွက် နားလည်မှုစာချွန်လွှာများလက်မှတ်ရေးထိုး

မြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဘယ်လာရုစ်နိုင်ငံသမ္မတ Η.Ε. Mr. Aleksandr LUKASHENKO တိုသည် ယနေ့ နိုဝင်ဘာ ၂၈ ရက်နံနက်ပိုင်းက သမ္မတအိမ်တော်ရှိ အစသံတမန်ဆောင် ဧည့်ခန်းမ၌ နှစ်နိုင်ငံအကျိုးတူပူးပေါင်းဆောင်ရွက်ရေး ကိစ္စများအတွက် တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

ဆွေးနွေးပွဲအပြီးတွင် ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဘယ်လာရုစ်နိုင်ငံသမ္မတ Η.Ε. Mr. Aleksandr LUKASHENKO တို ရှေ့မှောက်၌ နှစ်နိုင်ငံတာဝန်ရှိသူများက နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခြင်းနှင့် နားလည်မှုစာချွန်လွှာ လဲလှယ်ခြင်းများ ဆောင်ရွက်ခဲ့ကြပါတယ်။

နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးလဲလှယ်မှုများပြုလုပ်ပြီးချိန်၌ ကျင်းပသည့် သတင်းစာရှင်းလင်းပွဲသိုတက်ရောက်၍ နှစ်နိုင်ငံအတွက်အကျိုးဖြစ်ထွန်းစေမည့်ဆောင်ရွက်ချက်များကိုကြေညာပြီး မြန်မာနိုင်ငံတော် ယာယီသမ္မတနှင့် ဘယ်လာရုစ်နိုင်ငံသမ္မတတိုက မိန့်ခွန်းများပြောကြားခဲ့ကြပါတယ်။

crd photos

ပုဒ်မ ၅၀၅(က)နှင့် ထော-င်ဒ-ဏ်ကျခံနေရသူ (၃၀၈၅) ဦးကို ပြ-စ်ဒ-ဏ်လွတ် ငြိမ်းခွင့်ပေးပြီး တရားရင်ဆိုင်နေရဆဲ (၅၅၈၀) ဦးကို အမှုပ...
26/11/2025

ပုဒ်မ ၅၀၅(က)နှင့် ထော-င်ဒ-ဏ်ကျခံနေရသူ (၃၀၈၅) ဦးကို ပြ-စ်ဒ-ဏ်လွတ် ငြိမ်းခွင့်ပေးပြီး တရားရင်ဆိုင်နေရဆဲ (၅၅၈၀) ဦးကို အမှုပိတ်သိမ်း

နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က) အမှုဖွင့်ခံရပြီး ပြ-စ်ဒ-ဏ်ကျခံနေရသူ ၂၃၆၁ဦးကို ကျခံရန် ကျန်ရှိနေသည့် ပြ-စ်ဒ-ဏ်များအား လျှော့ပေါ့ကာလွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်ကြောင်း ယနေ့ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီက သတင်းထုတ်ပြန်ပါတယ်။

အလားတူ ပုဒ်မ ၅၀၅(က)ဖြင့် ပြစ်ဒဏ်ကျခံနေရသူ (၇၂၄) ဦးကိုလည်း "နောက်ထပ်ပြ-စ်မှု ထပ်မံကျူးလွန်ပါက ကျခံရန် ကျန်ရှိနေသည့် ပြ-စ်ဒ-ဏ်များအား ဆက်လက်ကျခံမည်"ဟူသည့် စည်းကမ်းချက်ဖြင့် ပြ-စ်ဒ-ဏ်များမှ လွတ်ငြိမ်းခွင့်ပြုခဲ့ကြောင်းသိရပါတယ်။

ထိုပြင် ပုဒ်မ ၅၀၅(က)ဖြင့် အမှုဖွင့် ခံထားရပြီး ထွက်ပြေးတိမ်းရှောင်နေသည့်အတွက် ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၅၁၂ ဖြင့် တရားစွဲဆိုခံရသူ ၅၅၈၀ဦး၏ အမှုများအား ပိတ်သိမ်းပြီး အမှုမှလွှတ်ရန်လည်း အမိန့်ထုတ်ပြန်ခဲ့ပါတယ်။

အဆိုပါ အမိန့်များအား မကြာမီကျင်းပမည့် ရွေးကောက်ပွဲတွင် မဲပေးခွင့်ရှိသူအားလုံး လွတ်လပ်မျှတစွာ မဲပေးနိုင်ရေးအတွက် ယခုကဲ့သိုထုတ်ပြန်ကြေညာခြင်းဖြစ်ကြောင်းလည်း အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီက သတင်းထုတ်ပြန်ထားပါတယ်။

crd photos

နယူးဒေလီမြို မြန်မာသံရုံး၌ ဒီဇင်ဘာ ၄ ရက်မှ ဒီဇင် ဘာ ၆ ရက်အထိ ကြိုတင်ဆန္ဒမဲပေးနိုင်အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံရုံး နယူ...
25/11/2025

နယူးဒေလီမြို မြန်မာသံရုံး၌ ဒီဇင်ဘာ ၄ ရက်မှ ဒီဇင် ဘာ ၆ ရက်အထိ ကြိုတင်ဆန္ဒမဲပေးနိုင်

အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံရုံး နယူးဒေလီမြို၌ လာမည့် ဒီဇင်ဘာ ၂၈ ရက််မှစတင်ကာ အပိုင်းလိုက်ကျင်းပမည့် လွတ်လပ်၍တရားမျှတသောပါတီစုံဒီမိုကရေစီမထွေထွေရွေးကောက်ပွဲအတွက် အိန္ဒိယနိုင်ငံတွင်ရောက်ရှိနေသော မြန်မာနိုင်ငံသားများ ကြိုတင်ဆန္ဒမဲပေးနိုင်သည့်ရက်ကိုအသိပေးထုတ်ပြန်ခဲ့ပါတယ်။

ကြိုတင်ဆန္ဒမဲပေးနိုင်ရန် မဲရုံများအား ဒီဇင်ဘာ ၄ ရက်မှ ဒီဇင်ဘာ ၆ ရက်အထိ မြန်မာသံရုံး နယူးဒေလီမြို၌ နေ့စဥ် နံနက် ၉ နာရီခွဲမှ ညနေ ၄ နာရီခွဲအထိ ဖွင့်လှစ်ပေးသွားမည်ဖြစ်ကာ ပုံစံ(၁၅)ပေးပိုထားသည့် ကြိုတင်ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ၏ အမည်စာရင်းကိုလည်း အချိန်မီထုတ်ပြန်ကြေညာပေးသွားမည်ဖြစ်ပါတယ်။

ထိုကြောင့် ကြိုတင်ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများအနေဖြင့် မဲပေးရန်လာရောက်ရာ၌ သက်တမ်းရှိ မြန်မာနိုင်ငံကူးလက်မှတ်(မူရင်း)နှင့် မှတ်ပုံတင်မူရင်း(သို)မိတ္တူတိုကို မဖြစ်မနေယူဆောင်လာရမည်ဟု အသိပေးခဲ့ပါတယ်။

crd photos

USDP ပါတီ၏ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမြင့်ကြိုင် ကျုံပျော်မြိုပြည်သူ့ဆေးရုံ၌ အထူးကုဆရာဝန်ကြီးများ၏ ကွင်းဆင...
25/11/2025

USDP ပါတီ၏ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမြင့်ကြိုင် ကျုံပျော်မြိုပြည်သူ့ဆေးရုံ၌ အထူးကုဆရာဝန်ကြီးများ၏ ကွင်းဆင်းကုသပေးနေမှုကိုကြည့်ရှုအားပေး

ကျန်းမာရေးဝန်ကြီးဌာန၊ ဧရာဝတီတိုင်း ကုသရေးဦးစီးဌာန၊ ပြည်သူ့ဆေးရုံကြီး ဟင်္သာတမြိုမှ အထူးကုဆရာဝန်ကြီးများမှ ဧရာဝတီတိုင်း၊ ကျုံပျော်မြိုရှိ ကျုံပျော်မြိုပြည်သူ့ဆေးရုံမှာ ဒေသခံများအား ကွင်းဆင်းဆေးကုသမှုအား ယနေ့ နိုဝင်ဘာ ၂၅ ရက်နံနက်ပိုင်းမှ စတင်ကာ ပြုလုပ်ခဲ့ကြကြောင်း သိရပါတယ်။

ထိုသို အထူးကုဆရာဝန်ကြီးများရဲ့ ကွင်းဆင်းဆေးကုသပေးနေမှုအား ဧရာဝတီတိုင်း၊မဲဆန္ဒနယ်အမှတ်(၁)ရဲ့ အမျိုးသားလွှတ်တော်အချိုးကျကိုယ်စားပြုစနစ် (PR)၏ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းဦးမြင့်ကြိုင်မှ ကြည့်ရှုအားပေးခဲ့ကြောင်း သိရပါတယ်။

ထိုနောက် လာရောက်ကုသမှုခံယူနေသူများနှင့် ဆေးရုံတက်ရောက်နေသူများကို အားပေးစကားပြောကြား၍ ဖြည့်စွက်အာဟာရများပေးအပ်ပြီး ကျုံပျော်မြိုပြည်သူ့ဆေးရုံအတွက် အလှူငွေများအား ဆေးရုံအုပ်ကြီးထံပေးအပ်လှူဒါန်းခဲ့ကြောင်း သိရှိရပါတယ်။


#ကျုံပျော် #ရေကြည်

ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ဖိတ်ကြားချက်အရ ဘယ်လာရုစ်သမ္မတ မြန်မာနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေးခရီး လာရေ...
25/11/2025

ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ဖိတ်ကြားချက်အရ ဘယ်လာရုစ်သမ္မတ မြန်မာနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေးခရီး လာရောက်မည်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ဖိတ်ကြားချက်အရ ဘယ်လာရုစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာ အလက်ဇန္ဒား လူကာရှန်ကိုဟာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသို့ မကြာမီကာလအတွင်း တရားဝင်ချစ်ကြည်ရေးခရီး လာရောက်မှာဖြစ်ပါတယ်။

ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ မစ္စတာ ဗလာဒီမာပူတင်ရဲ့ ဖိတ်ကြားချက်အရ ယခုနှစ် မတ်လ ၃ ရက်နေ့မှ ၆ ရက်နေ့အထိ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ နိုင်ငံတော်အဆင့် တရားဝင်ချစ်ကြည်ရေးခရီး သွားရောက်ခဲ့ပြီးနောက် ဘယ်လာရုစ်နိုင်ငံသမ္မတ မစ္စတာလူကာရှန်ကို၏ ဖိတ်ကြားချက်အရ နိုင်ငံတော်အဆင့်(Offical State Visit)အဖြစ် ဘယ်လာရုစ်သမ္မတနိုင်ငံ၊ မင့်စ်မြို့သို့ မတ်လ ၇ ရက်နေ့မှာသွားရောက်ခဲ့ပါတယ်။

ထို့အပြင် ယာယီသမ္မတဟာ ဘယ်လာရုစ်နိုင်ငံမှာ ကျင်းပခဲ့တဲ့ စတုတ္ထအကြိမ် ဥရောပ-အာရှ စီးပွားရေးဖိုရမ်(EEF 2025)သို့ ယခုနှစ် ဇွန်လ၂၇ရက်မှာ တက်ရောက်သည့်အချိန်မှာလည်း ဘယ်လာရုစ်သမ္မတနိုင်ငံ သမ္မတနှင့် ထပ်မံတွေ့ဆုံခဲ့ကြောင်းလည်းသိရပါတယ်။

crd photos

ที่อยู่

Taewarit Road
Chiang Mai

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Myanmar International Newsผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์