From Home to Hope Some days I’m strong, Some days I’m tired 🤍
This is motherhood, this is real life
Soft heart, messy days,
Endless love 🌙

ကလေးကို ကိုယ်ခန္ဓာထိခိုက်မှုမဖြစ်အောင်ကာကွယ်တာလိုပဲစိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုမရှိအောင် ကာကွယ်ပေးခြင်းက ပိုပြီး အရေးပါ ...
22/03/2026

ကလေးကို ကိုယ်ခန္ဓာထိခိုက်မှုမဖြစ်အောင်ကာကွယ်တာလိုပဲ

စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုမရှိအောင် ကာကွယ်ပေးခြင်းက ပိုပြီး အရေးပါ ပါတယ် 💛

အရေပြားပေါ်က အနာတွေက မြင်ရလွယ်ပြီး ကုသလို့ရပေမယ့်
စိတ်ထဲက အနာတွေကိုကျတော့ မမြင်ရဘဲ ကြာရှည်ထိခိုက်စေနိုင်ပါတယ်။

ဒီလိုနည်းလမ်းတွေသုံးပြီး သင့်ကလေးရဲ့ စိတ်ကိုလုံခြုံအောင်လုပ်ပေးနိုင်ပါတယ်—

👶 အမြဲတမ်း ချစ်ခြင်းကို ပြပါ

“ချစ်တယ်” ဆိုတာကို ပြောပါ၊ လက်ကလေရကိုင်ပေးပါ၊ အာရုံစိုက်ပေးပါ။
ကလေးတွေက ချစ်ခြင်းကို ခံစားရတဲ့အခါ စိတ်လုံခြုံမှုရှိလာပါတယ်။

🗣️ အော်ဟစ်မပြောပါနဲ့

စိတ်တိုလာတဲ့အခါ အော်ဟစ်မိတာ သာမန်ပါပဲ၊ ဒါပေမယ့် အကြိမ်ကြိမ်ဖြစ်လာရင် ကလေးမှာ ကြောက်ရွံ့မှု၊ မယုံကြည်မှု တွေဖြစ်လာနိုင်ပါတယ်။

🤍 နားထောင်ပေးပါ

ကလေးတွေက စကားမပြောနိုင်သေးတဲ့အရွယ်မှာတောင် သူတို့ရဲ့ ခံစားချက်တွေ ရှိပါတယ်။
အော်တာ၊ငိုတာ၊ဂျီကျတာ စတဲ့တုံ့ပြန်မှုတွေကို နားလည်နိုင်ဖို့ ကြိုးစားပါ။

🚫 နှိုင်းယှဉ်ခြင်း(လုံးဝ)မလုပ်ပါနဲ့

“အခြားကလေးတွေကဒီလိုမဟုတ်ဘူး” လို့ ပြောလိုက်ခြင်းက သူတို့ကို ကိုယ့်ကိုယ်ကို မလုံလောက်သလို ခံစားရစေပါတယ်။

🌱 အမှား တွေကိုပြင်ဆင်နိုင်ခွင့်ပေးပါ

အမှားလုပ်တာက သင်ယူမှုရဲ့ အစိတ်အပိုင်းပါ။ ဒေါသနဲ့ မပြောဘဲ ဖြည်းဖြည်းချင်းသင်ပြပေးပါ။

💡 မိဘရဲ့ စိတ်အခြေအနေက အရေးကြီးပါတယ်

မိဘကပင်ပန်းနေတဲ့အချိန်၊ စိတ်ဖိစီးမှုရှိတဲ့အချိန်တွေမှာ ကလေးတွေကို မတော်တဆစိတ်ဒဏ်ရာပေးမိနိုင်ပါတယ်။
သင့်ကိုယ်သင်လည်းဂရုစိုက်ပေးပါ။

ကလေးတစ်ယောက်အတွက် အရေးအကြီးဆုံးက
လုံခြုံမှုရှိတဲ့ စိတ်နှလုံးသားလေးတစ်ခု ရှိနိုင်ဖို့ပဲဖြစ်ပါတယ်။

ချစ်ခြင်း၊ နားလည်ခြင်း၊ သည်းခံခြင်း— ဒီသုံးခုက
ကလေးရဲ့ စိတ်ကို အကောင်းဆုံး ကာကွယ်ပေးနိုင်တဲ့ အရာတွေပါ ပဲ💕

26/02/2026

ကျောင်းစပြေးပါပြီ🤣
ထိုင်းကျောင်းဆိုတော့သူ့လိုလေပေါမနဲ့မကိုက်နေဘူးနေမှာ😆
သူကတစ်နေကုန်စကားပြောချင်နေတဲ့သူ
ဆရာမတွေသူငယ်ချင်းတွေကလဲထိုင်းလိုပဲပြောတတ်ကြတာဆိုတော့ သူ့ရဲ့ကျောင်းမသွားချင်တဲ့အကြောင်းပြချက်က သူငယ်ချင်းတွေရုပ်ဆိုးလို့တဲ့😆
မနေ့ကပြောတာကျတော့ဆရာမကသူ့ကိုကျအရုပ်နည်းနည်းပဲပေးတယ် သူငယ်ချငိးတွေကိုကျတော့အများ ကြီးပေးလို့တဲ့
ဘယ်ဟာကအမှန်လဲမသိတော့ပါဘူး😌

25/02/2026

အိပ်ဖို့အစပျိုးတာက၁နာရီ
ချော့သိပ်တာက၁နာရီ
အိပ်ဖို့ပြောနေရင်းအရစ်ရှည်နေလို့ရန်ဖြစ်တာ၁နာရီ
အားလုံးပေါင်းလိုက်တော့အိပ်ရာထချိန်ကညနေ၅နာရီကျော်၆နာရီမှ
ညကျတော့လဲတစ်ခါပြန်လုံးပန်းရပြန်ရော😅😭
တော်တော်ကိုသိပ်ရခက်တဲ့ကလေးပါ😭

24/02/2026

ပထမတစ်ရက်ကျောင်းတက်လာပြီးအပြန်…
ကျောင်းမသွားဘူးဆိုပြီးစသလိုနောက်သလိုနဲ့အတည်ပြောနေတာ😂

ချော့ပြော မြှောက်ပြောနဲ့ ဒုတိယနေ့လဲအောင်မြင်ခဲ့ပြီ😆

သူ့အတန်းထဲမှာသူတစ်ယောက်ပဲdiaperလွတ်သေးတယ်

ကလေးတွေခမျာသနားဖို့တောင်ကောင်းတယ်

တချို့မိဘတွေကအစိုးရအလုပ်နဲ့ဆိုတော့ ၃လထိပဲခွင့်ရတယ်

ကျောင်းမှာ ၃ လနဲ့လာပို့ထားတယ်ကွယ်

ဆရာမလေးတွေစိတ်ရှည်စိတ်ကောင်းကြလို့တော်သေး

မိဘတွေကိုCCTVပေးထားတာကိုလဲအရမ်းပဲသဘောကျတယ်

တစ်ရက်၃နာရီကျောင်းပို့တယ်
သူလဲကျောင်းတက် ကိုယ်လဲကျောင်းပေါက်ဝမှာလိုက်စောင့်😂😂😂

မွေးကာစကျတော့လဲ မပွေ့ထားမနေရ အရိုးအဆစ်တွေကြီးတာမြန်လို့နာနေမလား မိခင်အငွေ့သက်လေးမရလို့ဝမ်းနည်းနေရှာမလားစကားမပြောတတ်သေးလိ...
24/02/2026

မွေးကာစကျတော့လဲ မပွေ့ထားမနေရ အရိုးအဆစ်တွေကြီးတာမြန်လို့နာနေမလား
မိခင်အငွေ့သက်လေးမရလို့ဝမ်းနည်းနေရှာမလား
စကားမပြောတတ်သေးလို့သနားလို့မဆုံးဘူး

တစ်ခါစကားတွေတီတီတာတာပြောတတ်လာပြန်တော့လဲ ငါ့သမီးလေးကအချစ်ခံချင်ရှာတာ
မိခင်မေတ္တာအပြည့်အဝပေးနေပေမဲ့လဲ ဝတယ်လို့ကိုမထင်မိပြန်ဘူး
အမြဲပေးနေချင်တာကမိခင်မေတ္တာပါလားလို့အခုမှနားလည်လာတယ်

သားသမီးအတွက်ဆိုမမောနိုင်မပန်းနိုင်ဘူး
သားသမီးဇောနဲ့မလုပ်နိုင်ဘူးဆိုတာမရှိဘူး
Gymသွားရမှာပျင်းပေမဲ့ သားသမီးအတွက်ဆိုရင်ပေါင်၃၀လောက်ကိုတစ်နေကုန်ပွေ့ချီထားရလဲလေးရကောင်းမှန်းမသိတော့ဘူး
သားသမီးနဲ့ပက်သက်ရင်အနည်းငယ်အမှောင်ဖုံး😛

30/01/2026

ကလေးလဲသိပ်ရတော့မယ် ပြောကလဲအရမ်းပြောပေးချင်နေတယ် စာရေးဖို့ကလဲမမှီတော့ဘူးပေါ့နော် လောလောကြီးတွေဖြစ်နေလို့ investment visa နှစ်၂၀အကြောင်းပါ
ကိုယ့်အမြင်ပဲပြောပြတာနော် agentsတွေစိတ်ဆိုးကြမှာစိုးလို့
စီးပွါးရေးအကုန်လုံးကိုအဆင်ပြေစေချင်ပါတယ် ဒါပေမဲ့ကွန်ဒိုဆိုတာလဲလက်ညိုးထိုးမလွဲဖြစ်နေတာရယ်အိမ်ပိုင်ဆိုင်မှုကလဲထင်သလောက်ကြီးမခိုင်မာသေးတာရယ် ဥပဒေကလဲအမျိုးအမျိုးဖြစ်နေတာရယ်ကြောင့် စေတနာနဲ့သတိပေးတာပါရှင်

ကိုယ်ကစိတ်ရှည်နိုင်ဘူး၊ အမြဲအဆင့်သင့်ရှိနေပေးရတာမကြိုက်ဘူး၊တစ်ယောက်ထဲနေရတာလဲကြိုက်တယ်ဆိုရင် "မိခင်ဘဝက သင်နဲ့မကိုက်ညီပါဘူ...
30/01/2026

ကိုယ်ကစိတ်ရှည်နိုင်ဘူး၊ အမြဲအဆင့်သင့်ရှိနေပေးရတာမကြိုက်ဘူး၊တစ်ယောက်ထဲနေရတာလဲကြိုက်တယ်ဆိုရင်

"မိခင်ဘဝက သင်နဲ့မကိုက်ညီပါဘူး”

ကလေးမရှိသေးဘူးဆိုရင်အနည်းဆုံးတော့အလုပ်မရှိသ၍ကိုယ့်အိပ်ချိန်၊စားချိန်၊အားလပ်ချိန်ကိုယ်သာအပိုင်ပါ

ဒါပေမယ့်မိခင်ဖြစ်လာတဲ့အခါ
ကိုယ့်လိုအင်ဆန္ဒတွေကို အမြဲရှေ့တန်းတင်ထားလို့ မရတော့ပါဘူး။

မိခင်ဘဝဆိုတာစိတ်ရှည်ရမယ်။
နေ့တိုင်းကိုယ့်ကိုယ်ကို နောက်မှာထားရမယ်။
ကိုယ်ပင်ပန်းနေပေမယ့်ကလေးအတွက်ရှိနေပေးရမယ်။

ကလေးက ငိုရင်“ငါပင်ပန်းတယ်” ဆိုပြီးရှောင်နေလို့လဲမရပါဘူး
ကလေးကလိုအပ်ရင် စိတ်မပါဘဲနဲ့တောင် ရှိနေပေးရပါတယ်။

ဒါကြောင့်
စိတ်မရှည်နိုင်ဘူးဆိုရင်
ကိုယ့်အချိန်ကိုမပေးချင်ဘူးဆိုရင်
ကိုယ့်ကိုယ်ကိုအရင်ဆုံးရှေ့မှာထားချင်တယ်ဆိုရင်
ကိုယ့်ဘဝကိုယ်ပဲအကောင်းဆုံးနေနေပါ။

မိခင်ဖြစ်ဖို့ကိုတော့
လွယ်လွယ် မရွေးချယ်ပါနဲ့။

ဘာကြောင့်လဲဆိုတော့
မိခင်ဘဝဆိုတာ
ပျော်စရာလဲရှိပေမဲ့
“ပေးဆပ်ခြင်း” နဲ့ ပြည့်နေတဲ့ဘဝတစ်ခုပါ။

အချိန်ပေးရတယ်။
စိတ်ပေးရတယ်။
ခန္ဓာကိုယ်တောင်ပေးဆပ်ရတတ်တယ်။

မိခင်ဘဝကလူတိုင်းအတွက် မဟုတ်ပါဘူး။
ဒါကို သိပြီးမှ ရွေးချယ်နိုင်ရင်
ကလေးအတွက်လည်း ကောင်းသလို
မိခင်အတွက်လည်း ကောင်းပါတယ်။

သင်မုန်းခဲ့ဖူးတဲ့မိဘမျိုးသင်ကိုယ်တိုင်မဖြစ်ပါစေနဲ့။ကလေးဘဝတုန်းက“ဒီလိုမိဘမျိုးငါမဖြစ်ချင်ဘူး” လို့ကိုယ့်စိတ်ထဲမှာကတိပေးခဲ...
29/01/2026

သင်မုန်းခဲ့ဖူးတဲ့မိဘမျိုးသင်ကိုယ်တိုင်မဖြစ်ပါစေနဲ့။

ကလေးဘဝတုန်းက
“ဒီလိုမိဘမျိုးငါမဖြစ်ချင်ဘူး” လို့
ကိုယ့်စိတ်ထဲမှာကတိပေးခဲ့ဖူးကြမယ်ထင်ပါတယ်။

အော်တတ်တဲ့ မိဘ
နားမထောင်ပေးတဲ့ မိဘ
နားမလည်ပေးတဲ့ မိဘ
အမြဲအပြစ်တင်၊ ဖိအားပေးနေတဲ့ မိဘ…

ဒါပေမယ့် ကိုယ်တိုင်မိဘဖြစ်လာတဲ့အခါ
ပင်ပန်းမှု၊ စိတ်ဖိစီးမှု၊ ဘဝအခက်အခဲတွေကြား
ကိုယ်မုန်းခဲ့ဖူးတဲ့မိဘပုံစံကို
မသိမသာပြန်လုပ်မိနေတတ်ပါတယ်။

အဲ့ဒီလိုအချိန်မျိုးမှာကိုယ့်ကိုကိုယ်မေးကြည့်ပါ —

• ငါ့ကလေးကငါ့ကိုကြောက်နေတာလား၊ ယုံကြည်နေတာလား
• ငါ့စကားတွေကသူ့ဘဝကိုတည်ဆောက်နေတာလား၊ ဖျက်ဆီးနေတာလား
• ငါ့အပြုအမူက သူ့အနာဂတ်ကို အလင်းပေးနေလား၊ အမှောင်ဖုံးနေစေတာလား

မိဘဖြစ်တာနဲ့ပဲ
ကလေးကိုထိန်းချုပ်ဖို့မဟုတ်ပါဘူး —
လမ်းညွှန်ဖို့သာဖြစ်ပါတယ်။

ကလေးကိုကြောက်စရာမိဘမဖြစ်ပါနဲ့ —
လုံခြုံမှုခံစားရစေတဲ့မိဘဖြစ်ပေးပါ။

ကလေးကိုဖိအားပေးတဲ့မိဘမဖြစ်ပါနဲ့ —
အားပေးထောက်ခံတဲ့ မိဘဖြစ်ပေးပါ။

သင် မိဘဖြစ်လာတာက
ကိုယ့်ဒဏ်ရာတွေကိုကိုယ့်ကလေးဆီ လွှဲပို့ဖို့ မဟုတ်ပါဘူး —
ဒီမျိုးဆက်မှာပဲ အဲ့ဒီဒဏ်ရာတွေကို ရပ်တန့်ပစ်ဖို့ ဖြစ်ပါတယ်။

Break the cycle.
သင် မုန်းခဲ့ဖူးတဲ့ မိဘမျိုး မဖြစ်ပါစေနဲ့။
သင်လိုချင်ခဲ့ဖူးတဲ့ မိဘမျိုး ဖြစ်ပေးလိုက်ပါ။ ❤️

အိမ်မှာနေပြီးကလေးငယ်လေးကိုလူလားမြောက်အောင်စောင့်ရှောက်နေရတဲ့မိခင်တွေအတွက်— 💬လောကကြီးမှာကြိုးစားရင်ကိုယ်ဖြစ်ချင်တဲ့သူ ဘယ်...
29/01/2026

အိမ်မှာနေပြီးကလေးငယ်လေးကိုလူလားမြောက်အောင်စောင့်ရှောက်နေရတဲ့မိခင်တွေအတွက်— 💬

လောကကြီးမှာကြိုးစားရင်ကိုယ်ဖြစ်ချင်တဲ့သူ ဘယ်သူမဆို ဖြစ်လာနိုင်ပါတယ်။

အခုအိမ်မှာနေနေရတာဟာ
ကိုယ့်ရဲ့အိမ်မက်တွေကို အလုံးစုံ စွန့်လွှတ်လိုက်ရတာမဟုတ်သေးပါဘူး—
နောင်တစ်နေ့ အတွက်၊ကိုယ့်အနာဂတ်အတွက် အခြေခံအုတ်မြစ်ကိုဖြည်းဖြည်းချင်းတည်ဆောက်နေတာပါ။

မိခင်အဖြစ်တာဝန်ယူနေရင်း
ကိုယ့်အိမ်မက်တွေကို မေ့သွားလို့လဲမဖြစ်သေးပါဘူး။
အချိန်နည်းနည်းပဲရှိပါစေ —
တစ်နေ့ ၁၅ မိနစ်ပဲဖြစ်ဖြစ် ကိုယ့်ကိုကိုယ်တိုးတက်စေဖို့ စတင်ပါနော်🌱

ဒီလိုမျိုးသေးငယ်တဲ့အဆင့်တွေကနောင်တစ်နေ့ မှာ ကြီးမားတဲ့ အောင်မြင်မှုအဖြစ်သို့ပြောင်းလဲသွားနိုင်ပါတယ်။

ဥပမာ — J.K. Rowlingကိုပဲကြည့်ပါ။
သူမဟာ အလုပ်မရှိ၊ အိမ်ခြေမဲ့ဘဝ၊ ကလေးကို တစ်ယောက်တည်း စောင့်ရှောက်နေရတဲ့မိခင် single motherတစ်ဦးဖြစ်ခဲ့ပါတယ်။
ကဖေးဆိုင်လေးတွေမှာ ကလေးအိပ်ချိန်တိုင်း စာရေးပြီး စာမူတွေကို ထုတ်ဝေဖို့စာပေတိုက်တွေမှာ လိုက်ပြီးတင်သွင်းခဲ့ပေမဲ့ စာမူငြင်းပယ်ခံရတာ ၁၂ ကြိမ်ကျော် ရှိခဲ့ပါတယ်။
ဒါပေမယ့် သူမ မရပ်ခဲ့ပါဘူး။

အဲ့ဒီကြိုးစားမှုရဲ့ရလဒ်ဟာ ယနေ့ကမ္ဘာအကောင်းဆုံးစာအုပ်ထဲကတစ်အုပ်ဖြစ်တဲ့ Harry Potter ကိုဖန်တီးနိုင်ခဲ့သလို၊
ယနေ့ကမ္ဘာ့အောင်မြင်ဆုံး စာရေးဆရာမတွေထဲက တစ်ဦးလဲဖြစ်လာစေခဲ့ပါတယ် ✨

သင်လည်းအလားတူပါပဲ —
လူတိုင်းမှာကြိုးစားလို့ရတဲ့အခွင့်အရေးဟာတန်းတူရှိနေတာပါ။

နောက်တစ်ခုက မိခင်ဖြစ်တာနဲ့ပဲကိုယ့်ကိုကိုယ်ပျောက်ဆုံးသွားတာ မဟုတ်ပါဘူး —
ကိုယ့်တန်ဖိုးပိုမိုနက်ရှိုင်းသွားစေရုံသာဖြစ်ပါတယ်
လူသားလေးတစ်ယောက်ကိုပြုစုပျိုးထောင်ခွင့်ရထားတဲ့အတွက်ပါ❤️

သင်လုပ်နိုင်ပါတယ်။
သင်ဟာတန်ဖိုးရှိပါတယ်။
သင်အောင်မြင်နိုင်ပါတယ်။

သဘာဝနဲ့နီးနီးနေရတော့စိတ်ချမ်းသာတယ်လူလဲပိုကျန်းမာတယ်…ချင်းမိုင်မြို့ကမြန်မာပြည်ကလူတွေနဲ့ကိုက်တယ်…အရမ်းကြီးဖွံဖြိုးတိုးတက်...
29/01/2026

သဘာဝနဲ့နီးနီးနေရတော့စိတ်ချမ်းသာတယ်
လူလဲပိုကျန်းမာတယ်…

ချင်းမိုင်မြို့ကမြန်မာပြည်ကလူတွေနဲ့ကိုက်တယ်…

အရမ်းကြီးဖွံဖြိုးတိုးတက်နေတာတော့မဟုတ်ဘူး..

ဒါပေမဲ့လိုအပ်သမျှရနိုင်တယ်
ဆေးရုံဆေးခန်းအဆင်ပြေတယ်
သစ်ပင်တွေများတယ်
သဘာဝကိုထိန်းသိမ်းတယ်
အခုဆိုမြန်မာမနက်စာကိုအစုံစားလို့ရသေးတယ်…

မိခင်တစ်ယောက်ရဲ့ စိတ်ပင်ပန်းမှုကို ဘယ်သူမှ မမြင်ဘူးညတွေမှာကလေးအိပ်သွားပြီးမှကိုယ်တစ်ယောက်တည်း ထိုင်နေရတဲ့ အချိန်ရှိတယ်။က...
29/01/2026

မိခင်တစ်ယောက်ရဲ့ စိတ်ပင်ပန်းမှုကို ဘယ်သူမှ မမြင်ဘူး

ညတွေမှာ
ကလေးအိပ်သွားပြီးမှ
ကိုယ်တစ်ယောက်တည်း ထိုင်နေရတဲ့ အချိန်ရှိတယ်။
ကိုယ်ဘာကြောင့် ဒီလောက် ပင်ပန်းနေလဲဆိုတာ
ကိုယ်တိုင်တောင် မသိနိုင်တော့ဘူး။

တစ်နေ့လုံး
အိမ်အလုပ်တွေ လုပ်နေရတယ်။
ကလေးကို ချော့နေရတယ်။
မျက်နှာပေါ်အပြုံးမနည်းတင်နေရတယ်။
ဒါပေမယ့် စိတ်ထဲမှာတော့
တိတ်ဆိတ်စွာနဲ့ပဲတစစီကျိုးပဲ့နေတယ်။

မိခင်တစ်ယောက်ဖြစ်ရင်
ငိုစရာမရှိဘူးလို့ ထင်ကြတယ်။
မပင်ပန်းရဘူးလို့ ထင်ကြတယ်။
ကိုယ်ရွေးချယ်ခဲ့တာမို့
အရာအားလုံးကို ခံနိုင်ရမယ်လို့ ထင်ကြတယ်။

ဒါပေမယ့်
မိခင်လည်း လူပဲ။
ကြမ်းပြင်တွေ အိမ်ကပစ္စည်းတွေ သန့်ရှင်းသပ်ရပ်နေပေမယ့်
စိတ်ထဲမှာတော့ ရှုပ်ထွေးမှုနဲ့ပြည့်နေတတ်တယ်။

တစ်ခါတစ်လေ
အကူအညီတောင်းချင်တယ်။
နားချင်တယ်။
တစ်ယောက်ယောက်က
“မင်းအရမ်း ကြိုးစားနေတာကို မြင်တယ်”
လို့ ပြောပေးတာကြားချင်တယ်။

မိခင်တွေ စိတ်ပင်ပန်းနေတာက
ကိုယ့်ဘဝကိုယ်မကျေနပ်လို့လဲမဟုတ်ပါဘူး။
ချစ်လွန်းလို့
ကိုယ်ကိုယ်ကို မေ့မေ့သွားလို့ပါ။

ဒီစာကို ဖတ်နေတဲ့ မိခင်တစ်ယောက်ရှိရင်
မင်း ပြိုလဲတဲ့နေ့တွေ ရှိတာက မင်းအမှားမဟုတ်ဘူး။
ငိုချင်ရင် ငိုပါ။
နားချင်ရင် နားပါ။
မင်းရဲ့ စိတ်ကျန်းမာရေးက
မင်းကလေးလိုပဲ ထပ်တူအရေးကြီးပါတယ်။

မင်း တစ်ယောက်တည်း မဟုတ်ပါဘူး။
ဒီကမ္ဘာမှာ မိခင်တွေ အများကြီးက
တိတ်တိတ်လေးနဲ့ပဲ တူညီတဲ့ နာကျင်မှုကို ခံစားနေကြတာပါ🤍

ที่อยู่

Chiang Mai
50000

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ From Home to Hopeผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์