
29/10/2024
Miss Grand ရဲ့ Crown ပြန်အပ်လိုက်တဲ့အတွက် ထိုင်းလုပ်ငန်းရှင်တွေနဲ့ အလုပ်တွေစလုပ်ခွင့်ရနေပြီဖြစ်တဲ့ သဲစုငြိမ်း
Miss Grand Myanmar သဲစုငြိမ်းဟာ Miss Grand International 2nd Runner up ဆုရှင်ဖြစ်ခဲ့ပေမယ့် ဒီဆုကို လက်မခံဘဲ Crown ပြန်အပ်ခဲ့တာ ဖြစ်ပါတယ်. အခုလို Crown ပြန်အပ်ခဲ့တဲ့အတွက် MGI အဖွဲ့အစည်း နဲ့စာချုပ်ချုပ်ပြီး သူတို့စည်းမျဥ်းအတိုင်း လုပ်ရတာမျိုး လုပ်ငန်းရှင်တွေနဲ့ လက်တွဲလုပ်တဲ့အခါ အဖွဲ့အစည်းကို ရာခိုင်နှုန်းတခု ပြန်ပေးရတာ အစရှိတဲ့ ချုပ်ထိန်းမှု အခက်အခဲတွေမရှိတော့တာပဲ ဖြစ်ပါတယ်. အခုလည်း သူမနဲ့ သူမရဲ့ နေရှင်နယ်ဒါရိုက်တာ ထူးအံ့လွင် တို့ကို ဆက်သွယ်ချင်တဲ့ လုပ်ငန်းရှင်တွေ အများအပြားရှိနေပြီး ဆရာထူးကို ဆက်သွယ်မရလို့ အနီးစပ်ဆုံးဖြစ်တဲ့ သူမတို့ကို အားပေးကူညီနေသူ ကိုသက်ကို ဖုန်းဆက်လာတယ်လို့ သိရပါတယ်.
ကိုသက်က ''ထိုင်း:သူဌေးတွေဖုန်းဆက်တယ် ဆရာထူးကိုဖုန်းဆက်မရလို့အနီ:စပ်ဆုံး သဲသဲအနာ:မာရှိတာဦးသက်ပဲတဲ့ ကျနော်ကိုဖုန်းဆက်ခဲ့တယ် သဲသဲလေး ထိုင်း:မှာအလုပ်တွေရနေပြီနော် သဲသဲ fan တွေအတွက်သတင်းကောင်းပါ အခု၆လစာချုပ်ထပ်ချုပ်ပြန်ပြီး သဲသဲလေးအတွက် နောက်တစ်ချက်ကံကောင်းတာက ကျနော်ပါသဲသဲလေးနဲ့အလုပ်တူတူ 6လ လုပ်ရမယ်တဲ့ ထိုင်း:သူဌေးကပြောတယ်'' လို့ ပြန်လည်မျှဝေထားတာ ဖြစ်ပါတယ်.