03/02/2025
Slow mornings...💤
ခေါင်းမာတက်တဲ့အကျင့်ကလွဲရင် အမှားကို အမှန်ပြင်ပေးပြီး၊ ဖေးမ၊ ပွေးခေါ် ၊ အားပေး၊ နှစ်သိမ့်၊ ချီးကျူး ဆိုတဲ့ လေးစားရ၊ အားကျရပြီး၊ ယုံယုံကြည့်ကြည့်နဲ့ ရှေ့ဆောင် လမ်းပြပေးနိုင်တဲ့ သူမျိုးရဲ့ ဘေးမှာ တစိမ့်စိမ့် အံ့သြအတုယူနိုင်တဲ့သူမျိုးပါ။
မိန်းမ၊ ဆုံးဖြတ်ချက်တွေ များပြီး နည်းနည်းလေးကအစ အပွန်ပဲမခံနိုင်တဲ့ ကာလတစ်ခုကို ဆောက်တည်နေပြီး၊ ခံစားချက်တွေကို နေမြင်၊ ညပျောက် ဆိုသလို သူပြသလောက်ပဲ မြင်ရမယ့်သူမျိုးပါ၊ သူရဲ့ ပန်းတိုင်း ကို လွယ်လွယ်နဲ့ လျော့ချ၊ ပေါ့ချ ဖို့နေနေသာသာ အလျော့ပေး အရှုံးမခံတဲ့ သူပါ၊ အရာရာအားလုံးကို အရှုံးဆုံးမခံနိုင်တဲ့ လူတစ်ယောက်ဟာ ပျော်ရွင်ခြင်းကိုလဲ ရှိနေယုံကလွဲရင် ဖြစ်ချင်တာထက် ဖြစ်သင့်တာကို ဦးစားပေးတယ်ဆိုသလိုမျိုးပေါ့ ဖြစ်သင့် အရာကို ပြည့်ပြည့်ဝဝရှိချင်သူတွေပါ ဆက်၍လဲ သူတို့ရဲ့ အားသာချက်ကတော့ ချစ်ခြင်းမေတ္တာတရား ကြီးမားမှုပါ၊ သင့်ကောင်းလျှင်၊ ကျွန်ုပ် မဆိုးပါဆိုတာထက် အဆိုးတွေထဲမှာ အကောင်းကို ရှာဖွေနေသူတစ်မျိုးပဲ။ ဒါကြောင့်လဲ သူတို့ရဲ့ ရွေးချယ် မှုကို အသေးမွှားလေကအစ အထိခိုက်မခံနိုင်တာပါ စွန့်လွှတ်အနစ်နာခံခြင်း တစ်မျိုးကိုလဲ လ က်ဆွဲထားပြီး ကောင်းဖို့ဆို့ စတေးခံ လူတစ်မျိုးပါ။
ပြောရရင် လောကကြီးမှာ ရှိတဲ့ ပါဒမီရှင်ကြီးတွေလေ။ ယုံကြည်ချက်တစ်ခုအောက်မှာ ရဲရင့်ခြင်းတွေ
အပြည့်ဝ ထုတ်ပြ နိုင်တဲ့ စွမ်းအားရှင် တစ်ဦးပါ။
ဒါတွေ ကိုလဲ မြင်ရဖို့ဆိုရင် သူတို့ရဲ့ အသေးမွှားလေးကအစ ဂရုစိုက်ပြီး သူတို့ရဲ့ အရာရာမှာ ကိုယ့်က ဦဆောင်နိုင်သူ ဖြစ်နေဖို့လိုပါတယ်။
အမှား၊ အမှန်ကို သုံးသပ်နိုင်တဲ့ကာလတွေဆို သူတို့ရဲ့ စွမ်းရည်ကလဲ အံမခမ်း ပဲ အမှားကိုတောင် အမှန်ပြောင်းလဲနိုင်ချင်စိတ်ရှိတယ် ပြောင်းလဲပစ်တယ်။
ချစ်ခင်သူအပေါ်လဲ ရွေးချယ်ခွင့်ပေးတယ် အမှားတွေကြားမှာ အရှေ့က အမှန်ကို ထောက်ပြချင်သူ လမ်းကူချင်သူလေ အကောင်းဆုံးတွေမှာ ခံနိုင်ရည်မရှိရင်တောင်
စိတ္တဇ လူတစ်ယောက်လို ပြုံးနေနိုင်သူကြီးပေါ့။
သူတို့ရဲ့ နိဗ္ဗာန် ကတော့ အကောင်းကို အကောင်းတိုင်းဖြစ်ပြီး ထိခိုက်၊ နစ်နာခြင်း မရှိတဲ့ လောက
အလယ်၌မှာပါပဲ...
Slow Mornings.
_________________
Nage.⚡