31/08/2026
🔴ရုရှ လေကာ စနစ် တွေ အချိန်မှီ မကာကွယ် နိုင်ခဲ့တဲ့ ယူကရိန်းတပ်ဖွဲ့များမဟာ ဗျူဟာမြောက် စစ်ဆင်ရေးကြီး🇺🇦👊🇷🇺🔥🔥
~~၃၁-၈-၂၆~~~
ယူကရိန်း ကာကွယ်ရေးတပ်ဖွဲ့များသည် ဩဂုတ် ၃၀ ရက်နေ့ တွင်ရုရှအနောက်ပိုင်းဘဲလ်ဂိုရော့ဒ်မြို့ရှိ ဒေသတွင်း အပူနှင့် လျှပ်စစ်ဓာတ်အားပေါင်းစပ်ထုတ်လုပ်သည့် (CHP) စက်ရုံနှင့် ကုန်လှောင်ရုံတစ်ခု အပါအဝင် ပစ်မှတ်များကို ဒုံးကျည်များဖြင့် အစုလိုက်အပြုံလိုက် တိုက်ခိုက်ခဲ့ပါတယ်။
ညနေ ၄:၅၃ နာရီခန့်တွင် မြို့နှင့် ဒေသတွင်း၌ ဒုံးကျည်အန္တရာယ် သတိပေးဆိုင်းရ sirens များကို စတင်မြည်ဟီးသံများထွက်ပေါ်ခဲ့ပြီးမိနစ်ပိုင်းအတွင်းမှာပင် ဘဲလ်ဂိုရော့ဒ်မြို့၌ ပထမဆုံး ပေါက်ကွဲမှု သတင်းများ ထွက်ပေါ်လာခဲ့ပါတယ်။
မျက်မြင်သက်သေများ တင်ဆက်ထားသည့် ရုပ်သံမှတ်တမ်းများကို ဆန်းစစ်ချက်အရ ဒေသတွင်း လေကြောင်းရန်ကာကွယ်ရေး စနစ်များသည် တိုက်ခိုက်မှုကို အချိန်မီ တုံ့ပြန်နိုင်ခြင်း မရှိခဲ့ကြောင်း တွေ့ရပါတယ်။
အနည်းဆုံး စက်ရုံ/အဆောက်အအုံ ၅ ခု ထိမှန်ခဲ့သည် - ဘဲလ်ဂိုရော့ဒ် CHP ဓာတ်အားပေးစက်ရုံ၊ Ozon က အသုံးပြုနေသည့် Estate Logistics ကုန်လှောင်ရုံ၊ PEK သယ်ယူပို့ဆောင်ရေး ကုမ္ပဏီ၊ မြို့၏ စက်မှုဇုန်အတွင်းရှိ စက်ရုံတစ်ရုံနှင့် ရုပ်မြင်သံကြားတာဝါတိုင်များပါဝင်ပါတယ်။
Ozon ၏ ပစ္စည်းပို့ဆောင်ရေးဝန်ဆောင်မှုများ ထိုမြို့၌ ရပ်ဆိုင်းသွားကြောင်း သိရှိရပြီးဒေသခံများ၏ သတင်းပေးပို့ချက်များအရ ရုပ်မြင်သံကြား ထုတ်လွှင့်မှုများလည်း လိုင်းပြတ်တောက်မှုများ ဖြစ်ပေါ်ခဲ့ပါတယ်။
SLAVA UKRAINE 🇺🇦🇺🇦💙💛
https://militarnyi.com/en/news/ukrainian-forces-strike-targets-in-belgorod-h