Myanmar Migrant Voice - MMV

Myanmar Migrant Voice - MMV Myanmar Migrant Voice - MMV is a trusted source for Migrant Workers . We focus on bringing you the most important stories of Migrants .

မြန်မာနိုင်ငံသား ၁၆ ဦးကို ထိုင်းသို့ တရားမဝင် ဝင်ရောက်မှုဖြင့် ထိန်းသိမ်း July 19 / MMV - ရွှေ့ပြောင်းအသံထိုင်း-မြန်မာ န...
19/07/2025

မြန်မာနိုင်ငံသား ၁၆ ဦးကို ထိုင်းသို့ တရားမဝင် ဝင်ရောက်မှုဖြင့် ထိန်းသိမ်း

July 19 / MMV - ရွှေ့ပြောင်းအသံ

ထိုင်း-မြန်မာ နယ်စပ်တစ်လျှောက်တွင်ယနေ့ ဇူလိုင် ၁၉ ရက် နံနက် ၅ နာရီတွင် မြန်မာနိုင်ငံသား ၁၆ ဦးကို ထိုင်းသို့ တရားမဝင် ဝင်ရောက်မှုဖြင့် ရာဇမနူအထူးတပ်ဖွဲ့က ထိန်းသိမ်းခဲ့ကြောင်း ထိုင်းသတင်းအရသိရသည်။

တာ့ခ်ခရိုင် ဖော့ဖရာမြို့နယ် ချောင်ကပ်ဒေသ၊ မူ ၃ ရှိ ဘန်ခွန် ချောင်ကပ်လမ်း ၌ မီးခိုးရောင် တိုယိုတာပစ်ကပ်ကားတစ်စီးကို ဖမ်းဆီးခဲ့ပြီး ကားအတွင်း၌ ခရီးသွားလာရေး စာရွက်စာတမ်းများမရှိသည့်မြန်မာနိုင်ငံသား ၅ ဦးကို တွေ့ရှိခဲ့သည်။

တစ်ချိန်တည်းတွင် ဖော့ဖရာမြို့နယ် ဘန်ခွန်ချောင်ကပ်အမှိုက်ပုံအနီးတစ်ဝိုက်တွင် မြန်မာနိုင်ငံသား ၁၁ ဦးကို ထပ်မံတွေ့ရှိခဲ့ပြီး ၎င်းတို့တွင်လည်း ခရီးသွားလာရေး စာရွက်စာတမ်းများ မရှိကြောင်းသိရသည်။

၎င်းတို့အား “တရားမဝင် ဝင်ရောက်နေထိုင်သည့် နိုင်ငံခြားသားများဖြစ်ခြင်း” ဟူသော စွဲချက်ဖြင့် တရားစွဲဆိုခဲ့ကြောင်း ထိုင်းသတင်းအရသိရသည်။


#ရွှေ့ပြောင်းအသံ


#ထိုင်း
#မြန်မာ

Telegram https://t.me/mmgvoice

ကန်ချနဘူရီတွင် တရားမဝင် မြန်မာ ၄၈ ဦး ဖမ်းဆီးရမိ၊ ယာဉ်မောင်းများ ထွက်ပြေးလွတ်မြောက်July 18 / MMV - ရွှေ့ပြောင်းအသံပြီးခဲ့...
18/07/2025

ကန်ချနဘူရီတွင် တရားမဝင် မြန်မာ ၄၈ ဦး ဖမ်းဆီးရမိ၊ ယာဉ်မောင်းများ ထွက်ပြေးလွတ်မြောက်

July 18 / MMV - ရွှေ့ပြောင်းအသံ

ပြီးခဲ့သည့် (ဇူလိုင် ၁၇ ရက်) ညက ကန်ချနဘူရီပြည်နယ်၊ ထောင်းဖာဖုမ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးဆောင်သော ပူးပေါင်းအဖွဲ့သည် ရာဘာခြံတစ်ခုတွင် မြန်မာနိုင်ငံသား ၄၈ ဦးကို ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့စီးနင်းလာသည့် ကား ၃ စီးကို သိမ်းဆည်းခဲ့သည်။

ယာဉ်မောင်းများမှာ မှောင်ရိပ်ကို အခွင့်ကောင်းယူကာ ထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်း သိရသည်။

ထောင်းဖာဖုမ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးဆောင်သော ပူးပေါင်းအဖွဲ့သည် ချာလဲတမ်ဘွန်၊ ဘန်ကရင်ခရာဝေရွာရှိ ရာဘာခြံတစ်ခုတွင် မသင်္ကာဖွယ် Isuzu အမျိုးအစား ပစ်ကပ်ထရပ်ကား ၂ စီးနှင့် ၇-ယောက်စီးကား ၁ စီး၊ စုစုပေါင်း ၃ စီးကို တစ်တန်းတည်း ရပ်ထားသည်ကို တွေ့ရှိခဲ့ရသည်။

အရာရှိများက တရားမဝင်လုပ်သား မှောင်ခိုမှုဖြစ်မည်ဟု ယူဆကာ ဝိုင်းရံစစ်ဆေးခဲ့ရာ ကားသုံးစီးလုံးတွင် လူအများအပြား ပြည့်ကျပ်စွာ စီးနင်းလာသည်ကို တွေ့ရှိခဲ့ရသည်။

အရာရှိများက ဖမ်းဆီးရန် ကြိုးပမ်းချိန်တွင် ကားသုံးစီးလုံးမှ ယာဉ်မောင်းများက တံခါးဖွင့်ကာ တောထဲသို့ ထွက်ပြေးတိမ်းရှောင်သွားခဲ့သည်။ အရာရှိများက လိုက်လံဖမ်းဆီးခဲ့သော်လည်း ဖမ်းမမိခဲ့ပေ။

စစ်ဆေးမှုများအရ ယာဉ်သုံးစီးပေါ်တွင် မြန်မာလုပ်သား ၄၈ ဦး (အမျိုးသား ၃၈ ဦး၊ အမျိုးသမီး ၁၀ ဦး) ကို တွေ့ရှိခဲ့သည်။ ၎င်းတို့၏ ခရီးဆောင်အိတ်များကို ရှာဖွေရာတွင် အဝတ်အထည်နှင့် ကိုယ်ပိုင်ပစ္စည်းများမှလွဲ၍ တရားမဝင်ပစ္စည်း တစ်စုံတစ်ရာ မတွေ့ရှိခဲ့ကြောင်း သိရသည်။

စကားပြန်မှတစ်ဆင့် စစ်ဆေးမေးမြန်းရာတွင် ၎င်းတို့သည် စံခလာဘူရီခရိုင်ရှိ တောလမ်းကြောင်းမှတစ်ဆင့် ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်လာကြောင်း ထွက်ဆိုခဲ့သည်။

ထို့နောက် ၎င်းတို့က ထိုင်းနိုင်ငံအတွင်းပိုင်းရှိ အလုပ်နေရာများသို့ ဆက်လက်သွားရောက်ရန် စောင့်ဆိုင်းနေကြခြင်းဖြစ်သည်ဟု ဆိုသည်။

၎င်းတို့သည် ပွဲစားခ ဘတ် ၁၈,ဝဝဝ ပေးဆောင်ရမည်ဖြစ်သော်လည်း မပေးဆောင်ရသေးမီ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

အရာရှိများသည် ဖမ်းဆီးရမိသူ အားလုံးကို ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

Photo - MGR


#ရွှေ့ပြောင်းအသံ


#ထိုင်း
#မြန်မာ

Telegram https://t.me/mmgvoice

5 Earthquakes Strike Myanmar, Mandalay Suffers Most DamageMarch 28 / MMV The Department of Meteorology and Hydrology has...
28/03/2025

5 Earthquakes Strike Myanmar, Mandalay Suffers Most Damage

March 28 / MMV

The Department of Meteorology and Hydrology has reported that five earthquakes occurred near Mandalay, Myanmar, on March 28.

According to the Department of Meteorology and Hydrology, at 12:51:12 Myanmar Standard Time today, the Mandalay earthquake observatory recorded a very strong earthquake measuring 7.7 on the Richter scale, with its epicenter approximately 20 kilometers northeast of Mandalay and a depth of 10 kilometers.

As aftershocks, earthquakes measuring 7.5, 5.9, 4.7, and 4.9 on the Richter scale continued to occur between approximately 1:02 PM and 2:26 PM.

The very strong earthquake, measuring 7.7 on the Richter scale and the subsequent aftershocks caused some houses in Mandalay to collapse and suffer damage. The Mahamuni Pagoda's entrance arch, Mandalay University buildings, parts of the Mandalay Palace walls, and some buildings at the Masoeyein Dhammarakkhita Monastery were also damaged or collapsed.

A Mandalay resident said that they had to run downstairs from their building due to the prolonged shaking during the earthquake.

The old Sagaing Bridge also collapsed today due to the earthquake.

The earthquake also affected some major cities in Myanmar, as well as cities in Thailand along the earthquake fault line, including Bangkok, Chiang Mai, and Mae Sot.

In Bangkok's Chatuchak district, a building under construction collapsed, and the Thai government has reported that at least 43 Myanmar workers may be trapped inside.

- Myanmar 24

Photo: Damage caused by the earthquake in Mandalay. (Photo - CJ/FB)







ကရင်ပြည်နယ်တွင် ကော်သူးလေ အစိုးရစစ် စာမေးပွဲဖြေဆိုပြီးစီး မတ် ၂၂ / MMVကရင်ပြည်နယ် ဒူးပလာယာခရိုင်၊ တပ်မဟာ(၆)၊ ဝင်းရေးမြို...
22/03/2025

ကရင်ပြည်နယ်တွင် ကော်သူးလေ အစိုးရစစ် စာမေးပွဲဖြေဆိုပြီးစီး

မတ် ၂၂ / MMV

ကရင်ပြည်နယ် ဒူးပလာယာခရိုင်၊ တပ်မဟာ(၆)၊ ဝင်းရေးမြို့နယ်တွင် ကရင်ပညာရေးနှင့် ယဉ်ကျေးမှု ဌာန၏ ကော်သူးလေ အစိုးရစစ် စာမေးပွဲအား ဖြေဆိုပြီးစီးခဲ့ကြောင်း ကေအဲန်ယူ−ကရင်အမျိူးသားအစည်းအရုံး မှထုတ်ပြန်သည်။

ဒူးပလာယာခရိုင် နယ်မြေများတွင် စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုများရှိနေသော်လည်း စာမေးပွဲကို ၂ဝ၂၅ ခုနှစ် မတ်လ ၁၄ ရက်နေ့တွင်ဖြေဆိုပြီးစီး ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ကော်သူးလေ အစိုးရစစ် စာမေးပွဲအား Karen Education Culture Department (KECD) Grade - 6,9,12 စသည့် အတန်းပညာရေးကျောင်းသား ကျောင်းသူများမှ နှစ်စဉ်နှစ်တိုင်းဖြေဆိုရခြင်း ဖြစ်သည်။

ဓာတ်ပုံ - စာမေးပွဲ ဖြေဆိုသည့် ကျောင်းသူ ကျောင်းသားများ။



#ဒူးပလာယာ
#ကော်သူးလေ

ที่อยู่

Bangkok

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Myanmar Migrant Voice - MMVผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์

DVB Environment

ဒီမိုကရက်တစ်မြန်မာ့အသံ (DVB TV Channel) ရဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ

သတင်းတွေဖော်ပြမယ့်စာမျက်နှာပါ။

DVB page

https://www.facebook.com/DVBTVNews/