07/08/2026
စိတ်ထဲကအသံများနှင့် အင်ပါယာ၏ကံကြမ္မာ - အပိုင်း ၃၀
ခေတ်သစ်လူငယ်လေးတစ်ယောက်ဖြစ်တဲ့ Neal Hanson ဟာ မတော်တဆနဲ့ ရှေးခေတ်အင်ပါယာတစ်ခုထဲကို ကူးပြောင်းသွားပြီး မကြာခင်သေဆုံးရမယ့် နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ဟန်အိမ်တော်ရဲ့ အရိုက်အရာခံမင်းသားတစ်ယောက်ရဲ့ ကိုယ်ထဲကိုရောက်ရှိသွားပါတယ် ။ တကယ်တော့ သူရောက်သွားတဲ့ကမ္ဘာဟာ ယနေ့ခေတ်သစ်လူတွေကြည့်နေတဲ့ ရုပ်ရှင်ဇာတ်လမ်းထဲကို ရောက်သွားခဲ့တာပါ ။ သူ့အနေနဲ့ အသက်ရှင်နိုင်ဖို့ကြိုးစားရင်း အနာဂတ်ကိုခန့်မှန်းပေးတဲ့ "Stream Comments" တွေကို မြင်နိုင်တဲ့ ထူးခြားတဲ့စွမ်းရည်ကိုတစ်ခုလည်း ပါလာပါသေးတယ် ။
ဒါပေမဲ့ သူ့ရဲ့စိတ်ထဲမှာတွေးနေသမျှကို ဖုံးကွယ်ထားလို့မရဘဲ သူ့အတွေးထဲကစကားတွေကိုတော့ လူအချို့ကကြားနေရတာပါ ။ ဒီအတွေးထဲက စကားသံတွေကြောင့်ပဲ အင်ပါယာရဲ့ ဧကရီကို အမှန်တရားတွေသိရှိစေပြီး နန်းတွင်းအာဏာလုပွဲ ၊ သစ္စာဖောက်မှုတွေ နဲ့ အသက်အန္တရာယ်ပြည့်နေတဲ့ ပူးပေါင်းကြံစည်မှုကြီးကို တစ်စတစ်စ ဖော်ထုတ်နိုင်အောင် ကူညီပေးလာပါတော့တယ် ။
အစပိုင်းမှာတော့ သူ့ကို သံသယမကင်းခဲ့တဲ့ ဧကရီကလည်း Neal ရဲ့ ထူးခြားတဲ့စွမ်းရည်ကို သတိထားမိလာပြီး တဖြည်းဖြည်း ယုံကြည်အားထားလာသလို Neal ကလည်း မူလကံကြမ္မာကို ပြောင်းလဲပြီး အသက်ရှင်လွတ်မြောက်ဖို့ ကြိုးစားရင်း ဧကရီနဲ့ မမျှော်လင့်ထားတဲ့ ဆက်ဆံရေးတစ်ခု တည်ဆောက်လာနိုင်ခဲ့ပြီး အင်ပါယာရဲ့ အနာဂတ်ကိုပါ ပြန်လည်ရေးသားရမယ့် အခြေအနေကို ရင်ဆိုင်ရပါတော့တယ်