Hseing Leng

Hseing Leng Welcome

03/06/2025

လႆးသိူင်ႇသိမ်း ဢႅပ်ႉ(app) တႃႇမွတ်ႇၾႆး

16/03/2025

သရက်သီးချဉ်နဲ့ နေပူပူလေးနဲ့တော့ အံကိုက်ပဲ

08/03/2025

မိူဝ်ႈၼႆႉတႄႉ​​ၵေႃႈ ​​တေၵႂႃႇသူင်ႇ ၽၵ်းၶူဝ်ႈဝၢၼ်ႁဝ်း​​သေယဝ်ႉ ​​တေဢွၼ်ပီႈၼွင်ႉဢူၺ်း​​ၵေႃႉႁဝ်းၶဝ် ၵႂႃႇၵိၼ်တင်းၵိၼ်ဝၢၼ်ၶႃႈ🤪🤪🤩

02/03/2025

လႆႈၵိၼ်တူၺ်းပွၵ်ႈလဵဝ်ၵူၺ်း ထုၵ်ႇသူပ်းထုၵ်ႇပၢၵ်ႇၵမ်းလဵဝ် ဢၼ်ဝႃႈ 🤩🤩

28/02/2025

မိူဝ်ႈၼႆႉတႄႉ ၶႃႈႁဝ်းမီးပႃႈႁႅင်ႈၶူဝ်ႈ ၸဵမ်းၸွႆႈၸွႆႈဢွၼ်ႇ မႃးၾၢၵ်ႇပၼ်ပီႈၼွင်ႉႁဝ်းၶဝ်ၶႃႈ​​ဢေႃႈ

27/04/2024

ဒီလူက စပ်လှပါတယ်ဆိုတဲ့ ငရုတ်သီးတွေကို တစ်ထိုင်တည်းမှာပဲ ကီလိုပေါင်းများစွာ စားနိုင်ပါတယ် - ပြီးတော့ သူက စားရုံတင်မဟုတ်ပဲ ငရုတ်သီးတွေနဲ့ မျက်နှာကိုတောင် သစ်နိုင်တဲ့သူပါ

ဒါဆို သူက ဘာလို့အခုလိုမျိုးလုပ်နိုင်နေရလည်းဆိုတာကို video လေးထဲမှာ အတူကြည့်လိုက်ကြရအောင်နော်

စီးပွားရေး သမားတိုင်း ဖတ်သင့်တယ် ကြက်နဲ့နွား...!!!------------------------------------တခါက ရွာလေးတရွာမှာ ကပ်စေးနဲတဲ့ အဖိ...
19/02/2024

စီးပွားရေး သမားတိုင်း ဖတ်သင့်တယ် ကြက်နဲ့နွား...!!!
------------------------------------
တခါက ရွာလေးတရွာမှာ ကပ်စေးနဲတဲ့ အဖိုးကြီး အဖွားကြီး ၂ယောက် ရှိကြသတဲ့။

သားသမီးလည်းမရှိပဲ၂ယောက်တည်း နေကြရတယ်။

တနေ့တော့ အဖိုးကြီးက အသည်းအသန်ဖြစ်ပြီး သေခါနီး ကယောင်ကတမ်းနဲ့ အဖွားကြီးကို မှာသတဲ့။

" ငါ အရင်ကဘာကုသိုလ်ကောင်းမှုမှလည်း မလုပ်ခဲ့ဘူး မိန်းမရေ။ ငါသေရင် ဘဝကူးကောင်းအောင် အိမ်ကနွားလေးကို ရောင်းပြီး တဝက်ကို ငါ့အတွက် ရည်စူးပြီးလှူ။ တဝက်ကို နင်လုပ်ကိုင်စားသောက်ဖို့ ယူ" တဲ့ ။

အဖွားကြီးကလည်းမျက်ရည်စက်လက်နဲ့ ကတိပေးလိုက်မိတယ်။

အဖိုးကြီးသေပြီး၂ရက်လောက်နေတော့ အဖွားကြီး ကပ်စေးနဲစိတ်ပြန်ဝင်လာတယ်။

"ဒီနွားလေးပဲငှားစားနေရတာ၊ရောင်းပြီး တဝက်လှူလိုက်ရင် ငါ့နှယ်ဒုက္ခ။" ဆိုပြီး အကြံထုတ်နေရှာတယ်။ ကတိကိုလည်း မဖျက်ချင်ဘူး။ ဒါနဲ့ နောက်နေ့ အိမ်ရှေ့မှာ ကြက်နဲ့ နွား ပူးချည်ထားပြီး ဆိုင်းဘုတ်ရေးတယ်။

" နွားရောင်းမည်။ ၂၀၀၀ ကျပ်
ကြက်ရောင်းမည်။ ၂သိန်းကျပ်
မှတ်ချက်။ ။ ခွဲမရောင်းပါ" တဲ့
(စျေးပြောင်းပြန်ကြီးမို့)

လူတွေကလည်းအထူးအဆန်းဆိုပြီး လာကြည့်ကြတယ်။ အဲ့ဒီထဲကကြိုက်တဲ့သူတယောက် ဝယ်သွားတယ်လေ။ ရက်လည်ကျတော့ နွားရောင်းလို့ရငွေ ၂၀၀၀ ထဲက တဝက်ခွဲ ၁၀၀၀ ကိုဆန်ပြုတ်ချက်ပြီး ဘုန်းကြီးလှူလိုက်တယ်။ ကြက်ရောင်းတဲ့ ပိုက်ဆံ၂သိန်းနဲ့ နွားပေါက်တကောင်ပြန်ဝယ်လိုက်တယ်။
ကတိမပျက်ဘူး!!!!

ငယ်ငယ်ကတော့ ကာတွန်းထဲ ဖတ်မိလို့ ရယ်စရာအဖြစ်သာ ပေါ့ပေါ့ပါးပါး မှတ်ယူထားမိလိုက်ပါတယ်။ စီးပွားရေးလုပ်လာတော့ ဒါက တကယ့်ကို မဟာဗျူဟာကျတဲ့ အခင်းအကျင်းကြီးတစ်ခုလို့ ကွက်ကွက်ကွင်းကွင်း မြင်လာမိပါပြီ။

လူတွေကို စျေးရောင်းတဲ့အခါ လူ့စိတ် လူ့မနောကို အခြေခံကျကျ သိထားမှ အရောင်းသွက်တာ။

အဘွားကြီးလုပ်ပုံကိုကြည့်
၁။ ကတိမပ်က္ဘူး
၂။ အများစိတ်ဝင်စားတယ်
၃။ ဝယ်သူလည်း မနစ်နာ ဒီ၃ချက် ကိုက်ညီတယ်။

နွားတကောင် ၂သိန်းဆိုလည်း ပေါက်စျေးနဲ့ တန်တယ်ထင်ရင် ဝယ်မှာပါပဲ။ ဒါပေမယ့် ၁သိန်းပြန်လှူရမယ့်ကတိ မဖျက်ချင်။ ဒီတော့ ကြက်ကို ဂျမ်းတုံးခုလိုက်တာ။

ဆိုပါတော့

လမ်းဘေးမှာ ခေါက်ဆွဲကြော်တပွဲ ၁၅၀၀ဆို အတော်လက်ရာကောင်းကောင်းရယ်။
အဲကွန်းခန်းတွေ သပ်သပ်ရပ်ရပ် စားပွဲထိုးတွေ အခန်းအပြင်အဆင် ကြီးကြီးကျယ်ကျယ်တွေ ၃၅၀၀ဖိုး ထပ်ပေါင်းပြီး ၅၀၀၀ကျပ်နဲ့ ရောင်းတော့လည်း လမ်းဘေးဆိုင်ထက်တောင် ပိုစည်သေး။
ခေါက်ဆွဲကြော် ၄၀၀၀ Service Chg ၁၀၀၀ ခွဲမရောင်းပါ ဆိုတဲ့သဘော။ ဒါပေမယ့် တန်ဖိုးသတ်မှတ်ချက် ပြောင်းပြန်ဆိုတာ မသိရှာကြ။ ကောင်းကောင်းစားရတာ တန်ပါတယ်လေ။

ဆိုပါတော့

ဖုန်းတစ်လုံး ၁သိန်းခွဲ
ဂိုထောင်ထဲက ရောင်းမကုန်တဲ့ Power Bank, Stand, ကာဗာ, မှန်မကွဲ, နားကြပ်, ဆောင်းဘောက် ၁၅၀၀၀ဖိုးလောက် ထပ်ပေါင်းထည့်။ ၁၆၅၀၀၀နဲ့ရောင်း။
ဒါလည်း အဘွားကြီးနည်းပဲ။
ထပ်ကွန့်လိုက်သေး။ ယခင်စျေး ၂သိန်း။ ယခု ...% အထူးပရိုမိုးရှင်း ဒစ်စကောင့် ၁၆၅၀၀၀။ ပိုကြိုက်ပေါ့။

ဆိုပါတော့

ပစ္စည်းလေး ၁၀မျိုး ၁၅မျိုးလောက်ပဲရောင်းတဲ့ အွန်လိုင်းစတိုးက ၁သောင်းတန်ကို ၁၅၀၀၀ရောင်းတယ်။ ဘယ်ကမှာမှာ ပို့ခ Free ငွေကြိုလွှဲစရာမလို ဆိုတော့ကာ ပုံသေတွက်မရတဲ့ ပို့ခကို ပျမ်းမျှ ၅၀၀၀တွက်ပြီး ပိုပေါင်းထားတာ။ ပို့ခအများဆုံးကျမယ့် ကော့သောင်းက မှာမယ်။ စာတိုက်စနစ်နဲ့ပို့ရင် ပို့ခ ၃၅၀၀။ မရွေးလို့ ပြန်လာရင် Return Fee ၂ထောင်ကျော်။ ၅၀၀ရှုံးသေးတာ။ ဒါပေမယ့် နီးနီးနားနား ပို့ရရင် ကိုက်တယ်။ ကော့သောင်းလည်း ရွေးယူရင် ကိုက်သေးတယ်။
အတော်များများက ပစ္စည်း ၁၀၀၀၀+ ပို့ခ ၅၀၀၀ (ခွဲမရောင်းပါ/ ဆိုင်လာဝယ်လို့မရပါ) ဆိုတဲ့ သဘောတရားကိုမမြင်။ ကိုယ့်အရပ်ဒေသမှာ လိုက်ရှာဝယ်လို့ ဆီကုန် တာယာပါး ဖိနပ်ပေါက်မယ်။ ရှာတွေ့ချင်မှတွေ့မယ်။ ဆိုတဲ့အတွေးနဲ့ တန်တယ်ပေါ့။
ခက်တာက ပစ္စည်းဖိုးသပ်သပ် ပို့ခသပ်သပ် ခွဲရောင်းတဲ့ဆိုင်ကျတော့ ပို့ခ ၃၅၀၀ဆိုရင် အင်သွား နင်သွားတယ်။ အဘွားကြီးနည်းက အိုင်တီခေတ်ထိ သက်ဝင်နေတုန်းပါပဲ။ (ကျနော်တို့ဆိုင်ကတော့ အဘွားကြီးနည်းကို လုပ်ငန်းထဲ ထည့်မသုံးမိလို့ ကော့သောင်း၊ ကလေး၊ စစ်တွေ၊ တာချီလိတ်တို့က ကာစတန်မာတွေ မဝယ်ကြတော့တာများပါတယ်။ သို့သော် အခြားနမယ်တခုနဲ့ အဘွားကြီးနည်းကို သုံးထားတော့ အဲ့ဘက်ပြန်ရောက်လာကြပါတယ်။ စကားချပ် )

ဆိုပါတော့

သင်္ဘောကြီးတစ်စင်း ပင်လယ်ထဲမှာ ပျက်နေတာ ၃ရက်ကျော်ပြီ။ ပါလာတဲ့ အင်ဂျင်နီယာကြီးတွေ ဘယ်လိုပြင်ပြင် စက်မနိုး။ ငါးဖမ်းစက်လှေလေးတွေ့လို့ လှမ်းခေါ် အကူအညီတောင်းကြည့်တယ်။ ပေတိပေစုတ် အဖိုးကြီးတယောက် တက်လာပြီး အင်ဂျင်ကိုကြည့်တယ်။ ပြီးတော့ ဂွလေးနဲ့ ၂ချက် ၃ချက် ကျပ်လိုက်တယ်။ စက်နိုးသွားတယ်။ ကပ္ပတိန်က ပြင်ခ ဥာဏ်ပူဇော်ခ ဘယ်လောက်ပေးရမလဲ ဆိုတော့ 205$ တောင်းတယ်။ ဂွလေးကျပ်တာ အဲ့လောက်တန်လို့လား ဆိုတဲ့အထာနဲ့ ပြောတော့ ဂွကျပ်ခက 5$ ဘယ်နားကျပ်ရမယ်ဆိုတာ သိနိုင်တဲ့ပညာအတွက် 200$ တဲ့။ သိပ်ဘဝင်မကျချင်။ တကယ်ဆို မဆီမဆိုင် နော်ဇယ်တွေဖြုတ်ဆေး၊ ပလန်ချာလဲ၊ အင်ဂျင်ဝိုင်လဲ အားလုံးကျသင့်ငွေတွက်ပြီးမှ 203$ပဲယူ။ + Service Chg 2$ ဆိုရင် သိပ်သဘောကျသွားမှာ။ ဘယ်လိုပေးရပေးရ စက်ကောင်းသွားဖို့ အဓိကပဲ ဆိုပေမယ့် ဂွကျပ်တဲ့ ခေါင်းစဉ်နဲ့ 205$ ပေးရတော့ အထက်လူကြီးကို တင်ပြရင် ဘက်ဂျက်ချပေးပါ့မလား။

ဘာတဲ့

ကြောင်ဖြူတာ မည်းတာ အရေးမကြီးဘူး။
ကြွက်ခုတ်တတ်ဖို့ပဲလိုတယ် တဲ့။

ဒါပေမယ့်ဗျာ
ခုခေတ်က ကြွက်ခုတ်စေချင်လို့ မွေးကြတာမဟုတ်တော့ဘူး။ အလှမွေးကြတာဆိုတော့ အစာခွက်ထဲ ကြွက်လာလုစားရင်တောင် မုဒိတာပွားနိုင်တဲ့ ယိုးဒယားကြောင် ဖက်တီးကြီးတွေ ၃သိန်းကျော် တန်နေလေရဲ့

ရောက်တတ်ရာရာ ကျပန်းအတွေးမျှသာ

..

မြန်မာ🤝🤝🤝ထိုင်းကို အခုမှ တက်လာမည့်သူတွေကို ရည်ရွယ်ပါတယ်.....၁.. လေယဉ်နဲ့ပဲ လာလာ အောက်လမ်းကပဲ လာလာ ထိုင်းနိုင်ငံထဲ အလုပ်လ...
19/02/2024

မြန်မာ🤝🤝🤝

ထိုင်းကို အခုမှ တက်လာမည့်သူတွေကို ရည်ရွယ်ပါတယ်.....
၁.. လေယဉ်နဲ့ပဲ လာလာ အောက်လမ်းကပဲ လာလာ ထိုင်းနိုင်ငံထဲ အလုပ်လုပ်ဖို့နဲ့ ရေရှည် အတွက် စဉ်းစားထားရင် လူခံ အသိမိတ်ဆွေများ (ထိုင်းမှာအနေကြာပီးသားလူ) 50% လောက်ကို လိုပါတယ် သူက သင့်ကို အလုပ်ကိစ္စနဲ့ နေဖို့ စားဖို့ ထိုသူက အာမခံပေးရတာမို့ပါ။ ထမင်းနေ့တိုင်း စားရဖို့ ငွေလိုပါတယ်။ ရေက အစ ထိုင်းမှာ အလာကား ဘာတစ်ခုမှ မရပါ။ အလုပ် တစ်ခုရဖို့ ရွေးနေရင် အလုပ်က ရှာရတာ ခက်ခဲလွန်းပါတယ် မယုံရင် အသိ ပတ်ဝန်းကျင်ကို မေးကြည့်ပါ။

၂... မြန်မာပြည်မှာ ဘာဘွဲ့ ဘာဒီကရီတွေ ပဲ ရလာလာ Eနဲ့တခြား langua geတွေ မွှတ်နေအောင် တတ်လည်း ထိုင်းမှာ သူတို့မိခင်ဘာသာစကား အထိုက်လျောက် နားမလည်ရင် အောက်ခြေသိမ်း အလုပ်တောင် ရဖို့မလွယ်ပါ။ အလုပ်ကြမ်းလုပ်နိုင်ရမယ် အလုပ်မရွေးရင် ပိုက်ဆံရဖို့ သိပ်မခက်ပါဘူး

၃.... မြန်မာပြည်မှာ ဘာကြီးပဲ့ဖြစ်ဖြစ် ဘာရာထူးနေနေ ဒီရောက်လာရင် ရွှေ့ပြောင်းလုပ်သားပဲဆိုတာ သတိရဖို့လိုပါတယ်....ရောက်ဖူးသူတိုင်း သိကြမှာပါ။

၄.... passport ရှိယုံနဲ့ ဘာအလုပ်မှ လုပ် လို့ မရပါ
thai ဖက်က ထုတ်ပေးတဲ့ ပန်းရောင်ကဒ် အပြာစာအုပ် စမက်ကဒ် အစရှိတဲ့ workpermit တစ်ခုခု ကိုင်ဆောင်ထားဖို့လိုပါတယ်။

၅.... အပေါ်က ပြောပြတဲ့ workpermit လုပ်ရဖို့ ထိုင်းအစိုးရ ဖွင့်ပေးပြုလုပ်ပေးချိန်ကို စောင့်ရပါတယ် တစ်ခါတစ်လေ ၃ နှစ်လောက်ကြာမှ တစ်ခါ ပြန်လုပ်ပေးသလို တစ်ခါတလေ တစ်နှစ် အတွင်း ၂ ကြိမ်လောက် ပြန်လုပ်ပေးတာတွေရှိပါတယ်

၆.... workpermit လုပ်ပေးချိန် သတ်မှတ်ချိန်အတွင်း အမှီတင်ရပါတယ် သတ်မှတ်ချိန်ကျော်ရင် VIP တွေ VVIP တွေ ဘာမှကို ထပ် တင်လို့မရပါ..... (မှတ်ချက် စက်ရုံလုပ်သားတွေ နယ်ဝေးက လူတွေနဲ့ရောတင်ရင်တော့ မသိဘူးနော သူတို့က ချွင်းချက်ရပါတယ် )

၇ ဘန်ကောက်မှာ ထိုင်းလူမျိုး လူလိမ်ထက် မြန်မာပြည်သား လူလိမ်က ပိုများပါတယ် လူတိုင်းကို ဂရုစိုက် ဆက်ဆံနိုင်မှရပါမယ် အချင်းချင်း ပတ်လိမ်တာများတယ်

၈.. သေချာ ဆုံးဖြတ်ပီးမှသာ လာပါ ရောက်တာနဲ့ တန်းအဆင်ပြေမယ်လို့တော့ တွေးမထားနဲ့ ကိုယ်တွေ အထိုင်ကျဖို့ ပတ်လည်ဖို့ (စုဆောင်းဖို့မပါသေးဘူး) ပေတေတေ နေခဲ့ရတယ်.....
ထိုင်းဘတ်ငွေ တစ်ရာနဲ့ တစ်ပတ်လောက် မာမားနဲ့ ပေတေနေနိုင်တဲ့ အခြေနေမျိုးကို နေနိုင်မှသာ ထိုင်းလာကြပါလို့..... မဟုတ်ရင်..... စိတ်ကူးထားသလို လက်တွေ့နဲ့ တစ်ခြားစီ ဖြစ်တတ်ပါတယ်။ အားလုံး အဆင်ပြေကြပါစေ..
#မူရင်းပိုင်ရှင်အား credit ပေးပါတယ်

13/02/2024

ဒန်ဒန့်ဒန်း --

🤩ခရီးသွားချစ်မိတ်ဆွေများအားလုံးပဲ  မင်္ဂလာပါ🤩 ပြည်တွင်းခရီးစဉ်ဖြစ်ဖြစ် ပြည်ပခရီးစဉ်ဖြစ်ဖြစ် လေယာဉ်လက်မှတ်များ ဝယ်ယူလိုပါ...
25/12/2023

🤩ခရီးသွားချစ်မိတ်ဆွေများအားလုံးပဲ
မင်္ဂလာပါ🤩

ပြည်တွင်းခရီးစဉ်ဖြစ်ဖြစ်
ပြည်ပခရီးစဉ်ဖြစ်ဖြစ် လေယာဉ်လက်မှတ်များ
ဝယ်ယူလိုပါက ဆက်သွယ်ခဲ့လို့ရပါတယ်😍

ထိုင်းသို့အလည်ပါတ်သွားလို့သူများလည်း
ထိုင်း TR visa ကို ရန်ကုန်သို့ အချိန်ကုန်လူ
ပင်ပန်းခံပြီး visa သွားမလျှောက်ချင်ဘူးဆို
ရင်လည်း visa ဝန်ဆောင်မှုလေးလည်း ရှိပါတယ်ခမျာ 🥰

60 လၢၼ်ႉ ဢဝ်ယဝ်ႉ​​ႁေႉ 🤪😜
15/07/2023

60 လၢၼ်ႉ ဢဝ်ယဝ်ႉ​​ႁေႉ 🤪😜

Address


Telephone

+959894818472

Website

Alerts

Be the first to know and let us send you an email when Hseing Leng posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Hseing Leng:

Shortcuts

  • Address
  • Telephone
  • Alerts
  • Contact The Business
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share