Chiang Mai - Myanmar Community Network

Chiang Mai - Myanmar Community Network This page is for Myanmar people in Chiangmai to help each other. We will mainly answer any questions you may have and will share some information on this page.

You can post (or) ask any questions with our own (Burmese) language.

Thailand Scholarship (Year 2024)Ministry of Higher Education, Science, Research and Innovation of Thailand has offered T...
29/01/2024

Thailand Scholarship (Year 2024)

Ministry of Higher Education, Science, Research and Innovation of Thailand has offered Thailand Scholarship (Year 2024) for Myanmar nationals to pursue master’s or doctoral degrees at the Thai higher education institutions. The application deadline is 15 March 2024.

Details of the scholarship programmes can be found at https://mhesi.e-office.cloud/d/a79ca346

*************************

ထိုင်းပညာသင်ဆု (၂၀၂၄ ခုနှစ်)
ထိုင်းနိုင်ငံအဆင့်မြင့်ပညာရေး၊ သိပ္ပံ၊ သုတေသနနှင့် တီထွင်ဆန်းသစ်မှုဝန်ကြီးဌာနသည် ထိုင်းအဆင့်မြင့်ပညာရေးအဖွဲ့အစည်းများတွင် မဟာဘွဲ့ (သို့) ပါရဂူဘွဲ့များ သင်ယူရန် မြန်မာနိုင်ငံသားများအတွက် ထိုင်းပညာသင်ဆု (၂၀၂၄ ခုနှစ်) ကို ကမ်းလှမ်းထားသည်။ လျှောက်လွှာများကို ၁၅ ရက် မတ်လ ၂၀၂၄ ခုနှစ်အထိနောက်ဆုံးထားပေးပို့နိုင်ပါသည် ။

ပညာသင်ဆုအစီအစဉ်အသေးစိတ်ကို https://mhesi.e-office.cloud/d/a79ca346 တွင် ကြည့်ရှုနိုင်ပါသည်။

Source - Royal Thai Embassy, Yangon

Chiang Mai - Myanmar Community Network

ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသော မြန်မာနိုင်ငံသားများ ဝင်ငွေခွန် ၂% ထမ်းဆောင်ရန် အသိပေးခြင်း(၁၃-၁၂-၂၀၂၃)၁။ ပြည်ထောင...
17/12/2023

ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသော မြန်မာနိုင်ငံသားများ ဝင်ငွေခွန် ၂% ထမ်းဆောင်ရန် အသိပေးခြင်း
(၁၃-၁၂-၂၀၂၃)

၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနသည် ၂၂-၁၁-၂၀၂၃ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၇၉/၂၀၂၃ ဖြင့် “ပြည်ပနေမြန်မာနိုင်ငံသားများ၏ ပြည်ပတွင် ရရှိသည့် လစာဝင်ငွေအပေါ် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှစ၍ ဝင်ငွေခွန်ထမ်းဆောင်ရမည်ဖြစ်ကြောင်း” ထုတ်ပြန်ကြေညာခဲ့ပါသည်။
၂။ ထိုင်းနိုင်ငံ၌ အလုပ်လုပ်ကိုင်နေသော မြန်မာနိုင်ငံသားများတွင် စက်ရုံ/ အလုပ်ရုံ၊ စိုက်ပျိုး/ မွေးမြူရေး၊ ဆောက်လုပ်ရေး၊ ဝန်ဆောင်မှုလုပ်ငန်း၊ အထွေထွေလုပ်သားစသည့် Blue Collar များ၏ လစဉ်ဝင်ငွေကို ၇၅၀၀ ဘတ်နှုန်းသတ်မှတ်ပြီး ဝင်ငွေခွန် ၂% အရ ၁၅၀ ဘတ် လစဉ်ပေးသွင်းရမည်ဖြစ်ပါသည်။ လစဉ်အခွန် ၂%၊ ၁၅၀ ဘတ် ပေးသွင်းခြင်းဖြင့် လစဉ် ၇၅၀၀ ဘတ်နှင့် ညီမျှသော မြန်မာ ကျပ်ငွေကို ငွေဖြူအဖြစ် ခံစားခွင့်ရရှိကာ မြန်မာနိုင်ငံသို့ ပြန်ရောက်ချိန် အိမ်၊ ခြံ၊ မြေ၊ တိုက်ခန်း၊ မော်တော်ယာဉ် စသည်တို့ကို ဝယ်ယူရာတွင် စုဆောင်းထားသော ငွေဖြူစာရင်းအပေါ် တွက်ချက်၍ ဝင်ငွေခွန်လျော့ပေါ့ပေးခြင်းကို ခံစားခွင့်ရရှိမည်ဖြစ်ပါသည်။
၃။ ထို့အပြင် ထိုင်းနိုင်ငံ၏ ကုမ္ပဏီများ (ရေကြောင်းကုမ္ပဏီအပါအဝင်)၊ ဆေးရုံများ၊ တက္ကသိုလ်/ ကောလိပ်များ၊ ဆောက်လုပ်ရေးအင်ဂျင်နီယာများ၊ စက်ရုံ/ အလုပ်ရုံအင်ဂျင်နီယာများ စသည့် White Collar များ၏ ဝင်ငွေခွန်ကို ကောက်ခံရာတွင် လစာဝင်ငွေအပေါ် ၂% အခွန်တွက်ချက်ထားသော်လည်း ထိုင်းနိုင်ငံတွင် အခွန်ဆောင်ထားခြင်းရှိပါက ၂% အခွန်တွက်ချက်ရငွေမှ နုတ်၍ ကျန်ငွေကိုသာ ပေးသွင်းရမည်ဖြစ်ပါသည်။ ဉပမာ - လစာ ၈၀၀၀၀ ဘတ်၊ ထောက်ပံ့စရိတ် ၁၀၀၀၀ ဘတ်၊ စုစုပေါင်း ၉၀၀၀၀ ဘတ် ရရှိသူသည် အခွန် ၂% အရ လစဉ် ၁၈၀၀ ဘတ်ပေးဆောင်ရမည်ဖြစ်သော်လည်း ထိုင်းနိုင်ငံသို့ အခွန် ၉၇၈ ဘတ် ပေးဆောင်ထားရသဖြင့် မြန်မာနိုင်ငံသို့ လစဉ် ၈၂၂ ဘတ်သာ ပေးဆောင်ရမည်ဖြစ်ပါသည်။ ငွေဖြူခံစားခွင့်အနေဖြင့် ၄၁၁၀၀ ဘတ်နှင့် ညီမျှသော မြန်မာကျပ်ငွေကိုသာ ခံစားနိုင်မည်ဖြစ်ပါသည်။ (White Collar အခွန်ထမ်းများသည် မြန်မာသံရုံးသို့ အခွန်လာရောက် ထမ်းဆောင်ချိန်တွင် သက်ဆိုင်ရာကုမ္ပဏီ/ ဌာန၏ Pay Slip၊ သို့မဟုတ် Salary Certificate နှင့် Tax Slip များကို ယူဆောင်လာရမည်ဖြစ်ပါသည်။)
၄။ အခွန်ထမ်းဆောင်သူများအား အောက်တွင် ဖော်ပြထားသော QR Code အမှတ်အသားပါရှိသည့် “အခွန်ပေးသွင်းမှုအထောက်အထားလက်မှတ်”ကို ပြန်လည်ပေးအပ်မည်ဖြစ်ပြီး ပျောက်ဆုံး/ ပျက်စီးခြင်း မရှိစေရေး ကာယကံရှင်မှ ထိန်းသိမ်းထားရန် လိုအပ်ပါသည်။ မြန်မာနိုင်ငံသို့ ရောက်ရှိချိန် မိမိရရှိထားသော ငွေဖြူအား ဝင်ငွေခွန်အတွက် အသုံးပြုလိုပါက ဤ “အခွန်ပေးသွင်းမှု အထောက်အထားလက်မှတ်”များကို ပြသရမည်ဖြစ်ပါသည်။
၅။ စက်ရုံ/ အလုပ်ရုံ၊ ဆောက်လုပ်ရေးလုပ်ငန်းခွင်များမှ လုပ်သားများအတွက် ဖြည့်စွက် ဆောင်ရွက်ရမည့်ပုံစံကို အောက်တွင်ဖော်ပြထားပါသည်။ စက်ရုံ၏ တာဝန်ရှိသူများမှ လုပ်သားတစ်ဦးချင်းစီအတွက် ဤပုံစံတွင် ဖြည့်စွက်ပြီး အားလုံးအတွက်ငွေကို ဖော်ပြပါ ဘဏ်အကောင့်တွင် စုစည်းပေးသွင်းသည့် လက်ခံပြေစာနှင့်အတူ မြန်မာသံရုံးသို့ စာရင်းတင်နိုင်ပါသည်။ တစ်ဦးလျှင် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလမှ ဒီဇင်ဘာလအထိ တစ်လလျှင် ၁၅၀ ဘတ်နှုန်းဖြင့် ၃ လစာ၊ ၄၅၀ ဘတ် အခွန်ပေးသွင်းရမည်ဖြစ်ပြီး နောက်ပိုင်းကာလများ၌ လစဉ်၊ သို့မဟုတ် ၃ လတစ်ကြိမ်၊ သို့မဟုတ် ၆ လ တစ်ကြိမ်၊ သို့မဟုတ် ၉ လတစ်ကြိမ် ပေးသွင်းနိုင်ပါသည်။
၆။ မြန်မာသံရုံး (ဗန်ကောက်)တွင် ၁၂-၁၂-၂၀၂၃ ရက်နေ့မှစ၍ တပ်ဆင်ထားသောစက်များကို စမ်းသပ်ဆဲကာလဖြစ်သောကြောင့် နေ့စဉ်နိုင်ငံကူးလက်မှတ်လာရောက်လုပ်ကိုင်သူများကိုသာ ဦးစားပေးဆောင်ရွက်လျက်ရှိပါသည်။ ယခင်ကာလများ၌ နိုင်ငံကူးလက်မှတ်အသစ် ပြုလုပ်ထားသူ များအနေဖြင့် ၁-၁-၂၀၂၄ ရက်နေ့မှစ၍ မြန်မာသံရုံး (ဗန်ကောက်)သို့ လာရောက်ပြုလုပ်နိုင်ပါကြောင်း အသိပေးအပ်ပါသည်။

Source - Myanmar Embassy Bangkok


မကြာခင် ထိုင်းနိုင်ငံမှာရှိတဲ့ မြန်မာတွေအတွက်လည်း လာတော့မယ်ထင်ပါရဲ့
15/12/2023

မကြာခင် ထိုင်းနိုင်ငံမှာရှိတဲ့ မြန်မာတွေအတွက်လည်း လာတော့မယ်ထင်ပါရဲ့

မြန်မာနိုင်ငံမှ (၁၄)ရက် visa နှင့်သော်လည်းကောင်း၊ (၂)လ visa နှင့်သော်လည်းကောင်း လာရောက်ကြသူများသည် ယခုအခါ Visa ပြောင်းကိ...
02/12/2023

မြန်မာနိုင်ငံမှ (၁၄)ရက် visa နှင့်သော်လည်းကောင်း၊ (၂)လ visa နှင့်သော်လည်းကောင်း လာရောက်ကြသူများသည် ယခုအခါ Visa ပြောင်းကိစ္စရပ်များနှင့်ပက်သတ်ပြီး အချို့သော Agent များ၏ လိမ်လည်ခံရမှုများ တော်တော်များများရှိလာသည်ကို တွေ့ရပါသည်။
သို့ပါ၍ အထူးသတိထားကြပါရန် အသိပေးအပ်ပါသည်။


#

📍Announcement: List of Approved Visa Processing Service Companies dated 27 July 2023ထိုင်းတော်ဝင်သံရုံး (မြန်မာပြည်) တွင...
29/07/2023

📍Announcement: List of Approved Visa Processing Service Companies dated 27 July 2023
ထိုင်းတော်ဝင်သံရုံး (မြန်မာပြည်) တွင် Visa လျှောက်လွှာတင်သွင်းရာ၌ ပုံတွင်ဖော်ပြထားသည့် (သံရုံးမှ တရားဝင်အသိအမှတ်ပြုထားသည့်) Visa agent များမှတဆင့်လည်း ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း



Source - Royal Thai Embassy (Yangon, Myanmar)

နိုင်ငံတကာ လေကြောင်းခရီးစဉ်များ၊ ရေကြောင်းခရီးစဉ်များဖြင့် မြန်မာနိုင်ငံသို့ ဝင်ရောက်မည့် ခရီးသွားများအတွက် ပြည်သူ့ကျန်း...
05/07/2023

နိုင်ငံတကာ လေကြောင်းခရီးစဉ်များ၊ ရေကြောင်းခရီးစဉ်များဖြင့် မြန်မာနိုင်ငံသို့ ဝင်ရောက်မည့် ခရီးသွားများအတွက် ပြည်သူ့ကျန်းမာရေးဆိုင်ရာ သတ်မှတ်ချက်များ

Public Health Requirements for Travelers entering Myanmar through International Airports and Seaports

(1 July 2023, Nay Pyi Taw)
Source - Myanmar Consulate Chiang Mai

Chiang Mai - Myanmar Community Network

For your Information (FYI)
22/06/2023

For your Information (FYI)

Updated News from Myanmar Consulate Chiang Mai
21/04/2023

Updated News from Myanmar Consulate Chiang Mai


Updated News from Myanmar Consulate ChiangMai Office
05/01/2023

Updated News from Myanmar Consulate ChiangMai Office


ရက်ချိန်းတိုကင်များ ပြည်လည်ထုတ်ပေးမည် (၂၉-၁၂-၂၀၂၂ ရက်၊ ဗန်ကောက်)၁။ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး၌ ၇-၁-၂၀၂၃ ရက် (စနေန...
03/01/2023

ရက်ချိန်းတိုကင်များ ပြည်လည်ထုတ်ပေးမည်
(၂၉-၁၂-၂၀၂၂ ရက်၊ ဗန်ကောက်)

၁။ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး၌ ၇-၁-၂၀၂၃ ရက် (စနေနေ့)မှစတင်၍ အပတ်စဉ် စနေနေ့များတွင် ရက်ချိန်းတိုကင်များကို ကိုယ်တိုင်လာရောက် ထုတ်ယူသည့်စနစ်ဖြင့် သံရုံး၌ နံနက် ၀၉၀၀ နာရီ မှ ၁၂ ၀၀နာရီအထိ ထုတ်ပေးသွားမည်ဖြစ်ကြောင်း ၁၆-၁၂-၂၀၂၂ ရက်တွင် သံရုံး၏ Facebook စာမျက်နှာ ၌ ဖော်ပြခဲ့ပြီးဖြစ်ပါသည်။

၂။ သံရုံး၌ ရက်ချိန်းတိုကင်များထုတ်ပေးရာ၌ ၂၀၂၂ ခုနှစ်အတွင်း သက်တမ်းကုန်ဆုံးသွားသည့် နိုင်ငံကူးလက်မှတ်များကိုသာ ထုတ်ပေးသွားမည်ဖြစ်ပါကြောင်း သိရှိနိုင်ပါရန် ထပ်လောင်းဖော်ပြ အပ်ပါသည်။

၃။ ထိုသို့ထုတ်ပေးရာ၌ ကိုယ်စားလှယ်များစေလွှတ်ခြင်း၊ နိုင်ငံကူးလက်မှတ် သက်တမ်းကျန်ရှိသူများကို ရက်ချိန်းတိုကင်များ လုံးဝ(လုံးဝ) ထုတ်ပေးမည်မဟုတ်ပါကြောင်း အသိပေးအပ်ပါသည်။

၄။ သံရုံးအနေဖြင့် ၂၀၂၂ ခုနှစ်အတွင်း သက်တမ်းကုန်သူများကို ပထမဉီးစားပေး ဆောင်ရွက်ပေးလျက်ရှိပြီး ထိုသို့ဆောင်ရွက်ပြီးစီးပါက နှစ်အလိုက် လအလိုက် သက်တမ်းကုန်သူများကို အစဉ်အလိုက် ဆက်လက် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဖော်ပြအပ်ပါသည်။

(ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအားလုံး ကျန်းမာချမ်းသာကြပါစေ၊ လုပ်ငန်းများ အဆင်ပြေကြပါစေ။)




ချင်းမိုင်ကောင်စစ်ဝန်ရုံးမှ ကြေညာချက်
28/12/2022

ချင်းမိုင်ကောင်စစ်ဝန်ရုံးမှ ကြေညာချက်

Myanmar Embassy-Bangkok မှ ကြေညာချက်ရက်ချိန်းတိုကင် လူကိုယ်တိုင် လာရောက်ထုတ်ယူစနစ် ပြန်ဖွင့်မည်ဖြစ်ကြောင်း အသိပေးခြင်း(၁...
16/12/2022

Myanmar Embassy-Bangkok မှ ကြေညာချက်

ရက်ချိန်းတိုကင် လူကိုယ်တိုင် လာရောက်ထုတ်ယူစနစ် ပြန်ဖွင့်မည်ဖြစ်ကြောင်း အသိပေးခြင်း
(၁၆-၁၂-၂၀၂၂)
၁။ ၂၀၂၂ ခုနှစ် သက်တမ်းကုန်နေသော PJ နိုင်ငံကူးလက်မှတ်ကိုင်ဆောင်သူများအနေဖြင့် ၇-၁-၂၀၂၃ ရက်နေ့ (စနေနေ့) တွင် ရက်ချိန်းတိုကင်များကို ပြန်လည်ပေးအပ်မည်ဖြစ်ပါသည်။ ယခင်ရရှိထားသူများကိုလည်း ဆက်လက်ပြုလုပ်ပေးသွားမည်ဖြစ်ပါသည်။ OWIC ကဒ်ပါ တစ်ပါတည်း ပြုလုပ်ပေးမည်ဖြစ်ပါသည်။
၂။ သံရုံးအသစ်နေရာ၌ ရက်သတ္တတစ်ပတ်လျှင် စနေနေ့ တစ်ရက်သာ နံနက် ၉ နာရီမှ ၁၂ နာရီအထိ ထုတ်ပေးမည်ဖြစ်ပါသည်။
၃။ တိုကင်ရက်ချိန်းအား နိုင်ငံကူးလက်မှတ်စာအုပ်အဟောင်းတွင် တံဆိပ်တုံးရိုက်၍ အမှတ်အသားပြုလုပ်ပေးမည်ဖြစ်သဖြင့် ကိုယ်တိုင်လာရောက်သူသာ ထုတ်ပေးမည်ဖြစ်ပါသည်။ ကိုယ်စားလှယ်များဖြင့် စေလွှတ်ပါက လုံးဝ (လုံးဝ) ထုတ်ပေးခြင်းမပြုပါကြောင်း အသိပေးအပ်ပါသည်။


ที่อยู่

Chiang Mai
50130

เบอร์โทรศัพท์

+66644935252

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Chiang Mai - Myanmar Community Networkผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง Chiang Mai - Myanmar Community Network:

แชร์