Hsan Loi Voice

Hsan Loi Voice ရိုးမအသံ Hsan Loi Voice was established by a very tiny group of Shan State Youth Journalists in October 2021. This is amid of 3rd Burmese military coup.

We aim to promote freedom of speech, democracy and unity in diversity. 1947 Panlong agreements are one of our ancestors’ legacy.

* Value ethics and moral
* Reliable
* A space for Youths
* Unity in diversity
* Documentation
* Connection

Belief
* Freedom of speech to encourage democracy

(Hsan Loi Voice Facebook စာမျက်နှာမှာ တင်ပြပေးနေတဲ့ သတင်းတွေ၊ သတင်းဓာတ်ပုံတွေမှာ ကိုယ့်ရဲ့သဘောထားမှတ်ချက

်တွေ ရေးသားပေးနိုင်ပါတယ်။ အဲဒီလိုရေးသားတဲ့အခါ သတ်မှတ်ထားတဲ့ စည်းကမ်းချက်တွေကို လိုက်နာဖို့ အသိပေးအပ်ပါတယ်။
ရုန့်ရင်းကြမ်းတမ်းတဲ့ စကားအသုံးအနှုန်းမျိုး၊ ဒီစာမျက်နှာကို အလွဲသုံးစားလုပ်မှုမျိုးနဲ့ အများပြည်သူနဲ့မသင့်တော်တဲ့ ရေးသားဖော်ပြချက်မျိုး တွေကို မလုပ်ဖို့ မေတ္တာရပ်ခံပါတယ်။
အဲဒီလိုလိုက်နာခြင်းမရှိတဲ့ ရေးသားဖော်ပြချက် တွေကို Hsan Loi Voice က ဒီစာမျက်နှာကနေဖယ်ရှားမှာဖြစ်ပါတယ်။)

မိုးကုတ်မြို့အရှေ့ပိုင်းကို စစ်ကောင်စီ လေကြောင်းဖြင့် ဗုံးကြဲ နေအိမ် (၅) လုံးပျက်စီး  ၊ အမျိုးသမီး (၁)ဦးဒဏ်ရာရ16 sept 2...
16/09/2025

မိုးကုတ်မြို့အရှေ့ပိုင်းကို စစ်ကောင်စီ လေကြောင်းဖြင့် ဗုံးကြဲ နေအိမ် (၅) လုံးပျက်စီး ၊ အမျိုးသမီး (၁)ဦးဒဏ်ရာရ

16 sept 2025

TNLA ထိန်းချုပ်ထားတဲ့ မိုးကုတ်မြို့အရှေ့ပိုင်းကို စစ်ကောင်စီတပ်က စက်တင်ဘာလ ၁၆ ရက် ဒီကနေ့မနက် (၇)နာရီအချိန်လောက်မှာ မိုးကုတ်မြို့‌၊ အုန်းကိုင်းရပ်ကွက်ကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်ကလေကြောင်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့ TNLA ကထုတ်ပြန်ထား ပါတယ် ။

စစ်ကောင်စီဟာ အုန်းကိုင်းကို လေကြောင်းနဲ့ ပေါင် (၂၅၀)ဗုံး (၂) လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့တာကြောင့် အမျိုး သမီး(၁)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် (၅) လုံးပျက်စီးသွားခဲ့‌တယ်လို့ သိရပါတယ် ။

စက်တင်ဘာ(၉)ရက်ကလည်း ကျောက်မဲမြို့နယ်၊ ‌နမ့်ဟူးတောင်းအုပ်စု လွယ်ခေါ်ကျေးရွာကို စစ်ကောင်စီတပ်ကလေယာဥ်နဲ့ ပေါင်(၂၅၀)ဗုံး (၃)လုံး၊ အသေခံဒရုန်းအသုံးပြုပြီး ဗုံး(၂)လုံး ထပ်မံလာရောက်ကြဲချတိုက်ခိုက်တာကြောင့် လယ်ယာစပါးခင်းတွေထိခိုက်ပျက်စီးသွားခဲ့တယ်လို့သိရပါတယ် ။

စစ်ကောင်စီဟာ ယခု လ စက်တင်ဘာလအတွင်း လေကြောင်းနဲ့ ကျောက်မဲမြို့ကို (၃) ကြိမ်၊ သီပေါမြို့နယ်ကို (၁) ကြိမ်တိုက်ခိုက်ခဲ့ပြီး အမျိုးသား ၁ ဦး၊ အမျိုး သမီး ၁ ဦး ထိခိုက်ဒဏ်ရာရရှိပြီး နေအိမ် (၁၂) လုံး နဲ့ စာသင်ကျောင်း(၁)ကျောင်း ပျက်စီးသွား‌ခဲ့တယ်လို့ ထုတ်ပြန်ချက်တွေအရ သိရပါတယ် ။

ဗုံးခွဲဖျက်ဆီးခံထားရတဲ့ ကမ္ဘာကျော်ဂုတ်ထိပ်တံတားကို စစ်တပ်က ပြန်လည်ပြင်ဆင်တည်ဆောက်နေ 16 Sep 2025 ဗုံးခွဲဖျက်ဆီးခံထားရတဲ့ ...
16/09/2025

ဗုံးခွဲဖျက်ဆီးခံထားရတဲ့ ကမ္ဘာကျော်ဂုတ်ထိပ်တံတားကို စစ်တပ်က ပြန်လည်ပြင်ဆင်တည်ဆောက်နေ

16 Sep 2025

ဗုံးခွဲဖျက်ဆီးခံထားရတဲ့ သျှမ်းမြောက်ရှိ နောင်ချိုနဲ့ ကျောက်မဲမြို့နယ်ကို ဆက်သွယ်ထားတဲ့ ကမ္ဘာကျော် ဂုတ်ထိပ်တံတားကို စစ်ကောင်စီတပ်က ပြန်လည်ပြင်ဆင် တည်ဆောက်နေတယ်လို့ စစ်ကော်မရှင်က ဓါတ်ပုံနဲ့အတူ ထုတ်ပြန်လာပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လနောက်ဆုံးပတ်က ဂုတ်ထိပ်တံတား မိုင်းခွဲဖျက်ဆီးခံရတာနဲ့ ပတ်သက်ပြီး စစ်ကော်မရှင်တပ်နဲ့ တအာင်း TNLA တပ်တို့အကြား နှစ်ဖက်အပြန်အလှန်စွပ်စွဲပြောဆိုနေကြပါတယ်။

နောင်ချိုမြို့နဲ့အတူ ဂုတ်ထိပ်တံတားနဲ့ ဂုတ်တွင်းလမ်းကို ပြန်လည်ထိန်းချုပ်နိုင်တဲ့ စစ်တပ်သည် ဇူလိုင်လအတွင်းက မိုင်းခွဲဖျက်ဆီးခံထားရတဲ့ ဂုတ်တွင်းတံတားကို သြဂုတ်လကုန်ပိုင်းက ပြန်လည်ပြုပြင်ခဲ့ပြီး ယခု ဂုတ်ထိပ်တံတားကို မူလလက်ရာအတိုင်း ပြန်လည်ပြင်ဆင် တည်ဆောက် နေတယ်လို့ သိရပါတယ်။

ကျောက်မဲမြို့ကို ထိုးစစ်ဆင်ဖို့၊ စစ်အင်အားနဲ့ ရိက္ခာသယ်ယူပို့ဆောင်ဖို့ ဂုတ်တွင်းတံတားနဲ့ ဂုတ်ထိပ်တံတားဟာ စစ်တပ်အတွက် အရေးပါတဲ့ လမ်းကြောင်းဖြစ်တာကြောင့် အဆိုပါ ဂုတ်ထိပ်တံတားကို သတ်မှတ်အချိန်အတိုင်း ပြီးစီးဆောင် ဆောင်ရွက်ဖို့ ပို့/ဆက်ဝန်ကြီး မြထွန်းဦး က ယမန်နေ့က ဂုတ်ထိပ်တံတား သွားရောက်ကြည့်ရှု့ စစ်ဆေးချိန်မှာ ပြောကြားခဲ့ပါတယ်။

ဂုတ်ထိပ်တံတားဟာ နောင်ချို−ကျောက်မဲကြား မန္တလေး-လားရှိုး ရထားလမ်းပေါ်ရှိ တောင်နံရံနှစ်ခုကို ဖြတ်သန်းဆက်သွယ်ထားတဲ့ တံတားတစ်စင်းဖြစ်ပြီး အရှည်ပေ ၂၂၆၀ ခန့်ရှိကာ ၁၈၉၉ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ရာ ၁၉၀၃ ခုနှစ်မှာ စတင်အသုံးပြုခဲ့တာကြောင့် ယခုအခါ သက်တမ်း ၁၂၀ ကျော် ခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိအချိန်မှာ သျှမ်းမြောက်တွင် စစ်ကော်မရှင်တပ်နဲ့ တအာင်းတပ် TNLA တို့အကြား တိုက်ပွဲ ဆက်လက် ပြင်းထန်နေဆဲဖြစ်ကာ စစ်ကော်မရှင်တပ်မှ လေကြောင်းနဲ့ဗုံးကြဲတာတွေ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့သိရပါတယ်။

ကျောက်မဲမြို့နယ်ရှိ နောင်ပိန်ရွာထဲမှာ သူခိုးတွေ အုပ်စုဖွဲ့ပြီး ပြည်သူများရဲ့ ပစ္စည်းဥစ္စာတွေကို ခိုးယူနေတယ်လို့ဆို15 Sep...
15/09/2025

ကျောက်မဲမြို့နယ်ရှိ နောင်ပိန်ရွာထဲမှာ သူခိုးတွေ အုပ်စုဖွဲ့ပြီး ပြည်သူများရဲ့ ပစ္စည်းဥစ္စာတွေကို ခိုးယူနေတယ်လို့ဆို

15 Sep 2025 (11:10) PM

သျှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ် နောင်ပိန်ကျေးရွာထဲမှာ သူခိုးတွေ အုပ်စုဖွဲ့ပြီး နေအိမ်၊ ဆိုင်ခန်းထဲရှိ ဒေသခံပြည်သူများရဲ့ ပစ္စည်းဥစ္စာများကို ဝင်ရောက်ခိုးယူနေတယ်လို့ နောင်ပိန်ဒေသခံတွေထံမှ သိရပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ လလယ်ပိုင်းက ဖြစ်ပွားတဲ့ တိုက်ပွဲကြောင့် နောင်ပိန်တိုက်နယ်ထဲက ဒေသခံများ အားလုံးနီးပါး ထွက်ပြေးတိမ်းရှောင်ကြရပြီး လက်ရှိအချိန်မှာ နောင်ပိန်ကို စစ်ကော်မရှင်က ဝင်ရောက်ထိန်းချုပ် နေတာပဲဖြစ်ပါတယ်။

“နောင်ပိန်မှာ ရှိနေတဲ့ စစ်တပ်က အခုရွာသားတွေရဲ့ နေအိမ်တွေပေါ်မှာ တက်ပြီး နေနေတယ်၊ ရွာသူရွာသားတွေ ကျန်ခဲ့တဲ့ ပစ္စည်းတွေလည်း ခိုးခံနေရတယ်၊ တချို့အိမ်တွေဆို ဖျက်ဆီးခံရတယ်၊ အိမ်တွေမှာ တပ်ထားတဲ့ ဆိုလာက အစ ခိုးထုတ်နေတယ်၊ သူခိုးတွေက အုပ်စုဖွဲ့ပြီး ခိုးကြတာ၊ သူခိုးက မျက်နာစိမ်းတွေပဲ၊ စစ်တပ်က ခေါ်လာတာလား မဟုတ်ရင် စစ်တပ်ကပဲ ဝတ်စုံပြောင်းပြီး လုပ်နေတာ လားတော့ မသိဘူး၊ ခိုးယူတဲ့ ပစ္စည်းတွေကိုတော့ ကုန်တင်ယာဥ်နဲ့ တင်ပြီး နောင်ချိုဘက်ကို ပို့နေတယ်” လို့ မြေပြင်အခြေအနေသိရှိသူ ဒေသခံတစ်ဦးက Hsan Loi Voice ကို ပြောပါတယ်။

လက်ရှိ နောင်ပိန်တိုက်နယ်တစ်ခုလုံးမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိတော့ပေမဲ့ ဒေသခံ ရွာသူရွာသားတွေကို တော့ နောင်ပိန်ထဲ စစ်တပ်က ပေးမဝင်ဘူးလို့ သိရပါတယ်။

တိုက်ပွဲဖြစ်ပွားပြီးနောက် နောင်ပိန်တိုက်နယ်မှ ဒေသခံပြည်သူ ၁ သောင်းခန့်က သီပေါ၊ လားရှိုးသို့ ရုတ်တရက် ထွက်ပြေးတိမ်းရှောင် နေကြရတာကြောင့် တစ်လနီးပါးကြာမြင့်ချိန်မှာ စစ်ရှောင်များရဲ့ စားဝတ်နေရေးအတွက် အခက်အခဲဖြစ်လာတယ်လို့ သိရပါတယ်။

လက်ရှိအချိန်မှာတော့ ကျောက်မဲကို ထိုးစစ်ဆင်ဖို့ စစ်တပ်က စစ်ကြောင်း ၃ကြောင်းဖြင့် ကျောက်မဲနဲ့ ၇ မိုင်ခန့်သာဝေးတဲ့ နားအိုက်ခန့်နဲ့ ခိုက်တုန်ဟုန်း ဘက်သို့ ရောက်ရှိနေပြီး လက်နက်ကြီး ပစ်ခတ်တာတွေ လေကြောင်းနဲ့ ဗုံးကြဲတာတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

လွှတ်တော်သုံးရပ်အတွက် ရွေးကောက်ပွဲ မကျင်းပတဲ့ မဲဆန္ဒနယ် ၁၂၁ နယ်မှာ သျှမ်းပြည်နယ်က ၁၇ မြို့နယ်ပါဝင် 15 Sep 2025ယခုနှစ် ဒီ...
15/09/2025

လွှတ်တော်သုံးရပ်အတွက် ရွေးကောက်ပွဲ မကျင်းပတဲ့ မဲဆန္ဒနယ် ၁၂၁ နယ်မှာ သျှမ်းပြည်နယ်က ၁၇ မြို့နယ်ပါဝင်

15 Sep 2025

ယခုနှစ် ဒီဇင်ဘာလမှာ ကျင်းပမယ့် ရွေးကောက်ပွဲတွင် လွှတ်တော်သုံးရပ်အတွက် ရွေးကောက်ပွဲ မကျင်းတဲ့ မဲဆန္ဒနယ် ၁၂၁ နယ်ရှိပြီး သျှမ်းပြည်နယ်က ၁၇ မြို့နယ်ပါဝင်တယ်လို့ စစ်ကော်မရှင်ရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။

ရွေးကောက်ပွဲ ကျင်းပဖို့ အခြေအနေမရှိတဲ့ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် (၅၆) နယ်၊ အမျိုးသား လွှတ်တော် မဲအများဆုံးရသူ အနိုင်ယူစနစ် (FPTP) မဲဆန္ဒနယ် (၉) နယ်နဲ့ တိုင်းဒေသကြီး ဒါမှမဟုတ် ပြည်နယ်လွှတ်တော် မဲအများဆုံးရသူ အနိုင်ယူစနစ် (FPTP) မဲဆန္ဒနယ် (၅၆) နယ်တို့မှာ ရွေးကောက်ပွဲ ကျင်းပခြင်းပြုမှာ မဟုတ်ဘူးလို့ ထုတ်ပြန်ကြေညာချက်အရ သိရပါတယ်။

ရွေးကောက်ပွဲ မကျင်းပတဲ့ သျှမ်းပြည်နယ်က မြို့နယ်တွေထဲမှာ မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့ ထိန်းချုပ်ထားတဲ့ နမ့်ဆန်၊ မန်တုံ၊ သိန္နီ၊ ကုန်းကြမ်း၊ လောက်ကိုင်၊ ကွတ်ခိုင်၊ နမ္မတူ၊ နမ့်ခမ်း၊ မိုးမိတ်နဲ့ ကွမ်လုံ စတဲ့ မြို့နယ်တွေ ပါဝင်ပါတယ်။

ဒါ့အပြင် သျှမ်းမြောက်က ကချင်လွတ်လပ်ရေးတပ်မတော် KIA ထိန်းချုပ်ထားတဲ့ မဘိမ်းမြို့နယ်နဲ့ “ဝ” တပ် UWSA ထိန်းချုပ်ထားတဲ့ ပန်ဆန်း၊ နားဖန်း၊ ဟိုပန်၊ မိုင်းမော၊ ပန်ဝိုင်မြို့နယ်နဲ့ မိုင်းလားတပ် NDAA ထိန်းချုပ်ထားတဲ့ မိုင်းလားမြို့နယ်လည်း ပါဝင်တာတွေ့ရပါတယ်။

ရွေးကောက်ပွဲ ကျင်းပခြင်း မပြုမယ့် ထုတ်ပြန်ကြေညာချက်ထဲမှာ တိုင်းရင်းသားလက်နက်ကိုင်များနဲ့ ပြည်သူ့ကာကွယ်ရေးတပ် PDF တို့ ထိန်းချုပ်ထားတဲ့ မြို့နယ်တွေပါဝင်တယ်။

ဒါကြောင့် လာမယ့် ဒီဇင်ဘာ ၂၈ ရက်မှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာတော့ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် (၂၇၄) နယ်၊ အမျိုးသားလွှတ်တော် မဲအများဆုံးရသူ အနိုင်ယူစနစ် (FPTP) မဲဆန္ဒနယ် (၇၅) နယ်၊ အချိုးကျ ကိုယ်စားပြုစနစ်(PR) မဲဆန္ဒနယ် (၂၆)နယ်၊ တိုင်းဒေသကြီး ဒါမှမဟုတ် ပြည်နယ် လွှတ်တော် မဲအများဆုံးရသူ အနိုင်ယူစနစ် (FPTP) မဲဆန္ဒနယ် (၂၆၆) နယ်၊ တိုင်းဒေသကြီး ဒါမှမဟုတ် ပြည်နယ်လွှတ်တော် အချိုးကျ ကိုယ်စားပြု စနစ် (PR) မဲဆန္ဒနယ် (၄၂) နယ် နဲ့ တိုင်းဒေသကြီး ဒါမှမဟုတ် ပြည်နယ်လွှတ်တော် တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်(၂၉) နယ်တို့မှာပဲ ရွေးကောက်ပွဲတွေ ကျင်းပပြုလုပ်မှာ ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

နယ်စပ်ဂိတ်များ တရားဝင် ဖွင့်လှစ်နိုင်မှုမရှိဘဲ တရားမဝင်ကုန်သွယ်မှုများ ဖြစ်ပေါ်နေခြင်းဟာ ကျားသေကို အသက်သွင်းခြင်း၊ သူခို...
13/09/2025

နယ်စပ်ဂိတ်များ တရားဝင် ဖွင့်လှစ်နိုင်မှုမရှိဘဲ တရားမဝင်ကုန်သွယ်မှုများ ဖြစ်ပေါ်နေခြင်းဟာ ကျားသေကို အသက်သွင်းခြင်း၊ သူခိုးဓားရိုးကမ်းခြင်းပင်ဖြစ်တယ်လို့ စစ်ခေါင်းဆောင်ပြော

13 Sep 2025

တရားမဝင် ကုန်သွယ်မှုနဲ့ ပတ်သက်ပြီး ထိရောက်စွာ တားဆီးနှိမ်နင်းသွားရန် လိုအပ်မှာဖြစ်ပြီး နယ်စပ်ဂိတ်များ တရားဝင် ဖွင့်လှစ်နိုင်မှုမရှိဘဲ တရားမဝင် ကုန်သွယ်မှုများ ဖြစ်ပေါ်နေခြင်းဟာ ကျားသေကို အသက်သွင်းခြင်း၊ သူးခိုးဓားရိုးကမ်းခြင်းပင် ဖြစ်တယ်လို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင် ကပြောပါတယ်။

ယမန်နေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ စစ်ကော်မရှင်နဲ့ စစ်ကော်မရှင်အစိုးရအဖွဲ့တို့၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးမှာ ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် တရားမဝင် ကုန်သွယ်မှုများကို တိုက်ဖျက်တားဆီးခြင်းဖြင့် တရားဥပဒေစိုးမိုးရေးကို ဖြစ်ပေါ် စေနိုင်မှာဖြစ်ပြီး လက်နက်ကိုင် အကြမ်းဖက်မှုများကိုလည်း လျော့ကျလာစေနိုင်မှာဖြစ်ကြောင်း၊ တရားမဝင် ကုန်သွယ်မှုများ ရှိနေသရွေ့ ပြည်တွင်းငြိမ်းချမ်းမှုရရှိရေး ခက်ခဲနေမှာဖြစ်လို့ ပါဝင်ပတ်သက် နေသူများအားလုံးကို ထိထိရောက်ရောက်အရေးယူ ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ စစ်ခေါင်းဆောင် က ပြောပါတယ်။

တရားမဝင်ကုန်သွယ်မှုများကို ဖော်ထုတ်တားဆီးရန် တာဝန်ရှိသူများအနေနဲ့ စနစ်တကျ ကြပ်မတ် ဆောင်ရွက်သွားရန် နိုင်ငံတော်အပေါ်သစ္စာရှိစွာဖြင့် တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်ကြရန် လိုတယ်လို့ စစ်ခေါင်းဆောင်က တိုက်တွန်းပြောကြားပါတယ်။

ထိုင်း−မြန်မာနယ်စပ်ရှိ မြန်မာစစ်ဘေးရှောင် ဒုက္ခသည်တွေကို လာမယ့် အောက်တိုဘာလ ၁ ရက်မှစပြီး ထိုင်းအစိုးရက တရားဝင် အလုပ်လုပ်...
12/09/2025

ထိုင်း−မြန်မာနယ်စပ်ရှိ မြန်မာစစ်ဘေးရှောင် ဒုက္ခသည်တွေကို လာမယ့် အောက်တိုဘာလ ၁ ရက်မှစပြီး ထိုင်းအစိုးရက တရားဝင် အလုပ်လုပ်ခွင့်ပြုတော့မည်

12 Sep 2025

နှစ်ရှည်လများ ထိုင်း−မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်းတွင် ခိုလှုံနေသော မြန်မာစစ်ဘေးရှောင် ဒုက္ခသည်တွေကို ထိုင်းပြည်ထဲရေး ဒုတိယဝန်ကြီး Theerarat Samrejvanich က ပထမဆုံးအကြိမ် တရားဝင်အလုပ်လုပ် ခွင့်ပေးတဲ့ အစီအစဉ်ကို စက်တင်ဘာလ ၉ ရက်နေ့က ကြောညာခဲ့ပြီး ဒီအစီအစဉ်ကို လာမယ့် အောက်တိုဘာလ ၁ ရက်နေ့မှာ စတင်အကျုံးဝင်မှာဖြစ်တယ်လို့ သိရပါတယ်။

ဒီအစီအမံဟာ ဒုက္ခသည်စခန်းမှာ မြန်မာစစ်ဘေးရှောင်များကို ၄၁ နှစ်ကြာ ခိုလှုံခွင့်ပြုပြီးနောက် ပထမဆုံးအကြိမ် တရာဝင် အလုပ်လုပ်ခွင့်ပေးလိုက်တာြဖစ်ပါတယ်။

အလုပ်သမားဝန်ကြီး Phongkwin Chungruangkit က မယ်ဟောင်ဆွန်၊ တက်ခ်၊ ကန်ချနပူရီ ၊ ရတ်ချပူရီ စတဲ့ ပြည်နယ် ၄ ခုထဲက ယာယီခိုလှုံရေးစခန်း ၉ ခုမှာ နေထိုင်တဲ့ မြန်မာစစ်ဘေးရှောင် ဒုက္ခသည်တွေကို အလုပ်အကိုင်အခွင့်လမ်းတွေ ရဖို့အတွက် ကူညီပေးနေခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံ အလုပ်အကိုင်ဦးစီးဌာန(DEO)ရဲ့ အချက်အလက်အရ ယာယီဒုက္ခသည်စခန်း ၉ ခုမှာ မြန်မာဒုက္ခသည် ဦးရေစုစုပေါင်း ၄၂,၀၀၀ ခန့် နေထိုင်နေတယ်လို့ ဆိုပါတယ်။

ပြည်နယ်အုပ်ချုပ်ရေးမှူးထံ မှတ်ပုံတင်ထားပြီးသား လူစာရင်းတွေ အလုပ်အကိုင်ရရှိဖို့အတွက် တရားဝင်ခွင့်ပြုမိန့် ထွက်ရှိတဲ့နေ့ကစလို့ ထိုင်းနိုင်ငံမှာ တစ်နှစ်တိတိ နေထိုင်ခွင့်ပေးသွားမယ်လို့ သိရပါတယ်။

လက်ရှိထိုင်းနိုင်ငံအတွင်း ကုန်ထုတ်မှုလုပ်ငန်းနဲ့ ဝန်ဆောင်မှုလုပ်ငန်း အခန်းကဏ္ဍတွေမှာ နိုင်ငံခြားသား အလုပ်သမားတွေက တော်တော်များ လုပ်ဆောင်နေကြပြီး ၎င်းနိုင်ငံခြားသားအလုပ်သမားတွေကို အလုပ်သမားဝန်ကြီးဌာနအနေဖြင့် စစ်ဆေးခြင်းမရှိဘဲ အလုပ်လုပ်ခွင့်တွေပေးနေမယ်ဆိုရင် နောက်ဆက်တွဲ ပြဿနာအမျိုးမျိုး ဖြစ်လာနိုင်တယ်လို့ ထိုင်းအလုပ်သမားဝန်ကြီး ကပြောပါတယ်။

NCA နှစ်ပတ်လည်နေ့အထိမ်းအမှတ် အလုပ်ရုံဆွေးနွေးပွဲမှာ “NCA မှသည် ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးဖြင့် အနာဂတ်ကို ပုံ...
12/09/2025

NCA နှစ်ပတ်လည်နေ့အထိမ်းအမှတ် အလုပ်ရုံဆွေးနွေးပွဲမှာ “NCA မှသည် ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးဖြင့် အနာဂတ်ကို ပုံဖော်မည်” ဆိုတဲ့ ဆောင်ပုဒ်အဖြစ်သတ်မှတ်ဆောင်ရွက်သွားမည်

12 Sep 2025

NCA (၁၀)နှစ်ပြည့် နှစ်ပတ်လည်နေ့အထိမ်းအမှတ် အလုပ်ရုံဆွေးနွေးပွဲမှာ “ NCA မှသည် ရေရှည် တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးဖြင့် အနာဂတ်ကို ပုံဖော်မည်” ဆိုတဲ့ ဆောင်ပုဒ်အဖြစ် သတ်မှတ် ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

ယမန်နေ့က နေပြည်တော်မှာ ကျင်းပတဲ့ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်ရေး သဘောတူစာချုပ်(NCA) (၁၀)ပြည့် နှစ်ပတ်လည်အခမ်းအနားကျင်းပရေး ဦးစီးကော်မတီရဲ့ လုပ်ငန်းအစည်းအဝေးမှာ ဦးစီး ကော်မတီ ဥက္ကဋ္ဌ ဖြစ်တဲ့ ဒုဗိုလ်ချုပ်ကြီး ရာပြည့် က ပြောကြားတာဖြစ်ပါတယ်။

ဒါ့အပြင် ကော်မတီ ဥက္ကဋ္ဌက NCA သည် ငြိမ်းချမ်းရေးအတွက် အရေးကြီးကြောင်း၊ NCA မှာ ပါဝင်ခဲ့ကြသူများ၊ Stakeholders များ၊ ပြည်တွင်း/ပြည်ပပညာရှင်များနဲ့ ကဏ္ဍအသီးသီးမှ တက်ရောက် လာသူများအနေနဲ့ NCA ၏ ၁၀ နှစ်တာကာလအတွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဥ် အကောင်အထည်ဖော် မှုများ၊ အောင်မြင်မှုများနဲ့ သင်ခန်းစာများအပေါ် အချင်းချင်း အမြင်သဘောထားများ၊ အတွေ့အကြုံများ မျှဝေဖလှယ်ပြီး အလွတ်သဘောကျယ်ပြန့်စွာ ဆွေးနွေးနိုင်ရန် အခမ်းအနားကို ကျင်းပမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

လာမယ့် ၂၀၂၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်မှာ ကျရောက်မယ့် NCA (၁၀)နှစ်ပြည့် နှစ်ပတ်လည်နေ့ အခမ်းအနားကို နေပြည်တော်မှာ နိုင်ငံရေးအနှစ်သာရ ရှိရှိဖြင့် ခမ်းနားစွာ ကျင်းပမှာဖြစ်ပြီး တစ်ဆက် တည်း NCA အထိမ်းအမှတ် အလုပ်ရုံဆွေးနွေးပွဲကိုလည်း ကျင်းပပြုလုပ်ရန် စီမံဆောင်ရွက် ထားတယ်လို့ သိရပါတယ်။

NCA စာချုပ်ကို ဦးသိန်းစိန် အစိုးရလက်ထက် ၂၀၁၅ ခုနှစ်က ကရင်အမျိုးသားအစည်းအရုံး (KNU)၊ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA)၊ ကရင်အမျိုးသား အစည်းအရုံး/ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်/ ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ(ALP)၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF)၊ ပအိုဝ်း အမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)နဲ့ ၂၀၁၈ ခုနှစ်မှာ မွန်ပြည်သစ်ပါတီ (NMSP) နှင့် လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU)တို့ က လက်မှတ်ထိုးခဲ့ပါတယ်။

သို့ပေမယ့် ၂၀၂၁ ခုနှစ်က စစ်တပ်အာဏာသိမ်းပြီးတဲ့နောက် KNU၊ ABSDF နှင့် CNF တို့က ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေမှာ ပါဝင်တက်ရောက်ခြင်း မရှိတော့ဘဲ လက်ရှိအချိန်မှာ စစ်ကောင်စီနဲ့ တိုက်ပွဲများ ဖြစ်ပွားနေသလို KNU ကိုလည်း စစ်ကော်မရှင်က မတရားအသင်းနဲ့ အကြမ်းဖက်အုပ်စုအဖြစ် ပြီးခဲ့တဲ့ သြဂုတ်လကုန်ပိုင်းက ကြေညာထားပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်ပိုင်း NCA ပျက်ပြယ်သွားပြီဆိုတဲ့ သဘောထားအမြင်များလည်း အမျိုးမျိုး ထွက်ပေါ်နေပါတယ်။

တောင်ကြီးမြို့ ရိုးရာမီးပုံးပျံပွဲတော်အတွက် စျေးပြိုင်လေလံ စတင်ခေါ်ယူယခုနှစ် တန်ဆောင်တိုင် မီးပုံးပျံပွဲတော်ကို အောက်တို...
11/09/2025

တောင်ကြီးမြို့ ရိုးရာမီးပုံးပျံပွဲတော်အတွက် စျေးပြိုင်လေလံ စတင်ခေါ်ယူ

ယခုနှစ် တန်ဆောင်တိုင် မီးပုံးပျံပွဲတော်ကို အောက်တိုဘာလ ၂၉ ရက်မှ စတင်ပြီး ၈ ရက်ကြာ ကျင်းပသွားမည်

11 Sep 2025

နှစ်စဥ်ကျင်းပတဲ့ တောင်ကြီးတန်ဆောင်တိုင် ရိုးရာမီးပုံးပျံပွဲတော်ကို လာမယ့် အောက်တိုဘာလ ၂၉ ရက် နေ့ကနေ နိုဝင်ဘာလ ၅ ရက်နေ့အထိ တောင်ကြီးမြို့ အဝေရာမီးပုံးပျံကွင်းမှာ စည်ကားသိုက်မြိုက်စွာ ကျင်းသွားမှာဖြစ်ကာ ပွဲတော်အတွက် ဈေးပြိုင်လေလံ စတင်ခေါ်ယူနေပြီဖြစ်ကြောင်း သိရပါတယ်။

ပွဲတော်အတွက် စျေးဆိုင်ခန်းများ၊ ကလေးကစားကွင်းများ၊ ယာဥ်ရပ်နားစခန်းများနဲ့ သန့်စင်ခန်းလုပ်ငန်း စတဲ့ လုပ်ငန်း (၄)မျိုးအတွက် လေလံခေါ်ယူတာဖြစ်ပါတယ်။

အဆိုပါလုပ်ငန်းအတွက် လေလံလျှောက်လွှာများကို စက်တင်ဘာလ ၁၀ ရက်မှာ စတင်ရောင်းချ မှာဖြစ်ပြီး စက်တင်ဘာလ ၂၅ ရက်မှာ လေလံလျှောက်လွှာ ပိတ်မှာဖြစ်ကာလေလံဖွင့်လှစ်မယ့် ရက်ကိုတော့ စက်တင်ဘာလ ၂၆ ရက်မှာ သတ်မှတ်ထားတယ်လို့ သိရပါတယ်။

လေလံလျှောက်လွှာ ရောင်းချမယ့်နေရာနဲ့ လေလံတင်သွင်းရမယ့်နေရာကိုတော့ သျှမ်းပြည်နယ် အခွန်ဦးစီးဌာနမှူးရုံး မှာ သတ်မှတ်ထားကြောင်း ကြေညာချက်အရ သိရပါတယ်။

အဆိုပါ တန်ဆောင်တိုင် ရိုးရာမီးပုံးပျံပြိုင်ပွဲမှာ နေ့လွှတ်အလှမီးပုံးပျံ အရုပ်ခြေ(၂)ချောင်း၊ နေ့လွှတ်အလှ မီးပုံး ပျံအရုပ်ခြေ(၄)ချောင်းများနှင့် ညလွှတ်မီးပုံးပျံဖြစ်တဲ့ ညမီးကြီးမီးပုံးပျံနဲ့ စိန်နားပန် မီးပုံးပျံများ ပါဝင်မှာဖြစ်ပြီး ပြိုင်ပွဲဝင်ရန်အတွက် မီးပုံးပျံများ ကြိုတင်ပြုလုပ်နေကြပြီဖြစ်တယ်လို့ သိရပါတယ်။

သျှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ တန်ဆောင် တိုင် မီးပုံးပျံပွဲတော်ကို အဝေရာမီးပုံးပျံကွင်းမှာ လာမယ့် အောက်တိုဘာလ ၂၉ ရက် နေ့ကနေ နိုဝင်ဘာလ ၅ ရက်နေ့အထိ ပွဲတော်ကို(၈)ရက်တိုင်တိုင် ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး စစ်ကော်မရှင် လက်အောက်ခံ သျှမ်းပြည်နယ်အစိုးအဖွဲ့မှ ကြီးမှူးကျင်းပပြုလုပ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

လူမှုကွန်ရက်မှာ ရွေးကောက်ပွဲကို ဝေဖန်တဲ့တောင်ကြီးမြို့နေ လားရှိုးစစ်ရှောင် အမျိုးသား ထောင် ၇ နှစ် ချမှတ်ခံရ 10 Sep 2025ရ...
10/09/2025

လူမှုကွန်ရက်မှာ ရွေးကောက်ပွဲကို ဝေဖန်တဲ့တောင်ကြီးမြို့နေ လားရှိုးစစ်ရှောင် အမျိုးသား ထောင် ၇ နှစ် ချမှတ်ခံရ

10 Sep 2025

ရှမ်းပြည်တောင်ပိုင်း ၊ တောင်ကြီးမြို့နယ်မှာလာရောက်‌ နေ ထိုင်တဲ့ လားရှိုးမြို့က စစ်ရှောင်အမျိုးသားကို ရွေးကောက်ပွဲ အပေါ်ဝေဖန်မှုနဲ့ ထောင် ၇ နှစ် ချလိုက်တယ်လို့ စစ်ကော်မရှင်သတင်းချန်နယ်မှာကြေငြာထားပါတယ်။

ဩဂုတ် ၂၅ ရက်မှာ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့၊ ရပ်ကွက် ၁ က အသက် ၃၆ နှစ်အရွယ် ကိုနေသွေး ဟာ “Lashio Baegyi” ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့် နဲ့ လားရှိုးမြို့ပေါ်က သေနတ်ပစ်ဖောက် ကားလုယက် မှုဖြစ်စဥ်တစ်ခုကို share လိုက်ပြီး ခေါင်းစဥ်အနေနဲ့
"ပြည်သူများကို မဲပေးရန်သာ တိုက်တွန်းနေပြီး လုံခြုံ ရေး မရှိဖြစ်နေသော အခြေအနေကို ထောက်ပြကာ " ပြည်သူ့ဆန္ဒမဲ ကိုသာ လိုချင်ပြီး အဖြစ်မရှိ" လို့ဝေဖန်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကော်မရှင်လုပ်မယ့် ရွေးကောက်ပွဲကို ပျက်ပြားအောင် လုပ်ဆောင်မှုနဲ့ တောင်ကြီးမြို့နယ်၊ အေးသာယာနယ်မြေရဲစခန်းက (ပ) ၉၉/၂၀၂၅၊က ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွေကို နှောင့်ယှက် ဟန့်တားဖျက်စီးခြင်းမှ ကာကွယ်ပေးရေးဥပဒေပုဒ်မ ၂၃ (က) အရ အမှုဖွင့်စစ်ဆေးခဲ့ပြီး တောင်ကြီးမြို့နယ်တရားရုံးက ရာဇဝတ်အမှတ် ၂၇၁၄ /၂၀၂၅ နဲ့ လက်ခံစစ်ဆေးခဲ့တယ်လို့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

တရားရုံးက ပြစ်မှုထင်ရှားတယ်ဆိုပြီး ကိုနေသွေး ကို ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို နှောင့် ယှက် ဟန့်တားဖျက်စီးခြင်းမှ ကာကွယ်ပေးရေးဥပဒေပုဒ်မ ၂၃ (က) အရ အလုပ် နဲ့ ထောင်ဒဏ် ၇ နှစ်ချမှတ်လိုက်တယ်လို့ ထုတ်ပြန်ထားပါတယ်။

စစ်ကော်မရှင်က ပါတီစုံဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲကို နှောင့်ယှက် ဟန့်တားဖျက်စီးခြင်းမှ ကာကွယ်ပေးရေးဥပဒေကို ၂၀၂၅ခုနှစ် ဇူလိုင် ၂၉ မှာ ထုတ်ပြန်ခဲ့တာဖြစ်ပြီး အဲ့ဒီဥပဒေနဲ့ ဖမ်းဆီးခံရသူ ၃ ဦးရှိလာပြီဖြစ်ပြီး ကိုနေသွေးက ပထမဆုံး ထောင်ဒဏ်ချမှတ်ခံရသူဖြစ်တယ်လို့ သိရပါတယ်။

အချို့သော EAO များရဲ့ နယ်မြေချဲ့ထွင်ရေးမှာ PDF များကို လက်ကိုင်တုတ်အဖြစ် အသုံးချဟု စစ်တပ်က သွေးခွဲပြည်ထောင်စုအကျိုးအတွက်...
09/09/2025

အချို့သော EAO များရဲ့ နယ်မြေချဲ့ထွင်ရေးမှာ PDF များကို လက်ကိုင်တုတ်အဖြစ် အသုံးချဟု စစ်တပ်က သွေးခွဲ

ပြည်ထောင်စုအကျိုးအတွက်ဟုဆိုကာ PDF များကို စစ်တပ်က ထပ်မံဖိတ်ခေါ်

9 Sep 2025

CRPH, NUG တို့သည် PDF အဖွဲ့များ ဖွဲ့စည်းကာ လက်နက်၊ ခဲယမ်းရရှိရေးအတွက် အချို့သော EAO များ လက်အောက်သို့ သွတ်သွင်းခဲ့ပြီး အချို့သော EAO များရဲ့ နယ်မြေကျူးကျော် ချဲ့ထွင်ခြင်းများ အတွက် PDF များကို လက်ကိုင်တုတ်အဖြစ် အသုံးချတယ်လို့ စစ်တပ်က သွေးခွဲ ပြောဆိုလိုက်ပါတယ်။

အထက်ပါ ပြောဆိုချက်ကို ပြည်ထောင်စုအကျိုးအတွက်ဟုဆိုပြီး PDF များကို ဖိတ်ခေါ်တဲ့ ကြေညာ ချက်ထဲမှာ ပါရှိပြီး အဲ့ဒီဖိတ်ခေါ်စာကို ယမန်နေ့ က အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ က ထုတ်ပြန်ထားပါတယ်။

ဒီမိုကရေစီ မျက်နှာဖုံးတပ်ပြီး နိုင်ငံတော်အာဏာကို မက်မောကြတဲ့ CRPHနှင့်NUG တို့ရဲ့ လိုလားချက်မှာ ရွေးကောက်ခံအစိုးရ ဆိုသည့် ရပ်တည်ချက်ကို ဆုပ်ကိုင်ထားပြီး အကြမ်းဖက် လက်နက်ကိုင် လမ်းစဉ်ကို ရွေးချယ်နေခြင်းဖြစ်လို့ ဒီမိုကရေစီ ခရီးလမ်း နှောင့်နှေးကြန့်ကြာ နေရခြင်းဖြစ်ကြောင်း ဆိုပါတယ်။

PDF များအပါအဝင် လက်နက်ကိုင်အုပ်စုများအနေဖြင့် မကြာမီတွင် ကျင်းပတော့မည့် ရွေးကောက်ပွဲ အလွန် အားလုံးမျှော်မှန်းထားသည့် စစ်မှန်စည်းကမ်းပြည့်ဝသော ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုကြီးကို တည်ဆောက်နိုင်ရေး လက်တွဲဖို့ ဆန္ဒရှိပါက ကြိုဆိုလက်ခံမယ်လို့ စစ်တပ်က ကြေညာထားပါတယ်။

ကျောက်မဲမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ တိုက်ခိုက်မှုကြောင့် ပြည်သူ ၂၉ ဦး သေဆုံးပြီး ပြည်သူ ၈၆၀၀ ကျော် နေရပ်စွန့်ခွာထွက်ပြေ...
09/09/2025

ကျောက်မဲမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ တိုက်ခိုက်မှုကြောင့် ပြည်သူ ၂၉ ဦး သေဆုံးပြီး ပြည်သူ ၈၆၀၀ ကျော် နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရ

9 Sep 2025

သျှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်ကို စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့ မြေပြင်တိုက်ခိုက်မှု များကြောင့် အရပ်သားပြည်သူ ၂၉ ဦး သေဆုံးပြီး ပြည်သူ ၈,၆၀၀ ကျော် နေရပ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင်နေရတယ်လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် က ယနေ့ စက်တင်ဘာလ ၉ ရက်မှာ ထုတ်ပြန် လာပါတယ်။

ယခုနှစ် ဩဂုတ်လ ၁၈ ရက်မှ ၃၀ ရက်အတွင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်(SHRF)ရဲ့ ကောက်ယူထား တဲ့စာရင်းအရဖြစ်ပြီး သေဆုံးသူအများစုမှာ ဘုန်းကြီးကျောင်းများတွင်ဖြစ်ကာ ထိခိုက်ဒဏ်ရာရရှိသူ လည်း ၆၆ ဦးရှိတယ်လို့ ဖော်ပြထားပါတယ်။

စစ်ကောင်စီတပ်ရဲ့ တိုက်ခိုက်မှုများမှာ ကျောက်မဲမြို့၏ အနောက်တောင်ဘက် ကီလိုမီတာ ၂၀ အကွာရှိ နောင်ပိန်ကျေးရွာအုပ်စုကို အဓိက ပစ်မှတ်ထား လုပ်ဆောင်ခဲ့တယ်လို့ဆိုပါတယ်။

ဩဂုတ်လ ၁၈ ရက်နေ့ကစတင်ပြီး ဂုတ်ထိပ်တံတားရှိ စစ်ကောင်စီတပ်များက နောင်ပိန်နှင့် အနီးတဝိုက် ကျေးရွာများသို့ လက်နက်ကြီးများနှင့် ဒရုန်းများဖြင့် အဆက်မပြတ် ပစ်ခတ်ခဲ့ပြီး ဩဂုတ်လ ၂၀ နံနက် ၁၀ နာရီခွဲအချိန်မှာ စစ်ဘေးရှောင် ၃၀၀ ခန့် ခိုလှုံနေတဲ့ ပင်တီးဘုန်းကြီးကျောင်းပေါ်ကို စစ်ကောင်စီတပ်က ဗုံးကြဲချတာကြောင့် ၁၁ ဦး သေဆုံးပြီး ၃၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ SHRF က ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုသည် ကျောက်မဲမြို့နယ်အတွင်းရှိ ဘုန်းကြီးကျောင်းများကို တိုက်ရိုက် ပစ်မှတ်ထားကာ နောင်ပိန်ရှေ့တန်းစစ်မျက်နှာ တစ်ဝိုက်တွင်သာမက ကျောက်မဲနှင့် မိုင်းငေါ့ မြို့များ ပေါ်သို့ပါ ယခု စက်တင်ဘာလ ၆ ရက်နေ့အထိ နေ့စဉ်ဆက်တိုက် ပြုလုပ်ခဲ့တယ်လို့ဆိုပါတယ်။

စစ်ကောင်စီရဲ့ လေကြောင်းနဲ့ မြေပြင်တိုက်ခိုက်မှုများကြောင့် နောင်ပိန်နှင့် အနီးတဝိုက်ကျေးရွာများမှ သက်ကြီးရွယ်အို၊ အမျိုးသမီးနှင့် ကလေးသူငယ်အများစု ပါဝင်တဲ့ ကျေးရွာသား ၈,၀၀၀ ကျော်ဟာ ကျောက်မဲမြို့နယ်တောင်ဘက်က ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) ထိန်းချုပ်နယ်မြေရှိ ကျေးရွာနဲ့ သီပေါမြို့ အရှေ့မြောက်ဘက်ရှိ ကျေးရွာများသို့ ထွက်ပြေးခိုလှုံခဲ့ကြတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီရဲ့ လေကြောင်း နဲ့မြေပြင်တိုက်ခိုက်မှုတွေကြောင့် သြဂုတ်လ အတွင်း နိုင်ငံနဲ့ တစ်ဝှမ်း အမျိုးသမီး ၇၃ ဦး သေဆုံး 9 ...
09/09/2025

စစ်ကောင်စီရဲ့ လေကြောင်း နဲ့မြေပြင်တိုက်ခိုက်မှုတွေကြောင့် သြဂုတ်လ အတွင်း နိုင်ငံနဲ့ တစ်ဝှမ်း အမျိုးသမီး ၇၃ ဦး သေဆုံး

9 Sept 2025

စစ်ကောင်စီတပ်ရဲ့ လေကြောင်း ၊လက်နက်ကြီး တိုက်ခိုက်မှုများအပါအဝင် လိင်ပိုင်းဆိုင်ရာ အကြမ်း ဖက်ခံရမှုများ ၊ သတ်ဖြတ်ခံရမှုများကြောင့် ၁ လအတွင်း နိုင်ငံတစ်ဝန်းက အမျိုး သမီး ၇၃ ဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရှိသူအမျိုးသမီး ၈၀ ဦးရှိခဲ့တယ်လို့ မြန်မာအမျိုးသမီးသမဂ္ဂBWU) က စက်တင်ဘာ ၈ ရက်‌ နေ့မှာ ထုတ်ပြန်ထားပါတယ် ။

ထုတ်ပြန် ချက်တွေ အရ ၂၀၂၅ ခုနှစ်သြဂုတ်လ ၁ ရက်က ၃၁ ရက်အထိ ၁ လအတွင်း မှာမန္တလေး တိုင်းက အမျိုးသမီးသေဆုံးမှုအများဆုံးဖြစ်တယ်လို့ သိရပါတယ် ။

သေဆုံးသူအမျိုးသမီး ၇၃ ဦးထဲကမန္တလေး တိုင်း ၂၇ ဦး ၊ မကွေး တိုင်း ၁၄ ဦး ၊ ကရင် ပြည်နယ် ၈ ဦး ၊ စစ်ကိုင်းတိုင်း ၇ ဦး ၊ ရခိုင် ပြည်နယ် ၇ ဦး ၊ ကချင် ပြည်နယ် ၄ ဦး ၊ ပဲခူး တိုင်း ၄ ဦး၊ ရှမ်းပြည် နယ် ၁ ဦးနဲဲ့ တနင်္သာရီ တိုင်း ၁ ဦး စုစုပေါင်း အမျိုးသမီး ၇၃ ဦး သေဆုံးခဲ့တယ်လို့ BWU ရဲ့အချက်အလက်တွေအရ သိရပါတယ် ။

နိုင်ငံနဲ့တစ်ဝန်း လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် သေဆုံးသူအမျိုးသမီး ၅၄ ဦး ၊ လက်နက် ကြီး ပစ်ခတ်ခံရမှုကြောင့် ၇ ဦး၊ သတ်ဖြတ်ခံရသူ ၈ ဦး၊ မီးရှို့သတ်ဖြတ်ခံရသူ ၃ ဦး၊ ပဋိပက္ခနဲ့ဆက်နွယ် တဲ့လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရမှု ၁ ဦး ပါဝင်တယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် အမျိုး သမီး ၅၄ ဦး ၊ လက်နက်ကြီးပစ်ခတ်ခံရမှုကြောင့် ၂၂ ဦးနဲ့ ပဋိပက္ခနဲ့ဆက်နွယ်တဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုကြောင့် ၄ ဦး ၊ စုစုပေါင်း အမျိုး သမီး ၈၀ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ် ။

၂၀၂၅ခုနှစ် ဇူလိုင်လမှာလည်း စစ်ကောင် စီတပ်ရဲ့ တိုက်ခိုက်အကြမ်းဖက်မှုတွေကြောင့် နိုင်ငံနဲ့တစ်ဝန်းအမျိုးသမီး ၆၄ ဦး သေဆုံးခဲ့ပြီး ၈ဝ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ BWU ရဲ့ အချက်အလက်တွေအရသိရပါတယ် ။

Address

Tachileik
50200

Alerts

Be the first to know and let us send you an email when Hsan Loi Voice posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Hsan Loi Voice:

Share