Kayan Myay kayan htar nay

Bring to past
25/02/2025

Bring to past

1900 ဝန်းကျင် အဂ်လန်နိင်ငံမှာ မွေးနေ့ပွဲကျင်းပနေတဲ့ ကြေးပတ် ကယန်းအမျိုးသမီး။ ゚    ゚
24/02/2025

1900 ဝန်းကျင် အဂ်လန်နိင်ငံမှာ မွေးနေ့ပွဲကျင်းပနေတဲ့ ကြေးပတ် ကယန်းအမျိုးသမီး။

゚ ゚

ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့မှ လေနွေးများနှင့် တရုတ်ပြည်မကြီးပေါ်ရှိ လေဖိအားကြီးရပ်ဝန်းဒေသမှ ရွေ့လျားလာသ...
24/02/2025

ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့မှ လေနွေးများနှင့် တရုတ်ပြည်မကြီးပေါ်ရှိ လေဖိအားကြီးရပ်ဝန်းဒေသမှ ရွေ့လျားလာသော လေအေးများတွေ့ဆုံမှုကြောင့်လည်းကောင်း၊ အနောက်ဘက်မှ ရွေ့လျားလာသော လေပွေလှိုင်းများ၏ အရှိန်ကြောင့်လည်းကောင်း၊ အရှေ့ဘက်မှ ရွေ့လျားလာသော လေပွေလှိုင်းများ၏ အရှိန်ကြောင့်လည်းကောင်း ၂၄-၂-၂၀၂၅ ရက်နေ့မှ ၂၇-၂-၂၀၂၅ ရက်နေ့အတွင်း နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင် ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာကျဲကျဲမှ နေရာစိပ်စိပ်နှင့် မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ချင်းပြည်နယ်နှင့် ရခိုင် ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ပါသည်။

2001, April 10 ရက်မှာ တည်ထားတဲ့ ကယန်းအမျိုးသားကျောက်တိုင်သည် လာမည့် April 10 ရက်နေ့မှာဆို (24)နှစ်ပြည့်သွားပါပြီ။
24/02/2025

2001, April 10 ရက်မှာ တည်ထားတဲ့ ကယန်းအမျိုးသားကျောက်တိုင်သည် လာမည့် April 10 ရက်နေ့မှာဆို (24)နှစ်ပြည့်သွားပါပြီ။

ယောကျာ်းလေးပဲ ရှိတဲ့ တို့အိမ်လည်း..မီးခိုတိတ်။😍   ゚  ゚
24/02/2025

ယောကျာ်းလေးပဲ ရှိတဲ့ တို့အိမ်လည်း..မီးခိုတိတ်။😍



မိုးဗြဲ မြို့ငယ်လေးပါ။..✅အခုဆို ဘယ်လိုနေမှာလဲမသိဘူးနော်....😢။အိမ်ကော ကျန်ကောကျန်ပါ့မလား။.😢😢။ပေးဆပ်လိုက်ရတာ....😢😢 မိုးဗြဲ...
22/02/2025

မိုးဗြဲ မြို့ငယ်လေးပါ။..✅
အခုဆို ဘယ်လိုနေမှာလဲမသိဘူးနော်....😢။
အိမ်ကော ကျန်ကောကျန်ပါ့မလား။.😢😢။

ပေးဆပ်လိုက်ရတာ....😢😢 မိုးဗြဲရေ..😢😢

နွေလည်းရောက်ပြီဆိုတော့...ဒီလိုသဘာဝလေးနဲ့အဆင်ပြေသလိုပဲပေါ့။ ゚
22/02/2025

နွေလည်းရောက်ပြီဆိုတော့...ဒီလိုသဘာဝလေးနဲ့အဆင်ပြေသလိုပဲပေါ့။

Happy life in rural.   ゚
22/02/2025

Happy life in rural.



21/02/2025

နေခဲ့ဖူးတဲ့ နေရာဟောင်း။
20/02/2025

နေခဲ့ဖူးတဲ့ နေရာဟောင်း။

19/02/2025

မျိုးနွယ်၊ဖူးလောဆွေမျိုးစု ဆင်းသက်လာပုံ (သမိုင်း)။
*****************************

ရေကန်ဖူးလော ကျေးရွာသည် ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ် တောင်ပေါ်ကယန်းဒေသမှာ မြင့်မားလှသော သဘာဝတောင်တန်းကြီးပေါ်မှာတည်ရှိထားပြီး အေးချမ်းသောရွာလေးတစ်ရွာဖြစ်ပါသည်။

ဖူးလောဆွေမျိုးစုများ သည် အေဒီ(AD)၁၂၀၀ ခုနစ်တွင် လက်ရှိဒီမော့ဆို ဒေသ မှအောက်ဖက်သို့ စောဝ်ဒီးကော် ဦးဆောင်သော ဆွေမျိုးစု ပေါင်း (၇၇)စုမှတစ်ခု သောဆွေမျိုးစု ဖြစ်သည် ။

ဖူးလော ဆွေမျိုးစု များ သည် လုပ်ကိုင်စားသောက်ရန် ကိုယ်ပိုင်ရေ ၊မြေ၊တောတောင်ကိုရှာဖွေရင်း အေဒီ(AD. ၁၂၀၅)ခုနစ်တွင်အလွန်မြင့်မား၍ရှူ ခင်းများသာယာလှပပြီးတောင်မှမြောက်သို့ သွယ်တန်းသော တောင်စွယ် များ ၏မြောက်ဘက်အစွန်းမှလင်းဒူဟု ခေါ်သော နေရာ တွင် ရွေးချယ်၍ အိမ်ခြေ (၇)အိမ်ဖြင့် စတင်အခြေချ နေထိုင်ကြသည်။

ကျေးရွာ၏ အိမ်ခြေ နင့်လူဦးရေသည် တစ်စ တစ်စ တိုးပွား များပြား လာ ရာ အေဒီ(AD. ၁၂၅၀)ခုနစ်တွင် လင်းစ ဟု ခေါ်သော ပင်မရွာကြီး နင့် မနီးမဝေး အရှေ့ ဖက် တွင် အိမ်ခြေ ပေါင်း (၇)အိမ်ဖြင့် ခွဲထွက်နေထိုင်ကြ သည် ။

ထိုခေတ်၌ အလွန်ထူးဆန်းပြီး နာမယ်ကြီးသော သမိုင်း တစ်ခု ဖြစ်ပေါ် လာ ပါ တော့သည် ။ခန့်မှန်း အေဒီ(AD. ၁၂၅၀မှ ၁၃၀၀)ခုနစ်ကြား တွင် လင်းဒူရွာ ဘက်ခြမ်းမှမိဘ မရှိသော အသက် (၁၀)နစ် နင့် အသက် (၁၂)နစ်ရှိ ညီကို ခလေးငယ်နစ်ဦး မှာ အဖွားဖြစ်သူ (စကလင်မိုးခေါ်ပီးမူကလိ) ဆိုသော အဖွားအိုကြီး နင့်သာ မှီတင်းနေထိုင်စားသောက်ကြရသည်။

ထိုခေတ် တွင် န တ်ကိုးကွယ်သော ခေတ် ဖြစ် သည်။၄င်းအခါသမယ တွင် ရွာ မှ (၈)မိုင်ခန့် ဝေး သော ကန်ဆန်းချောင်းမှ လုံးသရူး သည် ငါး အလွန် ပေါ များ ၍ တစ်နစ်ကို တစ်ကြိမ် မျှသာ လင်းဒူ နင့် လင်းစ ရွာသား များ ပူးပေါင်း၍ ငါးဖမ်း စား လေ့ ရှိကြသည် ။

သို့သော် ၄င်းရေကန်သည် အသားစိမ်းသတ် ၍ နတ်ပူဇော် မှသာ ဖမ်းစား ရလေ့ ရှိသည် ။ သတ်မှတ်သည့် ရက် မှလွဲ၍ မည်သူ မျှ ဖမ်းစား ခွင့် လဲ မရှိပေ။

တစ်နေ့ တွင် ယခင် နတ်ကိုအသားစိမ်းပူဇော်ပြီး ငါးဖမ်း စား ရသည့် ဓလေ့ ကို ပယ်ဖျက်ပြီး ငါးဖမ်းစားရန် စီစဉ် ကြရာ အား လုံးသဘော တူပြီး သွားလာနိင်သူမှန်သမျှ ရိက္ခာ အပြည့်ယူ၍ သွားကြကုန်သည်။

ထိုအထဲ တွင် ခလေးငယ်နစ်ဦး လဲ ပါဝင်နေသည်။

ပထမနေ့ တွင် ကန်ထဲကို ငါး ဖမ်းရန် ဟုန်းပင်(ငါးများသေစေသော အပင်)များ ထု ရိုက် ကြသည်။ သို့သော် ငါးတစ်ကောင်မှ မပေါ် ၊ မ ​ေ-သပါ။ သုံး ရက်မြောက် သည် အထိ ငါး များ မရ ၍ ရွာသား များ မယုံသင်္ကာ ဖြစ် ကာ အစည်း ဝေး ခေါ် ပြီး အကြံ ညံ ထုတ် အဖြေ ရှာ ကြသည် ။

နောက်ဆုံး တွင် အရင် လို နတ်ပူဇော်မှ ရမည် ဟု အားလုံး သဘော ကြ ပြန် သည် ။ နတ်ပူဇော်ရန် တရိစ္ဆာန် လဲမရှိ သော ကြောင့် ကလေး ငယ် နစ် ဦး မှ တစ်ဦး တစ်ယောက် ကို သ/-တ် ၍ နတ် ပူဇော် ရန် ဆုံးဖြတ် ကြရပြန်သည် ။

ရွာ သား များ က ညီ ငယ် ဖြစ်သူ ကို သတ်မည်ဟု ပြော ရာတွင် ညီဖြစ်သူ က "ငါ့ကို မသ/-တ်ပါ နင့် "ဟု ကြောက် ရွ့ ံ့ငိုကြွေး တောင်းပန်လေ၏ ။ ထိုအခါ အကို ဖြစ် သူက "မကြောက်ပါ နင့် လူကြီး များ ပြောင်နောက် တာ လို့ ချော့မော့ လေ၏။

ထို့နောက် ရွာ သား များက အကိုဖြစ်သူ ကို သ/-တ် မည်ဟု ပြော ပြန် ရာ အကို ဖြစ်သူက ပြုံး ၍ နေသည် ကို လက်ခံသည် ဟု ရွာသား များ က ထင်ပြီး ရိုက်ပုတ်သတ်ဖြတ် ၍ နုတ်နုတ် စင်း ကာ ရေကန်ထဲ သို့ ပက်ကြဲ ချ ပြီး နတ်ပူဇော်လေ၏ ။ ထိုသို့ ပြု လုပ်နေစဉ် မှာ ညီဖြစ်သူ မှ အစ် ကို ဖြစ် သူ၏ လက် သန်း ထိပ် ကို ကောက်ယူ ၍ ပုန်းနေလေ၏။

နောက် တစ် နေ့ တွင် ငါး များ အလွန် ပေါ၍ ရကြလေ၏၊ ထို့ ကြောင့် ငါး များ ကို ညီတူ ညီမျှ ခွဲ ဝေ ကြ ရာ ညီငယ် ဖြစ်သူ ကို လဲ ခွဲ ဝေ ပေး လေ၏ ။ ညီဖြစ်သူ မှ ၄င်းအစ်ကို ၏ လက် သန်း ချောင်း ကို အပူ ပေး ၍ အရိုးထုတ်ကာ အရေ ခွံ နင့် လက်သည်းခွံ အား မီး ဘေး အခြောက်ခံလေ၏။ ၈ မိုင်ခန့် ဝေး သော ရွာ ကို ပြန် ကြရာ မနိင်မနင်း တာ တကြောင်း တောင်တက် ချည်းခရီး မှ ၄င်းခလေး ငယ်အား မည်သူ မျှ လက်ဆွဲ တွဲ ခေါ် ပေး မည့် သူ မရှိပါ။ ထို ခလေး သည် အပြန် လမ်း တွင် ငိုယို ၍ အစ်ကို ဖြစ် သူ လက်ဆွဲ ခေါ်ပြန် ပေးရန် အကြောင်း မဲ့ တမ်းတ ရင် းအားအင်ကုန်ခမ်း ရှာ လေ၏။

ထို အခါ အဖွား အို သည် မြေး နစ် ယောက် ကို ရွာ ထိပ် စောင့် ၍ ပြန် လာ သော ရွာသား တချို့ ကို မေး ရာ အနောက်မှာ ပြန် ကြောင်း ပဲ အား လုံး က အဖြေ တူ နေသည် ။ မိုး ချုပ် ၍လဲ ပြန် မရောက်သောကြောင့် အဖွား အို ခမျာ အိမ် သို့ ပြန် ၍ စောင့်နေလေ ၏ ။ ထို အခါ ည အလွန် နက် ချိန် တွင် ထူးဆန်းသော အသံတစ်ခု သည် ငှက်လေချွန် သံ သယောင် ၊ တစ်ဝှစ်ဝှစ်နင့် သာယာသော အသံကို ကြားရပြီး တစ်ဖြေးဖြေး အဖွားအိမ်ဘက် စီသို့ လမ်း ကာ လှေကားတက် သယောင် ကြား ရ၏။ င့မြေး ဟုတ် ပါ သလား ဟု အဖွား ကမေး ရာ ဟုတ်ပါ တယ် ညီ ဖြစ်သူ ကဖြေ လိုက် သည် ။ ထိုအခါ အဖွား အို က မင်း အစ်ကို ရော ဟု မေး ကာ ညီဖြစ် သူ မှ အကြောင်း စုံ ရှင်း ပြလိုက်သည် ။

ထို့ နောက် အဖွားအို ကြီး သည် နာ ကြည်း ခြင်း များစွာ ဖြင့် ၄င်း နေထိုင် သော ရွာ အား ပျက်စီး စေရန် နတ်မင်းအပေါင်း အား တိုင်တည်ပြီး မြေ မြိုစေ ဟု ဆဲ ရေး တိုင်းထွာ ပြု လေ ၏ ။ ထို ည တွင် ရွာ ထဲ ကို ဧည့်သည် ရောက်လာ ၍ ရွာသား များ က အဖွား အိုကို မ- ဆဲ ဆို ပါ နင့်ဟု တောင်း ပန်လေ၏ ။

နောက်နေ့ ဧည့်သည် များ လဲ ထမင်းစား ပြီး ပြန် ထွက် ခွာ သော အခေါ တွင် အဖွားအိုကြီး မှ ထဘီကို အတွင်း အပြင် ၊ အထက်အောက် ၊ ပြောင်းဆန်လှန် ပြီး မြေး ငယ်၏ လက်ကိုဆွဲကာ နတ်မင်း ကိုတိုင်တည်ပြီး မျက်ရည် နင့် တကွ ကျိန် ဆို ဟစ်ကြွေး ပါ တော့သည်။
ကျိန်-ဆိုနေစဉ် မိုးကောင်းကင် တခု လုံး မှောင်မည်း ပြီး မိုး ခြိမ်း၍ မိုးသက်မုန်တိုင်း ပြင်းထန်စွာ တို-/က် ခတ် လာ သည်။ တောင်ထိပ် နင့် ရွာ တစ်ခု လုံး တုန်ခါ လှုပ်ရှား လာပြီး ကျိန်စာ သင့်တော့ မည်သိ၍ အဖွား နင့်မြေး နစ်ဦး သည် လွတ် ကင်းရာ သို့ တိမ်းရှောင်သွား ရာ လင်းဒူ ရွာ သည် မြေ ပြို ၍ ချက်ချင်း ရေအိုင်စိမ်း တစ်အိုင် အဖြစ် ပြည့်သွားတော့သည် ။

ထိုသို့ဖြစ်ပြီး ခဏတွင် တောမှ ပြန်လာ သော ယောကျား (၇)ဦး တို့သည် မိမိတို့ ရွာ အဖြစ်ကိုတွေ့ မြင်ကြရာ ၄င်းရေကန် ရေလွဲ ရန် မြောင်း ဖောက် ၍ ကြိုးစား ကြသော်လဲ မတတ်နိင် သည့် အဆုံး တွင် ထိုရေကန် ထဲ သို့ လိုက် ခုန် ၍ အ​ေ-သ ခံ ပါ တော့သည် ။

၄င်း ယောကျား (၇)ဦး သည် ကျိ-န်စာ တို-က်ချိန်တွင် ပေါင်းထားသော ခေါင်ကို အအေးခံရန် ဖက်ရွက် ငှက်ပျော ရွက် သွားခူး နေကြ ခြင်း ဖြစ်သည်။ ၄င်း ရေကန်ကို လင်းဒူ ရွာ အစွဲပြု ပြီး (su lin ou)ဆူးလင်းအုံ ဟု ခေါ် ၍ ယခု အချိန် ထိ တောင်ထိပ် တွင် ထာ ဝရ မခမ်းခြောက် နိင် သော ရေ အိုင်စိမ်းတစ် အိုင် အဖြစ် တည် ရှိ မြဲ ရှိ နေသည်။ မြေး ဖွား နစ်ဦး သည် ကျိ-န် စာ သင့် သော ရွာ ၏ နစ်မိုင် ခန့် ဝေး သော (ba lou ku)ခေါ် ဂူ နင့် ခပ်ဆင်ဆင် ဘတ်တောင်ခြေ ကျောက် ကပျံ အောက်တွင် ပုန်းခိုရာ ၌ မြေး အကြီး ကောင်အား လွမ်းဆွတ် ၍ ငိုကြွေး ပြီး မျက်ရည်သုတ်၊ နတ်ချေး ညစ်ကာ ကျောက်နံရံတွင် သုတ်၍ ကျောက်နံရံတွင်လက်ဝါးရာ ထင်ကျန်နေကြောင်း ဘိုးဘေး တို့ အဆိုရ သိရသည်။

ထို့ နောက် ရွာ ဟောင်း ပျက် နား ဖြတ်ပြန် ကာ အောက်ဖက်သို့ ဆင်း ပြီး လုံခြုံသော ဂူ တစ်နေရာ တွင် သွား ရောက်ပုန်း ခိုနေထိုင် လေ၏။ ထိုဂူတွင် ခြေမထိ၊ အမိုးမထိ အထပ် တစ်ခု ရှိ၍ ဤနေရာ ၌ ငိုကြွေး ပြန် ရာ ၄င်း အဖွား အို ၏ မျက်ရည်များ သည် အလွန်ကြည်လင်သော ရေအိုင်ငယ် တစ်ခု အဖြစ် တည်ရှိနေသည်။

၄င်း ရေအိုင်သည် ယခု ထိ သွားရောက်ခပ်သောက်နေကြပြီး ရေထွက်ပေါက်မရှိ ၊ ရေ မလျှံ နိင် သော အိုင် ငယ် တခု သည် ဂူ အတွင်း ပေါ်မထိ အောက်မထိ ပဲ လူ သွားနိင်သော ပါးလွှာကျောက်တံတား တစ်ခု သဖွယ် ရှိနေသည်။ ထို့ နောက် အဖွား အို နင့် မြေး သားအမိ နစ်ဦး သည် မိမိ နေရပ် အား စွန့်ခွာ ရန် ထွက်ခွာစဉ် နောက်တစ်ချက်လှည့် ကြည့်ပြီး မျက်ရည် ယိုကာ နုတ်ဆက်သောအား ဖြင့် အသုံး ပြုသော ဝါးတောင်ဝှေးကိုမြေတွင်ဇောက်ထိုး စိုက်ကျန်ရစ်စေပြီး နယ်မြေမှ အပြီး ပိုင် ထွက်သွားပါ တော့သည် ။

၄င်းအဖွားအို၏ ဝါးတောင်ဝှေး သည် ဝါးပင်ပေါက်ပြီး ဝါးဆစ်ဇောက်ထိုးပေါက်သော ဝါးရုံတစ်ရုံ အဖြစ် တည်ရှိနေဆဲ ဖြစ်သည်။

ထို့ နောက် အဖွား နင့် မြေး ကို အမည်ခံပြီး (phu lu )ခေါ် အဖွားနင့်မြေး ဟု အဓိပ်ပါယျ ရပြီး ဗမာစကား အား ဖြင့် ဖူးလော ဟူသောဆွေမျိုး စု များ စတင်ခေါ်ဝေါ် ဖြစ်ပေါ်လာပါတော့သည် ။

ထို့နောက် (AD. 1320)ခုနစ်တွင် (ကစော့)မောင်ကျော်မှ နယ်စား စဝ်စံကျော်က စစ်ကိုင်း တွင်စိုးစံသော ရှမ်းမင်း အသခံယာစောယွန်းထံ မှ ဖူးလောဆွေမျိုးစု များ၏ ကိုယ်ပိုင် စား ရာ စား ကွက် ဧရိယာ မြေကို မြေပုံ နင့်တကွ တောင်းခံ ရရှိ ခဲ့ပါသည် ။

ထိုမှတစ် ပြီး တစ်စ လူဦးရေတိုးပွားလာကာ AD. ၁၉၃၇ ခုနစ် တွင် မှ အချို့ မိသားစု များ သည် လင်းဒူ နင့်လင်းစ နေရာ အနီးတွင်ပြန်လည်ပြီး ရွာ တည်နေထိုင် ကြရာ ၄င်းရွာကို (su lin ou) နင့် (phu lu )ကို အခြေံ ပြီး ရေကန်ဖူးလော ဟု ခေါ်ဝေါ်သမုတ် ကြသည် ။

ထို ရာ ဇဝင်ရေကန်သည် ရေကန်ဖူးလော ရွာ ၏ ရွာထိပ်ပေါ် တွင်တည်ရှိသည်။ ခလေး ငယ်အား သ-/တ်၍ န-တ်ပူ ဇော် သော (lontru)လုံးသရူးရေကန်သည်လည်း ခလေး ငယ်နစ်ဦး အမှတ်ဖြင့် တောင်ထန်းပင် နစ်ပင် သည် ၄င်း ကန်စပ်နား တွင် အလိုအလျောက် အရွယ်တူ ပေါက် ရောက် တည်ရှိ နေသည်။

မှီငြမ်း-ခွန်းပီးယို မှ (ရှမ်းသမိုင်း)
FL page
သမိုင်းရေးသားပြု စုသူ -ခွန်းရောဘတ်တို (အရှေ့ဖူးလောဖယ်ခုံ)

ကမ်ခွမ့်(တံခွန်တိုင်)အခေါ်အဝေါ်။   ゚
19/02/2025

ကမ်ခွမ့်(တံခွန်တိုင်)အခေါ်အဝေါ်။

တစ်ခေတ်တုန်းက ပုံရိပ်လေးပေါ့ ။ထိုင်ခုံကလည်း...အသက်ပဲ။😍   ゚
18/02/2025

တစ်ခေတ်တုန်းက ပုံရိပ်လေးပေါ့ ။
ထိုင်ခုံကလည်း...အသက်ပဲ။😍



ที่อยู่

Chiang Mai
50000

เบอร์โทรศัพท์

+959799508187

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Kayan Myayผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง Kayan Myay:

วิดีโอทั้งหมด

แชร์