Naga News Naga News is a community media platform amplifying local voices, culture, and daily life.

Committed to justice and accountability, we bring untold stories to light.

ဆဒုံးမြိုကို စစ်‌ေကာင်စီ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်စက်တင်ဘာလ ၃၀ ရက် ၂၀၂၅Naga Newsအကြမ်းဖက်စစ်တပ်ဟာ စက်တင်ဘာလ ၂၉ ရက်န...
30/09/2025

ဆဒုံးမြိုကို စစ်‌ေကာင်စီ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်

စက်တင်ဘာလ ၃၀ ရက် ၂၀၂၅
Naga News

အကြမ်းဖက်စစ်တပ်ဟာ စက်တင်ဘာလ ၂၉ ရက်နေ့ မွန်းလွဲ ၂ နာရီကျော်ခန့်အချိန် ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ ဆဒုံးမြို့ရှိ လူစည်ကားတဲ့ ဈေးနဲ့ ရဲစခန်းနေရာဟောင်းကို တိုက်ပွဲတစုံတရာဖြစ်ပွားခြင်းမရှိဘဲ ဂျက်ဖိုက်တာ၂ စီးဖြင့် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တယ် လို့ သိရပါတယ်။

ယင်းလေကြောင်း တိုက်ခိုက်မှုကြောင့် မူကြိုအရွယ် ကလေးငယ် (၂)ဦး အပါအဝင် အရပ်သားပြည်သူ (၈) ဦးထက်မနည်း သေဆုံးခဲ့ရပြီး ဒဏ်ရာရသူတွေလည်း အများအပြား ရှိခဲ့တယ်လို့ ဒေသသတင်းရင်းမြစ်များဆီက သိရပါတယ်။

စစ်ကောင်စီတပ်ဟာ မနေ့က စက်တင်ဘာလ ၂၉ ရက် တစ်ရက်တည်းမှာပင် ချင်းပြည်နယ် ပလက်ဝမြို့ကိုလည်း တိုက်ပွဲဖြစ်ပွါးခြင်းမရှိပဲ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာကြောင့် အမျိုးသမီး (၂) ဦးသေဆုံးကာ ကလေးငယ်များ အပါအဝင် အရပ်သားပြည်သူ၂၀ ဦးခန့် ဒဏ်ရာရရှိခဲ့တယ် လို့လည်း သိရပါတယ်။

29/09/2025

မင်္ဂလာပါ ……

အအပတ်စဉ် ထုတ်လွှင့်ပေးနေတဲ့ Naga News တိုက်ရိုက်ထုတ်လွှင့်မှု မှ နားဆင်ရမယ့် အကြောင်းအရာများ ကတော့ -

• NSCN-K လက်နက်ကိုင်အဖွဲ့အစည်းအားလုံးကို တရားမဝင်အဖွဲ့အစည်းအဖြစ် အိန္ဒိယဗဟိုအစိုးက ကြေညာ

• အိန္ဒိယအစိုးက NSCN-K အဖွဲ့အား တရားမဝင်အဖွဲ့အစည်းအဖြစ် ကြေညာချက်ကို ဆန့်ကျင်သည့်အနေဖြင့် Ang Mai ဦးဆောင်တဲ့ NSCN-K အဖွဲ့က ကြေငြာချက် ထုတ်ပြန်

• မြန်မာနိုင်ငံအတွင်း လှုပ်ရှားနေတဲ့ NSCN-IM အဖွဲ့ (Eastern Flank) က နာဂဒေသ မြို့နယ်အသီးသီးမှာ အခွန်တိုးချဲ့ကောက်ခံသွားမယ် လို့ တရားဝင် အသိပေးလာ

• စစ်ကော်မရှင်အား လက်နက်ရောင်းချပေးနေတဲ့ လူ ပုဂ္ဂိုလ်တွေနဲ့ ကုမ္ပဏီတစ်ခုကို အမေရိကန်အစိုးရက စီးပွားရေးပိတ်ဆို့ဒဏ်ခတ် အရေးယူ

• ခန္တီးမြို့ကို ကုန်ပစ္စည်းတွေရောက်ရှိဖို့ ပိုမိုခက်ခဲလာတာဟာ ကုန်ဈေးနှုန်း အဆမတန်မြှင့်တက်မှုရဲ့ အဓိကအကြောင်းရင်း ဖြစ်လာ စတဲ့ သတင်းတွေအပါအဝင် တေးသီချင်းကဏ္ဍကနေ နာဂရိုးရာတေးသီချင်းများကို နားဆင်ကြရပါမယ်။ နားဆင်နေကြတဲ့ မိဘပြည်သူများ ဘေးရန်ကင်းကွာ ကြပါစေ။


ခန္တီးမြို့ကို ကုန်ပစ္စည်းတွေရောက်ရှိဖို့ ပိုမိုခက်ခဲလာတာဟာ ကုန်ဈေးနှုန်း အဆမတန်မြှင့်တက်မှုရဲ့ အဓိကအကြောင်းရင်း ဖြစ်လာစ...
27/09/2025

ခန္တီးမြို့ကို ကုန်ပစ္စည်းတွေရောက်ရှိဖို့ ပိုမိုခက်ခဲလာတာဟာ ကုန်ဈေးနှုန်း အဆမတန်မြှင့်တက်မှုရဲ့ အဓိကအကြောင်းရင်း ဖြစ်လာ

စက်တင်ဘာလ ၂၇ ရက် ၂၀၂၅
Naga News

မုံရွာ-ဟုမ္မလင်း-ခန္တီးဒေသများသို့ ကုန်စည်တင်ပို့ရာမှာ အဓိကအားထားကြရတဲ့ ချင်းတွင်းမြစ်ကြောင်းအတွင်း ပြေးဆွဲကြတဲ့ မော်တော်ယာဉ်တွေဟာ ယခု နောက်ပိုင်း ဟုမ္မလင်းမြို့အထက်ပိုင်းကိုသွားလာခြင်း နည်းပါးလာတာကြောင့် ခန္တီးမြို့ကို ကုန်ပစ္စည်းရောက်ရှိဖို့ ပိုမိုခက်ခဲလာစေတာဖြစ်ပြီး အဲဒီ အခြေအနေမှာ မဖြစ်မနေတင်ပို့ရမယ့် စားသောက်ကုန်နဲ့ လူသုံးကုန်တွေကို တင်ပို့နိုင်ရေးအတွက် လေကြောင်းပို့ဆောင်ရေး တစ်ခုတည်း အားထားလာကြရပြီး သယ်ယူပို့ဆောင်စရိတ်ကြီးတာဟာ ကုန်ဈေးနှုန်းအဆမတန်မြှင့်တက်လာစေဖို့ အကြောင်းရင်း ဖြစ်လာရတယ် လို့ ဒေသနေ ပြည်သူတွေက Naga News ကို ပြောပါတယ်။

“ခန္တီးအထိ စျေးမော်တော်တွေအဆက်မပြတ် တက်လာရရင် ကုန်ဈေးနှုန်းက တော်သေးပါတယ်။ မော်တော်တွေက ဟုမ္မလင်းအထိပဲ လာချင်ကြတယ်။ ခန္တီးတက်ဖို့က အထက်ဘက်ဂိတ်တွေက ငွေပေးရတာ တအားများတော့မလာချင်ကြဘူး။ ဟုမ္မလင်းတံတားက စစ်ကောင်စီဂိတ်က မော်တော်ဆီက ဖြတ်၊ ကောယားရွာအထက် ရှမ်းနီဂိတ်က ကုန်ပစ္စည်းဂျပ်ဖာတစ်ဖာ ၁ သောင်းနှုန်း၊ ဘိလပ်တစ်အိတ် ၅၀၀၀ ဆီ တစ်ပေပါ ၁ သောင်းခွဲ၊ ထမံသီစစ်တပ်ဂိတ်က မော်တော်အလိုက် ကြည့်ကောက်တယ်။ နန့်ဖီးလင်း ရှမ်းနီဂိတ်က မော်တော် အကြီးအငယ်အလိုက် သိန်း ၆၀ နဲ့ ၁၀၀ ကြားကောက်တဲ့အပြင် ဘိလပ်ဆို တစ်အိတ် ၅၀၀၀၊ ဆီက ပေပါအလိုက် ကောက်ခံတယ်၊ အဲ့ဒါကြောင့် မော်တော်တွေက ခန္တီး ဆို မတက်ချင်ကြတာပါ” လို့ ပြောပါတယ်။

ဟုမ္မလင်း-ခန္တီး ချင်းတွင်းမြစ်ကြောင်းတလျှောက် စစ်ကောင်စီနဲ့ ရှမ်းနီ SNA အဖွဲ့တို့က ဂိတ်များထားရှိပြီး အဖွဲ့တိုင်းရဲ့ ဂိတ်တွေဟာ ယာဉ်ခေတ္တ ရပ်နားရာနေရာများ၊ မြို့အဝင်အထွက် အဓိကတံတားများ၊ မြစ်ကြောင်းတလျှောက် ကျေးရွာတွေမှာ ဂိတ်များထားရှိကာ မော်တော်ယာဉ်များအနေနဲ့ အဖွဲ့တိုင်းက ကောက်ခံတာကို မဖြစ်မနေ ပေးဆောင်နေရတဲ့ အခြေအနေတွေကို ကြုံတွေ့နေရတာကြောင့် ခန္တီးမြို့အထိ ရောက်ရှိနိုင်တဲ့ မော်တော်ယာဉ်အရေအတွက် ဟာ ၂၀၂၂ ခုနှစ်နောက်ပိုင်း သိသိသာသာနည်းပါးလာကာ အကျိုးဆက်အနေနဲ့ ခန္တီးမြို့ကို ကုန်ပစ္စည်းရောက်ရှိဖို့ ခက်ခဲသွားစေတာ ဖြစ်ပါတယ်။

စစ်ကော်မရှင်အား လက်နက်ရောင်းချပေးနေတဲ့  လူ ပုဂ္ဂိုလ်တွေနဲ့ ကုမ္ပဏီတစ်ခုကို အမေရိကန်အစိုးရက စီးပွားရေးပိတ်ဆို့ဒဏ်ခတ် အရေး...
27/09/2025

စစ်ကော်မရှင်အား လက်နက်ရောင်းချပေးနေတဲ့ လူ ပုဂ္ဂိုလ်တွေနဲ့ ကုမ္ပဏီတစ်ခုကို အမေရိကန်အစိုးရက စီးပွားရေးပိတ်ဆို့ဒဏ်ခတ် အရေးယူ

စက်တင်ဘာလ ၂၇ ရက် ၂၀၂၅
Naga News

အာဏာသိမ်းပြီးကတည်းက အရပ်သားပြည်သူလူထုတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတဲ့ အကြမ်းဖက်စစ်တပ်ကို လက်နက်ရောင်းချပေးမှုမှာ ပတ်သက်နေသူတွေနဲ့ စစ်ကော်မရှင်အား ယင်းကဲ့သို့ လက်နက်ဝယ်ယူနိုင်ရေး ပံ့ပိုးခြင်းအားဖြင့် မြောက်ကိုရီးယားကို ဝင်ငွေစီးဆင်းမှုရင်းမြစ်ဖြစ်စေတဲ့ ပစ်မှတ် ၆ ခု အား အမေရိကန်နိုင်ငံမှ ပိတ်ဆို့ဒဏ်ခတ်အရေးယူလိုက်ကြောင်း သတင်းထုတ်ပြန်လိုက်ပါတယ်။

ယခု ပိတ်ဆို့အရေးယူဆောင်ရွက်ရခြင်း အဓိကရည်ရွယ်ချက်ကတော့ လက်နက်မဲ့ ပြည်သူလူထုတွေကို ပစ်မှတ်ထား တိုက်ခိုက်မှုကို အားပေးရာရောက်တဲ့ တရားမဝင်ကွန်ရက်စုဖွဲ့မှုတွေကို ဖြတ်တောက်ဖို့နဲ့မြောက်ကိုးရီးယားရဲ့ အစုလိုက်အပြုံလိုက် သေကြေပျက်စီးစေနိုင်တဲ့ ပဲ့ထိန်းဒုံးလက်နက် အစီအစဉ်အတွက် အဓိကဝင်ငွေလမ်းကြောင်းတွေကို ဖြတ် တောက်ဖို့ ရည်ရွယ်တယ်လို့ သိရပါတယ်။

မြောက်ကိုရီးယားအစိုးရအတွက် အဓိက ငွေကြေးစီးဆင်းမှု ဖြစ်စေတဲ့ တရားမဝင်လက်နက်ရောင်းဝယ်ရေးမှာ တိုက်ရိုက် ပတ်သက်နေတဲ့ လူပုဂ္ဂိုလ် ၅ ဦးနဲ့ ကုမ္ပဏီတစ်ခု ကို ပိတ်ဆို့ အရေးယူလိုက်တာ ဖြစ်ပြီး ယင်းပိတ်ဆို့အရေးယူမှုမှာ မြန်မာအခြေစိုက် Royal Shune Lei Company Limited ရဲ့ Director အောင်ကိုကိုဦး နဲ့ ယင်းကုမ္ပဏီရဲ့အဓိက ပုဂ္ဂိုလ်တွေဖြစ်ကြတဲ့ ကျော်သူမျိုးမြင့် နဲ့ တင်မျိုးအောင်တို့ ပိတ်ဆို့ဒဏ်ခတ်အရေးယူခံရကြောင်း၊ ကျော်သူမျိုးမြင့် နဲ့ တင်မျိုးအောင်တို့ နှစ်ဦးဟာ Korea Mining Development Trading Corporation (KOMID) ရဲ့ လက်ထောက်ကိုယ်စားလှယ်ဖြစ်တဲ့ Kim Yong Ju နဲ့ ဆက်သွယ်ကာ မြန်မာ့လေကြောင်း အတွက် တိုက်ခိုက်ရေး လက်နက်တွေကို ဝယ်ယူပေးခဲ့ကြကြောင်း၊ KOMID ဟာ ပဲ့ထိန်းဒုံးလက်နက်တွေနဲ့ ဆက်စပ်ပစ္စည်းများကို အဓိက တင်ပို့ရောင်းချပေးနေတဲ့ ကုမ္ပဏီတစ်ခုဖြစ်ကြောင်း ဖော်ပြထားပါတယ်။

ယခု ပိတ်ဆို့အရေးယူမှုဟာ မြောက်ကိုရီးယားအစိုးရကို အားနည်းစေဖို့နဲ့ မြန်မာစစ်တပ်ကို ထောက်ပံ့ပေးနေတဲ့ သူတွေကို တာဝန်ယူမှုရှိစေဖို့ ဖြစ်ကြောင်းနဲ့ ယခု ပိတ်ဆို့ အရေးယူမှုကို G7 နိုင်ငံတွေအနေနဲ့ ပူးပေါင်းပါဝင်လာတဲ့အပေါ် ကြိုဆိုကြောင်း ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံအတွင်း လှုပ်ရှားနေတဲ့ NSCN-IM အဖွဲ့ (Eastern Flank) က နာဂဒေသ မြို့နယ်အသီးသီးမှာ အခွန်တိုးချဲ့ကောက်ခံသွားမယ်...
27/09/2025

မြန်မာနိုင်ငံအတွင်း လှုပ်ရှားနေတဲ့ NSCN-IM အဖွဲ့ (Eastern Flank) က နာဂဒေသ မြို့နယ်အသီးသီးမှာ အခွန်တိုးချဲ့ကောက်ခံသွားမယ် လို့ တရားဝင် အသိပေးလာ

စက်တင်ဘာလ ၂၇ ရက် ၂၀၂၅
Naga News

နာဂအမျိုးသာဆိုရှယ်လစ်ကောင်စီ (NSCN-IM) အဖွဲ့မှ လက်ရှိ မြန်မာနယ်နိမိတ်အတွင်းဝင်ရောက်လာတဲ့ (Eastern Flank) အဖွဲ့က နာဂလူမျိုးများနေထိုင်ရာ အရှေ့နာဂဒေသအတွင်းအခွန်ကောက်ခံမှု တိုးချဲ့လုပ်ဆောင်သွားမယ်လို့ အသိပေးလာတဲ့ စာတစ်စောင်အား စက်တင်ဘာလ ၂၅ ရက် နေ့စွဲဖြင့် အများပြည်သူသိစေဖို့ ထုတ်ပြန်လာပါတယ်။ အဲဒီအတွက် ဒေသနေပြည်သူများဖက်က ပူးပေါင်းပါဝင်ပေးကြဖို့ နဲ့ အများပြည်သူသိစေဖို့ အသိပေးလာတာတွေ့ရပါတယ်။

NSCN-IM သည် အိန္ဒိယနိုင်ငံ Nagaland ပြည်နယ်၊ Dimapur ခရိုင်အတွင်း ဌာနချုပ်ထားရှိကာ အိန္ဒိယနိုင်ငံနယ်နိမိတ်အတွင်း အခြေစိုက်လှုပ်ရှားတဲ့အဖွဲ့ဖြစ်ပြီး မြန်မာနယ်နိမိတ်အတွင်းက နာဂဒေသတွေမှာ အခွန်အခ ကောက်ခံမှုလုပ်ဆောင်ခြင်း ယခင်က မရှိခဲ့ပါ။ ၂၀၂၁ နောက်ပိုင်း NSCN-IM အင်အားတချို့ မြန်မာနယ်နိမိတ်အတွင်းကျရောက်နေတဲ့ နာဂဒေသနေရာအများစုမှာ အခြေချလာပြီးနောက် NSCN-K အဖွဲ့နဲ့ နားလည်မှုအရ ဒေသအလိုက် အခွန်အခကောက်ခံမှု လုပ်ဆောင်နေခဲ့ပြီး တရားဝင်အသိပေးစာအနေနနဲ့ ပထမဦးဆုံးအကြိမ် လုပ်ဆောင်လာတာ တွေ့ရပါတယ်။

အခွန်ကောက်ခံမှုမှာ ပူးပေါင်းပါဝင်ကြတဲ့ ဒေသနေ မိမိတို့လူမျိုးများကို အမြဲ အသိအမှတ်ပြုကြောင်း၊ NSCN-IM အဖွဲ့ဝင်တွေဟာ လတ်တလော အခွန်အခကောက်ခံမှုကို နာဂဒေသ၊ လေရှီးမြို့နယ်အတွင်းမှာ အဓိကလုပ်ဆောင်နေခဲ့တာ ၂ နှစ်ကျော်လာပြီ ဖြစ်ပြီး ယခုအသိပေးမှုအရ အခြားမြို့နယ်များမှာပါ တိုးချဲ့ ကောက်ခံဖို့ ပြင်ဆင်နေတယ် လို့ သိထားပါတယ်။

အထွေထွေ အကြပ်အတည်းနဲ့ ရင်ဆိုင်နေကြရတဲ့ ပြည်သူလူထုအဖို့ အခွန်ကောက်ခံတဲ့ အဖွဲ့အစည်းများလာတာဟာ ဝန်ထုတ် တစ်ခုတိုးတာလို့ပဲ မြင်တယ်လို့ ဒေသနေသူတွေကလည်း ဝေဖန်ပြောဆိုကြသလိုဘအမျိုးသားရေးလုပ်ငန်းများမှာ ပါဝင်ဦးဆောင်နေတဲ့ အမည်မဖော်လိုသူ ဒေသခံ တစ်ဦးကတော့ NSCN-IM က အခွန်အခ ကောက်ခွမယ့်ကိစ္စအပေါ် " ဦးယုန်းအောင်က သူတို့ ဒီဘက်ကို မဝင်လာခင်မှာ အခွန်အခကိစ္စနဲ့ ပတ်သက်ပြီး ပြောဆိုထားရင် အခုလိုဖြစ်လာမှာမဟုတ်ဘူး" လို့ မှတ်ချက်ပြုထားပါတယ်။

အိန္ဒိယအစိုးက NSCN-K အဖွဲ့အား တရားမဝင်အဖွဲ့အစည်းအဖြစ် ကြေညာချက်ကို ဆန့်ကျင်သည့်အနေဖြင့် Ang Mai ဦးဆောင်တဲ့ NSCN-K အဖွဲ့က...
25/09/2025

အိန္ဒိယအစိုးက NSCN-K အဖွဲ့အား တရားမဝင်အဖွဲ့အစည်းအဖြစ် ကြေညာချက်ကို ဆန့်ကျင်သည့်အနေဖြင့် Ang Mai ဦးဆောင်တဲ့ NSCN-K အဖွဲ့က ကြေငြာချက် ထုတ်ပြန်

စက်တင်ဘာလ ၂၅ ရက် ၂၀၂၅
Naga News

အိန္ဒိယအစိုးရက NSCN-K အဖွဲ့ကို တရားမဝင်အဖွဲ့အစည်းဖြစ် ကြေညာခဲ့ပြီး ၅ နှစ်တာ ပိတ်ဆို့မှု ပြုလုပ်လိုက်တာဟာ NSCN-K အပေါ် မည့်သည့်သက်ရောက်မှုမျှ မရှိကြောင်းနဲ့ NSCN-K အနေနဲ့ မိမိတို့ လူမျိုးကို ကာကွယ်ခွင့်ရှိကြောင်း ဒီနေက စက်တင်ဘာလ ၂၅ ရက်နေ့မှာ NSCN-K(AngMai) အဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။

အိန္ဒိယဗဟိုအစိုးရ၊ ပြည်ထဲရေးဝန်ကြီးဌာနက NSCN-K အဖွဲ့အားလုံးကို တုံ့ပြန်လိုက်တဲ့ ဒီကြေငြာချက်ဟာ နာဂလူမျိုးတို့ရဲ့ လွတ်လပ်တဲ့ အချုပ်အခြာကို တရားဝင်အသိအမှတ်ပြုရာ သက်ရောက်စေခဲ့တယ် လို့ သူတို့ရဲ့ ထူတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အိန္ဒိယနိုင်ငံဟာ ဗြိတိသျှရဲ့အစိတ်အပိုင်းဖြစ်ခဲ့တာဟာလည်း နာဂနဲ့ ကွာခြားတဲ့အချက် ဖြစ်ပြီး နာဂဒေသဟာ အိန္ဒိယနိုင်ငံရဲ့ အစိတ်အပိုင်း ဘယ်တုန်းကမှ မဖြစ်ခဲ့ကြောင်း၊ နောင်လည်း ဖြစ်လာမှာမဟုတ်ကြောင်း၊ ဒီ လွတ်လပ်မှုဟာ နာဂတို့ရဲ့ မွေးရာပါ ဘိုးဘေးဘီဘင်တွေဆီက ဆင့်ကဲ သယ်ဆောင်လာတာ ဖြစ်သလို ဘုရားပေးအပ်ထားတဲ့အမွေလက္ခဏာဖြစ်ကြောင်း၊ နာဂလူမျိုးတို့အနေနဲ့ အိန္ဒိယနိုင်ငံပိုင်နက်ကို မတရားသိမ်းပိုက်ခြင်း၊ ပိုင်နက် မတရားကျူးကျော်ခြင်း၊ တိုက်ခိုက်ခဲ့ခြင်းမျိုး သမိုင်းမှာ မရှိကြောင်း၊ မိမိတို့ရဲ့မြေပေါ်မှာ မိမိတို့ရဲ့လွတ်လပ်ခွင့် အချုပ်အခြာကို ထိန်းသိမ်းရန် ကြိုစားနေခြင်း ဖြစ်ကြောင်း အိန္ဒိယ စစ်တပ်ကသာ ဥပဒေကို အကြောင်းပြပြီး နာဂလူမျိုးတို့ကို အိန္ဒိယလူမျိုးများအဖြစ် မတရားကျူးကျော်သိမ်းသွင်းခဲ့ကြောင်း၊ အိန္ဒိယအစိုးရက NSCN-K ကို မတရားအဖွဲ့အစည်းအဖြစ် ကြေညာပြီး ၅ နှစ်တာ ပိတ်ဆို့မှု လုပ်ဆောင်လိုက်တာဟာ မှာ စစ်ကြေညာချက် ဖြစ်ကြောင်း၊ နာဂနယ်မြေထဲမှာ အိန္ဒိယစစ်တပ်များစွာ နေရာချထားခြင်းမှာ နာဂလူမျိုးကို စစ်ရေးအရ ရာဇဝတ်မှုကျူးလွန်ရန် အသုံးပြုဖို့ဖြစ်ကြောင်း၊ အမှန်တကယ် နယ်မြေကျူးကျော်နေပြီး၊ စစ်ရာဇဝတ်မှုကျူးလွန်နေသူတွေဟာ အိန္ဒိယ စစ်တပ်သာ ဖြစ်ကြောင်း၊ မိမိတို့အဖွဲ့အစည်းရပ်တည်ရေးအတွက် အခွန်အခ ကောက်ခံရာမှာ နာဂနယ်မြေအတွင်း နေထိုင်ကြတဲ့ နာဂလူမျိုးများကိုသာ အကျုံးဝင်စေခဲ့ကြောင်း၊ အိန္ဒိယလူမျိုးများထံက ကောက်ခံခဲ့ခြင်းမျိုး မရှိကြောင်း ဖော်ပြထားပါတယ်။

အိန္ဒိယနိုင်ငံကို ဆန့်ကျင်နေကြတဲ့အခြားသောနိုင်ငံတွေဆီကနေ ငွေကြေးနဲ့ လက်နက်အကူအညီတွေ ရယူနေကြောင်း အိန္ဒိယအစိုးရရဲ့ စွပ်စွဲချက်မှာလည်းနိုင်ငံရေးဝါဒဖြန့်မှုသာ ဖြစ်ကြောင်း၊ အိန္ဒိယအစိုးရက စွပ်စွဲသကဲ့သို့ NSCN အနေနဲ့ ဇီဝလက်နက်တွေပိုင်ဆိုင်ထားခြင်း မရှိကြောင်း၊ မိမိတို့မှာ မိမိနယ်မြေ ကာကွယ်ရေးအတွက်သာ ဦးတည်ကြောင်းကိုလည်း ဖော်ပြပါတယ်။

NSCN-K လက်နက်ကိုင်အဖွဲ့အစည်းအားလုံးကို တရားမဝင်အဖွဲ့အစည်းအဖြစ် အိန္ဒိယဗဟိုအစိုးက ကြေညာစက်တင်ဘာလ ၂၂ ရက် ၂၀၂၅Naga Newsအိန္...
22/09/2025

NSCN-K လက်နက်ကိုင်အဖွဲ့အစည်းအားလုံးကို တရားမဝင်အဖွဲ့အစည်းအဖြစ် အိန္ဒိယဗဟိုအစိုးက ကြေညာ

စက်တင်ဘာလ ၂၂ ရက် ၂၀၂၅
Naga News

အိန္ဒိယဗဟိုအစိုးရ၊ ပြည်ထဲရေးဝန်ကြီးဌာန က NSCN-K လက်နက်ကိုင်အဖွဲ့အစည်းနဲ့ ၎င်းတို့ရဲ့အဖွဲ့ခွဲများအားလုံးကို တရားမဝင်အသင်းအဖွဲ့များအဖြစ် စက်တင်ဘာလ ၂၂ ရက် နေ့စွဲနဲ့ ကြေငြာချက် ထုတ်ပြန်ထားပါတယ်။ ဗဟိုအစိုးရရဲ့ ကြေငြာချက်ပါအရ NSCN-K အဖွဲ့ အားလုံးက အိန္ဒိယနိုင်ငံရဲ့ အချုပ်အခြားအာဏာနဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတဲ့ လုပ်ဆောင်ချက်များမှာ ပါဝင်လှုပ်ရှားခြင်း ရှိတာကြောင့် မတရားအသင်းအဖြစ် ကြေညာလိုက်လိုက်ကြောင်း၊ ယခု အမိန့်ကြေငြာချက်သည် စက်တင်ဘာလ ၂၈ ရက်နေ့မှ စတင်ကာအသက်ဝင်မည် ဖြစ်ကြောင်း ဖော်ပြပါထားပါတယ်။

ကြေငြာချက်ပါ ဖော်ပြချက်မှာ NSCN-K အဖွဲ့အားလုံးဟာ အိန္ဒိယပြည်ထောင်စုမှ ခွဲထွက်ပြီးအိန္ဒိယ-မြန်မာနယ်စပ်တလျှောက်က နာဂဒေသကို အချုပ်အခြာအာဏာပိုင် နာဂမြေအဖြစ်ဖန်တီးရန်ကြိုးပမ်းခြင်း၊ ULFA၊ PREPAK၊ PLA ကဲ့သို့သော အခြားတရားမ၀င်အသင်းအဖွဲ့များနဲ့ ချိတ်ဆက်ပူးပေါင်းမှု ရှိခြင်း၊ စီးပွားရေးသမားများ၊ အစိုးရဝန်ထမ်းများနဲ့ အရပ်သားတွေကို ပြန်ပေးဆွဲခြင်းနဲ့ ငွေညှစ်ခြင်းတို့ကို ကျူးလွန်နေခြင်း၊ တရားမဝင် လက်နက်ခဲယမ်းများ လက်ဝယ်ထားရှိခြင်း နဲ့ အခြားနိုင်ငံများမှ အိန္ဒိယဆန့်ကျင်ရေးအဖွဲ့အစည်းများဆီကနေ လက်နက်နဲ့ အခြားအကူအညီအထောက်အပံ့များရယူနေခြင်း စတဲ့အချက်တွေ ပါဝင်ပါတယ်။

အခု အိန္ဒိယနိုင်ငံအစိုးရက မတရားအဖွဲ့အစည်းအဖြစ်ကြေညာလိုက်တဲ့ထဲမှာ NSCN-K/YA နဲ့ NSCN-K/AM တို့ကို ရည်ညွန်းတာ ဖြစ်ကြောင်း သူတို့အဖွဲ့အစည်းတွေကို အကူအညီပေးရေး ကမ်းလှမ်းတဲ့ နိုင်ငံတွေ အဖွဲ့အစည်းအများအပြား ရှိနေကြောင်းကိုလည်း India ဗဟိုအစိုးရမှ ကောင်းစွာ သိရှိထားကြောင်း NSCN-K (Angmai) အဖွဲ့က ပြောပါတယ်။

22/09/2025

မင်္ဂလာပါ ……
အအပတ်စဉ် ထုတ်လွှင့်ပေးနေတဲ့ Naga News တိုက်ရိုက်ထုတ်လွှင့်မှု မှ နားဆင်ရမယ့် အကြောင်းအရာများ ကတော့ -

• ခန္တီးမြို့က ကုန်စိမ်းဈေးသည်များ နေ့စဉ်ဝင်ငွေကအခြေခံစားသောက်ကုန် ကုန်ကျစရိတ်ကို မကာမိတာကြောင့် မိသားစု နေ့စဉ်ရပ်တည်ရေးအတွက် ရုန်းကန်နေကြရ

• Niki ဦးဆောင်တဲ့ NSCN-K အဖွဲ့ အိန္ဒိယအစိုးရနဲ့ အပစ်အခတ်ရပ်စဲရေး နောက်ထပ် တစ်နှစ်သက်တမ်းတိုး

• အိန္ဒိယ-မြန်မာနယ်စပ်၊ နာဂဒေသမှာ သယ်ယူပို့ဆောင်ရေး လမ်းအခြေအနေ ပိုမိုခက်ခဲလာ

• တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဗန်းမောက်မြို့ကိုသိမ်းပိုက်

• လေရှီး-ဆွမ္မရာကြား မြေသားလမ်းပိုင်း နေရာ အတော်များများ သွားလာရန် ခက်ခဲ စတဲ့ သတင်းတွေအပါအဝင် တေးသီချင်းကဏ္ဍကနေ နာဂရိုးရာတေးသီချင်းများကို နားဆင်ကြရပါမယ်။ နားဆင်နေကြတဲ့ မိဘပြည်သူများ ဘေးရန်ကင်းကွာ ကြပါစေ။


လာမယ့်သတင်းပတ်မှာ ကျင်းပမယ့် ကုလသမဂ္ဂအထွေထွေညီလာခံကို တက်ရောက်ဖို့ ကမ္ဘာ့ ခေါင်းဆောင်တွေ New York မြို့မှာ စုဝေးစက်တင်ဘာ...
22/09/2025

လာမယ့်သတင်းပတ်မှာ ကျင်းပမယ့် ကုလသမဂ္ဂအထွေထွေညီလာခံကို တက်ရောက်ဖို့ ကမ္ဘာ့ ခေါင်းဆောင်တွေ New York မြို့မှာ စုဝေး

စက်တင်ဘာလ ၂၂ ရက် ၂၀၂၅
Naga News

လာမယ့်သတင်းပတ်မှာ ကျင်းပမယ့် ကုလသမဂ္ဂ အထွေထွေညီလာခံကို တက်ရောက်ဖို့ ကမ္ဘာ့ ခေါင်းဆောင်တွေ New York မြို့မှာ စုဝေးလျှက်ရှိနေပြီး ဒီညီလာခံမှာ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်လည်း တက်ရောက်ဖို့ရှိနေပါတယ်။

ညီလာခံမှာ ဂါဇာနဲ့ ယူကရိန်းစစ်ပွဲ၊ ပါလက်စတိုင်းနိုင်ငံအဖြစ် အသိအမှတ်ပြုမှု မြင့်မားလာမှုနဲ့အီရန်နဲ့ နျူကလီးယား တင်းမာမှုတွေ စတဲ့အကြောင်းအရာတွေကို အဓိကပြောဆို ဆွေးနွေးကြဖို့ရှိနေတယ် လို့ သိရပါတယ်။

လက်ရှိ ကမ္ဘာ့စစ်ပွဲ ပဋိပက္ခတွေနဲ့ ပတ်သက်ပြီးကုလသမဂ္ဂအထွေထွေအတွင်းရေးမှူး Antonio Guterres က ကမ္ဘာ့ကြီးဟာ ပထဝီဝင်နိုင်ငံရေး ကွဲလွဲမှုတွေ ပိုမိုကျယ်ပြန့်လာပြီးတော့ ပဋိပက္ခတွေဟာလည်း ဆက်လက်ဖြစ်ပွားနေကြောင်း၊ ကမ္ဘာ့ကြီးက တရားမမျှတမှုတွေ မြင့်တက်လာခြင်း အပြင် သဘာဝဘေးကြုံတွေ့ရမှု မြှင့်တက်လာတာကိုလည်း ကြုံတွေ့နေရကြောင်း အင်္ဂါနေ့မှာ သတင်းထောက်တွေကိုပြောကြားခဲ့ပါတယ်။

အမေရိကန် သမ္မတဒေါ်နယ်ထရမ့် တက်လာပြီးနောက် အမေရိကန်ရဲ့မူဝါဒတွေ ပြောင်းလဲမှုရှိခဲ့ပြီး ကုလသမဂ္ဂအဖွဲ့အစည်းရဲ့ မူဝါဒတွေဟာ ဘက်လိုက်မှု ရှိနေတာကြောင့် ပြုပြင်ပြောင်းလဲဖို့ လိုအပ်ကြောင်း အမေရိကသမ္မတ ဒေါ်နယ်ထရမ့်က ဝေဖန်ခဲ့ပါတယ်။

သမ္မတ ဒေါ်နယ်ထရမ့်ရဲ့အမေရိကန်ဦးစားပေးမှုဝါဒ (American First Policy ) ကြောင့် နိုင်ငံတကာကိုပေးတဲ့ ငွေကြေးထောက်ပံမှုတွေကို ရပ်ဆိုင်းခဲ့တာကြောင့် ကမ္ဘာ့တဝှမ်းမှာ လူသားချင်းစာနာထောက်ထားမှု အကျပ်အတည်းကို ဖြစ်စေခဲ့ပါတယ်။ ဒေါ်နယ်ထရမ့် ညီလာခံတက်မယ့် ကိစ္စနဲ့ပတ်သက်ပြီး International Crisis ရဲ့ ကုလသမဂ္ဂ ညွှန်ကြားရေးမှူး Richard Gowan က အခုလို မှတ်ချက်ပြုပါတယ်။

"သူ က အထွေထွေညီလာခံကို နှစ်သက်ပါတယ်၊ အခြားခေါင်းဆောင်တွေရဲ့ အာရုံစိုက်မှုကိုလည်း နှစ်သက်ပါတယ်။ ကျွန်တော့်အထင်ကတော့ သူဟာ သူ့ရဲ့အောင်မြင်မှုတွေကို ဂုဏ်ယူဝင့်ကြွားဖို့နဲ့ လာမယ့် နိုဘယ်ငြိမ်းချမ်းရေးဆုကို သူနဲ့ထိုက်တန်တယ်ဆိုတာကို ထပ်ပြောဖို့အတွက် ဒီ ညီလာခံကို အသုံးချမယ်လို့ထင်ပါတယ်” လို့ ဆိုပါတယ်။

ယခုညီလာခံဟာ သမ္မတဒေါ်နယ်ထရမ့်ရဲ့ ဒုတိယအကြိမ် သမ္မတသက်တမ်းမှာ ပထမဆုံးမိန်းခွန်းပြောကြားမယ့် ညီလာခံ ဖြစ်လာပါတယ်။

ဖိလစ်ပိုင်နိုင်ငံမှာ တနိုင်ငံလုံး အနှံ့ပြည်သူထောင်ချီ ဆန္ဒပြမှု ဖြစ်ပေါ်နေစက်တင်ဘာလ ၂၂ ရက် ၂၀၂၅Naga Newsဖိလစ်ပိုင်နိုင်င...
22/09/2025

ဖိလစ်ပိုင်နိုင်ငံမှာ တနိုင်ငံလုံး အနှံ့ပြည်သူထောင်ချီ ဆန္ဒပြမှု ဖြစ်ပေါ်နေ

စက်တင်ဘာလ ၂၂ ရက် ၂၀၂၅
Naga News

ဖိလစ်ပိုင်နိုင်ငံမှာ အစိုးရရဲ့အကျင့်ပျက်ခြစားမှုကို ဆန့်ကျင်တဲ့ ဆန္ဒပြမှု နိုင်ငံအဝန်းမှာ ဖြစ်ပေါ်နေပါတယ်။ ပြည်သူတွေထောင်နှင့်ချီ ဆန္ဒပြနေကြပါတယ်။ အဓိက ဆန္ဒပြကြတဲ့ အကြောင်းရင်းကတော့ ရေကြီးရေလျှံမှုအန္တရာယ် ကာကွယ်ရေးစီမံကိန်းတွေ ဖန်တီးပြီး အမေရိကန် ဒေါ်လာဘီလီယံနဲ့ချီတဲ့ ငွေကြေးကို လက်ရှိအစိုးရက အလွဲသုံးစားမှုရှိတယ်ဆိုတဲ့ အကျင့်ပျက်ခြစားမှုအပေါ် ပြည်သူတွေက မနီလာမြို့ကနေ စတင်ပြီး ဆန္ဒပြဖို့ စုရုံးခဲ့ကြရာက ယနေ့မှာတော့ တနိုင်ငံလုံး နီးပါ ဆန္ဒပြမှုမှာ ပါဝင်လာတာ ဖြစ်ပါတယ်။

နာဂဒေသ၊ ပန်ဆောင်ဈေး မြင်ကွင်း တချို့**************************************စက်တင်ဘာလ ၂၁ ရက် ၂၀၂၅Naga Newsနာဂဒေသ၊ အိန္ဒိယန...
21/09/2025

နာဂဒေသ၊ ပန်ဆောင်ဈေး မြင်ကွင်း တချို့
**************************************

စက်တင်ဘာလ ၂၁ ရက် ၂၀၂၅
Naga News

နာဂဒေသ၊ အိန္ဒိယနယ်စပ်မြို့ဖြစ်တဲ့ ပန်ဆောင်မြို့ရဲ့ နံနက်ခင်းဈေး မြင်ကွင်းလေး ဖြစ်ပါတယ်။ ဒေသထွက် သီးနှံတွေ ဖြစ်တဲ့ ကန်ဇင်းသီး၊ ငရုတ်သီးခြောက်၊ ဂျင်း၊ ခရမ်းခါးသီး၊ ဂျူးမြစ် စတဲ့ အော်ဂဲန်းနစ် ဖြစ်တဲ့ သီးနှံတွေကို တွေ့ရပါတယ်။ ပန်ဆောင်မြို့ဟာ နန်းယွန်းမြို့နယ် အတွင်းမှာရှိပြီး အိန္ဒိယ-မြန်မာ နယ်စပ်ဂိတ်လည်း ဖြစ်သလို၊ လီဒိုလမ်းမ ဖြတ်သန်းဖောက်လုပ်ထားရာနေရာမှာ တည်ရှိနေတာကြောင့် ပုံမှန်အားဖြင့် နှစ်နိုင်ငံ နယ်စပ်အတွင်းနေထိုင်ကြတဲ့ ဌာနေ လူမျိုးတွေကူးလူးရောင်းဝယ်ရာ နေရာ ဖြစ်ခဲ့ပေမယ့် ၂၀၂၀ ကိုဗစ်ကာလမှ အစပြုပြီး၊ ၂၀၂၁ အာဏာသိိမ်းမှု နဲ့ တဆက်တစပ်တည်း နယ်စပ်ဂိတ် ကန့်သတ်ပိတ်ပင်မှုတွေ ရှိပါတယ်။

ခက်ခဲကြမ်းတမ်းမှုတွေနဲ့ အသားကျနေသလိုဖြစ်နေတဲ့ ဌာနေ နာဂလူမျိုးတွေအဖို့ လတ်လော တစ်နိုင်ငံလုံး ကြုံတွေ့နေကြရတဲ့ အခြေအနေမျိုးကို ထူးခြားတဲ့ ကြပ်တည်းမှုအဖြစ် မခံစားနေရတော့တာကလည်း ဝမ်းနည်းစရာ ဖြစ်လို့နေပါတော့တယ်။

Photo credit to origin

လေရှီး-ဆွမ္မရာကြား မြေသားလမ်းပိုင်း နေရာ အတော်များများ သွားလာရန် ခက်ခဲစက်တင်ဘာလ ၂၁ ရက် ၂၀၂၅Naga Newsလေရှီးမြို့နဲ့ ဆွမ္မ...
21/09/2025

လေရှီး-ဆွမ္မရာကြား မြေသားလမ်းပိုင်း နေရာ အတော်များများ သွားလာရန် ခက်ခဲ

စက်တင်ဘာလ ၂၁ ရက် ၂၀၂၅
Naga News

လေရှီးမြို့နဲ့ ဆွမ္မရာမြို့ကြား လမ်းပိုင်းနေရာ အတော်များများ မြေသားလမ်းတွေ ပျက်စီး နေပြီး အထူးသဖြင့် ရေဒေါင်ကျေးရွာအနီးတဝိုက် လမ်းပိုင်းများ လွန်ခဲ့တဲ့လ ကတည်းက သွားလာရန် ခက်ခဲတယ် ဒေသခံများ ပြောပါတယ်။ မဖြစ်မနေသွားလာရမယ့် အတွက် လမ်းပိုင်းတွေကို ဒေသခံတွေအားနဲ့ ကိုယ်အားကိုယ်ကိုး ပြုပြင်အသုံးပြုနေကြပေမယ့် လမ်းပျက်စီးမှုအခြေအနေက ပိုဆိုးလာတယ် လို့ ဒေသခံ ယာဉ်ပိုင်တွေကလည်း ပြောပါတယ်။

ဒေသခံတွေ အဆိုအရ ယခုနှစ်မိုးကာလ မိုးများခြင်းနဲ့ မြေသားပျော့နေတာကြောင့် အခုလို မြေပြိုကျတာ ဖြစ်တယ်လို့ ဆိုပါတယ်။ လွန်ခဲ့တဲ့ လအနည်းငယ်ကတည်းက ရေဒေါင်ကျေးရွာ အနီးတဝိုက်မှာ မြေအိကျခြင်း၊ မြေပြိုခြင်းတွေ မကြာခဏဖြစ်ပွားခဲ့ပြီး စက်တင်ဘာလ အတွင်းမိုးဆက်တိုက်ရွာသွန်းနေတာကြောင့် စပါးနှံထွက်ခါစ လယ်တချို့ မြေပြို ပျက်စီးတဲ့အပြင် လမ်း အခြေအနေကလည်း ပိုမိုဆိုးရွားလာတယ် လို့ ဆိုပါတယ်။ လေရှီးမှ ဆွမ္မရာသို့ အသွား လမ်းပိုင်းအချို့နေရာ ကွန်ကရစ်လမ်း တစိတ်တပိုင်း နေရာရွေ့သွားတာမျိုးတွေလည်း ရှိနေကြောင်း သိရပါတယ်။

ပျက်စီးနေတဲ့ လမ်းပိုင်းအချို့ ပြင်ပြင်ဖို့ မြို့နယ် ဆောက်လုပ်ရေးဌာနက ကျောက်ကြမ်းတွေ ချနေပြီ လို့ ပြောပါတယ်။

ယခုအခြေအနေအရ၊ ထိုလမ်းပိုင်းအား အသုံးပြုပြီး ယာဉ်များသွားလာဖို့ အန္တရာယ်ရှိတာကြောင့် စက်တင်ဘာလအတွင်း ယာဉ်သမားများနဲ့ ခရီးသည်များအနေဖြင့် လမ်းအခြေအနေသတင်းများကို ကြိုတင်လေ့လာပြီး သွားလာကြဖို့ လိုအပ်နေတယ် လို့ ယင်း ဒေသခံက ပြောပါတယ်။

ที่อยู่

Chiang Mai

เบอร์โทรศัพท์

+959763682734

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Naga Newsผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง Naga News:

แชร์