16/09/2026
ရွှေဘိုမြို့နယ်၊ နှမစားရစ်ကျေးရွာရှိဘုန်းတော်ကြီးကျောင်းကိုစစ်တပ်က လေကြောင်းတိုက်ခိုက်
ဆရာတော်ပျံလွန်တော်မူပြီး ပြည်သူ ၃ ဦး သေဆုံး၊ ပြည်သူ ၈ ဦး ထိခိုက်ဒဏ်ရာရရှိ
-moe joe news၊စက်တင်ဘာ၁၆
စစ်ကိုင်းတိုင်းရွှေဘိုမြို့နယ်၊ နှမစားရစ်ကျေးရွာရှိ ဘုန်းကြီးကျောင်း၌ ကျောင်းထိုင်ဆရာတော်၏ ဦးဆောင်မှုဖြင့် ကျေးရွာပြည်သူများ သောက်သုံးရေအဆင်ပြေစေရန် ရေသန့်စက်တပ်ဆင်ခြင်းနှင့် ရေသန့်ဖြန့်ဝေခြင်းများ ပြုလုပ်နေစဉ် အကြမ်းဖက်စစ်တပ်ကလေကြောင်းတိုက်ခိုက်ခဲ့တယ်လို့သတင်းရရှိပါတယ်။
ဖြစ်စဥ်မှာ၂၀၂၆ ခုနှစ် စက်တင်ဘာလ ၁၆ ရက်နေ့ နေ့လယ် ၁၂ နာရီ ၃၄ မိနစ်ခန့်တွင် ရွှေဘိုမြို့နယ်၊ နှမစားရစ်ကျေးရွာရှိ ဘုန်းကြီးကျောင်း၌ သောက်သုံးရေအဆင်ပြေစေရန် ရေသန့်စက်တပ်ဆင်ခြင်းနှင့် ရေသန့်ဖြန့်ဝေခြင်းများ ပြုလုပ်နေစဉ် လေကြောင်းတိုက်ခိုက်ခံရတာလို့ ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ကအတည်ပြုထားပါတယ်။
လေကြောင်းတိုက်ခိုက်မှုကို မိတ္ထီလာလေတပ်မှ ပျံတက်လာသည်ဟု သိရှိရသော MiG-29 အမျိုးအစား ဂျက်လေယာဉ်တစ်စီးက သုံးကြိမ် ပြုလုပ်ခဲ့တာလို့ရွှေဘိုပကဖကဖော်ပြပါတယ်။
တိုက်ခိုက်မှုကြောင့် ကျောင်းထိုင်ဆရာတော်ပျံလွန်တော်မူခဲ့ပြီးပြည်သူ ၃ ဦး သေဆုံးခဲ့ကာပြည်သူ ၈ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရပါတယ်။
ထို့အပြင် လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် ရွှေဘိုမြို့ရှိ ခလရ (၄၂) မှ ၁၂၀ မမ လက်နက်ကြီးများဖြင့် သုံးကြိမ် ထပ်မံပစ်ခတ်ခဲ့ပါတယ်။
Joe News
#ဖက်ဆစ်စစ်တပ်
#ရွှေဘို လေကြောင်းတိုက်ခိုက်မှု