Clips By Meraki Memorable Clip Moments

31/05/2024

🧱🧱 Firewall 🧱🧱
စစ်ကောင်စီ အသုံးပြုနေတယ်လို့ သတင်းထွက်နေတဲ့ Firewall ဆိုတာ ဘာလဲ???

အခု ကျနော်တို့ မြန်မာနိုင်ငံမှာ VPN သုံးမရတာတွေ Facebook, Instagram တို့လို Social Media App တွေ သုံးလို့မရဖြစ်နေတာတွေဟာ စကစက Firewall စနစ်ကို အသက်သွင်းလိုက်လို့ဆိုပြီး သတင်းထွက်နေပါတယ်။ ဒါကြောင့် Firewall စနစ်ဆိုတာ ဘာလည်းဆိုတာ သိရအောင် တင်ပေးလိုက်ပါတယ်။
Firewall စနစ်ဆိုတာ ကျနော်တို့ အသုံးပြုနေတဲ့ အင်တာနက်ပေါ်က အချက်အလက်တွေကို စောင့်ကြည့်ပြီးတော့ သူထဲကို ထည့်ထားတဲ့ System အတိုင်း အင်တာနက်ပေါ်က အချက်အလက်တွေကို ဘယ်ဟာကိုတော့ ပေးသုံးမယ် ပေးကြည့်မယ် ဘယ်ဟာကိုတော့ ပေးမသုံးဘူး ပေးမကြည့်ဘူးလို့ ထိန်းချုပ်တဲ့စနစ်လို့ ပြောရပါမယ်။
အလွယ်ကူဆုံး မြင်သာအောင် ပြောရရင် အင်တာနက်အသုံးပြုလို့ရတဲ့ ကျနော်တို့ရဲ့ ကွန်ပြူတာ ဖုန်းတွေကို 🏠အိမ်တစ်လုံးလို မြင်ကြည့်လိုက်မယ်ဆိုရင် Firewall က အိမ်ထဲကို ဝင်လို့ရတဲ့ 🚪တံခါးပေါက်ဖြစ်ပါတယ်။ သူက အိမ်ထဲကို ဘယ်သူတွေ ပေးဝင်မယ်/ပေးမဝင်ဘူးဆိုတာကို ဆုံးဖြတ်ပါလိမ့်မယ်။ ဒါကြောင့် စကစက တစ်နိုင်ငံလုံးစာ Firewall စနစ်ကို သုံးလိုက်မယ်ဆိုရင် စကစရဲ့ အင်တာနက်လိုင်းကိုသုံးနေတဲ့ မြန်မာနိုင်ငံက လူတွေဟာ သူတို့ခွင့်ပြုတဲ့ အချက်အလက်တွေကိုသာ မြင်ရသုံးရတော့မှာ ဖြစ်ပါတယ်။ Facebook, Instagram, Tiktok, VPN အစရှိတဲ့ အင်တာနက်နဲ့ အသုံးပြုရတဲ့အရာတွေကို စကစကသာ တားမြစ်ထားလိုက်ရင် ဘာမှ သုံးရမှာမဟုတ်တော့ပါဘူး။
🗺️ နိုင်ငံတိုင်းနီးပါးဟာ လုံခြုံရေးအတွက် Firewall တွေ သုံးကျပေမဲ့ ဒီလို လူအခွင့်အရေးကို အများကြီး ချိုးဖောက်တဲ့စနစ်ကို အသုံးပြုတဲ့ နိုင်ငံ တော်တော်နည်းပါတယ်။ ကျနော်တို့ရဲ့ အိမ်နီးချင်း တရုတ်နိုင်ငံမှာဆိုလည်း နာမည်ကျော် "The Great Firewall" ကို အသုံးပြုပါတယ်။ ဒါကြောင့် တရုတ်နိုင်ငံမှာရှိတဲ့ လူတွေဆိုရင်တော့ အစိုးရတားမြစ်ထားတဲ့ App တွေဆို သုံးမရဘဲ သူတို့ သတ်မှတ်ပေးထားတဲ့ App တွေသာ အသုံးပြုရပါတယ်။ Facebook, Telegram, Messenger, What’s app စတဲ့ Social App တွေဆိုရင် ပိတ်ပင်ထားတာဖြစ်တဲ့အတွက် ရှိသမျှ VPN နဲ့ သုံးပြီး ဝင်လည်း လုံးဝ သုံးမရပါဘူး။ (မှတ်ချက်- တစ်ချို့ Paid Vpn တွေ သုံးပြီး ရတယ်လို့လည်း ကြားမိပါတယ်) ။ ဒါကြောင့် စစ်ကောင်စီကသာ တရုတ်နိုင်ငံလို Firewall စနစ်ကို ကျင့်သုံးလိုက်မယ်ဆိုရင် မြန်မာနိုင်ငံက လူတွေအနေနဲ့ အင်တာနက်သုံးရတာ အကန့်အသတ်တွေ အရမ်းများလာမှာ ဖြစ်ပါတယ်။ ကျနော်ရဲ့ ဒီပို့စ်ဟာ Firewall အကြောင်းကို အပေါ်ယံ ရှင်းပြုရုံပါဘဲ ခင်ဗျာ။ စကစက တကယ်အသုံးပြုတော့မှာလား ဆိုတာလဲ သေချာတဲ့ သတင်းရင်းမြစ်မရှိသေးတာမလို့ အရမ်းလည်း မစိုးရိမ်ပါနဲ့။ အကယ်၍ အသုံးပြုခဲ့ရင်လည်း နည်းပညာခေတ်ကြီးမှာ ဖြေရှင်းစရာတွေ ရှိလာမှာမလို့ သိပ်စိတ်မပူကျနဲ့နော်။
(ဖြစ်လာခဲ့ရင်လည်း Update news အပါအဝင် ဖြေရှင်းနည်းပါ ကြိုးစာရှာပြီး တင်ပေးမယ်နော်)
💪🏽💪🏽💪🏽အားလုံးဘဲ Fighting ပါဗျာ

19/01/2023

ရည်းစားဟောင်းဆီမှ လက်ဆောင် လက်ရှိ ရည်းစားရှိ ရောက်သွားသောအခါ😂😂
ကြုံဘူးကျလား သူငယ်ချင်းတို့
သေချာတာတော့ ဒီကောင်တွေနာပြီဘဲ 😂😂

18/01/2023

မိသားစုက သူ့ကို လိုအပ်တယ်၊ သူမရှိလို့ မဖြစ်ဘူး တစ်ခုခုဆို သူပဲ လုပ်ပေးရတဲ့လူ ဖြစ်ချင်တာဟာ အမေတိုင်းရဲ့ စိတ်ဖြစ်ပါတယ်။ သား သမီးဆီက ချစ်တယ်ဆိုတဲ့ စကားလုံးထက် သူ့ကို လိုအပ်တယ်ဆိုတဲ့ စကားလုံးကို ပိုကြားချင်တယ် လူမျိုးပါ🙏
ဒီအကြောင်းနဲ့ ပက်သက်ပြီး ဒေါက်တာဖြိုးသီဟရေးတဲ့ ' သင့်တင်လျောက်ပတ်သော လူရာဝင်မှု ' ဆိုတဲ့ ဆောင်ပါးလေးကိုလည်း သူငယ်ချင်းတို့ ဖတ်ရအောင် မန့်မှာ လင့်ချပေးထားတယ်နော်
အမေနဲ့ ပက်သက်တဲ့ ခံစားချက်လေးတွေရှိရင် မန့်မှာ ဝေမျှခဲ့ပါအုန်းနော်😍

17/01/2023

နိုင်ငံပေါင်း 18 နိုင်ငံရဲ့ ကမ္ဘာကျော် ပုဂ္ဂိုလ်များ

16/01/2023

အဲဒီနေရာမှာ ကမ္ဘာကျော်မဲ့ အချစ်ဇာတ်လမ်းတစ်ပုဒ်ကို အစပြုလိုက်တာဘဲ😍😍

16/01/2023

အရှုံးမပေးမချင်း ငါတို့နိုင်တယ်👊
ဗီဒီယိုလေးကို ကြည့်ပြီး စိတ်ခွန်အားများရကျပါစေ

12/01/2023

Welcome From Manchester United -Wout Weghorst
မန်ယူကို အငှားနဲ့ ရောက်လာတဲ့ Wout Weghorst ရဲ့ ခြေစွမ်းလေးပါ

12/01/2023

Man U လူငယ်ကစားသမားလေး Kobbie Mainoo ရဲ့ ပွဲဦးထွက် ခြေစွမ်းလေး 😃😃
Kobbie Mainoo Vs Charlton -

12/01/2023

ပြောပါတယ် ကံကောင်း (Kenn ကောင်း)ရင် နိုင်ပါတယ်လို့
Falcon Esports Vs Incendio Supremacy (MLBB M4 Game 5)


12/01/2023

သိန်းငှက်တွေ Gold lane ကို mage နဲ့ သွားပြီဆို
လှည့်မကြည့်နဲ့ ဒီပွဲ နိုင်ပြီသာမှတ်
Falcon Esports Vs Incendio Supremacy (M4 MLBB Lower Bracket Game 4)


ที่อยู่

Tambon Nong Pa Khrang, Amphoe Mueang Chiang Mai, Chang Wat Chiang Mai Tha Sala
Chiang Mai
50000

เบอร์โทรศัพท์

+66821670650

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Clips By Merakiผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง Clips By Meraki:

แชร์