K Jar Nue Live more mindfully ☘️💕🧘🏻‍♀️

Online beginner yoga group class လေး September အတွက် ပြန်ဖွင့်ပါပြီ။ Class Schedule Monday & Tuesday 6pm to 7pm(Thailand...
07/09/2026

Online beginner yoga group class လေး September အတွက် ပြန်ဖွင့်ပါပြီ။

Class Schedule
Monday & Tuesday
6pm to 7pm(Thailand Time)
DM me for more details 🧘‍♀️🪷

ကေကတော့ အခုနောက်ပိုင်း ယောဂကျင့်ကြည့်ပါ လို့ပဲ စကားစဖြစ်တယ်။ ကျန်တာ secret 🤫
06/09/2026

ကေကတော့ အခုနောက်ပိုင်း
ယောဂကျင့်ကြည့်ပါ လို့ပဲ စကားစဖြစ်တယ်။
ကျန်တာ secret 🤫

04/09/2026

ကျော့ကျော့လေး ယောဂ Pose လေးတွေလုပ်နေတဲ့နောက်ကွယ်က ငြီးတွားသံလေးတွေကြားစေချင်တယ်😞

03/09/2026

Swimming ASMR, quiet feels comfy 🌊🐳

"အကြော မပျော့လို့ ယောဂ မကျင့်ရဲဘူး..." "တစ်ခါမှလည်း မကျင့်ဖူးတော့ လိုက်မလုပ်နိုင်မှာ ကြောက်တယ်..."ဒီလို စိုးရိမ်စိတ်တွေ ...
31/08/2026

"အကြော မပျော့လို့ ယောဂ မကျင့်ရဲဘူး..." "တစ်ခါမှလည်း မကျင့်ဖူးတော့ လိုက်မလုပ်နိုင်မှာ ကြောက်တယ်..."

ဒီလို စိုးရိမ်စိတ်တွေ ကြောက်စိတ်တွေကြောင့် ယောဂနဲ့ ဝေးနေသူတွေ၊ ယောဂကို 'စ' လုံးရေး 'စ' မယ့် Absolute Beginners တွေအတွက် သီးသန့် ရည်ရွယ်ထားတဲ့ September Online Class လေး လာပါပြီရှင်။ 🌿✨

ဒီအတန်းလေးမှာတော့...

✨အခြေခံအကျဆုံး အသက်ရှူနည်းတွေနဲ့ Posture တွေကို မစိုးရိမ်ရအောင် ကေက စိတ်ရှည်လက်ရှည် ဖြည်းဖြည်းချင်း လမ်းညွှန်သင်ကြားပေးသွားမှာပါ။

🫂 Online ကနေ လေ့ကျင့်ရတာဖြစ်ပေမဲ့ အချင်းချင်း ဖေးမကူညီပြီး သက်တောင့်သက်သာရှိမယ့် ပတ်ဝန်းကျင်လေးတစ်ခုရရှိမှာပါနော်
ဘာ အတွေ့အကြုံမှ မရှိလည်း ရပါတယ်၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုနဲ့ ရဲရဲဝံ့ဝံ့လေး စတင်ကြည့်ဖို့ပဲ လိုတာပါနော်။ 🤍

Class Details

🗓 Start Date: September 7th
🗓 Days: Every Mon & Tue
⏰ Time: 6 PM – 7 PM (BKK Time)
💻 Platform: Google Meet
💵 Fees: 800 Baht / 100,000 MMK

တကယ်ကျင့်ချင်တဲ့တဲ့စိတ်လေးပဲ ယူလာခဲ့နော်။ လွတ်လွတ်လပ်လပ်နဲ့ သက်တောင့်သက်သာ ခင်းကျင်းထားတဲ့ ဖျာလေးပေါ်မှာ အတူတူ စတင်လိုက်ရအောင်နော်။ အသေးစိတ် မေးမြန်းစုံစမ်းလိုရင် ကေ့ကို DM မှတစ်ဆင့် ဆက်သွယ်နိုင်ပါတယ်ရှင်။ 🕊️

From K with care 💟

Online one on one private session 🧘‍♀️(တစ်ပတ် ၂ရက် လေ့ကျင့်သူပါ) ယောဂကျင့်ဖို့ဆို စိတ်ရှည်ပေးရပါတယ်။ ဒါပေမယ့် စိတ်မရှည်ဘ...
31/08/2026

Online one on one private session 🧘‍♀️(တစ်ပတ် ၂ရက် လေ့ကျင့်သူပါ)

ယောဂကျင့်ဖို့ဆို စိတ်ရှည်ပေးရပါတယ်။

ဒါပေမယ့် စိတ်မရှည်ဘူးလား ယောဂကျင့်ပေးပါရှင် 🤭

အောက်ကတော့ Client လှလှလေးရဲ့ ပျော့ပျောင်းလာမှုပေါ့ 😍

30/08/2026

စိတ်ရှုပ်စရာ သေးသေးလေးတွေကို ဘာလို့ ကေတို့ ဦးနှောက်က အကြီးကြီးလို သတ်မှတ်ပြီး ကျားလိုက်နေသလို တုံ့ပြန်တတ်တာလဲ? 🐅💥

ရှေးရှေးတုန်းကတော့ အန္တရာယ် ဆိုတာ အသက်ဘေးနဲ့ တိုက်ရိုက်ဆိုင်ခဲ့တာမို့ ခန္ဓာကိုယ်က Fight-or-flight (Survival mode) ထဲ ချက်ချင်း ရောက်သွားတာ သဘာဝပါ။

အရေးပေါ် အမှန်တကယ် ပြေးလွှား လှုပ်ရှားရမယ့် အချိန်တွေ ရှိတာ မှန်ပေမဲ့၊ ပုံမှန်နေ့စဉ်ဘဝရဲ့ စိတ်ရှုပ်စရာ သေးသေးလေးတွေကိုအထိ ခန္ဓာကိုယ်က Survival mode ထဲ ရောက်ပြီး တုံ့ပြန်နေရင်တော့ Nervous system ကို အများကြီး ပင်ပန်းစေပါတယ်။

အထူးသဖြင့် အမျိုးသမီးတွေမှာ နာတာရှည် စိတ်ဖိစီးမှု (Chronic stress) ကြောင့် ကိုယ်ခံအားစနစ် မူမမှန်တာ (Autoimmune) တွေ ဖြစ်လာနိုင်တယ်လို့ သိပ္ပံနည်းကျ လေ့လာတွေ့ရှိချက်တွေက ဆိုပါတယ်။

ဒါကြောင့်မို့လို့ ကေကိုယ်တိုင်လည်း နေ့စဉ်ဘဝမှာ အမြဲတမ်း သတိထားပြီး Nervous System လေးကို အေးအေးဆေးဆေး ရည်ရွယ်ချက်ရှိရှိနှေးကွေးပေးဖို့ (Slow down လုပ်ဖို့) ကြိုးစားဖြစ်တာပါ။

စိတ်ဖိစီးစရာ ကြုံလာတိုင်း ချက်ချင်း မတုံ့ပြန်လိုက်ခင် ခဏလေး Pause လိုက်ပါ။ Overreacting Loop ထဲရောက်နေပါလားဆိုတဲ့ အသိလေးဝင်တဲ့အခါ ကိုယ့်ကိုယ်အသက်ပြင်းပြင်း လေးငါးခါလောက် ရှူသွင်း ရှူထုတ်ပေးလိုက်ပါ။

“ Life or Death ဟုတ်မနေဘူး” လို့သာ ကိုယ့်ကိုယ်ကိုယ် သတိပေးရင်း စိတ်နဲ့ ခန္ဓာကို အသက်ရှူနှုန်းလေးနဲ့အတူ ပြန်ငြိမ်အောင် ထိန်းပေးကြရအောင်နော်။ 🤍

From K with care 💟

ပိတ်ရက်မှာ ယောဂလေ့ကျင့်ချင်တဲ့သူတွေSeptember လအတွက် စုံစမ်းလို့ရပါပြီရှင်။ မနက်ပိုင်းအချိန်တွေတော့ ပြည့်နေတာမို့ နေ့လည် ...
29/08/2026

ပိတ်ရက်မှာ ယောဂလေ့ကျင့်ချင်တဲ့သူတွေ
September လအတွက် စုံစမ်းလို့ရပါပြီရှင်။

မနက်ပိုင်းအချိန်တွေတော့ ပြည့်နေတာမို့
နေ့လည် တစ်ချိန်ရပါမယ်။

Weekday ဆိုရင်တော့ ရုံးချိန်လွတ်
လာညှိနှိုင်းလို့ရပါတယ်။

Group ဖွဲ့ရင် အနည်းဆုံးသုံးယောက်
တစ်ချိန်သင်ပေးပါမယ်နော် 💕



28/08/2026

ဖြည်းဖြည်းနဲ့ မှန်မှန်လေး ရှေ့ဆက်ကြတာပေါ့။ 🌿

Yoga everyday 🧘‍♀️
27/08/2026

Yoga everyday 🧘‍♀️

ที่อยู่

High Way 121(bypass)
Chiang Mai
50200

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ K Jar Nueผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ทางลัด

แชร์