Burma Podcast Network

Burma Podcast Network Think. Talk. Listen. 1. Burma Podcast Network exists to make a collective social impact through podcasting.

We collaborate with amazing people from different professions for colorful ideas and life stories.
2. Burma Podcast Network is dedicated to promote various podcasts from Myanmar podcasters in one place. Our listeners can easily access their favorite show or episode and contribute their favorite podcasters earn listenership.
3. Burma Podcast Network is founded by two young men who love to think, talk and listen to human’s stories.

Burma Podcast Network အနေနဲ့ Famj7 ကို ကမ္ဘာမြေအတွက်လိုအပ်တဲ့ ဂီတဓါတ်ကို ဖြည့်ဆည်းဖို့တင်ဆက်လာတာ အခုဆိုရင် သင်္ကြန်အထူးထ...
16/10/2025

Burma Podcast Network အနေနဲ့ Famj7 ကို ကမ္ဘာမြေအတွက်လိုအပ်တဲ့ ဂီတဓါတ်ကို ဖြည့်ဆည်းဖို့တင်ဆက်လာတာ အခုဆိုရင် သင်္ကြန်အထူးထုတ်တစ်ပုဒ်အပါအဝင် စုစုပေါင်း (၁၈) ပုဒ် ရှိခဲ့ပြီဖြစ်ပါတယ်။ Famj7 ဟာ BPN ရဲ့ ကနဦးအစီစဉ်တွေထဲက တစ်ခုဖြစ်ပြီး ဂန္ဓဝင်ဂီတနဲ့ ဂီတဆိုင်ရာ နောက်ခံအကြောင်း၊ အနုပညာရပ်တချို့အကြောင်းကို အဓိကတင်ဆက်ခဲ့ပါတယ်။ အစီအစဉ်တင်ဆက်သူ ကိုမာကျူရီ (Mercury) ရဲ့ ဂီတသုတေသနတွေ၊ BPN ရဲ့ ထုတ်လုပ်တင်ဆက်မှုတွေအပြင် အားပေးနားဆင်ကြသူ မိတ်ဆွေအပေါင်းဟာလည်း Fmaj7 ကိုတည်ရှိနေစေတဲ့အရာတွေ ဖြစ်ပါတယ်။ ဒီအတွက်လည်း အစဉ်ဆက် အားပေးခဲ့ကြသူ မိတ်ဆွေများနဲ့ ကိုမာကျူရီကို အထူးကျေးဇူးတင်ရှိပါတယ်။

အနောက်တိုင်းရဲ့ ဂန္ဓဝင်ဂီတဟာ ရာစုနှစ်တွေ အများကြီး ရှင်သန်တည်တံ့နေတယ်။ ဒါပေမဲ့ ၁၉ ရာစုနှောင်းပိုင်းနဲ့ ၂၀ ရာစုအစလောက်မှာ ဂန္ဓဝင်ဂီတကိုအခြေခံတဲ့ အာဖရိကန်-အမေရိကန်နွယ်ဝင် ဂီတအမျိုးစားတစ်ခု ခေတ်စားခဲ့ပါတယ်။ အခုမာကျူရီတင်ဆက်မယ့် ရဂ်တိုမ်း (Ragtime) ဂီတပါ။ အဲ့ဒီဂီတအမျိုးစားက လူသိများလှတဲ့ ကမ္ဘာကျော် ဂျက်ဇ် (Jazz) ဂီတကို ကူးလူးဆက်နွယ်စေခဲ့တဲ့ဂီတ ဖြစ်ပါတယ်။ အမေရိကားမှာ အခြေတည်ခဲ့တဲ့ ရဂ်တိုမ်းဟာ ဂန္ဓဝင်ဂီတအခြေခံတယ်ဆိုပေမဲ့ သီခြားလက္ခဏာတွေရှိပြီး အခုလက်ရှိခေတ်စားနေတဲ့ ဂီတရေစီးကြောင်းပုံစံကို ပြောင်းလဲလာစေခဲ့တဲ့ ဂီတသမိုင်းဆိုင်ရာ အချိုးကွေ့ကြီးတစ်ခု ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ သမိုင်းဆိုင်ရာ အမှောင်ခြမ်းတွေကလည်း တပြုံကြီးပါပဲ။ ဒါတွေကို မာကျူရီက ထုံးစံအတိုင်း သမိုင်းနောက်ခံအခြေအနေတွေနဲ့ ဆက်စပ်ပြောပြထားပါတယ်။

ရဂ်တိုမ်းခေတ်နဲ့အပြိုင် အနောက်တိုင်းဂန္ဓဝင်ဂီတအမျိုးအစားတွေက မာကျူရီရှေ့အပိုင်းမှာ တင်ဆက်ခဲ့တဲ့ ဂန္ဓဝင်ဂီတသစ် (Modern Classical) ပုံစံနဲ့ လက်ရှိထိ ဆက်သွားနေဆဲဖြစ်ပါတယ်။ ရဂ်တိုမ်းဟာ ဂန္ဓဝင်ဂီတစာရင်းသွင်းမခံခဲ့ရတာကြောင့် အမေရိကန်ဦးဆောင်တဲ့ ပေါ်ပြူလာဂီတ (Popular Music) တွေထဲပါသွားပြီး Jazz, Blues, R&B စတဲ့ ကိုယ်ပိုင်ဟန်ဂီတသစ်တွေကို မျိုးစေ့ချပေးနိုင်ခဲ့တယ်။ ရဂ်တိုမ်းခေတ်ရောက်တဲ့ ဒီအပိုင်းမှာ BPN နဲ့ မာကျူရီတို့ ထုတ်လုပ်တဲ့ ဂန္ဓဝင်ဂီတဆိုင်ရာပေါ့ကတ်စ်တွေက ပြီးဆုံးသွားပြီဖြစ်ပါတယ်။ သို့သော် နားဆင်သူမိတ်ဆွေများအတွက် ဝမ်းမြောက်ဖွယ်သတင်းတစ်ခု ပြောချင်တာက ကိုမာကျူရီရဲ့ ကိုယ်တိုင်ဖန်တီးထားတဲ့ သီချင်းတွေကို သူ့ရဲ့ကိုယ်ပိုင်ပလက်ဖောင်းတွေမှာ နားဆင်နိုင်တော့မှာပါ။ BPN အနေနဲ့လည်း လက်ရှိမှာထုတ်လုပ်ဆဲဖြစ်တဲ့ ရုပ်ရှင်၊ အရှေ့တိုင်း၊ အနောက်တိုင်း ဂီတနဲ့ အနုပညာဆိုင်ရာအစီစဉ်သစ်တွေကို လာမယ့် လပိုင်းတွေမှာ ချပြသွားမှာဖြစ်ကြောင်း သတင်းကောင်းမျှလိုက်ပါတယ်။

ခုနောက်ဆုံးအပိုင်းထဲမှာ အထူးခြားဆုံးကတော့ မိတ်ဆွေများအတွက် ကိုမာကျူရီကိုယ်တိုင်ဖန်တီးထားတဲ့ ဂီတလက်ရာတချို့ကိုပါ မေတ္တာလက်ဆောင်အဖြစ် ထည့်သွင်းထားခြင်း ဖြစ်ပါတယ်။ နားဆင်ရမယ့် သီချင်းကတော့ ၂၀၂၃ ခုနှစ်မှာ ကိုမာကျူရီ ဖန်တီးထားပြီး Cinematic Orchestral Score သီချင်းအမျိုးအစားဖြစ်တဲ့ သီချင်းနာမည် Drowning in the Shadow ဖြစ်ပါတယ်။

မိတ်ဆွေများအားလုံး စိတ်ဓါတ်ခိုင်ကြည်စွာ ကျန်းမာကြပါစေ။

15/10/2025

Movement ကြောင့် အရင်က ကျူးလွန်ခံရသူတွေ ပုခုံးပေါ်တင်ထားရတဲ့ အကြောက်တရားနဲ့ လေးပင်မှုက ကျူးလွန်သူတွေအပေါ်ကို ပြန်လွှဲပေးလိုက်နိုင်တဲ့ အောင်မြင်မှုတစ်ခုအဖြစ် သမိုင်းဝင်ခဲ့တယ်။

13/10/2025

ဆိုရှယ်မီဒီယာပေါ်မှာ လိုက်ခ်တွေ၊ လပ်ဖ် ရီအက်တွေမရတော့ရင် စိတ်ပိုင်းဆိုင်ရာ ထိခိုက်တာမျိုး ရှိလာကြတယ်။

09/10/2025

၁၂ နှစ်သားကလေး ပြောပြတဲ့ မြေမြှုပ်မိုင်း အတွေ့အကြုံ

03/10/2025

ဒီတစ်ပတ်ရွှန်းနိုင်ရဲ့အစီစဉ်က စိတ်ဝင်စားစရာတွေနဲ့ ပြည့်နှက်နေတယ်။ ပြည့်နေဆို စကားဝိုင်းထဲမှာ ညိုကီ FM က ကိုဗဟိန်းကလည်းပါတာကိုး။ ဒါပေမဲ့ အဓိက ဇာတ်လိုက်ကျော်ကြီးကတော့ ခရီးသည်ညိုကီတစ်ဦးပါပဲ။ သူတို့ဆွေးနွေးထားတဲ့အကြောင်းအရာက ခရီးသွားတဲ့မှို အကြောင်းပါ။ အဲ့ဒီမှိုစားပြီးနောက်မှာ ခံစားရတဲ့အခြေအနေကို ဗန်းစကားအနေနဲ့ Trip တယ်၊ ခရီးသွားတယ်လို့ သုံးကြတယ်။ ဒီအပိုင်းမှာ မှိုခရီးသည်ကြီးရဲ့ ဒေသန္တရအတွေ့အကြုံတွေ နားဆင်ရမယ့်အပြင် စနစ်တကျ စပ်စုတတ်တဲ့ ရွှန်းနိုင်၊ အာဝဇ္ဇန်းကောင်းတဲ့ညိုကီတို့ရဲ့ မူးယစ်ဆေးဝါးဆိုင်ရာ ပုဂ္ဂလဓိဋ္ဌာန်တွေ ဆွေးနွေးထားပါတယ်။ နားထောင်ကြသူမိတ်ဆွေတို့လည်း ဗဟုသုတနဲ့ စဉ်းစားစရာတွေအများကြီး ပွားကြလိမ့်မယ့်လို့ ယုံကြည်မျှဝေလိုက်ပါတယ်။

ပေါ့ကတ်စ် အပြည့်အစုံကို စနေနေ့ မြန်မာစံတော်ချိန် ည ၈ နာရီမှာ Burma Podcast Network ရဲ့ Platform များမှာ နားဆင်နိုင်ပါပြီ။

ဒီလိုအကြောင်းအရာတွေ တင်ဆက်နိုင်ဖို့ အချိန်အတော်ကြာ သုတေသနပြုတာ၊ အတွေ့အကြုံ ဝေမျှပေးမယ့် မိတ်ဆွေတွေနဲ့ ယုံကြည်မှု တည်ဆောက်တာ၊ တည်းဖြတ်တာ စတာတွေ အားလုံးပြီးမှ မိတ်ဆွေတို့ နားဆင်နိုင်တဲ့ Podcast တစ်ပုဒ်ဖြစ်လာပါတယ်။ Like, Subscribe, Share လုပ်ပေးခြင်းဖြင့် Burma Podcast Network မှ နောက်ထပ်အပိုင်းများ ထုတ်လုပ်နိုင်ဖို့ ကူညီနိုင်ပါတယ်။

01/10/2025

ဂျယ်လီလေးတွေ၊ ကွတ်ကီးလေးတွေပဲ ဆိုပြီး အညွှန်းမဖတ်ပဲ မစားစေချင်...။

29/09/2025

နိုင်ငံတော်ကို အစိုးရဆိုတဲ့ကောင်တွေကပိုင်တယ်၊ အစိုးရဆိုတာ စစ်တပ်ကကောင်တွေ...အဲ့လိုမျိုး ယုန်ထင်ကြောင်ထင်တောက်လျှောက် ဦးနှောက်ဆေးခံခဲ့ရတာ...။

28/09/2025

အသက်ဓါတ်နဲ့ရင်းရတဲ့အခါ

Portrait of Ye Aung Thu by Nyarna Aung
Design by Burma Podcast Network

26/09/2025

ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံဆိုတာ မြန်မာနိုင်ငံထက် သယံဇာတအများကြီးပိုကြွယ်ဝတဲ့နိုင်ငံ ဖြစ်ပါတယ်။ ကွန်ဂိုရဲ့ နောက်ထပ်ကြွယ်ဝတဲ့သယံဇာတကတော့ ဇီဝမျိုးကွဲတွေဖြစ်ပြီး အဲ့ဒီဇီဝမျိုးကွဲတွေထဲမှာမှ လူနဲ့အနီးစပ်ဆုံးတူညီတဲ့ ဘနိုဘိုမျောက်(Bonobo) တွေဟာလည်း ကွန်ဂိုမှာပဲရှိပါတယ်။ ဒါပေမဲ့ သယံဇာတကြွယ်ဝတိုင်း ချမ်းသာတဲ့နိုင်ငံမဖြစ်ဘူးဆိုတာ ကွန်ဂိုက သက်သေပြုနေပြန်ပါတယ်။ ဒီမတည်ငြိမ်မှုတွေကြောင့် ဘနိုဘိုတွေမှာ မျိုးသုဉ်းလုအန္တရာယ်တွေ ရှိနေတယ်။

ဘနိုဘိုတွေရဲ့ ထူးခြားဆန်းပြားပုံတွေအမျိုးမျိုးထဲမှာ အထီးအမ သဟဇာတကျကျ စုပေါင်းခေါင်းဆောင်စနစ်နဲ့ လူဆန်ဆန်ပြုမှုဆောင်ရွက်ကြပုံတွေပါပါတယ်။ ဒီပေါ့ကတ်ထဲမှာ ဘနိုဘိုတွေအကြောင်း၊ စုပေါင်းခေါင်းဆောင်မှု၊ ခေါင်းဆောင်မှုစွမ်းရည်ကို တစ်ဆင့်ချင်းကြိုးစား ရရှိမှုတွေအကြောင်း ဝါရင့်ရုပ်သံအစီစဉ်တင်ဆက်သူ ဦးချမ်းအေးရဲ့အသံနဲ့ နားဆင်ကြရမှာ ဖြစ်ပါတယ်။ နားဆင်ကြသူအားလုံး လောကအမှောင်ကို ဉာဏ်မီးရောင်နဲ့ မြင်ကြားနိုင်ကြမယ်လို့ မျှော်လင့်ယုံကြည်ပါတယ်။

အခုအပိုင်းကို စနေနေ့ မြန်မာစံတော်ချိန် ည ၈ နာရီမှာ စတင်နားဆင်နိုင်ပါတယ်။

Burma Podcast Network ဆိုတာ မြန်မာနိုင်ငံအတွင်း Podcast ယဥ်ကျေးမှုကို တိုးတက်အောင် ပြုလုပ်ရင်း ခေတ်ကြပ်ကြီးကို အတူရင်ဆိုင်ဖြတ်သန်းကြဖို့ လူမှုဘဝ ဆိုင်ရာအတွေးခေါ် Podcast တွေ ထုတ်လွှင့်ပေးနေတဲ့ တစ်ခုတည်းသော Podcast Network ဖြစ်ပါတယ်။

25/09/2025

၁၂ နှစ်ကလေးပြောပြတဲ့ မြေမြုပ်မိုင်းအကြောင်း

24/09/2025

အင်ပရက်ရှင်နစ်ဇင် ဝါဒ မပေါ်ပေါက်သေးခင် ၁၈၆၀-၇၀ လောက်က ပန်းချီ အနုပညာဆန်ခြင်း/မဆန်ခြင်းဆိုတာဟာ အနုပညာအကယ်ဒမီက အကဲဖြတ်တွေရဲ့ စံချိန်စံညွှန်းတွေအောက်မှာ ဘောင်ခတ်ခံခဲ့ရတာပါ။

ที่อยู่

Chiang Mai

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Burma Podcast Networkผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง Burma Podcast Network:

แชร์