Burma Podcast Network

Burma Podcast Network Think. Talk. Listen. 1. Burma Podcast Network exists to make a collective social impact through podcasting.

We collaborate with amazing people from different professions for colorful ideas and life stories.
2. Burma Podcast Network is dedicated to promote various podcasts from Myanmar podcasters in one place. Our listeners can easily access their favorite show or episode and contribute their favorite podcasters earn listenership.
3. Burma Podcast Network is founded by two young men who love to think, talk and listen to human’s stories.

02/09/2026

ကျောင်း/တက္ကသိုလ်ပညာရေးကိုပြန်လည်သင်ယူသင့်သလား (သို့) သက်မွေးပညာရပ်များကို အာရုံစိုက်သင့်သလား။
BPN Debate Lab | Round 1

“Debate” ကို အချေအတင်ငြင်းခုံမှု၊ စကားစစ်ထိုးပွဲလို့ ဖလှယ်သုံးစွဲကြပါတယ်။ ဒီဓလေ့က တစ်ဦးနဲ့ တစ်ဦး တစ်ဖွဲ့နဲ့တစ်ဖွဲ့ ကျနယဉ်ကျေးစွာ ပြောဆိုဆွေးနွေးငြင်းခုံကြတဲ့ကိစ္စဖြစ်တယ်။ ကျောင်းတက်တဲ့အရွယ်ကနေ လူတောထဲဝင်ကြရာမှာ ကိုယ်ရည်ကိုယ်သွေးအဖြစ် စကားပြောစွမ်းရည်နဲ့ သုတေသနပြု တွေးခေါ်ဆန်းစစ်နိုင်စွမ်းကို လေ့ကျင့်သုံးစွဲဖို့ရာ ပြုလုပ်ကြပါတယ်။ မြန်မာပြည်မှာဆိုရင်လည်း ကိုလိုနီခေတ်တက္ကသိုလ်ပညာရေးမှာ အထူးအားပေးအားမြှောက်ပြုခဲ့ကြတဲ့ အစီအစဉ်တွေဖြစ်တယ်။ နောင်မှာကျော်ကြားထင်ရှားလာမယ့် ကိုအောင်ဆန်း၊ မအမာ တို့အပါအဝင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ စာနယ်ဇင်းပုဂ္ဂိုလ်ကျော်များဟာလည်း ဒီပရဝုဏ်တွေထဲက အချီအချအငြင်းအခုံ“Debate” တွေရဲ့ တွေးခေါ်ပြောဆိုမှုအလေ့အထတွေကနေ သန္ဓေတည်ခဲ့ကြတာဖြစ်ပါတယ်။ ဒါပေမဲ့ စစ်အာဏာရှင်စနစ် ကြီးထွားသက်ဆိုးရှည်လာတာနဲ့အမျှ လွတ်လပ်စွာ တွေးခေါ်ပြောဆိုထောက်ပြငြင်းခုံတာတွေ တတိတိပျောက်ကွယ်သွားခဲ့ပါတယ်။ ဒီဓလေ့တွေကို အယောင်ပြလုပ်ပြရာမှာ အာဏာရှင်တွေနဲ့ မင်းတြားတွေရဲ့ ဘုန်းတော်ဘွဲ့မော်ကွန်းတွေကိုသာ အဓိကထားခဲ့ကြတယ်။ အတိုင်းတာနည်းနည်းလွတ်လပ်ခဲ့တဲ့ အမည်ခံဒီမိုကရေစီခေတ်မှာတောင် ဒါကို အရှိန်တင်ဖို့အစပျိုးပြီး လမ်းတစ်ဝက်မရောက်တရောက် အခြေအနေသာရှိခဲ့ပါတယ်။ တီဗွီချန်နယ်တွေ၊ သတင်းဌာနတွေက “Debate” အစီစဉ်တွေလုပ်ခဲ့ပေမဲ့ ၂၀၂၁ မှာ အာဏာထပ်သိမ်းတော့ ဒီဓလေ့တွေ ထပ်မံဦးချိုးခံရပါတယ်။ လွတ်လပ်စွာ တွေးခေါ်ပြောဆိုငြင်းခုံမှုဆိုတာ အာဏာပိုင်တွေနဲ့ သူတို့ရဲ့လွဲမှားတဲ့ အယူအဆမူဝါဒတွေကို အခြိမ်းခြောက်နိုင်ဆုံး မို့ပါပဲ။ ဒီလိုနဲ့သမိုင်းတစ်ပတ်လည်လို့ မလွတ်မလပ်နဲ့ခိုးကြောင်ခိုးဝှက် ကျီးလန့်စာစားဘဝ ပြန်ရောက်ကြရပါတယ်။

လူငယ် လူငယ်နဲ့ ဗန်းပြပြောနေကြပေမဲ့ စကားစစ်ထိုးဖို့နေနေသာသာ လူစုစုလုပ်ရင်တောင်မှ မသင်္ကာဖြစ်ခံရတဲ့ ခေတ်ဆိုးကြီးမှာ BPN ရဲ့ Debate Lab အစီအစဉ်က ဒီယဉ်ကျေးမှုကို တစ်ဖက်တစ်လမ်းက ပါဝင်အားဖြည့်ဖို့ ကြိုးစားချက်ဖြစ်ပါတယ်။ စစ်ကျွန်နိုင်ငံတစ်ခုမှာ အောက်စဖို့ဒ်တွေ၊ ကိန်းဘရစ်ချ်အဆင့်တွေကို ခဏထားလိုက်ပါဦး။ တိုင်းပြည်ရဲ့အခြေခံဖြစ်တဲ့ ပညာရေး အဆောက်အဦတွေ နည်းမျိုးစုံနဲ့ ပုံဖျက်ခံနေရချိန် လူငယ်တွေအတွက် ရရာကနေ ဖော်ထုတ်တွေးခေါ်ပြောဆိုဖို့ နေရာတွေက ပိုအရေးကြီးတယ်။ ဒီလိုပဲ ပြောဆိုဆွေးနွေးကြမယ့် အကြောင်းအရာတွေရဲ့ အကျယ်အပြန့်ကလည်း အရေးကြီးပါတယ်။ အခုတင်ဆက်မယ့် Round 1 မှာတော့ လူကြီးလူငယ်မရွေး ငြင်းခုံလေ့ရှိကြတဲ့ ပညာရေးကဏ္ဍကို လူငယ်အရသာအပြည့်နဲ့ နားဆင်ကြရမှာဖြစ်ပါတယ်။ တစ်ချိန်က ကျောင်းတက်ခဲ့တဲ့ဘဝကို ပြန်ဝင်စားပြီး အတွေးဝင်ငြင်းခုံကြပါစို့။

30/08/2026

BPN Debate Lab ရဲ့ ပထမအချီ Round 1 ကို မကြာမီ ထုတ်လွှင့်သွားမှာပါ။ လွတ်လပ်စွာ ဆွေးနွေးငြင်းခုံခြင်းနဲ့ လောကအဓိပ္ပါယ်ကို ဖော်ညွှန်းကြမယ့် လူငယ်‌ခြေတက်တွေရဲ့ ဖြတ်သန်းမှုအတွေ့ကြုံတွေကို ကြားကြရမှာဖြစ်ပါတယ်။ ပိန်းပိတ်နေတဲ့ခေတ်ကြီးမှာ စနစ်နဲ့လူ့အဖွဲ့အစည်းကို မေးခွန်းထုတ်မယ့် လူငယ်တွေများစွာရှိသေးကြောင်း အားတက်ဖွယ်မြင်တွေ့ကြရမှာပါ။ ကိုယ့်ရုပ်သွင်အစစ်မှန်ကိုတောင် ပြသခွင့်မရတဲ့ လက်ရှိအခြေအနေမှာ ငြင်းခုံသူတွေရဲ့သဏ္ဍာန်ကို Animation တွေနဲ့ အချိန်ယူပြင်ဆင်စီစဉ်ထားပါတယ်။ ဆွေးနွေးကြမယ့်ခေါင်းစီးကတော့ "မြန်မာလူငယ်များသည် ကျောင်း/တက္ကသိုလ်ပညာရေးသို့ ပြန်လည်ဝင်ရောက်သင်ယူသင့်သလား (သို့မဟုတ်) သက်မွေးပညာရပ်များကို ပိုမိုအာရုံစိုက်သင့်သလား?” ဖြစ်ပါတယ်။ အခုတော့ ပါဝင်သူများရဲ့ အပြောစွမ်းရည်ကို အမြည်းနားဆင်ကြည့်ကြပါဦး။

29/08/2026

အတ္တနောမတိကာဖီ - အပိုင်း (၂)

ဇာတ်ညွှန်းမရှိ၊ ဇာတ်တိုက်ထားတာမရှိတဲ့ အတ္တနောမတိကော်ဖီ အပိုင်း (၂) လာပါပြီ။ ဒီအပိုင်းမှာတော့ ကိုဒေါင်းရဲ့‌ စိတ်ထဲဝင်ရောက်လာတဲ့ အတွေးအမြင်တွေ၊ အတွေ့အကြုံနဲ့ ကိုယ်ပိုင်ယူဆချက်တွေကို ကြားသိရမှာဖြစ်ပါတယ်။ မိုးတအေးအေးရှိလှတဲ့ စနေရက်ကလေးမှာ ကော်ဖီတစ်ခွက်နဲ့ဖြစ်ဖြစ် တငြိမ့်ငြိမ့်နားဆင်ရင်း တစ်ဘဝအမောတွေ ကျော်လွှားနိုင်ကြပါစေလို့ ဒီအစီစဉ်ကနေ ဆုမွန်တောင်းပေးလိုက်ပါတယ်။

ဒေါင်းရဲ့ အတ္တနောမတိကာဖီ ပေါ့ဒ်ကတ်စ် အပိုင်း-၂ ကို ဒီစနေမှာ Burma Podcast Network ရဲ့ ဆိုရှယ်မီဒီယာပလက်ဖောင်းတွေမှာ တင်ဆ...
27/08/2026

ဒေါင်းရဲ့ အတ္တနောမတိကာဖီ ပေါ့ဒ်ကတ်စ် အပိုင်း-၂ ကို ဒီစနေမှာ Burma Podcast Network ရဲ့ ဆိုရှယ်မီဒီယာပလက်ဖောင်းတွေမှာ တင်ဆက်သွားမှာဖြစ်ကြောင်းနားဆင်သူမိတ်ဆွေများကို သတင်းကောင်းပါးလိုက်ပါတယ်။

Photo - Aomsin

26/08/2026

လူကောင်းသူကောင်းဖြစ်ပါလျက် မကောင်းဆိုးဝါးမှိုင်းမိနေသူ

#145505

24/08/2026

အိန္ဒိယမှာ ဆရာမ ပါးရိုက်ခံရပြီး လဲကျသေဆုံးသွားတဲ့ ၆ နှစ်အရွယ်ကလေးငယ်ရဲ့ အဖြစ်ဆိုးမျိုး မြန်မာပြည်မှာလည်း ရှိနေပါတယ်။

23/08/2026

BPN Debate Lab Batch II

Debate ပြုလုပ်ရတာ စိတ်ဝင်စားတဲ့ လူငယ်များအား ဖိတ်ခေါ်ခြင်း

ပထမအကြိမ်မှာ မြန်မာလူငယ်များနှင့် ပညာရေးကဏ္ဍကို ဆွေးနွေးခဲ့ကြပြီး အခုအကြိမ်မှာတော့ "အလုပ်အကိုင်အခွင့်အလမ်းနှင့် အနာဂတ်လုံခြုံစိတ်ချမှု" ဆိုတဲ့ ခေါင်းစဥ်အောက်ကနေ တွေးခေါ် ပြောဆို ယှဥ်ပြိုင်ကြရမှာဖြစ်ပါတယ်။

လျှောက်ထားရန် လိုအပ်ချက်နှင့် အကြံပြုချက်များ

- Debate ပြုလုပ်ခြင်းကို နှစ်သက်သဘောကျသူများဖြစ်ရမည်။
- အလုပ်အကိုင်အခွင့်အလမ်းနှင့် လူငယ်များ အနာဂတ်ဘဝ လုံခြုံစိတ်ချရမှုအပေါ် ဆွေးနွေးရန် စိတ်ဝင်စားသူ ဖြစ်ရမည်။
- မိမိအပါဝင် အဖွဲ့ဝင်များသည် အထက်ပါ ခေါင်းစဥ်နှင့်ကိုက်ညီသည့် အချက်များကို ရှာဖွေဖတ်ရှုရန် အချိန်ပေးနိုင်သူများ ဖြစ်ရမည်။
- မိမိအပါဝင် အဖွဲ့ဝင် ၃ ဦးရှိပြီး အားလုံးသည် အင်တာနက် အသုံးပြုနိုင်သည့် နေရာဒေသတွင် ရှိသူများ ဖြစ်ရမည်။
- ယခုအစီစဥ်အတွက် လျှောက်လွှာတင်သူများထဲမှ အသင်း ၄ သင်းကိုသာ ရွေးချယ်သွားမည်ဖြစ်သည်။

ငွေကြေးချီးမြှင့်မှု ။ ရွေးချယ်ခံရသူအသင်းများ၏ စိတ်အားတက်ကြွစွာ ပါဝင်မှုနှင့် အများပြည်သူ အကျိုးရှိစေရန် အချက်အလက်များ စုစည်းတင်ဆက်မှုများတွက် ပူးပေါင်းပါဝင်မှု ပြီးဆုံးချိန်တွင် တစ်သင်းလျှင် မြန်မာငွေကျပ် ၁၂ သိန်း ချီးမြှင့်သွားမည်ဖြစ်သည်။

လျှောက်ထားရမည့်နေရာ ။ ။ https://forms.gle/Kk8kkkbJ8nXVh1W4A

နောက်ဆုံးလျှောက်ထားရမည့် နေ့စွဲ ။ ။ သြဂုတ်လ ၂၃၊ ၂၀၂၆

❗သတိပြုရမည့်အချက်❗
- မိမိအပါအဝင် အဖွဲ့ဝင်သုံးယောက်ရှိရမည်။
- သုံးယောက်လုံးသည် ယခု လျှောက်လွှာကို ဖြေဆိုရမည်။
- လျှောက်ထားချိန်တွင် အသက် ၁၈ နှစ်ပြည့်ပြီးသူ ဖြစ်ရမည်။
- ဩဂုတ်လ ၂၄ ရက်နေ့မှ ၂၈ ရက်နေ့အတွင်း လိုက်လျောညီထွေစွာ အချိန်ပေးနိုင်သူဖြစ်ရမည်။ အဆိုပါကာလအတွင်း ကျန်းမာရေး ဆေးကုသမှု ရက်ချိန်းများ၊ စာမေးပွဲများ၊ နဂိုချိန်းဆိုထားသော အရေးကြီးကိစ္စများရှိပါက လျှောက်ထားရန် မသင့်တော်ပါ။

22/08/2026

Voyagers ထဲက မအလ
ရုပ်ရှင်အက်ဆေး (Episode 2)

ဇာတ်ကားက နာမည်ကျော် Voyager အာကာသယာဉ်တွေအကြောင်းတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ အာကာသစီမံကိန်းတစ်ခုအတွင်း၊ ဒါမှမဟုတ် လူ့အဖွဲ့အစည်းပုံစံငယ်လေး တစ်ခုအတွင်းမှာ ဖြစ်ပေါ်တတ်တဲ့ ဗီဇစိတ်နဲ့ အပြုအမူ၊ အတွေးအခေါ်ပိုင်းတွေကို ပါးနပ်စွာထည့်ထားတယ်။ AI တွေကို အချင်းချင်းကမ္ဘာတစ်ခု တည်ဆောက်ပေးလိုက်ပြီး သူတို့ရဲ့အပြုမူတွေကို လေ့လာသလိုပေါ့။ အခု လူတွေဆိုတော့ AI ထက်ပိုမာယာများပြီး ထိန်းရခက်ပါတယ်။ ဒီအပိုင်းက လက်ရှိကိုယ်တွေကြုံတွေ့နေရတဲ့ အခြေအနေတွေရဲ့ ဇစ်မြစ်က ဘယ်ကအစပြုလဲဆိုတာကို ရိပ်ဖမ်းသံဖမ်းအစဆွဲထုတ်နိုင်မယ့် ရုပ်ရှင်အက်ဆေးတစ်ပုဒ်ဖြစ်ပါတယ်။ သာမန်သိပ္ပံစိတ်ကူးယဉ်ကားဆိုပေမဲ့ စိတ်ကူးယဉ်စရာတွေ ဘယ်လောက်များလဲဆိုတာကိုတော့ MYP က ခံစားရေးဖွဲ့ပြီး Willam က ပြောပြသွားမှာဖြစ်ပါတယ်။ ခံစားမှုကို ပုံဖော်ရေးထားတဲ့ အက်ဆေးတွေဆိုတော့ Spoiler ဖြစ်မှာလည်း အရမ်းစိုးရိမ်စရာမရှိပါဘူး။ ဒီအစီစဉ်ကို BPN ကသရုပ်ဖော်တဲ့ပုံစံအတိုင်း ဗွီဒီယိုကြည့်ပြီး နားထောင်လို့ရသလို၊ လုပ်ကိုင်သွားလာရင်း အသံဖိုင်လို နားထောင်ချင်ရင်လည်း အဆင်ပြေနိုင်ပါတယ်။
ထူးခြားတိုက်ဆိုင်တာက ဒီရုပ်ရှင်ကို လူတိုင်းခြောက်ညအိပ်မက်တွေမက်စေခဲ့တဲ့ ၂၀၂၁ ခုနှစ်မှာ ထွက်ရှိခဲ့ခြင်းပါပဲ။ ခံစားကြည့်ကြပါဦး။

ဇာတ်ညွှန်း MYP
ဇာတ်ကြောင်းတင်ပြ William
ထုတ်လုပ်ဖန်တီး BPN

20/08/2026

ကြောက်စိတ်က တကယ်ပဲ အကာကွယ်ပေးနိုင်ရဲ့လား။

19/08/2026

ဒီ Fire-round questions တွေက ဒေါင်းနဲ့ ပေါ့ဒ်ကတ်စ်သွင်းနေရင်းနဲ့ BPN အဖွဲ့သားတွေ အပျင်းပြေမေးထားတဲ့ အပိုင်းလေးကို ပြန်မျှဝေပေးတာပါ။ ဒါနဲ့ ဒေါင်းရဲ့ ပေါ့ဒ်ကတ်စ် အပိုင်း-၁ ကိုနားထောင်ပြီးကြပြီလား?

ที่อยู่

Chiang Mai

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Burma Podcast Networkผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ทางลัด

แชร์