Ko Aung Myin Thu Mingalarpar!

An educator who facilitates the growth of critical thinking, inquiry, and self-directed learning practices among youth through EduVlogs, webinars, essays, and dialogues. 🌱🔍 I am Aung Myin Thu, a Learning Advocate & EduVlogger dedicated to facilitating the growth of critical thinking, inquiry, and self-directed learning practices through EduVlogs and dialogues.

My Facebook name used to be “Extrovert Andrew.”Not because I knew who I really was But because I thought introverts lack...
28/10/2025

My Facebook name used to be “Extrovert Andrew.”
Not because I knew who I really was

But because I thought introverts lacked confidence and weren’t bright.
So I tried… so hard…
to talk,
to speak
to be active in front of people
to be an extrovert.

I still remember one moment clearly.
It was at a big gathering.
Everyone was laughing, talking, dancing, and I was standing there, smiling, pretending to have fun.
But deep inside, I was exhausted.
I wanted to cry.
I wanted to run.
I felt suffocated -
like there was no more oxygen in the room.

That night, when I got home, I just sat in silence.
I asked myself:
“Don’t I have confidence?”
“Don’t I know anything?”
“Am I stupid?”

Maybe I don’t have all the answers.
But one thing I’ve realized is this:
I listen . . . attentively and empathetically.
I ask questions when they matter.
I join conversations when I feel needed.
I take action when I believe.

Now, I’ve learned that being quiet doesn’t mean weak,
Listening doesn’t mean invisible,
Nor is speaking all the time necessary.

The gathering changed how I see myself.
After all,
I’m an introvert -
That’s who I really am, and I accept it.

အရည်အသွေးပြည့်ဝတဲ့ တက္ကသိုလ်​ဆိုတာ . . .1️⃣ အရည်အချင်းပြည့်ဝတဲ့ ပါမောက္ခ တွေရှိရပါမယ်။​အရည်အချင်းလို့ပြောကြတဲ့အခါ Ph.D. ...
19/05/2025

အရည်အသွေးပြည့်ဝတဲ့ တက္ကသိုလ်​ဆိုတာ . . .

1️⃣ အရည်အချင်းပြည့်ဝတဲ့ ပါမောက္ခ တွေရှိရပါမယ်။​
အရည်အချင်းလို့ပြောကြတဲ့အခါ Ph.D. (ဒါမှမဟုတ် ဘွဲ့လွန်တစ်ခုခု)ကို နိုင်ငံတကာ အသိအမှတ်ပြု တက္ကသိုလ်တစ်ခုထဲကရရှိထားရုံတင်မက၊ သင်ကြားမယ့် ဘာသာရပ်ပိုင်းဆိုင်ရာ ကျွမ်းကျင်မှု နဲ့ သင်ကြားနည်းစနစ်သဘောတရားတွေကိုပါ ပိုင်နိုင်စွာအသုံးချနိုင်တာမျိုးကို ဆိုလိုတာဖြစ်ပါတယ်။ သူတို့ကိုယ်တိုင် နိုင်ငံတကာအဆင့်မီ တက္ကသိုလ်တွေမှာ သင်ကြားဖူးတယ်ဆိုရင်တော့ ကျောင်းသားတွေကို Global Exposure နဲ့ Global Perspective ပိုမိုပေးနိုင်မယ်လို့ ​ယူဆနိုင်တာကြောင့် Teaching experience at an internationally recognized university/institution is a plus လို့ပြောနိုင်ပါတယ်။

2️⃣ အရည်အသွေးမီတဲ့ သင်ရိုးဖြစ်ရပါမယ်။​

သင်ရိုးတွေကို နိုင်ငံတကာ ပညာရေးစံနှုန်းတွေနဲ့အညီ ကိုက်ညီအောင် ရေးဆွဲထားရပါမယ်။ သင်ခန်းစာတွေမှာ ဘာသာရပ်ဆိုင်ရာ အကြောင်းအရာအပြင် ကျောင်းသားတွေရဲ့ လူနေမှုဘဝနဲ့ အလုပ်အကိုင်တွေအတွက် မရှိမဖြစ်လိုအပ်တဲ့ စွမ်းရည်တွေကို ဖူလုံဖို့လည်း ထည့်သွင်းစဉ်းစားသင့်ပါတယ်။ ဒါ့အပြင် လူမှု၊ နိုင်ငံတကာ ပတ်ဝန်းကျင်နဲ့ ကိုက်ညီမှုရှိဖို့ကလည်း အရေးကြီးတာဖြစ်လို့ ဒါတွေအားလုံးကို သက်ဆိုင်ရာ​ Professor / Faculty Head / Division Chair နဲ့ Dean တို့က စနစ်တကျနဲ့ အတူတကွ ဆောင်ရွက်​ကြရပါတယ်။

3️⃣​ တွေးခေါ်၊ ဆွေးနွေး၊ မေးခွန်းထုတ်တာတွေကို အားပေးရပါမယ်။​

ကျောင်းသားတွေရဲ့ တွေးခေါ်မှု၊ ဆွေးနွေးမှုနဲ့ မေးခွန်းမေးမြန်းမှုတွေဟာ အရည်အသွေးမြင့်တက္ကသိုလ်တွေရဲ့ ဝိသေသ လက္ခဏာတစ်ခုပါ။​​ သင်ကြားတဲ့အကြောင်းအရာကိုပဲ နားထောင်၊ ဆွေးနွေး၊ ရေးသားတာမျိုးမဟုတ်ဘဲ သဘောတရားအသစ်တွေ၊ အတွေးအခေါ်အသစ်တွေကို တွေးတတ်၊ ဖန်တီးတတ်လာဖို့ကိုလည်း အလေးထားပေးရပါမယ်။​ သဘောထားမတူညီမှုတွေကို အချက်နဲ့ လက်နဲ့ ယဉ်ကျေးမှုရှိရှိ ဖော်ပြတတ်အောင် လေ့ကျင့်ပေးရပါမယ်။

4️⃣ ကျောင်းသားရေးရာ ရှိရပါမယ်။

ကျောင်းသားရေးရာ (Student Affairs) လို့ပြောရင် ကျောင်းအပ်လက်ခံတဲ့ဌာနနဲ့ စည်းကမ်းကြီးကြပ်တဲ့ မော်ကွန်းထိန်းကိုပဲ ကျွန်တော်တို့ (အများစု) ရင်းနှီးကြတာပါ။ တကယ်တမ်းမှာတော့ ကျောင်းသားရေးရာရဲ့ အခန်းကဏ္ဍက အရမ်းကျယ်ပြန့်ပြီး အရေးပါပါတယ်။
ကျောင်းသားရေးရာဆိုတာ ကျောင်းသားတွေအတွက် ကောင်းမွန်တဲ့ ပံ့ပိုးမှုစနစ်တွေကို ဖော်ဆောင်ရတဲ့ဌာနပါ။ ဥပမာအားဖြင့် –
▲ တစ်ဉီးချင်းစီအတွက် Academic Advisor ထားရှိပေးခြင်း
▲ Mental Health Services
▲ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုနဲ့ Sense of Belonging ဖော်ဆောင်မှု
▲ Student Clubs & Leadership Projects
▲ Service Learning / Internship
▲ International Exchange Programs & Study Abroad Opportunities
▲ Equity & Inclusion Initiatives
(တချို့သောအရာတွေကို သက်ဆိုင်ရာ Institution ပေါ်မူတည်ပြီး အခြားဌာနအောက်မှာ ထားတာမျိုးလည်း ရှိတတ်ပါတယ်။)

အတိုချုပ်ပြောရမယ်ဆိုရင် Professor တွေက စာသင်ကြားပေးသူတွေဖြစ်ပြီး၊ Student Affairs ကတော့ ကျောင်းသားဘဝအတွေ့အကြုံ ပြည့်ပြည့်ဝဝ ရရှိအောင်၊ အဓိပ္ပါယ်ပြည့်စုံအောင်လုပ်ဆောင်တဲ့ Prevention, Intervention & Development ပုံစံမျိုးစုံပါဝင်တဲ့ဌာနပါ။
ဒါမျိုးတွေရှိခြင်းက ကျောင်းသားတွေရဲ့ ပညာရေးလမ်းကြောင်းကို မြှင့်တင်ပေးပြီး၊ အောင်မြင်မှုကို တိုးတက်စေပါတယ်။

5️⃣ ကျောင်းသားဘဝ ရှိရပါမယ်။
တက္ကသိုလ်ပညာရေးမှာ သင်ကြားမှု၊ သင်ယူမှုအပြင် အဓိပ္ပါယ်ရှိတဲ့ ကျောင်းသားဘဝ ရရှိဖို့လည်း အရေးကြီးပါတယ်။ အဓိပ္ပါယ်ရှိတဲ့ ကျောင်းသားဘဝဆိုတာ . . . ကျောင်းသာတစ်ယောက်အနေနဲ့ ကျောင်းနေ ပျော်ရွှင်မှုတွေ၊ သူငယ်ချင်း မိတ်ဆွေဖွဲ့မှုတွေ၊ အဖွဲ့အစည်းတွင်းပါဝင်ခွင့်တွေ၊ ကိုယ်ရေးကိုယ်တာလိုအပ်ချက်တွေကို (လွတ်လပ်စွာ) တင်ပြဆွေးနွေးခွင့်တွေ၊ နွေးထွေးမှုတွေနဲ့ အချင်းချင်းနားလည်မှုတွေ ရှိနေတာကို ဆိုလိုတာပါ။ "ကျောင်းနေပျော်မှ စာတော်မယ်" ဆိုတဲ့ စကားလိုပေါ့။ စာသင်တာ ဘယ်လောက်ကောင်းကောင်း Toxic ဖြစ်တဲ့ ပတ်ဝန်းကျင်ကြီးဖြစ်နေမယ်ဆိုရင်တော့ ကျောင်းသားဘဝက အဓိပ္ပါယ်ရှိမှာ မဟုတ်တော့ပါဘူး။

🔢 အနှစ်ချုပ်ရမယ်ဆိုရင် . . .
အရည်အသွေးပြည့်ဝတဲ့ တက္ကသိုလ်ဆိုတာ အလိုအလျောက် မဖြစ်ပေါ်လာနိုင်ပါဘူး။ စာသင်တာကောင်းရုံနဲ့လည်းမရသလို “နိုင်ငံတကာ အသိအမှတ်ပြု” “နိုင်ငံတကာ သင်ရိုး” ဆိုပြီး အမည်တပ်လိုက်ရုံနဲ့လည်း အထမမြောက်သွားပါဘူး။ တစ်ဦးတစ်ယောက်ချင်းစီက ရှုထောင့်ပေါင်းစုံကနေ စဉ်းစား၊ သုံးသပ်၊ အာရုံစိုက်ပြီး ဖန်တီးပေးဖို့ လိုပါတယ်။ ဒီလို တက္ကသိုလ်တစ်ခုဖြစ်တည်လာဖို့၊ ကျောင်းသားတွေအတွက် အရည်အသွေးမြင့် ပညာရေးကို ပေးနိုင်ဖို့၊ ကျောင်းသားဘဝ‌ရဲ့ အဓိပ္ပါယ်ကို ပေးစွမ်းနိုင်ဖို့ဆိုတာ University Leadership၊ Faculty (Professors)၊ Student Affairs နဲ့ ကျောင်းသားကိုယ်တိုင် အားလုံးပူးပေါင်းလုပ်ဆောင်ဖို့ လိုပါတယ်။

အရည်အသွေးပြည့်ဝတဲ့ တက္ကသိုလ်​ပညာရေးရဲ့ ဝိသေသလက္ခဏာက ဘာဖြစ်မလဲ။ Comment မှာ ဆွေးနွေးပေးကြဖို့ ဖိတ်ခေါ်ပါတယ်။ကျွန်တော် အတွ...
18/05/2025

အရည်အသွေးပြည့်ဝတဲ့ တက္ကသိုလ်​ပညာရေးရဲ့
ဝိသေသလက္ခဏာက ဘာဖြစ်မလဲ။

Comment မှာ ဆွေးနွေးပေးကြဖို့ ဖိတ်ခေါ်ပါတယ်။
ကျွန်တော် အတွေးအမြင်ကို မကြာခင် တင်ပေးပါ့မယ်။

မနေ့က ပို့စ်မှာပါတဲ့ ဟန်ချို့ နဲ့ နန်းပန်ကုန့်ကယ် ရွာ (၂)ရွာ ဆီကို ဒီနေ့ အရောက်သွားခဲ့ပါတယ်။ မြေပြင်အခြေအနေတွေကို သေချာမ...
06/04/2025

မနေ့က ပို့စ်မှာပါတဲ့ ဟန်ချို့ နဲ့ နန်းပန်ကုန့်ကယ် ရွာ (၂)ရွာ ဆီကို ဒီနေ့ အရောက်သွားခဲ့ပါတယ်။ မြေပြင်အခြေအနေတွေကို သေချာမြင်ခဲ့ရပြီး ရွာခံ နဲ့ တာဝန်ရှိသူများ ကူညီပေးခဲ့လို့ အဆင်ပြေပြေနဲ့ ဆိုလာမီးသီးတွေနဲ့ ငွေသားအကူအညီ ပေးအပ်နိုင်ခဲ့ပါတယ်။

ရွာခံတွေဖြစ်တဲ့အလျောက် ပိုပြီးလိုအပ်နိုင်တဲ့အရာတွေကို သေသေချာချာသိတာကြောင့်ရော၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေမှာပါ အထောက်အကူဖြစ်ရအောင် (ခါတိုင်း အခြားနေရာတွေမှာ လိုအပ်တဲ့ / လိုအပ်နိုင်တဲ့ ပစ္စည်းတွေ လှူနေကြဆိုပေမဲ့) ဒီတစ်ခေါက်တော့ ငွေသားအကူအညီကို အဓိက ပေးအပ်ခဲ့တာဖြစ်ပါတယ်။

ရွာတာဝန်ရှိသူက ရွာမှာရှိတဲ့အိမ်ခြေစာရင်းကို သေချာမှတ်ထားပြီး တစ်အိမ်ထောင်ချင်းစီကို အလှူရှင်က ကိုယ်တိုင် တိုက်ရိုက်လက်ထဲထည့်ပေးခွင့်ရလို့ ပိုပြီး ပီတိဖြစ်ရသလို၊ ဝိုင်းဝန်းကူညီပေးခဲ့ကြတဲ့ ရွာခံအဖွဲ့ဝင်တွေ၊ Volunteer တွေနဲ့ လှူဒါန်းငွေ အကူအညီပါဝင်ပေးခဲ့ကြတဲ့ တစ်ဦးချင်းစီတိုင်းကိုလည်း အထူးပဲ ကျေးဇူးတင်ရှိပါတယ်။

Edit - သတ်မှတ်ထားတဲ့ အလှူ‌ငွေပမာဏပြည့်ပါပြီ။အင်းလေးဒေသမှာ မြေပြင်ကူညီတဲ့အဖွဲ့တွေ (အခုထိ) သိပ်မရောက်သေးတဲ့ ရွာငယ် (၂) ခုအ...
05/04/2025

Edit - သတ်မှတ်ထားတဲ့ အလှူ‌ငွေပမာဏပြည့်ပါပြီ။

အင်းလေးဒေသမှာ မြေပြင်ကူညီတဲ့အဖွဲ့တွေ (အခုထိ) သိပ်မရောက်သေးတဲ့ ရွာငယ် (၂) ခုအတွက် အကူညီတောင်းပါရစေ။

နန့်ပန်နဲ့ နီးတဲ့ ဟန်ချို့ရွာ နဲ့ နန့်ပန် ကုန့်ကယ်ရွာ အတွက်ပါ။ (၂) ရွာလုံးက အိမ်ခြေ အရမ်းမများပေမယ့် ရွာကြီးတွေ ကြားထဲရောက်နေတော့ အလှူရှင် သိပ်မရောက်နိုင်ဘူးဖြစ်နေတာပါ။

✅ ဟန်ချို့ရွာ (၅၂ အိုးစား) ကတော့ ဒီနေ့ မြေပြင်ကအဖွဲ့ သွားကြည့်လာတဲ့ရွာပါ။ လိုင်းပေါ်မှာ သတင်းမရောက်တာကြောင့်ရော၊ ရွာကြီးတွေကြားထဲရှိနေတာမလို့ အလှူရှင်တွေ အသိနည်းပြီး အကူအညီလိုအပ်နေတာပါ။ လက်ရှိတော့ ရေသန့် (တချို့) ပဲရှိတယ်လို့ သိရပါတယ်။ ဆန်၊ ဆီ၊ ကုန်ခြောက်တွေလည်း မတွေ့ခဲ့ပါဘူးတဲ့ ။ အိမ်တွေဖျက်ပြီး စုရပ်တွေမှာပဲ အားလုံးစုပြီး ယာယီတဲတွေနဲ့နေနေကြရတာပါ။ မနေ့က ပိုတဲ့ ဆိုလာမီးသီး (၅၂) လုံးကိုတော့ လှူပေးခဲ့ပါတယ်တဲ့။ ရွာသားတွေအတွက် အကူအညီတွေ လိုအပ်နေပါတယ်။

နန့်ပန်ဈေးနဲ့နီးတာဆိုတော့ ပစ္စည်းဝယ်လှူတာထက် လိုတာသုံးလို့ရအောင် တစ်အိမ်ကို ငွေသားအကူအညီ (၅၀,၀၀၀) စီ လှူဖို့ စီစဉ်ထားပါတယ်။

✅ နောက်တစ်ရွာက နန့်ပန် ကုန်ကယ် ရွာပါ။ သူလည်း အိုးစား (၇၆) / အိမ်ခြေ (၅၈) ပဲရှိတာပါ။ အဲဒီကိုလည်း အလှူရှင်တွေ အရောက်နည်းကြပါတယ်တဲ့။ ဖုန်းဆက်သွယ်ကြည့်တော့ ဆိုလာမီးသီးလည်း လိုပါတယ်ဆိုတာနဲ့ အဲ့တာလေး သွားကူချင်လို့ပါ။ သူတို့ ရွာမှာ လုံးဝပျက်စီးပြီး ဦးစားပေးကူစေချင်တာတော့ (၈) အိမ်စာ ရှိပါတယ်တဲ့။

📌အရင်ဆုံး အဲဒီ (၂) ရွာ အတွက် ငွေသား (၂,၆၀၀,၀၀၀) နဲ့ ဆိုလာမီးသီး (၇၆) လုံးစာ အလှူခံလိုပါတယ်။

ကျွန်တော်တို့ဆီက လူငယ်တွေ နေ့တိုင်းကွင်းဆင်းပြီး လိုအပ်ချက်ကို ထိထိရောက်ရောက် ညှိနှိုင်း ပံ့ပိုးနေပါတယ်။ Page ကတဆင့် ပါဝင်ကူညီဖို့အတွက် ဖိတ်ခေါ်ပါတယ်ခင်ဗျာ။

အင်းလေးဒေသဘက် လှူထားတဲ့သူများကို Receipt နဲ့ တကွ Donor Report တွေပို့ပေးနေပါတယ်ခင်ဗျ။ စာရင်းကျန်ခဲ့တာတို့၊​ Receipt မရသေ...
04/04/2025

အင်းလေးဒေသဘက် လှူထားတဲ့သူများကို Receipt နဲ့ တကွ Donor Report တွေပို့ပေးနေပါတယ်ခင်ဗျ။ စာရင်းကျန်ခဲ့တာတို့၊​ Receipt မရသေးတာတို့ဆိုရင် CB မှာ Hi ပေးဖို့ မေတ္တာရပ်ခံပါတယ်။​

**** အခြား ထိထိရောက်ရောက် လုပ်ဆောင်သွားဖို့တွေ ရှိတာကြောင့် ဆက်လက် ပါဝင် လှူဒါန်းပေးဖို့ ဖိတ်ခေါ်ပါရစေခင်ဗျာ။​ *​*​*​*

Survival First, Recovery Second ဆိုတဲ့ Principle နဲ့ လုပ်ဆောင်နေပြီး အခုလောလောဆယ် အစားအသောက်နဲ့ ဆေးဝါး နေရာတော်တော်များများမှာ လုံလောက်နေပြီ ဖြစ်ပါတယ်။ ဒါကြောင့် . . . ယာယီ နေထိုင်ဖို့၊​ပြန်လည်ထူထောင်ဖို့ကို အာရုံစိုက်သွားပါမယ်။​

စာကြွင်း။ ။ စစ်ကိုင်း နဲ့ အမရပူရဘက် ကူထားသူတွေအတွက် Report က ခဏစောင့်ပေးပါဉီးနော်ဗျ။

ငလျင်ဘေးအတွက်  ကိုယ်ချင်းစာတရားအပြည့်နဲ့  ယုံယုံကြည်ကြည် လှူပေးကြသူ တစ်ဉီးချင်းစီတိုင်းကို ကျေးဇူးတင်ပါတယ်။ မြေပြင်ဆင်းတ...
02/04/2025

ငလျင်ဘေးအတွက် ကိုယ်ချင်းစာတရားအပြည့်နဲ့ ယုံယုံကြည်ကြည် လှူပေးကြသူ တစ်ဉီးချင်းစီတိုင်းကို ကျေးဇူးတင်ပါတယ်။ မြေပြင်ဆင်းတဲ့ လူငယ်အဖွဲ့နဲ့ တိုက်ရိုက် ချိတ်ဆက်ပါဝင်ဖြစ်ပါတယ်။

လက်ထဲ အလှူငွေတွေ ပုံနေလို့လည်း မဖြစ်ပါဘူး။
မြန်မြန် မစီးဆင်းရင် အချိန်ပုပ်ပြီး ထိရောက်မှု နည်းနိုင်ပါတယ်။

ရှိသမျှအကုန်ဝယ်ခြမ်းလိုက်လို့လည်းမသင့်ပါဘူး။
ဘယ်မှာ ဘယ်အချိန် ဘာလိုနေတယ်ဆိုတာကို နားစွင့်နေပါတယ်။​

ပံ့ပိုးမှုပုံစံတွေ ထပ်ကုန်မလား၊ ပိုလျှံကုန်မလားဆိုတာကိုလည်း စဉ်းစားရပါတယ်။ ထိထိရောက်ရောက်ဖြစ်အောင် တိုင်တိုင်ပင်ပင်၊ ညှိညှိနှိုင်းနှိုင်းလုပ်ဆောင်နေပါတယ်။

မလှမ်းမကမ်းကနေပဲ မျက်နှာမပါတဲ့ မှတ်တမ်းအနည်းငယ်ယူဖို့ စီစဉ်ထားပါတယ်။ လှူထားတဲ့သူ တစ်ယောက်ချင်းစီတိုင်းကို Receipt နဲ့ Donor Report သေချာပြန်ပို့ပေးပါ့မယ်။

(အချိန်လေးတော့စောင့်ပါဉီးနော်ဗျ။)
လုပ်ဆောင်နေတာတွေထဲက ပုံတချို့ကို တင်ပေးလိုက်ပါတယ်။

ဝယ်ဖို့ထပ်လိုအပ်တာတွေကို မနက်ဖြန်တင်ပြသွားပါ့မယ်။

စစ်ကိုင်းဘက်သွားမယ့် လူငယ်အဖွဲ့အတွက် ကောက်ပေးနေပါတယ်။ ကားလည်းငှားပြီးပါပြီ။ ဝယ်တဲ့သူကဝယ်၊ ထုတ်တဲ့သူက ထုတ်အခုလုပ်နေကြပါတယ...
31/03/2025

စစ်ကိုင်းဘက်သွားမယ့် လူငယ်အဖွဲ့အတွက် ကောက်ပေးနေပါတယ်။ ကားလည်းငှားပြီးပါပြီ။ ဝယ်တဲ့သူကဝယ်၊ ထုတ်တဲ့သူက ထုတ်
အခုလုပ်နေကြပါတယ်။ ပါဝင်လိုတယ်ဆို ကျွန်တော့်ကို
ဆက်သွယ်ပေးပါဉီးခင်ဗျ။

Kpay နဲ့ Thai Bank လက်ခံပါတယ်။​
အခြားဆိုရင်လည်း ကျွန်တော်ရှာကြံကြည့်ပါ့မယ်။

ကျွန်တော်တို့ကျောင်းသားတွေအပြင် စစ်ကိုင်း၊ မန်းလေးဘက်က လိုအပ်သူတွေအတွက် အစားအသောက်၊​ ဆေးဝါးနဲ့ အခြားလိုအပ် ပစ္စည်းတွေကို...
30/03/2025

ကျွန်တော်တို့ကျောင်းသားတွေအပြင် စစ်ကိုင်း၊ မန်းလေးဘက်က လိုအပ်သူတွေအတွက် အစားအသောက်၊​ ဆေးဝါးနဲ့ အခြားလိုအပ် ပစ္စည်းတွေကို ကူညီဖို့လုပ်နေပါတယ်။

မနေ့ကတည်းက Fundraise စလုပ်နေတာ၊ ကျွန်တော်ကိုယ်တိုင် ကနဉီး ၁၀ သိန်း ထည့်ထားပါတယ်။ မိတ်ဆွေတို့အနေနဲ့ ပါဝင်လိုတယ်ဆိုရင်
သူတို့ဆီဖြစ်စေ တိုက်ရိုက်ဖြစ်စေ၊ ကျွန်တော့်ဆိဖြစ်စေ
ဆက်သွယ်နိုင်ပါတယ်ခင်ဗျ။

မြေပြင်သွားနေသူတွေနဲ့ ချိတ်ဆက်မိလို့ တစ်ခုခုလိုအပ်တာဆိုလည်း ပြောပေးပါဉီးခင်ဗျ။ ချိတ်ဆက်ပေးနိုင်အောင်ကြိုးစားပါ့မယ်။

https://www.facebook.com/share/p/1FgMyuhbKu/

ဒီနေ့က ကျွန်တော့်ရဲ့ (၂၉)​နှစ်ပြည့် မွေးနေ့ပါ။ ကျွန်တော့်ဘဝမှာ သင်ယူရရှိ၊ လက်တွေ့ကျင့်သုံးဖြစ်တဲ့ ဘဝ သင်ခန်းစာ၊ အတွေး (၂...
24/03/2025

ဒီနေ့က ကျွန်တော့်ရဲ့ (၂၉)​နှစ်ပြည့် မွေးနေ့ပါ။ ကျွန်တော့်ဘဝမှာ သင်ယူရရှိ၊ လက်တွေ့ကျင့်သုံးဖြစ်တဲ့ ဘဝ သင်ခန်းစာ၊ အတွေး (၂၉) ခုကို အားလုံးနဲ့ မျှဝေပေးချင်ပါတယ်။

(၁) အလုပ်များတိုင်း အရာမထင်ပါဘူး။

(၂) ကိုယ့် Energy က သူများကို ကူးစက်တတ်ပါတယ်။

(၃) ဘယ်အချိန်မှာ စကားပြောသင့်လဲ၊ နားထောင်သင့်လဲ၊ နှုတ်ဆိတ်သင့်လဲဆိုတာ သိပါစေ။​

(၄) မဖြစ်နိုင်ဘူး မပြောခင် အရင်လုပ်ကြည့်။​

(၅) တော်ပဲ မတော်ချင်နဲ့။ လူသားဆန်တတ်အောင်ကြိုးစားပါ။​

(၆) စာဖတ်ရတာမကြိုက်ရင်၊ နားထောင်၊ ဒါမှမဟုတ် ကြည့်။

(၇) အဖတ်မလုပ်ခြင်းက ပညာသားပါပါ တောက်ချနည်း။

(၈) တစ်ခုခု မှာ မစားခင် စျေးမေးတာက ရှက်စရာမဟုတ်။

(၉) မိသားစု နဲ့ သူငယ်ချင်းတွေကို မကြာမကြာ မက်ဆေ့ပို့ ၊ ဖုန်းခေါ်။ အချိန်ပေးပေးပါ။​

(၁၀) ကိုယ့်ကျေးဇူးရှင်ကို ပြန်ကူညီခွင့်ရအောင်ကြိုးစားပါ။ သူတို့အကူအညီမလိုရင်တော့ အကူညီလိုမယ့် တခြားသူတွေကို ကူညီလိုက်ပါ။​

(၁၁) တစ်လောကလုံးကို လုပ်ကျွေးနေရတဲ့ မျက်နှာပေးနဲ့ မနေနဲ့။ ပြုံးပြတတ်အောင် ကျင့်ယူ။

(၁၂) ကိုယ့်အလုပ်အကြောင်း ဂဃနဏ သိအောင်လုပ်။

(၁၃) အကောင်းမြင်တတ်အောင်ကျင့်။​

(၁၄) လူတိုင်းမှာ သူတို့ကို မကြိုက်တဲ့ လူ (အနည်းနဲ့အများ) ရှိကို ရှိတယ်။ လူအားလုံးက ကိုယ့်ကို နှစ်သက်၊​ ချစ်ခင်ဖို့ မမျှော်လင့်နဲ့။

(၁၅) စိတ်တိုနေတဲ့အခါ decision မချနဲ့။ အရမ်းပျော်နေတဲ့အခါလည်း မချနဲ့။

(၁၆) အိပ်ရေးဝဝ အိပ်လိုက်ရုံနဲ့ ပြသနာ တစ်ဝက်က သူ့အလိုလို အဆင်ပြေသွားတတ်တယ်။

(၁၇) လူတွေရဲ့ ယုံကြည်မှုရဖို့က စကားချည်းပြောနေရမှာမဟုတ်၊ နားထောင်ပေးဖို့လည်းလိုတယ်။

(၁၈) လူတွေကို သင်ပေးပါ။​ ပညာမျှဝေပေးပါ။

(၁၉) အသိဉာဏ်ချို့တဲ့ခြင်းက ကြီးမားတဲ့ဆင်းရဲခြင်း။​

(၂၀) ပြောနေတာကြာတယ်၊ စ သာ လုပ်လိုက်။

(၂၁) “ဘွဲ့” နဲ့ ​ “သင်ယူမှု” က ထပ်တူမကျဘူး။​

(၂၂) လူတစ်ယောက်ကို အမှန်တကယ်တိုးတက်စေချင်ရင် သူ့အမှားကို အများရှေ့ ခဏ၊​ ခဏ မပြင်နဲ့။

(၂၃) အကူအညီတောင်းတာ ရှက်စရာမဟုတ်။

(၂၄) ပိုက်ဆံချေးတာ ရှက်စရာမဟုတ်။ ပြန်တော့ဆပ်။ မဆပ်နိုင်သေးတောင် အကျိုးအကြောင်းပြောပြပါ။​

(၂၅) ခွင့်လွှတ်တတ်အောင်ကြိုးစားပါ။

(၂၆) အမှတ်သည်းခြေလည်း ရှိတတ်ပါစေ။

(၂၇) မတောင်းပန်တတ်တဲ့ လူတွေနဲ့ (ဖြစ်နိုင်ရင်) ခပ်ကင်းကင်းနေ။

(၂၈) သူငယ်ချင်း အရင်းခေါက်ခေါက်က အများကြီးရှိဖို့မလို။ အရာရာတိုင်ပင်လို့ရတဲ့သူ လက်တစ်ဆုပ်စာဆို လုံလောက်ပြီ။

(၂၉) ကြွယ်ဝမှုဆိုတာ ပိုက်ဆံ တစ်ခုတည်းမဟုတ်ဘူး။ စာရိတ္တ၊ အကျင့်သီလ၊ ကြင်နာမှု၊ ကတိ သစ္စာ၊ ကိုယ်ချင်းစာ တရား. . တွေမှာလည်း ချမ်းသာ ကြွယ်ဝလို့ရတယ်။

သဘောတူတဲ့၊ ဆွေးနွေးချင်တဲ့ သင်ခန်းစာ၊ အတွေးတွေရှိရင်လည်း မျှဝေခဲ့လို့ရပါတယ်။
Happy Birthday to me and all those born on March 24th! 🎉🎂🎈

We're Aries! ♈️

“ပညာရေး” လို့ ဆိုကြတဲ့အခါ ကျောင်းမှာ သင်ခဲ့၊ ကျက်ခဲ့ရတဲ့ ဘာသာရပ်အသီးသီးကို အရင်ဆုံးပြေးမြင်မိတတ်ကြပါတယ်။ အတတ်ပညာတစ်ခုအတွ...
01/03/2025

“ပညာရေး” လို့ ဆိုကြတဲ့အခါ ကျောင်းမှာ သင်ခဲ့၊ ကျက်ခဲ့ရတဲ့ ဘာသာရပ်အသီးသီးကို အရင်ဆုံးပြေးမြင်မိတတ်ကြပါတယ်။ အတတ်ပညာတစ်ခုအတွက် ရှိသင့်၊ ရှိထိုက်တဲ့ ဘာသာရပ်ဆိုင်ရာကျွမ်းကျင်မှုက အရေးကြီးသလို တစ်ဖက်မှာလည်း ဘဝအတွက် သိသင့်၊ သိထိုက်တဲ့ လူ့ကျင့်ဝတ် နဲ့ စွမ်းရည်တွေကို မေ့ထားလို့ မရပါဘူး။

🟢 လူမှုပေါင်းသင်းဆက်ဆံရေး
🟢 လူရှေ့ထွက်စကားပြောခြင်း အတတ်ပညာ
🟢 လူ့ကျင့်ဝတ်နဲ့ ယဉ်ကျေးမှု
🟢 လူသားဆန်မှု နဲ့ ကိုယ်ချင်းစာတရား
🟢 စိတ်ဖိစီးမှုကိုလျော့ချနည်း
🟢 ငွေကြေးစီမံခန့်ခွဲမှု
🟢 ကျန်းမာရေးနဲ့ အာဟာရ စတဲ့ အသိပညာတွေဟာ ဖြတ်သန်းရမယ့် ဘဝတလျှောက်လုံးမှာ ကြုံလာနိုင်တဲ့စိန်ခေါ်မှုတွေအတွက် လက်တွေ့၊ ကျင့်သုံး၊ အသုံးချနိုင်မယ့် စွမ်းရည်တွေ ဖြစ်ပါတယ်။

ဒီ ပညာရပ်တွေအားလုံးကို ကျောင်းတွေမှာ မသင်မဖြစ် လုပ်နိုင်ဖို့ဆိုတာ ခက်ခဲနိုင်ပေမယ့် အကျယ်တဝင့် မသင်ပေးနိုင်သေးတဲ့တိုင်အောင် ကိုယ်သင်နေတဲ့ ဘာသာရပ်၊ အကြောင်းအရာထဲမှာ အလျဉ်းသင့်သလို ကြားညှပ်ပြီး သင်ကြားကြနိုင်မယ်လို့ ယုံကြည်ပါတယ်။

စာဖတ်သူတို့အနေနဲ့ရော ကျောင်းမှာ အခြား ဘယ်လို စွမ်းရည်တွေ သင်ပေးသင့်တယ်လို့ မြင်လဲ။ Comment ရေး၊ မျှဝေသွားကြဖို့ ဖိတ်ခေါ်ပါတယ်။

စာကြွင်း။ ။ ဒါက Subjects That Should Be Mandatory In Schools ဆိုတဲ့ Poster တစ်ခုကိုတွေ့ပြီး မြန်မာကျောင်းသားတွေရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီတဲ့ အကြံပြုချက်တွေကို ရေးထားတာပါ။ ဆိုတော့ ဒီ Poster အတွက် Idea Inspiration ယူထားကြောင်း ပြောပြလိုပါတယ်။

ပညာရေး နဲ့ လုပ်ငန်းခွင်မှာ Chat GPT တို့လို Generative AI ရဲ့ သက်ရောက်မှုအကြောင်းကိုတော့ အထူးတလည် ပြောပြနေစရာမလိုတော့ပါဘ...
19/02/2025

ပညာရေး နဲ့ လုပ်ငန်းခွင်မှာ Chat GPT တို့လို Generative AI ရဲ့ သက်ရောက်မှုအကြောင်းကိုတော့ အထူးတလည် ပြောပြနေစရာမလိုတော့ပါဘူး။

Idea တွေ ကူစဉ်းစားခိုင်းမလား၊ စာတစ်ပုဒ် အချောသတ်ခိုင်းမလား၊ အီးမေးလ်ရေးခိုင်းမလား၊ အားလုံးကို စက္ကန့်ပိုင်းအတွင်း ကူညီဖြေရှင်းပေးနိုင်တော့ အချိန်ကုန်၊ လူသက်သာတဲ့အပြင် Quality ကလည်း အနည်းနဲ့အများကောင်းတာပဲဆိုတော့ တကယ်ကို အားရစရာပါ။

ဒါပေမဲ့ . . . ထစ်ခနဲဆိုရင် Chat GPT ကိုပဲ အားကိုးနေတာဟာ ကိုယ့်ကိုကိုယ် ယုံကြည်မှု လျော့နည်းလာစေနိုင်တဲ့အပြင် ကိုယ့်ရဲ့ အစွမ်းအစကိုပါ သံသယဝင်လာပြီး ရေရှည်မှာ လွတ်လပ်စွာ တွေးခေါ်၊ ရေးသားနိုင်စွမ်းကို ထိခိုက်စေနိုင်တယ်လို့ ယူဆမိတယ်။

အရင်တုန်းကဆို ကျောင်းစာတစ်ပုဒ်ရေးရင် စ၊ လယ်၊​ ဆုံး ကိုယ်တိုင် စဉ်းစား၊ ဆုံးဖြတ်၊ ရေးသား ရတယ်။ အဲ့ဒီလို စ၊ လယ်၊ ဆုံး ကိုယ့်အားကိုယ်ကိုးပြီး ရလာတဲ့ဟာကမှ တကယ့်အနှစ်သာရ။ ကိုယ်ရေးချင်၊​ပြောချင်တဲ့အကြောင်းအရာနဲ့ပတ်သက်ပြီး Brainstorming, Drafting, Revising အစရှိသဖြင့် တစ်ဆင့်ချင်းဆီ ဖြတ်သန်းကြရတာ။ အလွယ်လိုက်လို့မရဘူး။ တစ်နည်းအားဖြင့် Product ကိုပဲ ကြည့်လို့မရဘူး။ Process တစ်လျှောက်လုံးကကို အရေးကြီးတယ်။ ကျွန်တော်တို့ ငယ်ငယ်တုန်းက စာစီစာကုံးရေးပြီဆိုရင် အဲ့ဒီလို Process Learning ကို ပစ်ပါယ်ပြီး Product ကိုပဲ အာရုံစိုက်၊ ရှိပြီးသား၊ ရေးပြီးသားကိုပဲ ပြန်ကူး၊ ပြန်ကျက်ခဲ့ရလို့ ရေတိမ်နစ်ခဲ့ကြပြီးပြီမဟုတ်လား။

ကျွန်တော် မာစတာပထမနှစ်ပြီးခါနီးလောက်မှာ Chat GPT စပေါ်တယ်။ HigherEd နယ်ပယ်မှာ Chat GPT ကို သုံးသင့်၊ မသုံးသင့်နဲ့ပတ်သက်ပြီး အတန်းထဲမှာ အငြင်းပွားကြတယ်။ ကိုယ်တိုင်လည်း တချို့ Assignment ရဲ့ Concept တွေကို သူ့ကို စဉ်းစားခိုင်းတာတို့၊ ကိုယ်စဉ်းစားထားတာတွေရဲ့ အားသာချက်၊​လိုအပ်ချက်ကို Analyze လုပ်ခိုင်းတာတို့ လုပ်ခိုင်းဖြစ်ခဲ့တယ်။ (ဒါကို Grey Area လို့ပြောလို့ရတယ်။ တချို့ Professor တွေက ဒီအဆင့်လောက်ထိတော့ သုံးခွင့်ပေးတယ်။ Assignment ကို ရေးခိုင်းတာမျိုးကတော့ လုပ်လို့မရဘူးပေါ့။ အဲဒါမျိုးကျတော့ . . . Academic Crime ဖြစ်သွားပြီကိုး။) . . . .နောက်ပိုင်းတော့ တစ်ခုခုဆို ကိုယ်စဉ်းစားထားတာကို Chat GPT မှာ Feedback သွားတောင်းရင် ကောင်းမလား၊ ဒါမှမဟုတ် ကိုယ်ရေးထားတာကို Chat GPT မှာ သွားစစ်ခိုင်းဖို့ လိုဦးမလားဆိုတဲ့ အတွေးမျိုး ခေါင်းထဲရောက်ရောက်လာတာ သတိထားမိတယ်။ အဲ့ဒါက Pattern တစ်ခုလို ဖြစ်သွားလို့ အဆင်မပြေဘူး။ Chat GPT အပေါ် လိုတာထပ် ပိုပြီးမှီခိုသွားလို့ မဖြစ်ဘူး။

ကိုယ်ပိုင်ဆန်းစစ်၊ သုံးသပ်ခြင်းဆိုတာ စွမ်းရည်တစ်ခုဖြစ်တယ်။ ကိုယ်ရေး၊ စဉ်းစား ထားတဲ့အကြောင်းအရာတစ်ခုကို ကောင်း၏၊ မကောင်း၏ ဆိုတာ ကိုယ့်ဘာသာ ပြန်သုံးသပ်နိုင်ဖို့ အရေးကြီးတယ်။ ကိုယ်လုပ်နိုင်ပြီးသား၊ လုပ်တတ်ပြီးသား အရာတွေကို အချိန်ကုန်သက်သာအောင် Chat GPT နဲ့ ရွှိုင်းလိုက်တာမျိုးက ပြသနာကြီးကြီးမားမားမဟုတ်တဲ့အပြင် ဉာဏ်ကို လွှာသုံးတာလို့တောင် မြင်မိတယ်။ ဒါပေမယ့် တစ်ခုခုလုပ်ဖို့၊ လုပ်ပြီးတိုင်း Chat GPT ကိုပဲ သုံးသပ်ခိုင်းမယ်ဆိုရင်တော့ ကျွန်တော်တို့ရဲ့ ကိုယ်ပိုင် ဝေဖန်၊ သုံးသပ်နိုင်စွမ်း ကျလာနိုင်တယ်လို့ ယူဆမိတယ်။ ဒါကြောင့် . . . အခုနောက်ပိုင်း ChatGPT ကို သတိထားပြီးတော့ သုံးတယ်။

Concept တွေကို ရှင်းခိုင်းတဲ့အခါ သူရှင်းပြတာကိုချည်း ဖတ်တာမဟုတ်ဘဲ သူ့ရှင်းပြနည်းက ကိုယ့်ကို နားလည်စေလား အရင် ပြန်မေးတယ်။ ဘာကြောင့်နားလည်စေတာလဲ။ အဲ့ထက်ပိုပြီး နားလည်စေမယ့် ဥပမာရော ရှိဦးမလားဆိုတာကို နောက်ဆက်တွဲအနေနဲ့ ပြန်စဉ်းစားဖြစ်တယ်။

Proofreading လုပ်ခိုင်းတဲ့အခါဆိုရင်လည်း သူလုပ်ပေးတာကို ယူလိုက်တာမျိုးမဟုတ်ဘဲ ကိုယ့် Original Text ရဲ့ ဘယ်နားလေးကို သူဘယ်လိုပြင်လိုက်တာလဲ၊ သူ ပြင်လိုက်တာကို ကိုယ် သဘောတူလား၊ တကယ်ရော ကိုယ်ရေးထားတာထက် ပိုကောင်းသွားရဲ့လား၊ ကိုယ်ဆိုလိုချင်တဲ့ အဓိပ္ပါယ်က သူပြင်ပေးလိုက်သလို ဟုတ်ရဲ့လား၊ ကိုယ့်ရေးသားဟန်ကို ဖောက်သွားသလား၊ Grammar အမှားပြင်ပေးလိုက်ရင်လည်း ကိုယ်က ဘယ်နား၊ ဘယ်လိုမှားသွားတာလဲ ဆိုတဲ့ နောက်ဆက်တွဲ နှိုင်းယှဉ်၊ ဆန်းစစ်မှုမျိုးတွေလုပ်ဖြစ်တယ်။

နိဂုံးချုပ်ရရင်…. လုံးဝမသုံးတာကလည်း အဖြေတော့မဟုတ်ဘူး။​ အမြဲတမ်းလည်း သူ့ပဲ အားကိုးနေတာမျိုးလည်း မဖြစ်သင့်ဘူး။ သူမရှိလည်း ကိုယ့်အစွမ်းအစကို ထုတ်ပြနိုင်ရမယ်။ ရေတိုအဆင်ပြေမှုကိုပဲ မစဉ်းစားသင့်ဘူး။ Over-reliance ဖြစ်လာမယ်ဆိုရင် ရေရှည်မှာ Chat GPT က ကိုယ့်ရဲ့ တွေးခေါ်၊ ပြောဆို၊ သုံးသပ်နိုင်မှု နဲ့အတူ ယုံကြည်မှုကို ချိုးနှိမ်သွားတတ်တယ်။ ဒါကြောင့် ဆင်ခြင်ပြီးသုံးသင့်တယ်လို့ထင်တယ်။

စာဖတ်သူတို့ရော . . . Chat GPT တို့လို Generative AI အပေါ်ဘယ်လိုမြင်လဲ။ ဘယ်လိုတွေသုံးနေဖြစ်လဲ။ ကိုယ့်ကိုကိုယ်ရော ဘာတွေ သတိထားမိလဲဆိုတာ မျှဝေသွားပေးပါဦး။

ที่อยู่

Chiang Mai

เบอร์โทรศัพท์

09966707118

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Ko Aung Myin Thuผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์