Democratic Press "Your source for democracy, human rights, and breaking news – follow Democratic Press on Facebook."

The mission of Democratic Press is to provide accurate, detailed information on the challenging and evolving situation in Myanmar, where a military coup has led to widespread human rights violations across the country. Our primary objective is to promote an informed and empowered society that can understand and engage with democratic principles in the face of oppression. We are dedicated to produc

ing independent, unbiased journalism that brings attention to political, social, and human rights abuses impacting citizens nationwide. Through investigative reporting, advocacy for press freedom, and educational initiatives, we aim to strengthen public awareness and resilience amid the crisis. By empowering citizens with reliable information, Democratic Press aspires to be a steadfast voice for truth and a source of hope and support for positive change in Myanmar.

12/08/2026

ဆိုလာမီးတိုင် ဖြုတ်ခိုးစဉ်လူမိလို့ ချန်ခဲ့ပြီးထွက်ပြေး

Democratic Press
ဩဂုတ် ၁၂၊ ၂၀၂၆

12/08/2026

လယ်မြေတွေ ရေလွှမ်းခံရလို့ စိတ်မကောင်းဖြစ်နေရတဲ့ တောင်သူကြီးရဲ့ ရင်ဖွင့်သံ

Democratic Press
ဩဂုတ် ၁၂၊ ၂၀၂၆

သဘာဝဘေးအန္တရာယ်ကြောင့် လယ်ယာမြေများ ရေလွှမ်းမိုးခံရပြီး လယ်ဧက ၁၇ ဧကခန့် ရေမြှုပ်ပျက်စီးသွားသည့်အတွက် အခက်အခဲနှင့် ရင်ဆိုင်နေရသော တောင်သူကြီးတစ်ဦး၏ ရင်ဖွင့်အကူအညီတောင်းခံသည့် ရုပ်သံဖိုင်တစ်ခု လူမှုကွန်ရက်ပေါ်တွင် ထွက်ပေါ်လာခဲ့သည်။

အဆိုပါ ရေကြီးရေလျှံမှုကြောင့် စိုက်ပျိုးထားသည့် သီးနှံများ ပျက်စီးဆုံးရှုံးခဲ့ရသည့်အပြင် စိုက်ပျိုးရေးသုံး ပစ္စည်းများနှင့် လယ်တဲများပါ ပြိုပျက်ပျက်စီးသွားခဲ့ရကြောင်း သိရသည်။

ရေကြီးရေလျှံမှု ဖြစ်ပွားနေသည်မှာ ရက်သတ္တပတ်ကျော်ကြာမြင့်နေပြီဖြစ်ပြီး လယ်ယာမြေများ ဆက်တိုက် ရေမြှုပ်နေသည့်အတွက် အဆိုပါ တောင်သူကြီးမှာ အသက်မွေးဝမ်းကျောင်းအတွက် အခက်အခဲများစွာဖြင့် ရင်ဆိုင်နေရသည်။

ယင်းသို့ သဘာဝဘေးဒဏ်ကြောင့် ကြီးမားသော ဆုံးရှုံးမှုများနှင့် ရင်ဆိုင်နေရသဖြင့် သက်ဆိုင်ရာမှဖြစ်စေ၊ စေတနာရှင်များမှဖြစ်စေ အကူအညီများ ရရှိရန် တောင်သူကြီးက မျှော်လင့်လျက်ရှိကြောင်း သိရသည်။

12/08/2026
12/08/2026

ရေးမြို့နယ်ထဲက ရွာတွေကို လေယာဉ်ပေါ်က ဗုံးကြဲလို့ ဒေသခံတွေ ဘေးလွတ်ရာ ပြေးကြရ

Democratic Press
ဩဂုတ် ၁၂၊ ၂၀၂၆

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျောင်းရွာကျေးရွာအုပ်စု အရှေ့ဘက်ခြမ်း ကျောက်တိုင်ရွာအနီးတစ်ဝိုက်ရှိ ကျေးရွာများကို အကြမ်းဖက်စစ်တပ်က ဩဂုတ်လ ၁၁ ရက်တွင် လေကြောင်းနှင့် လက်နက်ကြီးများ အသုံးပြု၍ အပြင်းအထန် တိုက်ခိုက်ခဲ့သဖြင့် ဒေသခံရွာသားများ ဘေးလွတ်ရာသို့ အစုလိုက်အပြုံလိုက် ထွက်ပြေးတိမ်းရှောင်နေကြရသည်။

ဩဂုတ်လ ၁၁ ရက် နံနက် ၁၁ နာရီမှ နေ့လယ် ၂ နာရီဝန်းကျင်အထိ ၃ နာရီနီးပါး ကြာမြင့်ခဲ့သည့် ယင်းတိုက်ခိုက်မှုအတွင်း လိပ်ပုတ်၊ ကလိတ်တုတ်၊ စောထ၊ နတ်ကြီး နှင့် မဏိပူရကျေးရွာများသို့ အကြမ်းဖက်စစ်တပ်က လေကြောင်းမှ ပေါင် ၅၀၀ ဗုံး ၃ လုံးထက်မနည်း လာရောက်ကြဲချခဲ့သလို ကျောင်းရွာအခြေစိုက် တပ်ရင်းကလည်း ၁၂၀ မမ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုနှင့် ပတ်သက်၍ ဒေသခံတစ်ဦးက "ကျောင်းရွာကနေ မဏိပူရရွာဘက်ကို လက်နက်ကြီး ၄ လုံးထက်မနည်း လှမ်းထုတယ်၊ လေယာဉ်ကလည်း ဗုံးလာကြဲတာ စောထရွာအပြင်က ခြံထဲတစ်လုံးနဲ့ နတ်ကြီးဘုန်းကြီးကျောင်းဘက်မှာ တစ်လုံးကျတယ်" ဟု ပြောကြားခဲ့ပြီး ဖြစ်စဉ်အတွင်း လူထိခိုက်ဒဏ်ရာရရှိမှု အခြေအနေ အသေးစိတ်ကိုမူ ထပ်မံအတည်ပြုနေဆဲဖြစ်သည်။

စစ်ရေးလေ့လာသူများ၏ သုံးသပ်ချက်အရ ထိုဒေသသည် KNU တပ်မဟာ (၆) နှင့် PDF တော်လှန်ရေးတပ်ဖွဲ့များ လှုပ်ရှားရာ နယ်မြေဖြစ်သဖြင့် အကြမ်းဖက်စစ်တပ်က ပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်း ဖြစ်နိုင်ကြောင်း သိရသည်။

ရေးမြို့နယ်အတွင်း၌ ပြီးခဲ့သည့် မေလ ၂၇ ရက်နှင့် ဇွန်လ ၃ ရက်နေ့များတွင်လည်း ရေးဘီလူးစခန်းရှိရာ နေရာများကို အကြမ်းဖက်စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အပြင် ဇွန်လ ၁၈ ရက်နေ့ကလည်း မွန်ပြည်သစ်ပါတီ (NMSP) ထိန်းချုပ်နယ်မြေဖြစ်သည့် ချောင်းနှစ်ခွ စစ်ဘေးရှောင်စခန်းကို ဗုံးကြဲခဲ့သဖြင့် နေအိမ်အချို့ ပျက်စီးခဲ့သည့် ဖြစ်စဉ်များ ရှိခဲ့သည်။

ကလေးငယ် ခြောက်ရာကျော် ထောင်နံရံတွေနောက်မှာ ရှိနေတယ်Democratic Press၂၀၂၆ ဩဂုတ် ၁၂မန္တလေးတိုင်း၊ စဉ့်ကိုင်မြို့ရှိ “ရွှေကြ...
12/08/2026

ကလေးငယ် ခြောက်ရာကျော် ထောင်နံရံတွေနောက်မှာ ရှိနေတယ်

Democratic Press

၂၀၂၆ ဩဂုတ် ၁၂

မန္တလေးတိုင်း၊ စဉ့်ကိုင်မြို့ရှိ “ရွှေကြယ်စင်” လက်ဖက်ရည်ဆိုင်လေး၏ ပုံမှန်နံနက်ခင်းတစ်ခုသည် ၂၀၂၁ ဇူလိုင်လ ၆ ရက်နေ့တွင် ရုတ်တရက် အဆုံးသတ်သွားခဲ့သည်။

အကြမ်းဖက်စစ်တပ်က အင်အားအလုံးအရင်းဖြင့် ဝင်ရောက်စီးနင်းချိန်တွင် အသက် ၁၂ နှစ်အရွယ် မောင်အောင်စွမ်းပြည့်တစ်ယောက် ဘာဖြစ်နေမှန်းပင် သေသေချာချာ နားလည်လိုက်မည် မဟုတ်ပေ။

မိဘများက ဆိုင်အနီးတွင် အိမ်ငှားချထားသူတစ်ဦးကို သံသယဖြင့် လာရောက်ရှာဖွေရာမှ၊ မသက်ဆိုင်သည့် ကလေးငယ် အပါအဝင် မိသားစုဝင်များနှင့် စားပွဲထိုး ၇ ဦးစလုံး စဉ့်ကိုင်ရဲစခန်း အချုပ်ခန်းဆီသို့ ဆွဲခေါ်ခံလိုက်ရသည်။

စစ်အာဏာသိမ်းပြီးကတည်းက မြန်မာနိုင်ငံတစ်ဝန်း နေ့စဉ်နှင့်အမျှ ဖြစ်ပျက်နေသည့် ရင်နင့်ဖွယ် အမှန်တရားတစ်ခုသာ ဖြစ်သည်။

၂၀၂၁ ခုနှစ်ကတည်းက အရွယ်မရောက်သေးသည့် ကလေးငယ်ရာပေါင်းများစွာကို စစ်အာဏာရှင် အကြမ်းဖက် မင်းအောင်လှိုင်က ထောင်နံရံများနောက်သို့ ပို့ဆောင်ခဲ့သည်။

ဤကဲ့သို့သော ဖမ်းဆီးမှုများသည် အကြမ်းဖက်စစ်တပ်က ပြည်သူများကို အကြောက်တရားဖြင့် အုပ်ချုပ်ရန် စနစ်တကျ တည်ဆောက်ထားသည့် “ဖိနှိပ်ရေး ယန္တရား” ၏ အစိတ်အပိုင်းတစ်ခု ဖြစ်ကြောင်း ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရား (IIMM) ၏ ၈ ကြိမ်မြောက် အစီရင်ခံစာတွင် သုံးသပ်ထားသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ ၂၀၂၆ ခုနှစ် ဧပြီလအထိ လူပေါင်း ၃၀,၈၇၀ ခန့် ဖမ်းဆီးခံခဲ့ရပြီး ၂၂,၁၃၀ ခန့် ဆက်လက် ထိန်းသိမ်းခံထားရဆဲဖြစ်သည့်အနက် ကလေးသူငယ် အနည်းဆုံး ၆၃၉ ဦး ပါဝင်နေသည်။

အကြမ်းဖက်စစ်တပ်၏ အဓိက နည်းဗျူဟာတစ်ခုမှာ အလိုရှိသူကို မဖမ်းမိပါက မိသားစုဝင်များကို ဓားစာခံ အဖြစ် ဖမ်းဆီးခြင်းဖြစ်သည်။

မိုးကုတ်မြို့မှ ဆန္ဒပြခေါင်းဆောင် ဦးစိုးဌေးကို လာရောက်ဖမ်းဆီးရာတွင် မတွေ့ရသဖြင့် အသက် ၄၄ နှစ်အရွယ် ဇနီးနှင့် သွေးလေးဖက်နာ ဝေဒနာရှင် ၁၈ နှစ်အရွယ် သမီးဖြစ်သူ မသိမ့်စန္ဒီစိုးတို့ကို ဖမ်းဆီးကာ ပုဒ်မ ၅၀၅ (က) ဖြင့် ထောင်ဒဏ် ၃ နှစ်စီ ချမှတ်ခဲ့သည်။

ပို၍ ဆိုးရွားသည်မှာ အသက် ၅ နှစ်အရွယ် သမီးငယ်လေးကိုပါ ၁၈ ရက်ကြာ ဓားစာခံအဖြစ် ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်း ဖြစ်သည်။

အလားတူပင် ကိုဗစ်ကာကွယ်ဆေးထိုးအဖွဲ့ ခေါင်းဆောင် ဒေါက်တာထားထားလင်းကို ဖမ်းဆီးစဉ်ကလည်း အသက် ၇ နှစ်အရွယ် သားငယ် အောင်သုခမိန်လင်းကိုပါ တစ်ပါတည်း ဖမ်းဆီးခဲ့သည်။

ဤလုပ်ရပ်များသည် ဥပဒေစိုးမိုးရေး မဟုတ်ဘဲ အတိုက်အခံများကို ချေမှုန်းရန်နှင့် စိတ်ဓာတ်ရေးရာအရ ရိုက်ချိုးရန် ရည်ရွယ်ချက်ရှိရှိ ကျင့်သုံးနေသည့် အကြမ်းဖက်မှု ကွန်ရက်ကြီးတစ်ခု ဖြစ်သည်။

ကလေးသူငယ်များနှင့် မိခင်များ ဖမ်းဆီးခံရပြီးနောက် ရင်ဆိုင်ရသည့် အခြေအနေများမှာလည်း အလွန် ရက်စက်ကြမ်းကြုတ်လှသည်။

ဖမ်းဆီးခံရသူများကို ကမရွတ်၊ ဗဟန်း စသည့် ရဲစခန်းများမှတစ်ဆင့် ရေကြည်အိုင်၊ ရွှေပြည်သာနှင့် တိုင်းစစ်ဌာနချုပ်များရှိ ဗဟိုစစ်ကြောရေးစခန်းများသို့ လွှဲပြောင်းလေ့ရှိသည်။

ထိုနေရာများတွင် မျက်စိပိတ်၊ လက်ထိပ်ခတ်ကာ ရုပ်ပိုင်းဆိုင်ရာ ညှင်းပန်းမှုများသာမက လိင်ပိုင်းဆိုင်ရာ ညှင်းပန်းမှုများ နှင့် မိသားစုကို သတ်ပစ်မည်ဟု ခြိမ်းခြောက်မှုများကိုပါ ကျူးလွန်ကြသည်။

ပြန်လည်လွတ်မြောက်လာသော ဆယ်နှစ်အောက် ကလေးငယ်အချို့က ၎င်းတို့ကို စစ်ကြောရေးစခန်းများတွင် မေးမြန်းစစ်ဆေးမှုများ ကြုံတွေ့ခဲ့ရသည် ဟုဆိုသည်။

အဆိုပါ အမှောင်ထုထဲတွင် အထိခိုက်ဆုံးမှာ အမျိုးသမီးများနှင့် ကလေးငယ်များ ဖြစ်သည်။
၆ လသားအရွယ် နို့စို့ကလေးငယ်လေးများပင် မိခင်နှင့်အတူ အကျဉ်းထောင်တံခါး နောက်ကွယ်သို့ ရောက်ရှိသွားခဲ့ရသည်။

အကျဉ်းထောင်များအတွင်း “မျိုးဆက်ပွားဆိုင်ရာ အကြမ်းဖက်မှု ” များ စနစ်တကျ ရှိနေကြောင်းကိုလည်း အခိုင်အမာ ဖော်ထုတ်ထားပြီး ဖြစ်သည်။

အမျိုးသမီးများအတွက် ဓမ္မတာသုံးပစ္စည်းများ ပိတ်ပင်ခြင်း၊ ကိုယ်ဝန်ဆောင်နှင့် မီးဖွားပြီးစ မိခင်များကို ဆေးဝါးနှင့် အာဟာရဓာတ်များ ငြင်းပယ်ခြင်းတို့ကြောင့် မိခင်အချို့ အသက်ဆုံးရှုံးရမှုများ ရှိခဲ့သည်။
အင်းစိန်အကျဉ်းထောင်အတွင်း မွေးဖွားလာသည့် မွေးကင်းစကလေးငယ်များပင် သင့်တော်သော ကျန်းမာရေးစောင့်ရှောက်မှု မရရှိဘဲ သေဆုံးခဲ့ရသည်အထိ အခြေအနေများက ဆိုးရွားလှသည်။

အကြမ်းဖက်စစ်တပ်သည် လက်နက်အားကိုးဖြင့်သာမက ဥပဒေကိုပါ လက်နက်သဖွယ် အသုံးပြုလာသည်။

၂၀၂၅ ခုနှစ် ဇူလိုင်လတွင် ပြဋ္ဌာန်းခဲ့သည့် ရွေးကောက်ပွဲဆိုင်ရာ ဝေဖန်မှု တားမြစ်ဥပဒေအရ လူမှုကွန်ရက်ပေါ်တွင် ရေးသားသူများ၊ “ရွေးကောက်ပွဲ ဆန့်ကျင်ရေး” စာရွက်စာတမ်း ဖြန့်ဝေသူများကို ထောင်ဒဏ် ၂၀ မှ သေဒဏ်အထိ ပြစ်ဒဏ်ပေးနိုင်ရန် ဖန်တီးခဲ့သည်။

ဤဥပဒေကို အသုံးချ၍ ကလေးသူငယ်များ အပါအဝင် ပြည်သူများကို အစုလိုက်အပြုံလိုက် ဖမ်းဆီးမှုများ ထပ်မံ လုပ်ဆောင်လျက်ရှိသည်။

လက်ရှိအချိန်တွင် မောင်အောင်စွမ်းပြည့်၊ အောင်သုခမိန်လင်းနှင့် အသက် ၅ နှစ်အရွယ် သမီးငယ်လေးတို့ကဲ့သို့သော အပြစ်မဲ့ ကလေးငယ်များနှင့် လူငယ်များစွာသည် အကျဉ်းထောင် နံရံများကြားတွင် အကြောင်းမဲ့ ပိတ်လှောင်ခံခဲ့ရသလို၊ ဆက်လက် ပိတ်လှောင်ခံနေရဆဲလည်း ဖြစ်သည်။

သို့သော် အကြမ်းဖက်စစ်တပ်၏ ယင်းကျူးလွန်မှုများသည် သမိုင်းအမှောင်ထုထဲတွင် ရိုးရိုးရှင်းရှင်း ပျောက်ကွယ်သွားမည် မဟုတ်ပေ။

မတရားမှုများကို ကျူးလွန်သူများအနေဖြင့် ယနေ့အချိန်တွင် လက်နက်အားကိုးဖြင့် ရာဇဝတ်ဘေးမှ ကင်းလွတ်ခွင့် ရနေသည်ဟု ထင်ရသော်လည်း၊ ၎င်းတို့ ကျူးလွန်ခဲ့သည့် စက်ဆုပ်ဖွယ်ရာ လုပ်ရပ်များအတွက် ပြစ်ဒဏ်ခတ်ခံရမည့်အချိန်မှာ မလွဲမသွေ ဆိုက်ရောက်လာမည်သာ ဖြစ်သည်။

အပြစ်မဲ့ ကလေးငယ်များနှင့် မိခင်များ၏ ထောင်တံခါးနောက်က မျက်ရည်များသည် အချည်းနှီးဖြစ်သွားမည် မဟုတ်ပေ။

ဤမတရားမှုများကို အမြစ်ပြတ် ချေမှုန်းနိုင်ရန်နှင့် ကျူးလွန်သူများကို ထိုက်တန်သော အပြစ်ပေးနိုင်ရန်အတွက် မြန်မာပြည်သူလူထု တစ်ရပ်လုံး၊ မြေပြင်မှ တော်လှန်ရေး အဖွဲ့အစည်းများနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းတို့သည် နည်းလမ်းပေါင်းစုံဖြင့် အချိတ်အဆက်မိမိ ကြိုးပမ်းအားထုတ်လျက် ရှိကြသည်။

IIMM ကဲ့သို့ ပြည်ပမှ ယန္တရားများက နိုင်ငံတကာ တရားရုံးများအတွက် ခိုင်မာသော သက်သေအထောက်အထားများကို စနစ်တကျ စုဆောင်းနေသကဲ့သို့၊ အခြားတစ်ဖက်တွင်လည်း နိုင်ငံရေး၊ သံတမန်ရေးနှင့် တော်လှန်ရေး နည်းလမ်းများဖြင့် အကြိတ်အနယ် တွန်းလှန် တိုက်ပွဲဝင်နေကြဖသည်။

မတရားမှု၏ သက်တမ်းသည် မည်မျှပင် ရှည်ကြာစေကာမူ၊ ပြည်သူလူထု၏ နိုးကြားမှုနှင့် တော်လှန်ရေး အင်အားစုများ၏ မဆုတ်မနစ်သော ကြိုးပမ်းမှုများကြောင့် ထောင်တံခါးများ ပွင့်လာပြီး ကလေးငယ်များ လွတ်မြောက်လာမည့် တရားမျှတသော နေ့တစ်နေ့ဆီသို့ သမိုင်းဘီးက ရွေ့လျားနေမည်ပင် ဖြစ်သည်

12/08/2026

မြဝတီတွင် မီးတိုင်မှ မီတာဘောက်စ်အား လူနှစ်ဦးက မနက်စောစော ဖြုတ်ယူခိုးယူသွား

Democratic Press
ဩဂုတ် ၁၂၊ ၂၀၂၆

ကရင်ပြည်နယ်၊ မြဝတီမြို့တွင် ဩဂုတ်လ ၁၂ ရက် နံနက် ၃ နာရီခန့်က မီးတိုင်တွင် တပ်ဆင်ထားသည့် လျှပ်စစ်မီတာဘောက်စ်အား မသမာသူ နှစ်ဦးမှ ဖြုတ်ယူခိုးယူသွားသည့် ဖြစ်စဉ်တစ်ခု CCTV မှတ်တမ်းတွင် ထွက်ပေါ်လာခဲ့သည်။

CCTV မှတ်တမ်းများအရ ဩဂုတ်လ ၁၂ ရက် နံနက်စောစောအချိန်တွင် ဦးထုတ်ဆောင်းထားသည့် အမျိုးသားနှစ်ဦးသည် လမ်းဘေးရှိ လျှပ်စစ်ဓာတ်တိုင်အနီးသို့ ရောက်ရှိလာပြီး မီးတိုင်တွင် တပ်ဆင်ထားသော မီတာဘောက်စ်အား အချိန်တိုအတွင်း ဖြုတ်ယူကာ ထွက်ခွာသွားခဲ့ကြသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ အနီးဝန်းကျင်ရှိ ပြည်သူများက လုံခြုံရေးအတွက် စိုးရိမ်မကင်းဖြစ်လျက်ရှိပြီး သက်ဆိုင်ရာမှ မသမာသူများကို ဖော်ထုတ်အရေးယူပေးရန် မျှော်လင့်လျက်ရှိကြသည်။

၂ နှစ် စစ်မှုထမ်းဆောင်ရာကနေ သက်ဘေးလွတ်ပြီး ပြန်လာရသူ ရာအိမ်မှူးကို လက်စားခြေပြီး ဓားနဲ့ လိုက်ထိုးသတ်Democratic Press၂၀၂၆...
12/08/2026

၂ နှစ် စစ်မှုထမ်းဆောင်ရာကနေ သက်ဘေးလွတ်ပြီး ပြန်လာရသူ ရာအိမ်မှူးကို လက်စားခြေပြီး ဓားနဲ့ လိုက်ထိုးသတ်

Democratic Press
၂၀၂၆ ဩဂုတ် ၁၂

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်တွင် မိမိအား မတရား ပေါ်တာဆွဲဖမ်းဆီးကာ အကြမ်းဖက်စစ်တပ်အတွင်းသို့ ပို့ဆောင်ခဲ့သည့် အကွက်မှူး (ရာအိမ်မှူး) ဆိုသူအား စစ်မှုထမ်းအပတ်စဉ် (၂) မှ ပြန်လည်လွတ်မြောက်လာသူ အမျိုးသားတစ်ဦးက ရဲရဲရင့်ရင့်ဖြင့် ပြန်လည်လက်စားချေ ဓားထိုးမှုတစ်ရပ် ဩဂုတ်လ ၁၁ ရက် ညပိုင်းတွင် ဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ ဩဂုတ်လ ၁၁ ရက် ည ၇ နာရီခန့်က ချမ်းအေးသာစံအလယ်ရပ်ကွက်၊ ၈၂ လမ်း၊ ၂၇ လမ်းနှင့် ၂၈ လမ်းကြားရှိ လက်ဖက်ရည်ဆိုင်တစ်ဆိုင်၌ အသက် ၆၃ နှစ်အရွယ် အကွက်မှူး ဦးနိုင်ဝင်း ထိုင်နေစဉ် စစ်မှုထမ်းအပတ်စဉ် (၂) မှ ပြန်လာသည့် အဆိုပါအမျိုးသားက ဓားဖြင့် ဝင်ရောက်ထိုးခုတ်ခဲ့ခြင်းဖြစ်သည်။

"စစ်မှုထမ်းခေါ်ခံရတယ်ဆိုတာ သေတွင်း ပို့ခံရသလိုပဲ။ ဂျပန်ခေတ်က ချွေးတပ်ဆွဲခံရတာနဲ့ တူတူပဲ။ အိမ်ပြန်ရောက်ဖို့ အင်မတန်ခက်တယ်။ သူဘာတွေ ကြုံခဲ့လဲဆိုတာ တွေးကြည့်ရုံနဲ့တောင် မသိနိုင်ဘူး" ဟု မန္တလေးမြို့ခံတစ်ဦးက ပြောသည်။

အဆိုပါဖြစ်စဉ်ကြောင့် အကွက်မှူး ဦးနိုင်ဝင်းတွင် နောက်ကျော၊ လက်ဝဲဂျိုင်းအောက်၊ လက်ဝဲရင်ဘတ်တို့တွင် ထိုးသွင်းဒဏ်ရာများအပြင် လက်ဝဲလက်မောင်းနှင့် ညာဘက်ရင်ဘတ်တို့၌လည်း ပြတ်ရှဒဏ်ရာများ ရရှိခဲ့သဖြင့် မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးသို့ တင်ပို့ကုသထားရသည်။ ဓားဖြင့် ထိုးခုတ်ခဲ့သည့် အမျိုးသားအား ၎င်း၏နေအိမ်တွင် ဖမ်းဆီးရမိခဲ့ပြီး အမှတ် (၈) ရဲစခန်းတွင် အမှုဖွင့်ထားကြောင်း သိရသည်။

အကြမ်းဖက်စစ်တပ်သည် စစ်အင်အားပြုန်းတီးမှုကို ကာမိစေရန်အတွက် စစ်မှုထမ်းဥပဒေကို အကြောင်းပြကာ ရန်ကုန်၊ မန္တလေးအပါအဝင် မြို့ကြီးများ၌ လူငယ်များကို လမ်းမပေါ်မှအပြင်၊ လက်ဖက်ရည်ဆိုင်၊ ဂိမ်းဆိုင်နှင့် အိမ်တိုင်ရာရောက် ပေါ်တာဆွဲ အတင်းအဓမ္မ ဖမ်းဆီးမှုများကို ဆက်တိုက်ဆိုသလို တိုးမြှင့်လုပ်ဆောင်လျက်ရှိသည်။

အထူးသဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရာအိမ်မှူး/အကွက်မှူးအချို့သည် စစ်တပ်နှင့် ပူးပေါင်းကာ လူငယ်များ၏ အချက်အလက်များကို ပေးပို့ခြင်း၊ မဲနှိုက်ပွဲများပြုလုပ်၍ ငွေညှစ်ခြင်းနှင့် စစ်တပ်အတွက် ပေါ်တာဆွဲပေးခြင်းများကို ပေါ်ပေါ်ထင်ထင် ပြုလုပ်နေကြခြင်းဖြစ်သည်။

ယခုဖြစ်စဉ်သည် ထိုသို့ မတရား ပေါ်တာဆွဲခံခဲ့ရသည့် အမျိုးသားတစ်ဦးက မိမိအား အကြမ်းဖက်စစ်တပ်ထဲရောက်အောင် ပို့ဆောင်ခဲ့သည့် အကွက်မှူးဆိုသူကို ပြန်လည်လွတ်မြောက်လာချိန်တွင် သက်စွန့်ဆံဖျား သွားရောက်လက်စားချေခဲ့ခြင်းဖြစ်ပြီး၊ ပြည်သူများအပေါ် မတရား ဖိနှိပ်နေသည့် ရပ်ကွက်ဒေါက်တိုင်များ၏ အပြုအမူကြောင့် ဖြစ်ပေါ်လာရသည့် တုံ့ပြန်မှုတစ်ရပ်လည်း ဖြစ်သည်။

ဒီမော့ဆိုအနောက်ဘက်ခြမ်းရှိ စစ်ဘေးရှောင်စခန်းကို အကြမ်းဖက်စစ်တပ် လေကြောင်းမှ ဗုံးကြဲ၊ သက်ကြီးပိုင်း အမျိုးသားတစ်ဦး သေဆုံး...
12/08/2026

ဒီမော့ဆိုအနောက်ဘက်ခြမ်းရှိ စစ်ဘေးရှောင်စခန်းကို အကြမ်းဖက်စစ်တပ် လေကြောင်းမှ ဗုံးကြဲ၊ သက်ကြီးပိုင်း အမျိုးသားတစ်ဦး သေဆုံး

Democratic Press
ဩဂုတ် ၁၂၊ ၂၀၂၆

ကရင်နီပြည်နယ်၊ ဒီမော့ဆိုမြိုနယ် အနောက်ဘက်ခြမ်းရှိ စစ်ဘေးရှောင်စခန်းတစ်ခုကို အကြမ်းဖက်စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် သက်ကြီးပိုင်း အမျိုးသားတစ်ဦး သေဆုံးကာ ထိခိုက်ပျက်စီးမှုများ ရှိခဲ့ကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။

ဩဂုတ်လ ၆ ရက် ညနေ ၅ နာရီခွဲကျော်တွင် အကြမ်းဖက်စစ်တပ်က ဒီမော့ဆိုမြိုနယ် အနောက်ဘက်ခြမ်း၊ ဒေါတော်ကူးကျေးရွာရှိ စစ်ဘေးရှောင်စခန်းအတွင်းသို လေကြောင်းမှ သုံးကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“အသက် ၅၀ အရွယ် အမျိုးသားတစ်ဦး သေဆုံးပြီး အမျိုးသမီးကြီး တစ်ဦး ထိခိုက်ဒဏ်ရာရပါတယ်။ စာသင်ကျောင်း နှစ်ဆောင် ပျက်စီးသွားပါတယ်။ ထိခိုက်ပျက်စီးမှုတွေ ရှိပေမဲ့ စစ်ရှောင်တွေက ထပ်မရှောင်တော့ဘူး။ အမှန်ဆို ထပ်ရှောင်ဖို နေရာလည်း မရှိတော့ဘူး” ဟု ကရင်နီပြည် လူ့အခွင့်အရေးအဖွဲ (KnHRG) မှ ကိုဗညားက ပြောသည်။

အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသားတစ်ဦး သေဆုံးပြီး သက်ကြီးပိုင်း အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့သည့်အပြင် စစ်ဘေးရှောင်စခန်းအတွင်းရှိ တဲငါးလုံးနှင့် စာသင်ကျောင်းဆောင် နှစ်ဆောင် ပျက်စီးခဲ့သည်။

အကြမ်းဖက်စစ်တပ်သည် ဒီမော့ဆို အနောက်ဘက်ခြမ်းဒေသများသို စစ်ကြောင်းထိုးနေသည်မှာ လနှင့်ချီပြီဖြစ်ပြီး လက်ရှိတွင် ဒေါငံခါးကျေးရွာ အနီးဝန်းကျင်သို ရောက်ရှိနေကြောင်း သိရသည်။ ဒေါငံခါးကျေးရွာမှာ အကြမ်းဖက်စစ်တပ် လေကြောင်းမှ ဗုံးကြဲခဲ့သည့် စစ်ဘေးရှောင်စခန်းနှင့် ငါးမိုင်ခန့်သာ ကွာဝေးသည်။

ယခုရက်ပိုင်းအတွင်း ဒီမော့ဆို-ဒေါငံခါးကျေးရွာ အနီးဝန်းကျင်၌ အကြမ်းဖက်စစ်တပ်နှင့် တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်များအကြား နေ့စဉ်နီးပါး တိုက်ပွဲများ ဖြစ်ပွားနေပြီး အကြမ်းဖက်စစ်တပ်က လက်နက်ကြီး၊ ဒရုန်းနှင့် လေကြောင်းတိုဖြင့် ဆက်တိုက် ဗုံးကြဲတိုက်ခိုက်လျက်ရှိသည်။

“ဒီမော့ဆိုကနေဆို ဒေါငံခါး၊ ကုန်းသာ၊ သေးဆူလဲ စတဲ့ ဒီမော့ဆို အနောက်ခြမ်းက ရွာတွေကနေ နန်းမယ်ခုံ၊ နန်းမယ်ခုံကနေ မိုးဗြဲ၊ ဖယ်ခုံထိ စစ်ကြောင်းထိုးမယ်လို ကြားတယ်။ ဒီလမ်းက မိန်းလမ်းမကြီး ဖြစ်တာကြောင့် အကြမ်းဖက်စစ်တပ်က ထိန်းချုပ်ချင်တာပါ။

ဒေါငံခါးနဲ့ ကုန်းသာမှာ အကြမ်းဖက်စစ်ကြောင်းတွေ ပြောက်ကျားနည်းနဲ့ ထိုးစစ်ဆင်နေတာ ရှိတယ်” ဟု ကရင်နီ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက မဇ္ဈိမသို ပြောသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၄ ရက် ညနေပိုင်းကလည်း ဖရူဆိုမြိုနယ် အနောက်ဘက်ခြမ်းရှိ ကျေးရွာတစ်ရွာအတွင်းသို အကြမ်းဖက်စစ်တပ်က ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် အသက် ငါးလသားအရွယ် ကလေးငယ်တစ်ဦး အပါအဝင် အရပ်သားငါးဦး ထိခိုက်သေဆုံးခဲ့သည်။

KnHRG ၏ ထုတ်ပြန်ချက်အရ ပြီးခဲ့သည့် ဇူလိုင်လအတွင်း အကြမ်းဖက်စစ်တပ်သည် ကရင်နီပြည်နယ်အတွင်း အရပ်သားများကို ပစ်မှတ်ထား၍ လေကြောင်းတိုက်ခိုက်မှု (၃) ကြိမ်၊ ဒရုန်းဖြင့် ဗုံးကြဲမှု (၂) ကြိမ်၊ ဖမ်းဆီးခြင်း (၃) ကြိမ်နှင့် သေနတ်ဖြင့် ပစ်ခတ်ခြင်း (၁) ကြိမ် စသည့် လူ့အခွင့်အရေး ချိုးဖောက်မှု စုစုပေါင်း (၉) ကြိမ်အထိ ကျူးလွန်ခဲ့သည်။

အဆိုပါ ချိုးဖောက်မှုများကြောင့် ဇူလိုင်လအတွင်း အရပ်သား ၁၁ ဦး ဒဏ်ရာရရှိခဲ့ပြီး (အမျိုးသား ၁၀ ဦး၊ အမျိုးသမီး ၁ ဦး)၊ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၂ ဦး သေဆုံးခဲ့ရသည် (အမျိုးသား ၁ ဦး၊ အမျိုးသမီး ၁ ဦး)။

ထိုပြင် နေအိမ်၊ ယာဉ်နှင့် စိုက်ခင်းများ အပါအဝင် အရပ်သားပိုင် ပစ္စည်းဥပမာအများအပြားလည်း ထိခိုက်ပျက်စီးခဲ့ရကြောင်း KnHRG ၏ လစဉ်အစီရင်ခံစာမှတ်တမ်းများအရ သိရသည်။

12/08/2026

ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ရေပေါက်ကြီးကျေးရွာရှိ နေအိမ်များ အရေးပေါ် ဖျက်သိမ်းရွှေ့ပြောင်းနေရ

Democratic Press
ဩဂုတ် ၁၂၊ ၂၀၂၆

ဧရာဝတီတိုင်း၊ ဇလွန်မြို့နယ်၊ ရေပေါက်ကြီးကျေးရွာတွင် ဧရာဝတီမြစ်ရေ တိုက်စားမှုကြောင့် မြစ်ကမ်းပါးများ ဆက်တိုက် ပြိုကျလျက်ရှိပြီး အနီးဝန်းကျင်ရှိ နေအိမ်များနှင့် ဒေသခံ ပြည်သူများ၏ လုံခြုံရေးအတွက် လွန်စွာ စိုးရိမ်နေရကြောင်း သတင်းရရှိသည်။

ဩဂုတ်လ ၁၁ ရက် (၂၀၂၆ ခုနှစ်) ညနေပိုင်းက ရရှိသော သတင်းများအရ မြစ်ကမ်းပါး ရေအောက်ခြေတွင် ဝဲစက်များ ဖြစ်ပေါ်ကာ ရေတိုက်စားမှု မရပ်တန့်သေးဘဲ တားရိုးအတိုမှ ကမ်းပြိုသည့်နေရာအထိ ပေ ၁၅၀ ကျော်မှ ပေ ၂၀၀ နီးပါးခန့် မြစ်အတွင်းသို့ ပြိုကျပျက်စီးသွားခဲ့သည်။

ထို့အပြင် မူလက ရေကာတာအဖြစ် စိုက်ထူထားသော သစ်လုံး၊ ဝါးလုံးများနှင့် ဖောင်အကူများသည်လည်း ကမ်းပြိုမှုကြောင့် ရေပေါ်သို့ ပြန်လည်ပေါ်ထွက်လာပြီး ပျက်စီးသွားခဲ့ကြောင်း သိရသည်။

ကမ်းပါးပြိုကျသည့် နေရာများသည် ရေကာတာကြီးနှင့် ပေ ၁၅၀ ခန့်သာ ကွာဝေးတော့သဖြင့် မြစ်ဘေးကပ်လျက် တည်ရှိသော နေအိမ်များမှာ အန္တရာယ်နှင့် နီးကပ်နေပြီး ဒေသခံပြည်သူများမှာ နေအိမ်များကို အရေးပေါ် ဖျက်သိမ်းကာ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းနေကြရသည်။

ညအခါတွင် ရေတိုက်စားမှုနှင့် ကမ်းပြိုမှုများ ဆက်လက်ဖြစ်ပေါ်ပါက ချက်ချင်း ရွှေ့ပြောင်းရန် ခက်ခဲမည်ဖြစ်၍ စိုးရိမ်ထိတ်လန့်လျက်ရှိကြောင်းလည်း ဒေသခံများက ပြောသည်။

အဆိုပါ ရေပေါက်ကြီးကျေးရွာသည် နှစ်စဉ် မြစ်ရေတိုက်စားမှု ဒဏ်ကို ဆက်တိုက် ကြုံတွေ့နေရသော ဒေသတစ်ခုဖြစ်ပြီး လက်ရှိတွင်လည်း မိုးချုပ်ခါနီးအထိ ရေအောက်ခြေမှ ဝဲတိုးမှုများ မရပ်သေးသဖြင့် ကမ်းပြိုပြီးသည့် နေရာများသာမက မဖြစ်သေးသည့် အနီးဝန်းကျင် နေရာများပါ ကမ်းပြိုမည့် အန္တရာယ် စိုးရိမ်ရသည့် အခြေအနေတွင် ရှိနေသည်။

12/08/2026

ပေါင် ၅၀၀ ဗုံးဒဏ်ကြောင့် ကတုတ်ကျင်းပြိုပြီး မြေမြှုပ်သွားတဲ့ ချင်းတော်လှန်ရေး လူငယ်တွေရဲ့ တိုက်ပွဲဝင် မှတ်တမ်း

Democratic Press
ဩဂုတ် ၁၂၊ ၂၀၂၆

ချင်းပြည်နယ်၊ ဖလမ်းမြို့သိမ်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်တပ်က ကြဲချခဲ့သည့် ပေါင် ၅၀၀ ဗုံး ပေါက်ကွဲမှုအရှိန်ကြောင့် ကတုတ်ကျင်း မြေပြိုကျပြီး မြှုပ်နှံခံခဲ့ရသည့် ချင်းတော်လှန်ရေး ရဲဘော်များအား ပြန်လည်တူးဖော် ကယ်ဆယ်နေသည့် မှတ်တမ်းရုပ်သံ ပေါ်ထွက်လာပြီး ပြည်သူများအကြား တော်လှန်လူငယ်များ၏ သမိုင်းဝင် ပေးဆပ်မှုအဖြစ် အမှတ်ရ ဂုဏ်ပြုလျက်ရှိကြသည်။

အဆိုပါ မှတ်တမ်းတွင် အကြမ်းဖက်စစ်တပ်၏ လေကြောင်းမှ ပေါင် ၅၀၀ ဗုံးကြဲတိုက်ခိုက်မှုကြောင့် တိုက်ပွဲဝင်နေသည့် ချင်းတော်လှန်ရေး တပ်ဖွဲ့ဝင်များ၏ ဘန်ကာနှင့် ကတုတ်ကျင်းအနီး ပြင်းထန်စွာ ပေါက်ကွဲခဲ့ပြီး၊ ပေါက်ကွဲမှုအရှိန်ကြောင့် မြေကြီးများ ပြိုကျကာ ရဲဘော်များ မြေကြီးထဲသို့ မြှုပ်သွားခဲ့ရခြင်းဖြစ်သည်။

ယင်းနောက် ကျန်ရှိသည့် ရဲဘော်များက မြေကြီးအောက် မြှုပ်နေသည့် တော်လှန်ရေး ရဲဘော်များကို အချိန်နှင့်တစ်ပြေးညီ အပြိုင်အဆိုင် ပြန်လည်ဖော်ထုတ် ကယ်ဆယ်နေရသည့် ဖြစ်စဉ်ကို ရင်နင့်ဖွယ် တွေ့မြင်ရသည်။

အဆိုပါ ရုပ်သံမှာ ချင်းပြည်နယ်၊ ဖလမ်းမြို့သိမ်းတိုက်ပွဲ ကာလအတွင်းက ဖြစ်ပွားခဲ့သည့် ဖြစ်စဉ် မှတ်တမ်းဟောင်းတစ်ခုဖြစ်ပြီး စစ်အာဏာရှင်စနစ်ကို တွန်းလှန်နေသည့် တော်လှန်ရေး လူငယ်များ၏ စွန့်လွှတ်စွန့်စားမှုနှင့် သမိုင်းဝင် ပေးဆပ်မှုများကို မျိုးဆက်သစ်များ အမှတ်ရနေစေရန်အတွက် လူမှုကွန်ရက်ပေါ်တွင် ပြန်လည်မျှဝေနေကြခြင်းဖြစ်သည်။

ที่อยู่

Chiang Mai
50160

เบอร์โทรศัพท์

09428022332

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Democratic Pressผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง Democratic Press:

ทางลัด

แชร์