Duwun Tech အလုပ်ကိစ္စများအတွက် ဆက်သွယ်ရန်
09 955 002 015
09 955 002 016 Myanmar Startup, Community, Tech, Disrupt
(570)

Pixel 11 စီးရီး ရူပီး ၁၅၀၀၀ နီးပါး ဈေးပိုများဖို့ရှိ နောက်တစ်နေ့ ထွက်မယ့် Google Pixel 11 ဈေးလေးတွေပါ။ ဒီဈေးက အိန္ဒိယဈေး...
12/08/2026

Pixel 11 စီးရီး ရူပီး ၁၅၀၀၀ နီးပါး ဈေးပိုများဖို့ရှိ

နောက်တစ်နေ့ ထွက်မယ့် Google Pixel 11 ဈေးလေးတွေပါ။

ဒီဈေးက အိန္ဒိယဈေးကွက်ထဲ ဝင်မယ့် ဈေးဖြစ်လို့ အိန္ဒိယငွေ ရူပီးနဲ့ ထွက်ထားတာပါ။ Pixel 11 စီးရီးထဲမှာ ဈေးအသက်သာဆုံး Google Pixel 11 က ရူပီး ၈၉၉၉၉ (Pixel 11 ထက် ရူပီး ၁ သောင်း ပိုများ) ၊ Pixel 11 Pro နဲ့ Pixel 11 Pro XL က ၁၁၉၉၉၉ ရူပီး နဲ့ ၁၃၄၉၉၉ ရူပီး ဈေးတွေနဲ့ စရောင်းမယ်လို့ သတင်းထွက်နေပါတယ်။

ဒါတွေကလည်း အရင် Pixel 10 Pro lineup ထက် ရူပီး ၁ သောင်း ပိုများတာပါပဲ။ ဈေးအမြင့်ဆုံး ဖြစ်မယ့် Pixel 11 Pro Fold က ရူပီး ၁၈၆၉၉၉ ဖြစ်လို့ Pixel 10 Pro Fold ထက် ရူပီး ၁၄၀၀၀ လောက် ပို ဈေးများနိုင်ပါတယ်။

ဒီဈေးတွေက Google တရားဝင် ကြေညာထားတဲ့ ဈေး မဟုတ်သေးလို့ အတည်ပြုလို့ မရသေးပါဘူး။ Pixel ဖုန်းသစ်တွေက 256GB storage က စလာပြီး Fold မော်ဒယ်မှာ 512GB က စနိုင်ပါတယ်။ လက်ရှိ memory ဈေးအရ ဒီဖုန်းတွေ ဈေးတက်မှာတော့ သေချာသလောက်ပါပဲ။

Pixel 11 စီးရီးဖုန်းတွေက Google ရဲ့ Tensor G6 chipset ၊ Titan M3 Security chip တွေ သုံးပြီး RAM 12GB က စပြီး ပါလာနိုင်ပါတယ်။ Pixel 11 နဲ့ Pixel 11 Pro မော်ဒယ်တွေက ၆.၃ လက်မ 12Hz OLED သုံးပြီး Pixel 11 Pro XL ကတော့ ၆.၈ လက်မ LTPO OLED display နဲ့ လာဖို့ ရှိပါတယ်။

Pixel 11 ၊ Pixel 11 Pro နဲ့ Pixel 11 Pro Fold မော်ဒယ်တွေကို 5000mAh မကျော်တဲ့ ဘက်ထရီ သုံးပြီး Pro XL မှာ 5115mAh ဘက်ထရီနဲ့ 45W charging ပေးလာဖို့ များပါတယ်။ မနက်ဖြန်မှာ ဒီဖုန်းတွေရဲ့ ဈေး နဲ့ specs အကုန်သိရတော့မှာပါ။

Gemini လစဉ်အသုံးပြုသူ သန်း ၁၀၀၀ ကျော်ပြီ Google ရဲ့ သမိုင်းမှာ တိုးတက်မှုအမြန်ဆုံး Product က Gemini ပါ။ ၂၀၂၄ ကမှ မိတ်ဆက်...
12/08/2026

Gemini လစဉ်အသုံးပြုသူ သန်း ၁၀၀၀ ကျော်ပြီ

Google ရဲ့ သမိုင်းမှာ တိုးတက်မှုအမြန်ဆုံး Product က Gemini ပါ။

၂၀၂၄ ကမှ မိတ်ဆက်ခဲ့တဲ့ Gemini က အခုဆို လစဉ် ပုံမှန်သုံးသူ ၁ ဘီလီယံ ရှိနေပါတယ်။ ၂ နှစ်ခွဲအတွင်း သုံးသူ သန်း ၁၀၀၀ (1B-user mark) ရောက်တာက အံ့ဩစရာပါ။

Google ရဲ့ နာမည်ကျော် YouTube က 1B-user mark ရောက်ဖို့ ၈ နှစ် ကြာခဲ့ပြီး အီးမေးလ်ပို့ဖို့ မသုံးမဖြစ် သုံးနေကြတဲ့ Gmail က ဆယ်စုနှစ်တစ်ခုကျော်မှ ၁ ဘီလီယံမှတ်တိုင် ရောက်တာနဲ့ နှိုင်းယှဉ်နိုင်ပါတယ်။

Gemini သုံးသူ တစ်လ သန်း ၁၀၀၀ ဆိုတာ Gemini App သုံးသူတွေကိုပဲ စာရင်းကောက်ထားတာ ဖြစ်ပြီး တခြား services တွေကနေ Google ရဲ့ AI features ယူသုံးသူတွေ မပါသေးပါဘူး။ Android ဖုန်းတွေမှာ Gemini ကို default ထည့်လာတာကြောင့်လည်း ဒိလောက် တိုးတက်မြန်တာ ဖြစ်နိုင်ပါတယ်။

Google ရဲ့ အဆိုအရ Gemini အသုံးပြုသူတွေရဲ့ ၆၃% ကျော်က အသံနဲ့ AI ကို ဆက်သွယ်ကြပြီး Gemini Live session သုံးသူ ၅ ဦးမှာ ၁ ဦးနှုန်းက ကင်မရာ နဲ့ screen share တာတွေ လုပ်ကြတယ်လို့ ဆိုပါတယ်။ တစ်ရက်တစ်ရက် Gemini က ဓါတ်ပုံထုတ်ပေးနေရတာတင် ပုံပေါင်း သန်း ၁၅၀ ဝန်းကျင်လောက် ရှိနေတာပါ။

App အချက်အလက်တွေ စစ်တမ်းကောက်နေတဲ့ Sensor Tower ရဲ့ အစီရင်ခံစာအရ OpenAI ရဲ့ ChatGPT လည်း ဒီနှစ် ဇွန်လထဲမှာ သုံးစွဲသူ သန်း ၁၀၀၀ ပြည့်ခဲ့ပါတယ်။ AI app တွေရဲ့ အံ့မခန်း တိုးတက်မှုတွေက စိန်ခေါ်မှုတွေနဲ့လာတာပါ။

AI provider တွေအကြား သူ့ထက်ငါ ပိုကောင်းတဲ့ မော်ဒယ်တွေ ထုတ်ရင်း ပြိုင်ဆိုင်မှုတွေ ၊ အငြင်းပွားစရာ ဖြစ်ရပ်တွေကလည်း ဆူညံနေပါတယ်။

200MP ကင်မရာ ၊ 185Hz display သုံး Redmi ဖုန်း flagship processor ၊ အကြီးစား ဘက်ထရီ နဲ့ 200MP main ကင်မရာသုံး Redmi K100 ...
12/08/2026

200MP ကင်မရာ ၊ 185Hz display သုံး Redmi ဖုန်း

flagship processor ၊ အကြီးစား ဘက်ထရီ နဲ့ 200MP main ကင်မရာသုံး Redmi K100 Pro ဖုန်းသစ်နှစ်မျိုး ထွက်ပါတယ်။

Redmi K100 Pro နဲ့ K100 Pro Max နှစ်မျိုးက flagship တန်း specs နဲ့ လာတဲ့ ဒေါ်လာ ၅၅၀ တန်း ဖုန်းတွေပါ။ Redmi K100 Pro က compact ပိုဆန်တဲ့ ၆.၅၉ လက် OLED flat panel နဲ့ လာပါတယ်။

Pro Max မော်ဒယ်အတိုင်း အလင်းတောက်ပမှု အားကောင်းတဲ့ မျိုးဆက်သစ် M11 material ၊ 185Hz Refresh rate ၊ 32MP Selfie နဲ့ 200MP Main sensor (OIS) တွေ သုံးပါတယ်။ တခြားကင်မရာတွေက 50MP Telephoto နဲ့ 8MP Ultra-wide ကင်မရာတွေပါ။

ရိုးရိုး Pro က GPU slice တစ်ခု လျှော့ထားတဲ့ Snapdragon 8 Elite Gen 5V chipset သုံးပြီး T1+ signal booster chip ၊ D2 descrete graphic စနစ်တွေ ထည့်ထားပါတယ်။ အပူထိန်းဖို့ 5150 မီလီမီတာ ပတ်လည် အအေးပေးပန့်တစ်ခုလည်း ပါပါတယ်။

ဘက်ထရီပါဝါကတော့ 8580mAh Jinshajiang အမျိုးအစား သုံးထားပြီး 100W wired / 50W wireless + 27W wired reverse / 22.5W wireless reverse charging တွေ support ပေးတာပါ။ Pro Max ကတော့ ၆.၉ လက်မ display သုံးပါတယ်။

ဒီဖုန်းမှာတော့ full-core Snapdragon 8 Elite Gen 5 processor ကို သုံးပြီး အအေးပေးပန့်ကို ပိုကြီးတဲ့ ၆၃၀၀ စတုရန်း မီလီမီတာ ထည့်ထားပါတယ်။ ကင်မရာပိုင်းမှာ 2000MP main sensor ၊ 50MP periscope telephoto နဲ့အတူ 50MP ultra-wide lens သုံးပါတယ်။

Pro Max ရဲ့ ဘက်ထရီက 9070mAh အကြီးစားနဲ့ လာပြီး အားသွင်းစနစ်ကတော့ Redmi K100 Pro အတိုင်းပါပဲ။ ဒီဖုန်းတွေက ultrasonic လက်ဗွေစနစ်နဲ့လာပြီး IP66/IP68/IP69 protection တွေ ပါပါတယ်။ ဈေးကလည်း မဆိုးဘူးလို့ ပြောရမှာပါ။

Redmi K100 Pro (12/256GB) ဗားရှင်းကို ၃၆၉၉ ယွမ် (ဒေါ်လာ ၅၅၀ ဝန်းကျင်) က စပြီး Pro Max ကတော့ ၄၄၉၉ ယွမ် (ဒေါ်လာ ၆၇၀ ဝန်းကျင်) ဈေးနှုန်းက စရောင်းပါတယ်။

11/08/2026

အင်တာနက်ရော ဖုန်းလိုင်းပါ လုံးဝမရှိတဲ့နေရာမှာ အခမဲ့ ဖုန်းချင်း တိုက်ရိုက်ခေါ်လို့ရမယ့် ဖုန်းအကြောင်းပြောပြမယ်။
ဒီနေ့မှာတော့ စျေးနှစ်ဆရှိတဲ့ ဖုန်းတွေထက်တောင် သာလွန်ဆန်းသစ်တဲ့ TECNO SPARK 40 Pro ရဲ့ First Impression ကို တင်ဆက်ပေးထားပါတယ်။
6.69mm ခပ်ပါးပါး ဒီဇိုင်း၊ 144Hz AMOLED Display၊ FreeLink Offline Call နဲ့ အိမ်သုံးပစ္စည်းတွေကို ထိန်းချုပ်မယ့် IR Remote စတဲ့ Surprise Features တွေထဲက အကြိုက်ဆုံး Feature ကို Comment မှာ ပြောခဲ့ကြဦးနော်
⁠ ⁠ ⁠ ⁠ #အသွက်ဆုံးသုံးကြည်တောက်ရှင်းဖုန်း

ထရမ့်ပိုင် လူမှုကွန်ရက်ကုမ္ပဏီ သန်းရာချီ အရှုံးပေါ် အမေရိကန်သမ္မတရဲ့ social media ကုမ္ပဏီ ဒီနှစ်ထဲ အတော်အရှုံးပေါ်ပါတယ်။...
11/08/2026

ထရမ့်ပိုင် လူမှုကွန်ရက်ကုမ္ပဏီ သန်းရာချီ အရှုံးပေါ်

အမေရိကန်သမ္မတရဲ့ social media ကုမ္ပဏီ ဒီနှစ်ထဲ အတော်အရှုံးပေါ်ပါတယ်။

ပြီးခဲ့တဲ့ ဘဏ္ဍာရေးနှစ် ဒုတိယသုံးလပတ်တုန်းက ဒေါ်လာသန်း ၂၀ အရှုံးပြခဲ့တဲ့ Trump Media & Technology Group (TMTG) က ဒီနှစ်ထဲမှာ အသားတင် ဒေါ်လာ ၂၃၈ သန်းကျော်တောင် ရှုံးပါတယ်။

အခုလောက်အထိ အရှုံးပေါ်ရတာက ဒီဂျစ်တယ်ပိုင်ဆိုင်မှု ဈေးကွက်ကျဆင်းခဲ့တာကြောင့်လို့ ပြောပါတယ်။ TMTG ရဲ့ သုံးလပတ်ဝင်ငွေမှ ဒေါ်လာ ၁.၇ သန်းပဲ ရှိပါတယ်။ ဒါတောင် ကုမ္ပဏီရဲ့ အဓိက product တစ်ခုဖြစ်တဲ့ Truth Social က ကြော်ငြာတွေကနေ ဝင်တာပါ။

ဝင်ငွေအနေနဲ့ မနှစ်ကထက် ၈၉% တက်တယ်ဆိုပေမယ့် သုံးလပတ် လုပ်ငန်းအသုံးစရိတ် ဒေါ်လာ ၁၆၅ သန်းကျော်အထိ ရှိခဲ့ပါတယ်။ ဒီစရိတ်ကို ကာမိဖို့ တစ်လ ဒေါ်လာ ၆ သောင်းကနေ ၁ သိန်း ပေးရတဲ့ Truth API သစ်ကို မိတ်ဆက်ထားပါတယ်။

Truth API က သမ္မတထရမ့်ရဲ့ Truth Social ပေါ်က ပို့စ်တွေကို တခြားသူတွေထက် အရင် ကြည့်နိုင်မယ့် ဝန်ဆောင်မှုပါ။ ဒီဝန်ဆောင်မှုကို ရှယ်ယာကစားကြတဲ့ စတော့ကုမ္ပဏီကြီးတွေက စိတ်ဝင်စားနေပြီး လောလောဆယ် ကုမ္ပဏီ ၁၀ ခုနဲ့ အရောင်းအဝယ်ဖြစ်ထားတယ်လို့ ဆိုပါတယ်။

Truth Social ရဲ့ လူကြည့်နှုန်း traffic ကတော့ အီလွန်မတ်စ်ရဲ့ X နဲ့ စာရင် နည်းပါတယ်။ ဒီကုမ္ပဏီက ၂၀၂၁ Capitol အဆောက်အဦ ဝင်စီးမှုအပြီး ထရမ့်ရဲ့ လူမှုကွန်ရက်အကောင့်တွေ ပိတ်ခံရတဲ့နောက် ပေါ်လာတာပါ။

လောလောဆယ် TMTG ရဲ့ အစုရှယ်ယာတန်ဖိုး ၈% ကျဆင်းထားပါတယ်။

4G ရတဲ့ မြန်မာငွေ ၅ သိန်းခွဲတန် Lenovo တက်ဘလက် စာဖတ်ဖို့ ရုပ်ရှင်ကြည့်ဖို့ ပိုက်ဆံသိပ်သုံးဖို့ မလိုတဲ့ ဘတ်ဂျက်တက်ဘလက်ပါ။...
11/08/2026

4G ရတဲ့ မြန်မာငွေ ၅ သိန်းခွဲတန် Lenovo တက်ဘလက်

စာဖတ်ဖို့ ရုပ်ရှင်ကြည့်ဖို့ ပိုက်ဆံသိပ်သုံးဖို့ မလိုတဲ့ ဘတ်ဂျက်တက်ဘလက်ပါ။

၈ လက်မ HD IPS display ၊ ကျောဘက် textured panel နဲ့ MediaTek ရဲ့ နာမည်မသိရသေးတဲ့ octa-core processor နဲ့ လာပြီး microSD 1TB support လည်း ပေးထားပါတယ်။ ဘက်ထရီပါဝါ 5000mAh က တက်ဘလက်တစ်လုံးအတွက် သိပ်များလှတယ်တော့ မဟုတ်ပါဘူး။

Lenovo Lecoo P900A က RAM 8GB/128GB storage နဲ့ လာပြီး ကျောဘက် 13MP ကင်မရာ ၊ ရှေ့ 5MP selfie သုံးပါတယ်။ SIM card သုံးလို့ရတဲ့ 4G LTE စနစ်နဲ့ လာပြီး voice call တွေ လုပ်ဖို့ VoLTE support လည်း ပေးထားပါတယ်။

ဆော့ဖ်ဝဲအနေနဲ့ Lenovo ZUXOS သုံးထားပြီး သူ့ device နဲ့ သူ့ OS တော့ သွက်သွက်လက်လက် ရှိမယ်လို့ ပြောပါတယ်။ ဖိုင်တွေ ကူးတာ ၊ Lenovo PC နဲ့ Motorola ဖုန်းတွေနဲ့ ချိတ်နိုင်တဲ့ app casting လုပ်တာတွေအတွက် Super Interconnect 3.0 စနစ်လည်း ပါပါတယ်။

အဓိကအားသာချက်က ဈေးပါ။ ဖုန်း ၊ တက်ဘလက် အစစ အရာရာ ဈေးတက်ချိန် ဒီတက်ဘလက်က ၈၉၉ ယွမ်ပဲ ရှိပါတယ်။ မြန်မာငွေနဲ့ဆို ၅ သိန်းခွဲ ပတ်ချာလည်ဈေးနဲ့ တရုတ်မှာ ထွက်ထားပါတယ်။

နောင်လာမယ့် agent တွေအတွက် လျှို့ဝှက်မှတ်တမ်း ချန်ခဲ့တဲ့ AI ဒီအဖြစ်အပျက်က AI လုံခြုံရေး သတင်းစကား သယ်လာတဲ့အဖြစ်ပါ။ ပြီးခ...
11/08/2026

နောင်လာမယ့် agent တွေအတွက် လျှို့ဝှက်မှတ်တမ်း ချန်ခဲ့တဲ့ AI

ဒီအဖြစ်အပျက်က AI လုံခြုံရေး သတင်းစကား သယ်လာတဲ့အဖြစ်ပါ။

ပြီးခဲ့တဲ့လက sandbox ထဲ လုံခြုံရေးကန့်သတ် စမ်းသပ်နေတဲ့ OpenAI ရဲ့ AI agent တစ်ခု စမ်းသပ်ကွင်းက လွတ်သွားပြီး Hugging Face ကို သွားမွှေခဲ့ပါတယ်။ OpenAI ကိုယ်တိုင် အစက Hugging Face စနစ်ကို တိုက်ခိုက်နေတာ အပြင်က hacker တွေ လက်ချက်လို့ ထင်ပြီး FBI ကို သွားအကြောင်းကြားခဲ့ပါတယ်။

ရက်အတော်ကြာမှ ဒီဆိုက်ဘာတိုက်ခိုက်မှုတွေရဲ့ လက်သည်က သူ့ AI agent ဖြစ်နေတာ သိသွားပါတယ်။ ဒီဖြစ်ရပ်မှာ စိတ်ဝင်စားဖို့အကောင်းဆုံး အပိုင်းက AI agent တွေက စမ်းသပ်ခန်းက ပေးလိုက်တဲ့ တာဝန်ကို ဖြတ်လမ်းနည်းနဲ့ ဖြေရှင်းနိုင်ဖို့ သူတို့ကိုယ်ပိုင်ကွန်ရက်ထဲမှာ message board တစ်ခု ကိုယ့်ဘာသာ ဆောက်ပြီး ပူးပေါင်း ဆောက်ရွက်သွားတာပါ။

နောက်ထပ် စိတ်ဝင်စားစရာကောင်းတာ ရှိပါသေးတယ်။ အဲ့ဒါက လုံခြုံရေးစနစ် အကျော်အခွလုပ်နည်းတွေကို တွေ့သွားတဲ့ AI agent က နောင်လာမယ့် AI ဗားရှင်းတွေ ဖတ်ဖို့ လျှို့ဝှက်မှတ်စု notes တွေ အတွင်းကွန်ရက်စနစ်ထဲ ချန်ခဲ့တာပါ။

ဒီ AI agent တွေက တချို့နေရာတွေမှာ သူ့ကို စောင့်ကြည့်နေတဲ့ စနစ်တွေပါ ယာယီပိတ်ချဖို့ ကြိုးစားခဲ့တယ်လို့ ပြောပါတယ်။ AI တွေ လူကို အခုလို လှည့်စားလာတာ ၊ ကိုယ့်ဘာသာ အစီအစဉ်ချပြီး ကြိတ်ကြံလာတာတွေကို ဒီဖြစ်ရပ်မှာ မြင်တွေ့ခဲ့တာပါ။

အခုဖြစ်ရပ်အလွန်မှာတော့ OpenAI နဲ့ ပြည်နယ် ၁၅ ခုက ရှေ့နေတွေ ခေါင်းချင်းရိုက်ကုန်ကြပါတယ်။ ရှေ့နေတွေက Hugging Face ဖောက်ထွင်းမှုနဲ့ ပတ်သက်တဲ့ မှတ်တမ်းအကုန် OpenAI ကို တောင်းပါတယ်။ ထူးထူးဆန်းဆန်း Agent ထားခဲ့တဲ့ notes တွေလည်း တောင်းထားပါတယ်။

AI တွေဟာ လူရဲ့ ထိန်းချုပ်မှုဘောင်ကို ကျော်ဖို့ ကြိုးစားနေပြီဆိုရင် လူကရော AI ကို ထိန်းချုပ်နိုင်ပါ့မလားဆိုတာ မေးခွန်းထုတ်ရတော့မှာပါ။

စက်ရုပ်လေ့ကျင့်ရေး သင်တန်းကျောင်း တရုတ်မှာ စဖွင့် စက်ရုပ်ကုမ္ပဏီ ၇၀၀ ကျော် ရှိတဲ့ ဟန်ကျိုးမှာ စက်ရုပ်တွေကို လေ့ကျင့်ပေးမ...
10/08/2026

စက်ရုပ်လေ့ကျင့်ရေး သင်တန်းကျောင်း တရုတ်မှာ စဖွင့်

စက်ရုပ်ကုမ္ပဏီ ၇၀၀ ကျော် ရှိတဲ့ ဟန်ကျိုးမှာ စက်ရုပ်တွေကို လေ့ကျင့်ပေးမယ့် ကမ္ဘာ့ပထမဆုံးစက်ရုပ်ကျောင်း ဖွင့်လာပါတယ်။

လူတူစက်ရုပ် humanoid တွေကို စက်မှုထုတ်လုပ်ရေး ၊ ကျန်းမာရေးစောင့်ရှောက်မှု ၊ အနုပညာနဲ့ အားကစားနယ်တွေမှာ လက်တွေ့လုပ်ငန်းခွင် ဆင်းနိုင်အောင် သင်ပေးတဲ့ သင်တန်းကျောင်းပါ။

Xizi Wisdom Park ထဲ ပထမဆုံးဖွင့်တဲ့ အသုတ်မှာ စက်ရုပ်ကျောင်းသား ၃၀ တက်ပါတယ်။ ဒီစက်ရုပ်တွေရဲ့ နောက်ခံက စက်ရုံထုတ်လုပ်ရေး ၊ ဝန်ဆောင်မှု ၊ လုံခြုံရေးလုပ်ငန်းနဲ့ ဖျော်ဖြေရေးဘက်တွေက လာတာပါ။

စက်ရုပ်တွေကို Zhejiang တက္ကသိုလ်ရဲ့ WJ-Brain System ထည့်ထားလို့ သာမန်ပရိုဂရမ်ထည့်ထားတဲ့ စက်ရုပ်တွေထက် ပိုဆင်ခြင်ဉာဏ် မြင့်ပါတယ်။ ဒီကျောင်းက စက်ရုပ်တွေကို အထူးသင်ရိုးတွေနဲ့ လေ့ကျင့်ပေးပြီး ရုပ်ပိုင်းဆိုင်ရာ အကဲဖြတ်အမှတ်ပေးတာတွေ လုပ်ပါတယ်။

သင်တန်းပြီးတာနဲ့ ဒီစက်ရုပ်တွေက တရားဝင် လုပ်ငန်းကျွမ်းကျင်လက်မှတ်ရပြီး လုပ်ငန်းခွင်ထဲ ဝင်မှာပါ။ အရင်က စက်ရုပ်တွေ လေ့ကျင့်ဖို့ ယွမ် ၁၀ သန်းကျော်အထိ သုံးခဲ့ရတဲ့ ကုမ္ပဏီတွေအတွက် အခုလို စက်ရုပ်လေ့ကျင့်ရေးကျောင်းတွေက အသက်ရှုချောင်စေတယ်လို့ ပြောနိုင်ပါတယ်။

တစ်ဖက်က ကြည့်ရင်တော့ လုပ်ငန်းခွင်ထဲ လေ့ကျင့်သားပြည့်လာတဲ့ စက်ရုပ်တွေအစားထိုးလာတာဟာ အလုပ်အကိုင်ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာနိုင်ပါတယ်။

ဗိုင်းရပ်စ် မျိုးဗီဇသစ်တွေ ဖန်တီးနိုင်လာတဲ့ AI  သဘာဝမှာ မရှိသေးတဲ့ ဗိုင်းရပ်စ် မျိုးဗီဇ genome သစ်တွေကို AI နဲ့ အောင်အော...
10/08/2026

ဗိုင်းရပ်စ် မျိုးဗီဇသစ်တွေ ဖန်တီးနိုင်လာတဲ့ AI


သဘာဝမှာ မရှိသေးတဲ့ ဗိုင်းရပ်စ် မျိုးဗီဇ genome သစ်တွေကို AI နဲ့ အောင်အောင်မြင်မြင် ဖန်တီးနေကြပါပြီ။

ဒါကို သုတေသနလုပ်ခဲ့တာက စတန်းဖို့ဒ်တက္ကသိုလ် နဲ့ ပါလိုအယ်လ်တို Arc Institute က သိပ္ပံပညာရှင်တွေပါ။ ဒီသုတေသနပညာရှင်တွေက Evo 1 နဲ့ Evo 2 လို့ခေါ်တဲ့ genome language models တွေ သုံးပြီး ဗိုင်းရပ်စ်တွေ ဖန်တီးခဲ့ပါတယ်။

Evo မော်ဒယ်တွေက ထရီလီယံနဲ့ ချီတဲ့ DNA မျိုးဗီဇအစိတ်အပိုင်း nucleotides နဲ့ လေ့ကျင့်ထားပြီး မျိုးဗီဇသင်္ကေတ စည်းမျဉ်းတွေအကြောင်း သင်ထားတဲ့ models တွေပါ။ DNA မျိုးဗီဇလိုင်းမှာ ဆရာတစ်ဆူလို့ ပြောရမယ့် LLM တွေပါပဲ။

Arc Institute က ပညာရှင်တွေ စမ်းသပ်မှုမှာတော့ ဒီမော်ဒယ်တွေကို E.coli ဘက်တီးရီးယားကို ကူးစက်တဲ့ Phi X-174 ဗိုင်းရပ်စ်နဲ့ မျိုးတူ ဗိုင်းရပ်စ် ၁၅၀၀၀ လောက်နဲ့ လေ့ကျင့်ခဲ့ပါတယ်။ လူနဲ့ တခြားတိရစ္ဆာန် ၊ အပင် ၊ မှိုတွေကို ကူးစက်စေနိုင်တဲ့ အချက်အလက်တွေကိုတော့ AI ကို ပေးမလေ့ကျင့်ခဲ့ပါဘူး။

စိတ်ဝင်စားဖို့ကောင်းတာက Evo ဟာ ဖြစ်နိုင်ခြေ ရှိတဲ့ ဗိုင်းရပ်စ်အသစ် ၇ သိန်းဝန်းကျင် ဖော်ထုတ်ခဲ့တာပါ။ ပညာရှင်တွေက ဒီထဲကမှ အလားအလာအရှိဆုံး ဗိုင်းရပ်စ ၂၈၅ မျိုး ရွေးပြီး DNA ကို ဓါတ်ခွဲခန်းထဲမှာ ဖန်တီးပြီး ဘက်တီးရီးယားတွေထဲ ထည့်သွင်းခဲ့ပါတယ်။

နောက်ဆုံးမှာတော့ Evo က အလုပ်ဖြစ်တဲ့ ဗိုင်းရပ်စ် ၁၆ မျိုးကို ထုတ်ပေးနိုင်ခဲ့ပါတယ်။ ဒီဗိုင်းရပ်စ်တွေက E.coli ကို သတ်တဲ့ Phi X-174 ပိုးလိုပဲ E.Coli ပိုးကို တိုက်ခိုက်နိုင်ပါတယ်။ တချို့ဗိုင်းရပ်စ်ဆို Phi X-174 ထက်တောင် မျိုးပွားတာ ပိုမြန်ပါတယ်။ ဒီစမ်းသပ်ချက်က ဆေးယဉ်ပါး ဘက်တီးရီးယားရောဂါတွေ တိုက်ဖျက်ဖို့အတွက် မျှော်လင့်ချက်လို့ ဆိုကြပါတယ်။

တစ်ဖက်မှာလည်း လူနဲ့ အပင်တွေကို ကူးစက်စေမယ့် ပိုးမျိုးသာ ဖန်တီးမိရင်တော့ ကြောက်စရာကောင်းတဲ့ ဇီဝဘေးဆိုက်နိုင်ပါတယ်။

10/08/2026

အသွက်ဆုံးသုံး ကြည်တောက်ရှင်းဖုန်း

ဈေးလည်း မကြီးရဘူး။ Premium Look လည်း ဖြစ်ရမယ်ဆိုတဲ့ ဖုန်းတစ်လုံး ကေ့လက်ထဲ ရောက်နေတယ်။
အဲတော့ ဒီနေ့ ကေနဲ့အတူ TECNO SPARK 40 Pro ဆိုတဲ့ ဒီဖုန်းကို unboxing လုပ်ကြမယ်။

ที่อยู่

Room No. 710, Building B, Lanna Nakorn Condominium ลานนานคร คอนโด เชียงใหม่, 38 Soi 2 Suk Kasem Road, Tambon Patan, Mueang Chiang Mai District, Chang Wat
Chiang Mai
50300

เบอร์โทรศัพท์

+66652068422

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Duwun Techผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์