28/11/2025
🥶 ချင်းမိုင်
အအေးလွန်ကဲနိုင်ခြေရှိတဲ့ ခရိုင် ၁၀ ခုရဲ့ စာရင်းကို ထုတ်ပြန်။
မိုးလေဝသက အအေးဆက်လက် ရှိနေအုန်းမယ်လို့ ကြေညာထားပါတယ်
ပထမအအေးလှိုင်း မကုန်မီ ၂-၄ ဒီဂရီ ထပ်ကျမည်ဟုဆိုထားပါတယ်
ချင်းမိုင်မှာ ဆက်တိုက်အေးမြနေတဲ့ ရာသီဥတုကို အပူချိန် ၁၁ ဒီဂရီနဲ့ ၁၅ ဒီဂရီကြားထိ ခံစားရမှာဖြစ်ပြီး ထိုင်းနိုင်ငံရဲ့ အမြင့်ဆုံးတောင်ဖြစ်တဲ့ ဒွိုင်အင်ထနွန် (Doi Inthanon) ရဲ့ တောင်ထိပ်ဖျားမှာတော့ အပူချိန် 2 အထိ ကျဆင်းနေပြီး တော်တော်အေးတဲ့ အခြေအနေကို ရောက်ရှိနေပါတယ်။
အလည်အပတ်လာတဲ့သူတွေ များနေပြီး လာမယ့်တစ်ရက်နှစ်ရက်အတွင်းမှာ အပူချိန် ၀ ဒီဂရီထိ ကျဆင်နိုင်မယ်လို့ ခန့်မှန်းထားပါတယ်
မြောက်ပိုင်း မိုးလေဝသဗဟိုဌာနက နိုဝင်ဘာ ၂၈-၂၉ ရက်နေ့တွေမှာ မြောက်ပိုင်းဒေသရဲ့ အထက်ပိုင်းမှာ အပူချိန် 1 ~2 ဒီဂရီကြား ထပ်မံကျဆင်းမယ်လို့ ခန့်မှန်းထားပြီး၊ အဲဒီနောက်မှာမှ စတင်ပူနွေးလာမယ်လို့ ဆိုပါတယ်။
ဒါ့ကြောင့် ကျန်းမာရေးကို ဂရုစိုက်ကြပါ ခင်ဗျ
အအေးလွန်ကဲတဲ့ဒေသ အန္တရာယ်ရှိတဲ့ ခရိုင် ၁၀ ခုကို ဖော်ပြပေးလိုက်ပါတယ်
1 Mae Chaem
2 Omkoi
3 Mae Wang
4 Doi Tao
5 Mae Ai
6 Fang
7 Chai Prakan
8 Chiang Dao
9 Wiang Haeng
10 Mae Taeng
တို့ပဲ ဖြစ်ပါတယ်