SHAN News (Burmese Version)

SHAN News (Burmese Version) The Shan Herald Agency for News is a private, nonprofit organization established on 27 December 1991, S.H.A.N. The Shan Herald Agency for News (S.H.A.N.)

The Shan Herald Agency for News is a private, nonprofit organization established on 27 December 1991, in Shan State. Since then, it has been publishing reports and periodicals in Shan, Burmese, English, and Thai, featuring politics, literature, human rights reporting and opinion columns. materials are read by people throughout Shan State and refugees living in Thailand. also publishes Freedom Way,

an annual journal; periodic magazines such as Outlook and Knowledge; Shan-language history, literature and civics textbooks; and booklets such as Towards the Third Union of Burma and The Village of the Generals: An Inside Story. It additionally maintains a web page on Shan State at www.panglong.org

One of the guys who helped set up www.shanland.og

After ten years as a wall poster newspaper, Independence was published as a printed newspaper beginning in 1984. In 1991, the Shan Herald Agency for News was established in Shan State under the leadership of its current director, Khuensai Jaiyen, in order to oversee the publishing of Independence. In 1996, the newspaper was moved to Chiang Mai, Thailand, where it was better able to maintain its independence from armed political factions operating in Shan State. Saengjuen Sarawin is the deputy director and the Burmese- and Shan-language editor. seeks to fill the information void and shed light on the current situation in Shan State. Due to its size and the active participation of its leadership in national politics, Shan State acts as an important barometer of regime pressure and policies in the ethnic states. Through the publication of its monthly newspaper Independence, its website and email information service, S.H.A.N. provides one of the few sources of news about events occurring in Shan State and is a valuable resource for the Shan community in Burma and the Shan exile community in Thailand, as well as for Burma-watchers in the international community. PROJECT OBJECTIVES:



· To provide accurate and reliable information to the Burmese, Shan, Thai and the international community about political, social and economic developments in Shan State and Burma, and about the efforts of pro-democracy, student, ethnic and labor organizations to promote peace and democracy in Burma.



· To promote increased understanding among Shan of human rights, democracy, federalism, and ethnic rights.



· To educate the Shan people about the cultural, historical and linguistic heritage of Shan State. PROJECT ACTIVITIES:



The Thailand-based Shan Herald Agency for News (S.H.A.N.) writes, edits, publishes and distributes its newspaper, Independence, and distributes material about Shan State on its web page and by e-mail. Independence is approximately 48 pages in length and is published in the Shan and Burmese languages. Through a network of supporters and regular correspondence with readers inside Shan State, the S.H.A.N. staff collects news and photographs from inside Shan State on a regular basis. also dispatches field reporters to Shan State to cover specific issues when conditions permit and interviews people from Shan State when they arrive at the Thai-Burma and China-Burma borders. In addition, given the proximity to Shan State, S.H.A.N. is able to monitor the military junta’s radio broadcasts. makes a concerted effort to translate and print relevant articles in a number of different languages. Articles are translated from Shan to English, Thai and Burmese. Articles are also translated from English, Burmese and Thai to Shan. Each article printed in Independence is edited for clarity and accuracy. The paper uses photographs, illustrations and cartoons to enliven the publication. The target audience includes Shans inside Burma who do not have access to information from sources other than the official Burmese state-run media; Shans living in Thailand and abroad; and Burmese-speaking readers inside and outside Burma. also seeks to reach English-speaking readers and Thai-speaking readers who are interested in the situation inside Shan State. The newspaper is distributed through a network of activists along the Thai-Burma and China-Burma borders. It is also sent by courier directly into Shan State, and distributed at Shan temples in Thailand, a central focus of Shan culture and activity. Finally, the newspaper is distributed to international NGOs and other interested parties. prints 3,000 copies per issue monthly. also publishes Salween Post in Thai language jointly with Salween News Network every month as well as a Weekly Diary News online and a monthly online newsletter. also maintains websites featuring information on Shan State, at www.panglong.org for English-language and www.panglong.org for Shan-language. In 2005, the website received an average of over 6,000 visits per month. It is not affiliated with any of the organizations linked to the site. The Golden Rule



According to the Buddha, there are six types of speeches:

¨ One that is false, displeasing and detrimental;

¨ One that is true but displeasing and detrimental;

¨ One that is pleasing but false and detrimental;

¨ One that is true and pleasing but detrimental;

¨ One that is true, pleasing and beneficial; and

¨ One that is displeasing but true and beneficial. The Buddha and his followers used only the two last types of speeches.

မြန်မာအပါအဝင် နိုင်ငံကျော် ၂၀ ကျော်ကို မူးယစ်ဆေး ထုတ်လုပ်၊ ဖြန့်ဖြူး နိုင်ငံများအဖြစ် အမေရိကန်သမ္မတ စာရင်းသွင်းသတ်မှတ်သျ...
18/09/2025

မြန်မာအပါအဝင် နိုင်ငံကျော် ၂၀ ကျော်ကို မူးယစ်ဆေး ထုတ်လုပ်၊ ဖြန့်ဖြူး နိုင်ငံများအဖြစ် အမေရိကန်သမ္မတ စာရင်းသွင်းသတ်မှတ်

သျှမ်းသံတော်ဆင့်၊ ၂၀၂၅ စက်တင်ဘာလ ၁၈ ရက်

မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၂၃ နိုင်ငံကို အမေရိကန်ကွန်ဂရက်သို့ တင်သွင်းသည့် အဓိက မူးယစ်ဆေးဝါး ဖြတ်သန်းမှု (သို့မဟုတ်) အဓိက တရားမဝင် မူးယစ်ဆေးဝါးထုတ်လုပ်သော နိုင်ငံများအဖြစ် စက်တင်ဘာလ ၁၅ ရက်က အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က စာရင်းသွင်း သတ်မှတ်ခဲ့ကြောင်း သိရသည်။

ထိုနိုင်ငံပေါင်း ၂၃ နိုင်ငံထဲတွင် မြန်မာ၊ လာအို၊ တရုတ်၊ အိန္ဒိယ၊ ပါကစ္စတန်၊ အာဖဂန်နစ္စတန်၊ ဘဟားမား၊ ဘီလစ်ဇ်၊ ဘိုလီးဗီးယား၊ ကိုလံဘီယာ၊ ကော်စတာရီကာ၊ ဒိုမီနီကန်၊ အီကွေဒေါ၊ အယ်လ်ဆာဗေးဒေါ၊ ဂွာတီမာလာ၊ ဟေတီ၊ ဟွန်ဒူးရပ်စ်၊ ဂျမကော၊ မက္ကဆီကို၊ နီကာရောဂွာ၊ ပနားမား၊ ပီရူးနှင့် ဗင်နီဇွဲလားတို့ ပါဝင်သည်။

ထို့ပြင် မြန်မာ၊ အာဖဂန်နစ္စတန်၊ ဘိုလီးဗီးယား၊ ကိုလံဘီယာနှင့် ဗင်နီဇွဲလား စသည့် နိုင်ငံ ၅ နိုင်ငံသည် လွန်ခဲ့သော ၁၂ လအတွင်း နိုင်ငံတကာ မူးယစ်ဆေးဝါး တိုက်ဖျက်နှိမ်နင်းရေးတာဝန်များကို ပျက်ကွက်ခဲ့ကြောင်း အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ပြောသည်။





#သျှမ်းသံတော်ဆင့်



#မူးယစ်ဆေး

ပိုးလမ်းမစီမံကိန်း BRI ကို လူထုလက်ခံလာရေး ဆိုရှယ်မီဒီယာပေါ်ထိုးဖောက်ရန် တရုတ်ကြိုးပမ်းစိုင်းခွမ်မိန်း၊ ၂၀၂၅ စက်တင်ဘာလ ၁၈...
18/09/2025

ပိုးလမ်းမစီမံကိန်း BRI ကို လူထုလက်ခံလာရေး ဆိုရှယ်မီဒီယာပေါ်ထိုးဖောက်ရန် တရုတ်ကြိုးပမ်း

စိုင်းခွမ်မိန်း၊ ၂၀၂၅ စက်တင်ဘာလ ၁၈ ရက်

တရုတ်နိုင်ငံက အကောင်အထည်ဖော်နေသည့် ပိုးလမ်းမစီမံကိန်း BRI ကို လူထုလက်ခံလာရေး ဆိုရှယ်မီဒီယာမှတဆင့် ထိုးဖောက်ရန် သက်ဆိုင်ရာနိုင်ငံများမှ အင်တာနက်ပေါ် နာမည်ကြီးသူများကို ဖိတ်ခေါ်ကာ ယူနန်ပြည်နယ်တွင် မီဒီယာဖိုရမ် ကျင်းပပြုလုပ်ခဲ့သည်။

စက်တင်ဘာလ ၁၆ ရက်နှင့် ၁၇ ရက်တွင် ယူနန်ပြည်နယ် ကူမင်းမြို့၌ ပိုးလမ်းမစီမံကိန်း BRI နှင့် ပတ်သက်သည့် မီဒီယာပူးပေါင်းဆောင်ရွက်မှုဖိုရမ် (2025 Media Cooperation Forum on Belt and Road) ကျင်းပပြုလုပ်ခဲ့ရာ ၎င်းစီမံကိန်းဝင် နိုင်ငံပေါင်း (၈၇) နိုင်ငံကို ဖိတ်ကြားခဲ့ပြီး မီဒီယာအဖွဲ့အစည်း (၁၆၅) ခုမှ ကိုယ်စားလှယ် (၂၀၀) ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါ မီဒီယာဖိုရမ်သို့ မြန်မာနိုင်ငံ ကိုယ်စားပြုအဖြစ် ဒေါက်တာ စိန်ဖြိုးလှိုင်နှင့် ရီရီပွင့်ဖြူတို့ တက်ရောက်ခဲ့ကြောင်း ၎င်းတို့၏ ဖေ့စ်ဘုတ် လူမှုကွန်ရက်မှတဆင့် ယမန်နေ့ (စက်တင်ဘာလ ၁၇ ရက်) တွင် ပုံနှင့်တကွ မျှဝေခဲ့ရာ ပြည်သူလူထုကြား ဝေဖန်မှု မြင့်တက်လျက်ရှိသည်။

“ပိုးလမ်းမစီမံကိန်းရဲ့ အကျိုးသက်ရောက်မှုတွေ မြန်မာပြည်ထဲ ဖြတ်သွားမယ့် ဒေသတွေရဲ့ အခြေအနေကိုကော နားလည်ရဲ့လား ဆိုတဲ့ မေးခွန်းတွေ ရှိတာပေါ့။ အထူးသဖြင့် စီမံကိန်းကြောင့် သျှမ်းမြောက်မှာ ဖြစ်လာမယ့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုတွေ၊ ဒေသခံတွေ အကျိုးခံစားခွင့် မရှိဘဲ မြေယာ နစ်နာဆုံးရှုံးရမှာတွေ ဒီဟာအားလုံးကို လိုင်းပေါ်မှာ နာမည်ကြီးနေတဲ့လူက ဘာမှ ဖြေရှင်းပေးနိုင်မှာ မဟုတ်ဘူး”ဟု သျှမ်းပြည်မြောက်ပိုင်း တက်ကြွလှုပ်ရှားသူ လူငယ်တစ်ဦးက ပြောသည်။

တရုတ်နိုင်ငံ ယူနန်ပြည်နယ်အစိုးရ ဖိတ်ကြားမှုကြောင့် ကူမင်းမြို့တွင် ကျင်းပပြုလုပ်ခဲ့သည့် ခေတ်သစ်ပိုးလမ်းမကြီး မီဒီယာပူးပေါင်းဆောင်ရွက်မှု ဖိုရမ်၊ တောင်အာရှနှင့် အရှေ့တောင်အာရှ နိုင်ငံများမှ Internet Celebrity Alliance ဖွင့်ပွဲသို့ ကမ္ဘာအရပ်ရပ်မှ Content Creators ၊ Social Influencers (လူမှုကွန်ရက်ပေါ် ကွန်းတန့်ဖန်တီးသူများ၊ လူသိများ ထင်ရှားကျော်ကြားသူ) များအကြား မြန်မာနိုင်ငံ ကိုယ်စားပြု ပါဝင်ခွင့်ရခဲ့ကြောင်း SEIN PHYO & YI ဖေ့စ်ဘုတ် စာမျက်နှာတွင် ပုံနှင့်တကွ မျှဝေထားသည်။

တရုတ်နိုင်ငံတွင် ပြုလုပ်ခဲ့သည့် မီဒီယာဖိုရမ်သို့ တက်ရောက်ခဲ့သူ ဒေါက်တာ စိန်ဖြိုးလှိုင်နှင့် ရီရီပွင့်ဖြူ ဇနီးမောင်နှံနှစ်ဦးသည် ဇေကမ္ဘာကုမ္ပဏီပိုင်ရှင် ဇေသီဟ၊ သရုပ်ဆောင် နန္ဒာလှိုင်တို့နှင့် မောင်နှမ တော်စပ်ပြီး ဖေ့စ်ဘုတ်လူမှုကွန်ရက်ပေါ်တွင် အားပေးသူ ဖော်လိုဝါ ၁ ဒသမ ၇ သန်းအထိ ရရှိထားသည်။

ထို့ကြောင့် လူမှုကွန်ရက်ပေါ် ပရိသတ်လွှမ်းမိုးနိုင်မှုအပြင် ပိုးလမ်းမစီမံကိန်း BRI နှင့် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ CMEC ထဲ ပါဝင်သည့် စီမံကိန်းများအတွက် အကျိုးစီးပွား ဆက်နွှယ်မှုများနှင့် လုပ်ပိုင်ခွင့်များလည်း ပါဝင်ပတ်သက်နိုင်ကြောင်း သုံးသပ်ပြောဆိုမှုများလည်း ရှိနေသည်။

“မင်းအောင်လှိုင် တရုတ်သွားပြီးတော့ ပြန်သဘောတူလာတဲ့ မူဆယ်-မန္တလေး ရထားလမ်းဖောက်မယ် ဆိုတာ ဖြစ်နိုင် မဖြစ်နိုင်ပေါ့။ သူဖြတ်လာမယ့် လမ်းကြောင်းက လက်နက်ကိုင်တပ်တွေ ထိန်းချုပ်ထားတဲ့ တိုက်ပွဲဖြစ်နေတဲ့ နယ်မြေမှာ ရှိတာ။ ဒါကို ဆိုရှယ်မီဒီယာပေါ် ဆိုက်ဝါးလုပ်ပြီး စစ်ကောင်စီကပဲ တရားဝင် လုပ်ခွင့်ရှိသလို ဝါဒဖြန့်ကြမှာလို့ မြင်တယ်။ ပြည်သူကတော့ ဒုက္ခထပ်ခံရဦးမှာ”ဟု အဆိုပါ တက်ကြွလှုပ်ရှားသူ လူငယ်အမျိုးသားက ဆက်ပြောသည်။

စစ်ခေါင်းဆောင်သည် ဩဂုတ်လ ၃၀ ရက်မှ စက်တင်ဘာ ၆ ရက်အထိ တရုတ်ခရီးစဉ်အတွင်း တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် တွေ့ဆုံခဲ့စဉ် ပိုးလမ်းမစီမံကိန်း OBOR/BRI နှင့် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ CMEC ၌ ပါဝင်သည့် စီမံကိန်းများကို အရှိန်အဟုန် မြှင့်တင်ရေး၊ သဘာဝ သယံဇာတနှင့် ကုန်သွယ်မှု ပူးပေါင်းဆောင်ရွက်ရေး၊ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးတို့ကို ဆွေးနွေးခဲ့သည်။

အလားတူ တရုတ်-မြန်မာ စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံစဉ် မူဆယ်မြို့မှ မန္တလေးမြို့သို့ ချိတ်ဆက်ဖောက်လုပ်မည့် မန္တလေး-မူဆယ် မီးရထားလမ်းသည် တရုတ်နိုင်ငံတွင် ဆောက်လုပ်နေသည့် ပေကျင်း-ကူမင်း-ရွှေလီ အမြန်ရထားလမ်းပိုင်းနှင့် ချိတ်ဆက်မည်ဟု စစ်ခေါင်းဆောင်က ပြောဆိုခဲ့သည်။

စစ်ခေါင်းဆောင်၏ တရုတ်ခရီးစဉ်အတွင်း တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံအကြား နားလည်မှုစာချွန်လွှာ (MoU) ခုနစ်ခု ရေးထိုးခဲ့ပြီး ထိုထဲတွင် သတင်းမီဒီယာကဏ္ဍ၊ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေး၊ အသေးစားနှင့် အလတ်စား စီးပွားရေး၊ ဓာတုထုတ်ကုန်နှင့် စွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးတို့ ပါဝင်ကြောင်း ISP-Myanmar မှ ယမန်နေ့တွင် ဖော်ပြထားသည်။





#သျှမ်းသံတော်ဆင့်



#ပိုးလမ်းမစီမံကိန်း

တာချီလိတ်မြို့ ဝင်၊ထွက် စစ်ကော်မရှင် စစ်ဆေးရေးဂိတ် ငွေညစ်တောင်းခံနေ စိုင်းဆိုင်အိုက်၊ စက်တင်ဘာလ ၁၈ ရက် သျှမ်ပြည် အ‌ရှေ့ပ...
18/09/2025

တာချီလိတ်မြို့ ဝင်၊ထွက် စစ်ကော်မရှင် စစ်ဆေးရေးဂိတ် ငွေညစ်တောင်းခံနေ

စိုင်းဆိုင်အိုက်၊ စက်တင်ဘာလ ၁၈ ရက်

သျှမ်ပြည် အ‌ရှေ့ပိုင်း တာချီလိတ်မြို့ အဝင်အထွက်ရှိ စစ်ကော်မရှင် စစ်ဆေးရေးဂိတ်တွင် ငွေညစ် တောင်ခံ နေကြောင်း သိရသည်။

ပြီးခဲ့သည့် သြဂုတ်လ တတိယပတ်မှ စပြီး တာချီလိတ်မြို့ အဝင်၊ အထွက်ရှိ မယ်ယန်း စစ်ကော်မရှင် စစ်ဆေးရေး ဂိတ်တွင် ခရီးသည်တင်ယာဉ်နှင့် ကုန်တင်ယာဉ်များကို ငွေညစ်တောင်းခံနေကြောင်း အသက် ၃၀ ဝန်းကျင်‌ကားသမားတစ်ဦးက သျှမ်းသံတော်ဆင့်ကို‌ပြောသည်။

“အဲ့ တာချီလိတ်အဝင်၊ အထွက်ဂိတ်မှာက သူတို့ဒီ ကုန်ပစ္စည်းတွေပေးမတင်တဲ့ နောက်ပိုင်း စစ်တာကြမ်း လာတယ်။ပြီးတော့ ငွေတွေညစ်တောင်းတာ။ကျနော်က ၁ သိန်းခွဲလောက်ပေးလိုက်ရတယ်။အရင်က အဲ့လောက်ထိ မပေးရဘူး။အခုက ကုန်ပစ္စည်းတွေတောင် သိပ်ပေးမတင်ချင်ဘူး။”ဟု အသက် ၃၀ ဝန်းကျင်‌ကားသမားတစ်ဦး ကပြောသည်။

လက်ရှိ အချိန်ထိ ကုန်ပစ္စည်းများကို ယခင်ကဲ့သို့အလွယ်တကူ တင်ဆောင်သွားလာနိုင်ခြင်းမရှိသေးသည့် အတွက် ကားသများအချို့ ရပ်နားထားရကြောင်း ၎င်းက ဆက်ပြောသည်။

“ကုန်ပစ္စည်းတွေက အရင်လိုတင်လို့ မရတော့ လူကိုပဲအဓိကတင်ရတယ်။တာချီလိတ်ဖက်က နေတောင်ကြီး မိုင်းရှူးသွားတဲ့လူက ပါးတယ် သိပ်မရှိ၊ ကုန်တွေလည်း မတင်ရတော့ တချို့ကနားတောင် နားထားရတယ်။ကုန်ပစ္စည်းတွေကို ဒီနှစ်ကုန်မှ ပြန်ပေးတင်မယ်ပြောတာပဲ မသေချာပါဘူး။”ဟု အသက် ၃၀ ဝန်းကျင်‌ကားသမားတစ်ဦးကပြောသည်။

ပြီးခဲ့သည့် ၂၀၂၅ ဇွန်လဆန်းပိုင်းမှ စတင်ပြီး သျှမ်းပြည် အတွင်းရှိ စစ်ကော်မရှင် စစ်ဆေးရေး ဂိတ်များတွင် ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံထုတ် စားသောက်ကုန်ပစ္စည်းများကို အဓိကထားပြီး စစ်ဆေးကာ တင်သွင်းခွင့်များလည်း ပိတ်ပင်ထားခဲ့သည်။

ပြီးခဲ့သည့် သြဂုတ်လတွင် နိုင်ငံခြားသုံးငွေ ကြီးကြပ်မှုကော်မတီ၏ လမ်းညွှန်ချက်အရ ကုန်ပစ္စည်း ၃၅ မျိုးကို နယ်စပ်ဂိတ်၊ ပင်လယ်ရေကြောင်းဂိတ်များမှစ၍ တင်သွင်းခွင့် ယာယီ ထပ်မံ ပိတ်လိုက်ကြောင်း ကြေညာပြီးနောက် သျှမ်းပြည် အတွင်းရှိ စစ်ကော်မရှင် စစ်ဆေးရေးဂိတ် နေရာတော်တော်များများတွင် စစ်ဆေးမှု တင်းကြပ်လာပြီး ငွေညှစ်တောင်ခံမှုများ လာကြောင်း သိရသည်။





#သျှမ်းသံတော်ဆင့်



#တာချီလိတ် #စစ်ကော်မရှင် #ငွေညှစ်

ကလော စစ်တပ်ဟောင်းပိုင်မြေဟုဆိုပြီး အိမ်ခြေ ၃၀ ကျော်ဖယ်ရှားခိုင်းစိုင်းဟန်လင်း၊ ၂၀၂၅ စက်တင်ဘာလ ၁၈ ရက် သျှမ်းပြည်တောင်ပိုင...
18/09/2025

ကလော စစ်တပ်ဟောင်းပိုင်မြေဟုဆိုပြီး အိမ်ခြေ ၃၀ ကျော်ဖယ်ရှားခိုင်း

စိုင်းဟန်လင်း၊ ၂၀၂၅ စက်တင်ဘာလ ၁၈ ရက်

သျှမ်းပြည်တောင်ပိုင်း ကလောမြို့ အမှတ် (၃) ရပ်ကွက်ရှိ ပြည်သူပိုင်မြေ များကို စစ်တပ်ဟောင်း အမည်ပေါက်သည်ဟုဆိုကာ အိမ်ခြေ ၃၀ ကျော်ကို ဖယ်ရှားခိုင်းနေကြောင်း ဒေသခံများက ပြောသည်။

ကလောမြို့ အမှတ် (၃) ရပ်ကွက်ရှိ စစ်တပ်ဟောင်းနယ်မြေ နေရာအတွင်း ကျူးကျော်ပြီး ကျော်တိုင်ခြံစည်းရိုး ကာရံထားသည့် အကွက်ပေါင်း (၁၀) ကွက်နှင့် အဆောက်အဦ ဆောက်လုပ် အသုံးပြုထားသော အကွက်ပေါင်း (၂၆) ကွက် စုစုပေါင်း (၃၆) ကွက်ရှိသည်ဟု ပြီးခဲ့သည့် စက်တင်ဘာလ ၁၄ ရက်နေ့တွင် မြို့နယ်အုပ်ချုပ်ရေးမှူးက ဒေသခံများကို အစည်းအဝေးခေါ်ပြီး ပြောကြားခဲ့ကြောင်း သိရသည်။

ထိုအစည်းအဝေးတွင် မြို့နယ်ရဲမှူးက “အပေါ်ကအစိုးရအဖွဲ့ကနေ ဆုံးဖြတ်ပြီးမှ ဒီလိုဆောင်ရွက်ပါလို့ ကျနော်တို့ကို အကြောင်းကြားလာတာ။ ဒီအကြောင်းကြားတဲ့ဟာကို ခင်ဗျားတို့ လိုက်နာရမှာ။ မလိုက်နာရင်တော့ ဥပဒေရှိတယ်” ဟု ဒေသခံများကို ခြိမ်းခြောက်ပြောဆိုခဲ့သည်။

ထို့ပြင် သျှမ်းပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ကျူးကျော်ဝင်ရောက် နေထိုင်သူများအား ယခုစက်တင်ဘာလအကုန်တွင် ဖြိုဖျက်ပေးရမည်ဖြစ်ကြောင်း၊ မဖြိုဖျက်ပါက ၎င်းတို့မှ ဘတ်ဖိုး ( ဘော်ဒိုဇာ) ဖြင့် လာရောက်ဖြိုဖျက်မည် ဖြစ်ကြောင်း ၎င်းက ပြောသည်။

“အစိုးရခိုင်းရင် လုပ်ရမှာပဲ။ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာပါတဲ့ လေထု၊ မြေထု၊ ရေထုအားလုံး နိုင်ငံတော်က ပိုင်တယ်” ဟု အစည်းအဝေးတွင် မြို့နယ်ရဲမှူးက ပြောကြားခဲ့သည်။

သို့သော် ထိုနေရာတွင် ဒေသခံများ နေထိုင်ခဲ့သည်မှာ မိဘများလက်ထက်မှ ယနေ့ထိ နှစ်ပေါင်း (၅၀) ကျော်ရှိပြီး မြို့မြေခွန်၊ စည်ပင်ခွန် ပေးဆောင်လျက်ရှိသကဲ့သို့ သစ်တောကင်းလွတ်ခွင့် အထောက်အထားများ ရှိကြောင်း ကလောမြို့ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“မြို့မြေကို ကလောထွေအုပ် ခရိုင်မှူးက မြေစာရင်းနဲ့ပေါင်းပြီး လုပ်နေတာပါ။ ဒေသခံတွေက နေထိုင်နေတာ နှစ်ပေါင်း ၅၀ ကျော်နေပါပြီ၊ ကျူးကျော်လို့ စွပ်စွဲပြီး မတရားဖျက်ဖို့ လုပ်နေတာပါ။ ဒေသခံတွေကိုလည်း လက်မှတ်အတင်း ထိုးခိုင်းနေတယ်၊ ဘယ်သူမှ မထိုးကြဘူး” ဟု ကလောမြို့ဒေသခံတစ်ဦးက ပြောသည်။

လက်ရှိ မြေပြင်တွင် ဆောက်လုပ်နေထိုင်လျက်ရှိသော ဒေသခံများ၏ အဆောက်ဦးများကို ဖြိုဖျက်ရှင်းလင်း၍ စနစ်တကျ ပြန်လည်ကွက်စိပ်ရိုက် ဖော်ထုတ်ထားရှိသည့် (၆၀x၄၀) ပေရှိ မြေ ၁ ကွက်စီအား အစားပေး နေရာချထားပေးမည်ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့က သတ်မှတ်ထားကြောင်း သိရသည်။

“ရှင်းရှင်းပြောရရင် ဥပဒေအရ ခင်ဗျားတို့ကို မောင်းထုတ်ရလို့ရတယ်၊ ဒါဥပဒေပဲ။ ခင်ဗျားတို့ ပိုင်နက်တွေ လုံးဝမဟုတ်ဘူး။ ဒါက နိုင်ငံတော်ရဲ့ စီမံခန့်ခွဲမှုအရ လုပ်ပိုင်ခွင့်ရှိတဲ့ မြေလို့ မြေစာရင်းမြေပုံမှာ အဲ့အတိုင်းပေါ်နေတယ်။ ဟောဒီ မြေစာရင်းမြေပုံမှာ ပေါ်နေတဲ့ဟာလည်း အစိုးရအဖွဲ့ ကပ်ဘိနက် ရောက်သွားပြီဖြစ်တဲ့အတွက် ခင်ဗျားတို့ကို လူသားချင်းကိုယ်ချင်းစာတဲ့အတွက် သူတို့ဆန္ဒလေးကို မေးပေးပါဆိုလို့ မေးရခြင်းဖြစ်တယ်” ဟုလည်း မြို့နယ်ရဲမှူးက ပြောကြားခဲ့သည်။

စစ်တပ်ဟောင်းမြေနေရာနှင့် ပတ်သက်ပြီး မိမိတို့အနေဖြင့် မြေစာရင်းဦးစီးဌာနတွင် မှတ်သားထားရှိသည့် မြေကြီးမြေပုံအရနှင့် မြေဧရိယာအတွင်းကိုသာ စိစစ်ဆောင်ရွက်ခွင့် ရှိကြောင်း၊ အဆိုပါ မြေကြီးမြေပုံ မြေဧရိယာကို ကျော်လွန်၍ ဆောင်ရွက်ခွင့် မရှိကြောင်း ဆိုသည်။

ကလောမြို့ အိမ်ခြံမြေရောင်းဝယ်သူတစ်ဦးက “သူတို့ သတ်မှတ်ရက်နဲ့ ဖယ်ပေးရမယ်လို့ ပြောတယ်။ လျော်ကြေး ဘာညာပေးမယ်လို့ ပြောတာပဲ၊ ဒါပေမယ့် အဲ့ဒါလည်း သူတို့ပေးချင်မှ ရတာ။ အဲ့မြေက စစ်ဦးစီးနဲ့နီးတော့ လုပ်ချင်သလို လုပ်နေတာ” ဟု ပြောသည်။

ဒေသခံအများစုသည်လည်း မိမိတို့ လက်ရှိနေထိုင်သော နေရာကို သိမ်းဆည်းခြင်း လက်မခံကြောင်း ပြောသည်။

“အမေတို့လက်ထက်ကတည်းက အခုအချိန်ထိ နေလာတာ နှစ်ပေါင်း ၅၀ ကျော်နေပြီ။ မြို့မြေခွန်၊ စည်ပင်ခွန်လည်း အမြဲတမ်း ပေးနေတာပဲ၊ အခုမှ ကျမတို့နေတဲ့နေရာကို လာသိမ်းမယ်ဆိုတော့ လက်မခံနိုင်ဘူး” ဟု ကလောမြို့ဒေသခံ အမျိုးသမီးတစ်ဦးကလည်း ပြောသည်။

လက်ရှိ ဖယ်ရှားခိုင်းသည့် နေရာများတွင် စစ်တပ်ဟောင်းနယ်မြေပေါက်၍ ဖယ်ရှားခိုင်းသည်ဟု ဆိုသော်လည်း လက်တွေ့တွင် အိမ်ရာစီမံကိန်း ဆောက်လုပ်ရန်အတွက် ဖယ်ရှားခိုင်းခြင်း ဖြစ်နိုင်ကြောင်း ဒေသခံအချို့က ပြောဆိုနေကြသည်။

မြို့ပတ်ဝန်းကျင်တစ်ခုလုံးကို စိမ်းလန်းသည့် ထင်းရှူးတောများဖြင့် ဖုံးလွှမ်းထားသည့် ကလောမြို့တွင် လွန်ခဲ့သည့် ၅ နှစ်ခန့်မှစ၍ မြို့ခံငွေကြေး ချမ်းသာသူများအပါအဝင် နိုင်ငံတဝန်း စီးပွားရေးလုပ်ငန်းရှာများက လှပသော ထင်းရှူးပင်များအကြား အိမ်ရာစီမံကိန်း ဖော်ဆောင်ရန်အတွက် မျက်စိကျလာခဲ့ကြောင်း ဒေသခံများက ပြောသည်။

စစ်အာဏာသိမ်းပြီးသည့် ၂၀၂၁ ခုနှစ်မှစ၍ ကလောမြို့ ပတ်ဝန်းကျင်နှင့် နေရာအစုံတွင် အိမ်ရာစီမံကိန်း ၃၀ ခုထက်မနည်း ရှိလာနေကြောင်း ဒေသခံများ၏ ပြောပြချက်အရသိရသည်။





#သျှမ်းသံတော်ဆင့်



#ကလော #စစ်တပ်ပိုင်မြေဟောင်း #စစ်တပ်မြေသိမ်း

ထိုင်း-မြန်မာနယ်စပ်မှ သယ်ဆောင်လာသည့် စိတ်ကြွဆေးပြား ငါးသန်းကျော်ကို ချင်းမိုင်ခရိုင်တွင် ဖမ်းမိသျှမ်းသံတော်ဆင့်၊ ၂၀၂၅ စက...
18/09/2025

ထိုင်း-မြန်မာနယ်စပ်မှ သယ်ဆောင်လာသည့် စိတ်ကြွဆေးပြား ငါးသန်းကျော်ကို ချင်းမိုင်ခရိုင်တွင် ဖမ်းမိ

သျှမ်းသံတော်ဆင့်၊ ၂၀၂၅ စက်တင်ဘာလ ၁၈ ရက်

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်ခရိုင် မယ့်တျန် (Mae Taeng) မြို့နယ်တွင် စိတ်ကြွဆေးပြား ငါးသန်းနှစ်သိန်း (၅,၂၀၀,၀၀၀) ပြားကို လူငယ် ၃ ဦးနှင့်အတူ ဖမ်းဆီးရမိကြောင်း ထိုင်းသတင်းဌာနက ဖော်ပြသည်။

ယမန်နေ့ စက်တင်ဘာလ ၁၇ ရက် နံနက် ၂ နာရီကျော်အချိန်တွင် ချင်းမိုင်ခရိုင် မယ့်တျန် (Mae Taeng) မြို့နယ် ဆုပ်ပိန်း (Sop Peng) ရွာရှိ လမ်းမကြီးပေါ်တွင် ထိုင်းအာဏာပိုင်းများက ချင်းမိုင်နံပါတ်ပြား အဖြူရောင် ပစ်ကပ်ထရပ်ကား ၂ စီးကို ကြားဖြတ်ဖမ်းမိခဲ့ခြင်း ဖြစ်သည်။

အဆိုပါကား ၂ စီးအတွင်း ချင်းတောင်း (Chiang Dao) ခရိုင်မှ အသက် ၂၄ နှစ်ခန့်အရွယ် လူငယ် ၃ ဦးကို ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ထိုကား ၂ စီးအနက် တစ်စီးတွင် ဆာလအိတ်၂၆ အိတ်ဖြင့် ထုပ်ပိုးထားသည့် မက်သာဖက်တမင်း စိတ်ကြွဆေးပြား စုစုပေါင်း ငါးသန်းနှစ်သိန်း (၅,၂၀၀,၀၀၀) ပြားကို သိမ်းဆည်းရမိခြင်းဖြစ်ကြောင်း ထိုင်းသတင်းဌာနတွင် ရေးသားဖော်ပြထားသည်။

စစ်ဆေးချက်များအရ ဖမ်းဆီးရမိသည့် စိတ်ကြွဆေးပြားများသည် ထိုင်း-မြန်မာနယ်စပ် ချင်းမိုင်ခရိုင် Wiang Haeng မြို့နယ်မှ သယ်ဆောင်လာခြင်းဖြစ်ကြောင်း သိရသည်။





#သျှမ်းသံတော်ဆင့်

#မူးယစ်ဆေး #ထိုင်းနိုင်ငံ #ချင်းမိုင်ခရိုင်

မူဆယ်မြို့အတွင်း လိုက်လံဓားပြ လုယက်နေသည့် ခြောက်ဦးကို ဖမ်းမိ  စိုင်းဆိုင်အိုက်၊၂၀၂၅ စက်တင်ဘာလ ၁၈ ရက် သျှမ်းပြည် မြောက်ပိ...
18/09/2025

မူဆယ်မြို့အတွင်း လိုက်လံဓားပြ လုယက်နေသည့် ခြောက်ဦးကို ဖမ်းမိ

စိုင်းဆိုင်အိုက်၊၂၀၂၅ စက်တင်ဘာလ ၁၈ ရက်

သျှမ်းပြည် မြောက်ပိုင် မူဆယ်မြို့အတွင်း လိုက်လံ ဓားပြတိုက် ခိုးဆိုးလုယက်နေသည့် အမည်မသိ လက်နက်ကိုင် အဖွဲ့ဝင်ခြောက် ဦးကို ဖမ်းဆီးမိခဲ့ကြောင်း သတင်းရရှိသည်။

ယမန်နေ့ (စက်တင်ဘာလ ၁၇ ရက်) ည ၉ နာရီဝန်းကျင်တွင် မူဆယ်မြို့ ဟိုမွန်ရပ်ကွက် ၄၅ ကုန်းတွင် မြို့အတွင်း လိုက်လံ ဓားပြတိုက် ခိုးဆိုးလုယက်နေသည့် အမည်မသိ လက်နက်ကိုင်အဖွဲ့ဝင် ရှစ် ဦးရှိသည့်အနက် ခြောက်ဦးကို ပြည်သူ့စစ်အဖွဲ့တစ်ဖွဲ့က ဝင်ရောက် ဖမ်းဆီးခဲ့ကြောင်း မူဆယ်မြို့ဒေသခံ အမျိုးသာတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“နှစ်ယောက်ကတော့ လွှတ်နေတုန်း။ခြောက်ယောက်ပဲ ဖမ်းမိသေးတယ်။သူတို့ ရှိနေတဲ့ အိမ်ကို ဝင်ဖမ်းတာ။ ကျန် နှစ်ယောက်ကို လိုက်ဖမ်းနေတုန်း။ ပြည်သူ့စစ်တွေက ဝင်ဖမ်းတယ် ဘယ်အဖွဲ့ ဝင်ဖမ်းလဲတော့ သေချာမသိရသေးဘူး“ ဟု မူဆယ်မြို့ဒေသခံ အမျိုးသားတစ်ဦးကပြောသည်။

ထိုအမည်အသိ လက်နက်ကိုင် အဖွဲ့ဝင် ရှစ်ဦးရှိသည့်အနက် ခြောက်ဦးကို ပြည်သူ့စစ်အဖွဲ့တစ်ခုက ဝင်ရောက်ဖမ်းဆီးခဲ့ပြီး လက်နက်များ နှင့် အတူ ဖမ်းဆည်းရမိခဲ့ ကြောင်း သိရသည်။

မူဆယ်မြို့သည် မြန်မာ-တရုတ်နယ်စပ်ဒေသဖြစ်သကဲ့သို့ စစ်ရေးပဋိပက္ခ မဖြစ်ပွားသည့်ဒေသဖြစ်ပြီး၊ လက်ရှိအချိန်ထိ စစ်ကောင်စီ ၏လက်အောက်ခံ ဌာနများ လည်ပတ်နေဆဲမြို့ဖြစ်သည်။

မူဆယ်မြို့၏ ဘေးပတ်ပတ်လည်တွင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ လှုပ်ရှားနေသကဲ့သို့ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့များဖြစ်သည့် ကောင်းခါးပြည်သူ့စစ်၊ မြို့မပြည်သူ့စစ်၊ ပန်းဆေးပြည်သူ့စစ်၊ လုံထန်ပြည်သူ့စစ်၊ ပိန်းဆာ ပြည်သူ့စစ်၊ မန်ဂျယ် ပြည်သူ့စစ်၊ စိန်ကျော့ပြည်သူ့စစ်၊ မန်ပြိန်း ပြည်သူ့စစ်၊ ရှောက်ဟော် ပြည်သူ့စစ်၊ တာမိုးညဲ ပြည်သူ့စစ်၊ မုံးပေါ် ပြည်သူ့စစ် အပြင် အဖွဲ့ပေါင်း ၁၅ဖွဲ့ထက်မနည်း လှုပ်ရှားကြောင်း သိရသည်။





#သျှမ်းသံတော်ဆင့်



#မူဆယ် #ဓားပြတိုက်သူ

17/09/2025

ဒေသတွင်း သတင်းဌာနပုံစံကို တုပပြုလုပ်ပြီး သတင်းအမှားဖြန့်

၂၀၂၅ စက်တင်ဘာလ ၁၇ ရက်

Fact-check _ခမ်းသားငေါဝ်း/ သျှမ်းသံတော်ဆင့်/ The Red Flag/ MFCN

ရှမ်းပြည်အခြေစိုက်သတင်းဌာန တခုဖြစ်သည့် သျှမ်းသံတော်ဆင့်သတင်းဌာန၏ သတင်းပုံစံကို တုပပြုလုပ်ပြီး လုပ်ကြံဖန်တီးကာ သတင်းအမှားများ ဖြန့်ချိနေပါသည်။

အဆိုပါသတင်းအမှားများကို “ရှမ်းပြည်နယ်ဖက်ဒရယ် ဒီမိုကရေစီသတင်းစုံ” ဆိုသည့် စာမျက်တခုမှ စက်တင်ဘာလ ၁၆ ရက်နေ့တွင် ဖြန့်ဝေထားခြင်း ဖြစ်သည်။

၎င်းက “TNLA အရာရှိကြီးများတချို့ ကျောင်းနေအရွယ် ကလေးငယ်တွေကို အသုံးချပြီး မူးယစ်ဆေးများ သယ်ယူပို့ဆောင်ခိုင်းနေကြောင်း စစ်ဆေးတွေ့ရှိ” ဟု (မူရင်း) နှင့် “TNLA ဖောက်ခွဲခဲ့သည့် ဂုတ်ထိပ်တံတားကို စစ်ကော်မရှင်ဝန်ကြီး သွားကြည့်၊ ဒေသခံများကို ရထားသံလမ်း သန့်ရှင်းရေး လုပ်အားပေးခိုင်း” ဟု (မူရင်း) ဆိုကာ အကြောင်းအရာတွေကို သျှမ်းသံတော်ဆင့် သတင်းဌာနမှ ဖြန့်ဝေထားသည့်ပုံစံဖြင့် တုပပြုလုပ်ဖြန့်ဝေထားသည်။

အဆိုပါအကြောင်းအရာကို စစ်တပ်လော်ဘီ စာမျက်နှာတချို့ကပါ ကော်ပီယူတင်ပြီး ပြန်လည်ဖြန့်ဝေ နေကြသည်ကို တွေ့ရသည်။ ထိုအကြောင်းအရာသည် ပျံ့နှံ့မှုအားကောင်းနေပြီး ရှမ်းနှင့် တအာင်း တို့အကြား လူမျိုးရေးပဋိက္ခ ဖန်တီးနေခြင်း ဖြစ်သည်။

ဖြန့်ဝေထားသည့် လင့် - https://archive.ph/9Thl6
ဖြန့်ဝေထားသည့် လင့် - https://archive.ph/FNEc0

အချက်အလက်စိစစ်ချက်

လူမူမီဒီယာဖေ့ဘွတ်ခ်ပေါ်မှ ပျံ့နှံ့လာသော အဆိုပါအကြောင်းအရာကို MNFC အဖွဲ့ဝင် သျှမ်းသံတော်ဆင့်နှင့် ခမ်းသားငေါဝ်း သတင်းဌာတို့၏ အချက်အလက်စစ်ဆေးသူများက စိစစ်ခဲ့ရာ လုပ်ကြံဖန်တီးထားသော သတင်းအမှား ဖြစ်နေကြောင်း စိစစ်တွေ့ရှိခဲ့သည်။

စစ်ဆေးတွေ့ရှိအချက်အရ “TNLA အရာရှိကြီးများတချို့ ကျောင်းနေအရွယ် ကလေးငယ်တွေကို အသုံးချပြီး မူးယစ်ဆေးများ သယ်ယူပို့ဆောင်ခိုင်းနေကြောင်း စစ်ဆေးတွေ့ရှိ” ဟု ဆိုသည့် အကြောင်းအရာသည် လွတ်လပ်သည့် သတင်းမီဒီယများတွင် ဖော်ပြထားခြင်း လုံးဝမတွေ့ရပေ။

ဖြန့်ဝေထားသည့်အကြောင်းအရာတွင် အသုံးပြုထားသော ဓာတ်ပုံကို Reverse Image Search ဖြင့် ရှာဖွေကြည့်သည့်အခါ ပြီးခဲ့သော ၂၀၂၅ ခုနှစ် စက်တင်ဘာလ ၁၅ ရက်နေ့က စစ်ကော်မရှင် လက်အောက်ခံ မူးယစ်/ ရဲတပ်ဖွဲ့ (CCDAC Myanmar) မှ ဖော်ပြထားသည့် မူးယစ်ဆေးဖမ်းဆီးမှု ဖြစ်စဉ်တခုမှ ဓာတ်ပုံဖြစ်နေသည်။
CCDAC Myanmar - https://archive.ph/ksN1Z

အဆိုပါအကြောင်းအရာကို သျှမ်းသံတော်ဆင့်သတင်းဌာနတွင် “စစ်ကော်မရှင်ထိန်းချုပ် လားရှိုးမြို့ ဒေသခံတစ်ဦးထံ စိတ်ကြွဆေးပြား လေးထောင်ကျော် ဖမ်းမိ” ဟု ၂၀၂၅ ခုနှစ် စက်တင်ဘာလ ၁၆ ရက်နေ့တွင် ရေးသားဖော်ပြထားသည်။
သျှမ်းသံတော်ဆင့်သတင်းဌာနမှ ဖော်ပြထားသော သတင်း - https://shorturl.at/LYFSx

အလားတူ “TNLA ဖောက်ခွဲခဲ့သည့် ဂုတ်ထိပ်တံတားကို စစ်ကော်မရှင်ဝန်ကြီး သွားကြည့်၊ ဒေသခံများကို ရထားသံလမ်း သန့်ရှင်းရေး လုပ်အားပေးခိုင်း” ဟု ဆိုသည့် အကြောင်းအရာကို စိစစ်ကြည့်သည့် အခါမှာလည်း လုပ်ကြံဖန်တီးထားသော သတင်းအမှား ဖြစ်ကြောင်း စိစစ်တွေ့ရှိခဲ့သည်။

ရှမ်းပြည် ကျောက်မဲနှင့် နောင်ချိုမြို့ကြားရှိ ကမ္ဘာကျော် ဂုတ်ထိပ်တံတား၏ မိုင်းခွဲဖျက်ဆီးခံ ထားရသည့် အစိတ်အပိုင်းများကို ပြန်လည်ပြင်ဆင်ရန် ၂၀၂၅ ခုနှစ် စက်တင်ဘာလ ၁၅ ရက်နေ့က စစ်ကော်မရှင် ဝန်ကြီး သွားရောက်ကြည့်ရှုခဲ့ကြောင်း သျှမ်းသံတော်ဆင့်သတင်းဌာနက ရေးသားဖော်ပြထားသည်။

သျှမ်းသံတော်ဆင့်သတင်းဌာနမှ ဖော်ပြထားသော သတင်း - https://shorturl.at/9zU4E

သို့သော် ​​မိုင်းခွဲဖျက်ဆီးခံထားရသည့် ဂုတ်ထိပ်တံတားနှင့် ပတ်သက်၍ TNLA က ဖောက်ခွဲခဲ့သည်ဟု သျှမ်းသံတော်ဆင့်သတင်းဌာနတွင် ထည့်သွင်းရေးသားဖော်ပြခြင်း လုံးဝမရှိပါ။

ကျောက်မဲမြို့နယ် နောင်ပိန်တိုက်နယ်အတွင်း TNLA ပူးပေါင်းတပ်နှင့် စစ်ကော်မရှင်တပ်တို့ မြေပြင်ထိတွေ့တိုက်ပွဲ ပြင်းထန်နေစဉ် ပြီးခဲ့သည့် ဩဂုတ်လ (၂၄) ရက်တွင် ဂုတ်ထိပ်တံတား မိုင်းခွဲဖျက်ဆီးခံရပြီး ပေ (၃၀) ခန့် ကျိုးကျပျက်စီးသွားခြင်းဖြစ်သည်။

အဆိုပါ တံတားမိုင်းခွဲဖျက်ဆီးခံရသည့် အကြောင်းနှင့် ပတ်သက်၍ စစ်ကော်မရှင်နှင့် TNLA တို့အကြား နှစ်ဘက်အပြန်အလှန် စွပ်စွဲထားကြသည််။

ဂုတ်ထိပ်တံတား မိုင်းခွဲဖျက်ဆီးခံရပြီးနောက် နောက်ဆက်တွဲတွင် သက်သေအတုများ ဖန်တီးကာ သတင်းအမှား ဖြန့်ဝေနေမှုများလည်း ရှိသည်။ ထိုအကြောင်းအရာကို MFCN အဖွဲ့ဝင် ခမ်းသားငေါဝ်းသတင်းဌာနက စိစစ်ထားပါသည်။

ဂုတ်ထိပ်တံတားကို မိုင်းခွဲရန် ပြင်ဆင်နေဆိုပြီး သက်သေအတုဖြင့် သတင်းအမှားဖြန့် - https://shorturl.at/4JZc8

သုံးသပ်ချက်

အထက်ပါ အချက်အလက်များနှင့် စိစစ်ကြည့်လိုက်သောအခါ “ရှမ်းပြည်နယ်ဖက်ဒရယ် ဒီမိုကရေစီသတင်းစုံ” မှ ဖြန့်ဝေထားသော အကြောင်းအရာသည် ဒေသတွင်း သတင်းမီဒီယာဖြစ်သည့် သျှမ်းသံတော်ဆင့်သတင်းဌာ၏ သတင်းပုံစံကို တုပပြုလုပ်ပြီး လုပ်ကြံဖန်တီးထားသည့် သတင်းအမှားဖြစ်ကြောင်း စိစစ်တွေ့ရှိခဲ့သည်။

ရှမ်းပြည်နယ် ဖက်ဒရယ်ဒီမိုကရေစီ သတင်းစုံဆိုသည့် နာမည်ဖြင့် ဖွင့်လှစ်ထားသည့် စာမျက်နှာသည် လူမျိုးရေး ပဋိက္ခဖြစ်ပွားစေနိုင်သည့် အကြောင်းအရာတွေကို ဖြန့်ဝေဝါဒဖြန့်နေသည့် ဒီမိုကရေစီ အယောင်ဆောင် စာမျက်နှာတခုဖြစ်ပြီး စာမျက်နှာကိုထိန်းချုပ်ထားသည့် Admin အကောင့် ၁ ခုရှိပြီး ထိုင်းနိုင်ငံမှ ထိန်းချုပ်နေခြင်း ဖြစ်သည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၁၃ ရက်တွင်လည်း “ရှမ်းပြည်နယ် ဖက်ဒရယ်ဒီမိုကရေစီ သတင်းစုံ”တွင် သျှမ်းသံတော်ဆင့်သတင်းဌာနမှ ဖြန့်ဝေထားသည့်ပုံစံဖြင့် စစ်ကော်မရှင်၏ ဒရုန်းကြောင့် TNLA သူနာပြုဆရာမ အယောက် ၃၀ ကျဆုံးသွားသည်ဟု ဆိုကာ သတင်းအမှားဖြန့်ချိခဲ့ဖူးသည်။

စစ်ကော်မရှင်၏ ဒရုန်းကြောင့် TNLA သူနာပြုဆရာမ အယောက် ၃၀ ကျဆုံးသွားသည်ဆိုသည့် သတင်းအမှား - https://shorturl.at/vpo1p

စာဖတ်သူများအနေဖြင့် သတင်းတု/သတင်းမှား ဖြစ်သည်ဟု သံသယရှိသည် ဖြစ်စေ၊ မှန်ကန်သည့်သတင်း ဟုတ်/ မဟုတ် အတည်ပြု မေးမြန်းလိုသည် ဖြစ်စေ Fact-checking ပြုလုပ်ပေးသည့် သတင်းဌာန၊ အဖွဲ့အစည်းများ၏ Chat Box မှတစ်ဆင့် သွားရောက်မေးမြန်းကြရန် တိုက်တွန်းလိုပါသည်။
Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
Web - https://myanmarfactcheckingnetwork.org/
Fb - https://www.facebook.com/myanmarfactcheckingnetwork

17/09/2025

“မှန်ကန်တဲ့ရှေးဦးသူနာပြုစုနည်းနဲ့ အသက်ကယ်ပါ”

မြေမြှုပ်မိုင်းတစ်မျိုးမျိုး ဒါမှမဟုတ် စစ်ကျန်လက်နက်ပစ္စည်းတစ်ခုခုပေါက်ကွဲပြီး ထိခိုက်ဒဏ်ရာသူကို မှန်ကန်တဲ့ ရှေးဦးသူနာပြုစုနည်းနဲ့ ပြုစု ပေးရပါမယ်။

အရင်ဆုံးတော့ ထိခိုက်မိသူဟာ အသက်ရှူ၊ မရှူ စစ်ဆေးရပါမယ်။

ဒါ့အပြင် လူနာ အသက်ကောင်းကောင်းရှူနိုင်ဖို့ လေပြွန်လမ်းကြောင်း ပိတ်ဆို့မှုမဖြစ်စေဖို့လည်း လုပ်ပေး ရပါမယ်။

ခြေထောက်နဲ့ လက်မှာ ဒဏ်ရာရတယ်ဆိုရင် ဒဏ်ရာကို သန့်စင်တဲ့ရေနဲ့ ဆေးကြောပေးပြီး ပတ်တီး ဒါမှမဟုတ် လွယ်လွယ်ကူကူရနိုင်တဲ့ အဝတ်စတွေနဲ့ ဒဏ်ရာပေါက်ကို ဖိသိပ် စည်းနှောင်ရပါမယ်။ လိုအပ်ရင် သွေးထွက်တာကို ထိန်းဖို့ ချိုင်းနဲ့ ပေါင်ခြံမှာရှိတဲ့သွေးလွှတ်ကြောမကြီးကို ဖိထားရပါမယ်။

လူနာကို ပက်လက်လှန်ထားပြီး ဒဏ်ရာရထားတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်း ဖြစ်တဲ့ လက် (သို့မဟုတ်) ခြေထောက်ကို နှလုံးထက်မြင့်တဲ့နေရာမှာ မြှောက်ထားဖို့လည်း လိုပါတယ်။ ဦးခေါင်းထိခိုက် ဒဏ်ရာရ ထားရင် ငြိမ်အောင်ထားပေးပါ။

အခြေအနေပေးတာနဲ့ လူနာကို အနီးဆုံး ဆေးကုသရာနေရာဆီ အမြန်ဆုံးပို့ဆောင်ရပါမယ်။

တကယ်လို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ မိုင်းလုပ်ငန်းဆောင်ရွက်နေတဲ့အဖွဲ့အစည်းတွေရှိရင် ဆက်သွယ်အကူအညီရယူပါ။



#သျှမ်းသံတော်ဆင့်

17/09/2025

MNDAA နဲ့ စစ်ကော်မရှင် လားရှိုးဒုတိယအကြိမ်တွေ့ဆုံ

စိုင်းဆိုင်လျန် ၊ ၂၀၂၅ စက်တင်ဘာ ၁၇

သျှမ်းပြည် သိန္နီမြို့ထဲကို စစ်ကော်မရှင်လက်အောက်ခံ ဌာနဆိုင်ရာတွေ ပြန်ဝင်မယ်လို့ သတင်းတွေထွက်ပေါ်နေပေမဲ့လည်း သိန္နီမြို့အတွင်း ကိုးကန့်တပ်ဖွဲ့တွေ ပုံမှန်သွားလာမှုရှိနေတယ်လို့ သိရပါတယ်။

လာမဲ့ စက်တင်ဘာ ၁၈ /၁၉ မှာ စစ်ကော်မရှင်လက်အောက်ခံ စည်ပင်သာယာရေးဝန်ထမ်းများ နှင့် ဌာနဆိုင်ရာဝန်ထမ်းတွေက သိန္နီမြို့အတွင်းသို့ ပြန်ဝင်ရောက်လာတော့မယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။

ဒါအပြင် ကိုးကန့်တပ်ဖွဲ့များက ပြန်လည်း ပြုပြင်ရေးလုပ်ငန်းတွေကိုပြုလုပ်နေပြီး ၎င်းအလံကိုလည်း လွှင့်ထူထားဆဲဖြစ်တယ်လို့ သိန္နီမြို့ ဒေသခံတစ်ဦးကတော့ အခုလိုပြောပါတယ်။

နမ့်စန်တွင် အီလက်ထရောနစ်မဲပေးစက် MEVM ဆိုင်ရာ အသိပညာပေး ယုံကြည်မှုနည်းပါးနန်းခမ်းကူ၊ ၂၀၂၅ စက်တင်ဘာလ ၁၇ ရက်သျှမ်းပြည်တောင...
17/09/2025

နမ့်စန်တွင် အီလက်ထရောနစ်မဲပေးစက် MEVM ဆိုင်ရာ အသိပညာပေး ယုံကြည်မှုနည်းပါး

နန်းခမ်းကူ၊ ၂၀၂၅ စက်တင်ဘာလ ၁၇ ရက်

သျှမ်းပြည်တောင်ပိုင်း၊ နမ့်စန်မြို့နယ်တွင် အီလက်ထရောနစ်မဲပေးစက် MEVM ဆိုင်ရာ အသိပညာပေး လုပ်ဆောင်ခဲ့သော်လည်း ပြည်သူများက အဆိုပါ မဲပေးစက်အပေါ် ယုံကြည်မှု နည်းပါးကြကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၁၄ ရက်တွင် နမ့်စန်မြို့ပေါ်နှင့် ပိုင်းဆည်ကျေးရွာအုပ်စု ဈေးကုန်းကျေးရွာတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ဦးဆောင်ပြီး အီလက်ထရောနစ် မဲပေးစက် အသုံးပြုနည်းကို လက်တွေ့လုပ်ဆောင် ပြသခဲ့ပြီး လာရောက်နားထောင်သူ နည်းပါးကာ ထိုစက်အပေါ်လည်း ယုံကြည်မှု နည်းပါးကြကြောင်း ဒေသခံများက ပြောသည်။

“နမ့်စန်မြို့ထဲတော့ တစ်ခါလုပ်ပြီးပြီ၊ မြို့ထဲတော့ လူနည်းတယ်။ ရွာတွေမှာတော့ နေ့တိုင်းကွင်းဆင်းနေတာပဲ။ မဲနဲ့ ပတ်သက်ပြီး အသိပညာပေးတာ အီလက်ထရောနစ်စက်ကို အသုံးပြု မဲပေးတတ်အောင် လာသင်ပေးတဲ့ သဘောပေါ့။ စက်က လုံခြုံမှုကော ရှိရဲ့လားမသိ၊ နောက်ပြီး စက်က အော်တိုလည်းမဟုတ် ကြည့်ပေးမဲ့သူ ရှိမှပဲ ပေးရတာ။ တစ်ခုခုမှားရင် ဘာသက်သေမှ မကျန်ခဲ့ဘူး၊ ပြန်ကြည့်လို့လည်း မရဘူး”ဟု နမ့်စန်ဒေသခံ အသက် ၅၀ အရွယ် အမျိုးသမီးတစ်ဦးက ပြောသည်။

စစ်ကော်မရှင်လက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC မှ လာမည့် ဒီဇင်ဘာလ (၂၈) ရက်တွင် ရွေးကောက်ပွဲ အပိုင်း(၁)ကို စတင်ကျင်းပသွားမည်ဟု ကြေညာထားပြီး တိုင်းနှင့် ပြည်နယ်အလိုက် (၁၀၂)မြို့နယ် စာရင်းထုတ်ပြန်ခဲ့ရာ ထိုထဲတွင် သျှမ်းပြည်မှ (၁၂)မြို့နယ် ပါဝင်သည်။

ထိုသျှမ်းပြည် (၁၂)မြို့ထဲမှ နမ့်စန်မြို့နယ်လည်း ပါဝင်ပြီး နမ့်စန်မြို့ပေါ်နှင့် အနီးပတ်ဝန်းကျင်တွင် စစ်ကော်မရှင်တပ်များနှင့် ၎င်းတို့၏ လက်အောက်ခံ ပြည်သူ့စစ်တပ်များဖြစ်သည့် ပန်လျန်း ပြည်သူ့စစ်၊ မတ်ကျန်း ပြည်သူ့စစ်၊ နားရိုင်း ပြည်သူ့စစ်နှင့် SSS ပြည်သူ့စစ်တို့ ရှိကြပြီး ရွေးကောက်ပွဲကျင်းပသည့် အကြိမ်တိုင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက နမ့်စန်မြို့တွင် အနိုင်ရရှိခဲ့သည်။

“နမ့်စန်မြို့က စစ်တပ်တွေ ပြည်သူ့စစ်တွေနဲ့ ဝိုင်းထားတဲ့မြို့လေ၊ ကြံ့ခိုင်ရေးပါတီပဲ အမြဲတမ်း နိုင်လာခဲ့တာ။ ပြည်သူ့စစ်အားကိုးနဲ့ တပ်ထောက်ခံ အားပေးတဲ့သူတွေကိုက များနေလို့ ထင်တယ်” ဟု နမ့်စန်မြို့ ဒေသခံ အသက် ၃၀ ဝန်းကျင် အမျိုးသမီးက ဆိုသည်။
အလားတူ ပင်လောင်းမြို့နယ်တွင်လည်း စစ်ကော်မရှင်၏ ရွေးကောက်ပွဲအတွက် အီလက်ထရောနစ် မဲပေးစက်ကို အသုံးပြုတတ်စေရန် စစ်ကော်မရှင်လက်အောက်ခံ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ ဒေသခံများကို ကွင်းဆင်းပြသကာ စမ်းသပ်လုပ်ဆောင်စေခဲ့ကြောင်း သိရသည်။

“ဒီလအစမှာ မြို့ထဲက အားကစားရုံမှာ မဲပေးတာနဲ့ ပတ်သက်ပြီး လာပြောသွားတယ်၊ သွားနားထောင်တဲ့သူတော့ ရှိတယ်။ ဒီနှစ်က မဲပေးရမယ်ဆို ပါတီတွေကို တစ်ခုမှ မကြိုက်ဘူး၊ ရွေးချယ်ဖို့လည်း မရှိဘူး။ နိုင်ငံရေးကလည်း မဲပေးလည်း ဘာမှ ပိုကောင်းလာမှာလည်း မဟုတ်ဘူး။ ဘာမျှော်လင့်ချက်မှလည်း မရှိဘူး၊ ပိုဆိုးသွားဖို့ပဲ ရှိမယ်”ဟု ပင်လောင်းဒေသခံ အသက် ၄၀ ကျော် အမျိုးသား တစ်ဦးက ပြောသည်။

Myanmar Electronic Voting Machine (MEVM) ဆိုသည်မှာ စစ်ကော်မရှင်လက်အောက်ခံ UEC တီထွင်ထားသည့် မြန်မာ့နည်း မြန်မာ့ဟန် အီလက်ထရောနစ် မဲပေးစက်ဖြစ်ပြီး ရွေးကောက်ပွဲတွင် မဲဆန္ဒရှင်များ၏ အမည်၊ ပါတီ နံပါတ်များကို ထည့်သွင်းထားပြီး စက်ပေါ်မှ ခလုတ်ကို အသုံးပြု၍ မိမိမဲထည့်လိုသည့် ပါတီကို ထိုခလုတ်ဖြင့် ရွေးချယ်နိုင်သည့် နည်းပညာဖြစ်ကြောင်း ဆိုသည်။

ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးခြင်း ပြီးမြောက်သည့်အခါ ထိုစက်က မဲရလဒ်များကို အလိုအလျောက် တစ်ခုတည်း စုစည်း၍ ရမှတ်များကို ထုတ်ပြန်ပေးနိုင်ပြီး USB သို့မဟုတ် SD ကဒ်ထဲတွင်လည်း သိမ်းထားနိုင်ကြောင်း သိရသည်။

ယခုလက်ရှိ စစ်ကော်မရှင်၏ ရွေးကောက်ပွဲ အပိုင်း(၁)တွင် ပါဝင်သည့် မြို့နယ်များတွင် ထိုအီလက်ထရောနစ် မဲပေးစက်ဖြင့် မဲပေးခြင်း နည်းပညာများကို စစ်ကော်မရှင်နှင့် ရွေးကောက်ပွဲပါတီဝင်များက လိုက်လံအသိပညာပေးနေပြီး လက်တွေ့လုပ်ဆောင်တတ်စေရန် ညွှန်ကြားနေကြောင်း သိရသည်။





#သျှမ်းသံတော်ဆင့်



#နမ့်စန် #ရွေးကောက်ပွဲ

“အများပြည်သူသိစေရန် အသိပေးချက်”သျှမ်းသံတော်ဆင့်သတင်းဌာနမှ တင်ဆက်ထားသည့် သတင်းပုံစံကို တုပပြုလုပ်ပြီး လုပ်ကြံဖန်တီးကာ သတင...
17/09/2025

“အများပြည်သူသိစေရန် အသိပေးချက်”

သျှမ်းသံတော်ဆင့်သတင်းဌာနမှ တင်ဆက်ထားသည့် သတင်းပုံစံကို တုပပြုလုပ်ပြီး လုပ်ကြံဖန်တီးကာ သတင်းအမှားများ ဖြန့်ချိနေလျက်ရှိကြောင်း ပရိသတ်များအား အသိပေးအပ်ပါသည်။

အဆိုပါစာမျက်နှာသည် သတင်းဌာန အယောင်ဆောင်ကာ သျှမ်းသံတော်ဆင့်သတင်းဌာန၏ သတင်း၊ အမည်၊ လိုဂိုနှင့် ပုံရိပ်များကို အလွဲသုံးစားပြုလုပ်နေခြင်း ဖြစ်၍ သျှမ်းသံတော်ဆင့် သတင်းဌာနနှင့် လုံးဝ (လုံးဝ) သက်ဆိုင်ခြင်းမရှိပါ။

သျှမ်းသံတော်ဆင့်သတင်းဌာနသည် သတင်းမီဒီယာလုပ်ငန်းကိုသာ တစိုက်မတ်မတ် လုပ်ဆောင်နေလျက်ရှိသော အဖွဲ့အစည်းဖြစ်သည်။ သို့ဖြစ်ပါ၍ အဆိုပါစာမျက်နှာတွင် ဖြန့်ဝေထားသော သတင်းအချက်အလက်များအား စိစစ်ခြင်းပြုလုပ်ကြပါရန် အထူးအသိပေးအပ်ပါသည်။

သျှမ်းသံတော်ဆင့်သတင်းဌာနသည် Myanmar Fact-checking Network (MFCN) အဖွဲ့ဝင်ဖြစ်ပြီး အွန်လိုင်းပေါ်မှ ပျံ့နှံ့နေသော လူ့အဖွဲ့အစည်းနှင့် လူမှုဝန်းကျင်အပေါ် အန္တရာယ်ဖြစ်စေနိုင်သည့် သတင်းတု/သတင်းမှားများ၊ ဝါဒဖြန့်သတင်းများကို စိစစ်ခြင်း၊ တိုက်ဆိုင်စစ်ဆေးခြင်း လုပ်ဆောင်နေလျက်ရှိသည်။





#သျှမ်းသံတော်ဆင့်



#သတင်းတုသတင်းမှား

ที่อยู่

Chiang Mai

เว็บไซต์

http://t.me/shannewsburmese

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ SHAN News (Burmese Version)ผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง SHAN News (Burmese Version):

แชร์