Wayne Jr Digital Entrepreneurship & AI Enthusiastic
Founder of GuruTechX & gX AI
(2)

31/05/2026

ကျွန်တော့် gX AI platform မှာဆိုရင်
နောက်ဆုံးပေါ် AI model ဖြစ်တဲ့

Kling 3, Googel Omni Flash, Seedance2, Wan 2.7 တို့ကိုပါ
တစ်ခု ချင်းစီ လိုက်ဝယ်နေစရာမလိုပဲနဲ့

gX AI platform တစ်နေရာထဲက နေ
မြန်မာလို လွယ်ကူစွာ ထုတ်နိုင်ပါပြီ

ထုတ်နည်းလေးကိုတော့ video မှာပြထားပါတယ်

AI video တွေ ထုတ်ဖို့ဆို Standard plan လေးတော့ ဝယ်ဖို့လိုပါတယ်

မြန်မာက ထုတ်တဲ့ Local AI တွေထဲမှာ ကိုယ့် ဟာ က စျေးအကြီးဆုံးပဲသူများတွေ ၂၀၀၀၀ , ၃၀၀၀၀ လောက်နဲ့ ဝယ်သုံးလို့ ရတယ့် အချိန်မှ...
28/05/2026

မြန်မာက ထုတ်တဲ့ Local AI တွေထဲမှာ ကိုယ့် ဟာ က စျေးအကြီးဆုံးပဲ

သူများတွေ ၂၀၀၀၀ , ၃၀၀၀၀ လောက်နဲ့ ဝယ်သုံးလို့ ရတယ့် အချိန်မှာ
ကိုယ်က ၆၉၀၀၀ နဲ့ စ

ဝယ်သုံးတဲ့ ထဲမှာ လည်း Pro plan က အများဆုံးပဲ

ဒါပေမယ့် မြန်မာ ကသူတိုင်း AI ကို
FREE လည်းသုံးလို့ ရအောင် လုပ်ပေးထားတယ်

၂ ပါတ်အတွင်း API ဖိုးတွေ $ ရာချီတက်လာလို့
မကိုက်တော့ လို့ မကြာခင် FREE plan ကို ပိတ်ဖို့ စီစဥ်နေပြန် တယ် 😅

OpenAI တို့ Claude တို့လို Funding မှ မရှိတာလို့

gX AI Platform မှာ ဘယ်လို Plan တွေရှိလဲ?

ဘယ် Plan က သင်နဲ့ အကိုက်ညီဆုံးဖြစ်မလဲ? 🤔

gX AI မှာ အခုမှ AI ကို စလေ့လာချင်သူ‌တွေ ၊
Creators၊ SME owners တွေကနေ စလို့

နေ့စဉ် Content တွေ အများကြီးထုတ်နေတဲ့ Agency ကြီးတွေအထိ အားလုံးအတွက် အဆင်ပြေသင့်လျော်တဲ့ Plans (၄) မျိုးရှိပါတယ်။

(၁) AI ရဲ့ စွမ်းအားကို စမ်းသပ်ကြည့်ချင်သူများအတွက် - Free Plan 🌱

ဘာမှ ပေးစရာမလိုဘဲ အခမဲ့ စတင်အသုံးပြုနိုင်မယ့် Plan ပါ။ 200 Credits ပါဝင်ပြီး အခြေခံ AI Tools တွေနဲ့ CRM Tools တွေကို သုံးကြည့်ရင်း AI ရဲ့ စွမ်းဆောင်ရည်ကို ကိုယ်တိုင်ကိုယ်ကျ စမ်းသပ်ကြည့်လို့ ရပါတယ်။

( မကြာခင်တော့ FREE plan က ပိတ်တော့မှာပါ )

(၂) ကိုယ်ပိုင် Content လေးတွေ စတင်ဖန်တီးချင်သူများအတွက် -
Standard Plan (69,000 Ks / Month) 🚀

Content တွေ စတင်ဖန်တီးနေတဲ့ Creators တွေနဲ့ Online shop လေး တွေအတွက် ဒီ planက အကွက်တိပါပဲ။

3,000 Credits အပြင် High Quality Outputs တွေ၊ Digital Products Library နဲ့ AI Training Video Lessons (၃၀)ကျော်ကိုပါ လက်ဆောင်ရရှိမှာ ဖြစ်ပါတယ်။ AI Image & AI Video tools မျိုးစုံ ထုတ်လို့ ရတယ်။

(၃) ဖန်တီးမှုတွေကို အရှိန်အဟုန်မြှင့်တင်ချင်သူများအတွက် - Pro Plan (149,000 Ks / Month) 🔥

Content Creator တွေနဲ့ အသေးစား Agency တွေအတွက် အကိုက်ညီဆုံးနဲ့ Plan ပါ။

5,000 Credits ပါဝင်ပြီး gX AI ရဲ့ Tools အားလုံးကို သုံးနိုင်မယ့်အပြင် $20 တန် Gemini pro plan Access နဲ့ Video Training Lessons (၃၀)ကျော်လည်း ထပ်မံရရှိမှာ ဖြစ်ပါတယ်။
Inbox and page analyzer လိုမျိုး AI data analysis tools တွေပါပါတယ်။

(၄) SME Owners များနဲ့ Agency များအတွက် - Business Plan (249,000 Ks / Month) 💼

ကိုယ်ပိုင် Business နဲ့ Teamတစ်ခုလုံးအတွက် အကြီးအကျယ် ဖန်တီးချင်သူတွေအတွက် ဖြစ်ပါတယ်။ 10,000 Credits အပြည့်ရရှိမှာဖြစ်ပြီး Pro Plan က အကျိုးခံစားခွင့်တွေအပြင် သီးသန့် Private AI Training Sessions တွေကိုပါ ရရှိမှာမို့ လုပ်ငန်းအတွက် အထိရောက်ဆုံးအဆင့် ဖြစ်ပါတယ်။

တကယ်လို့ သုံးရင်းနဲ့မှ Credit မလောက်တော့ဘူးဆိုရင်လည်း

Addon Credits (30,000 Ks) နဲ့ 1,500 Credits ကို အလွယ်တကူ ထပ်ဖြည့်နိုင်ပါသေးတယ်။

ကဲ gX AI ရဲ့ Plans တွေအကြောင်း အသေးစိတ်သိပြီဆို‌တော့

ကိုယ့်ရဲ့လိုအပ်ချက်၊ ဖန်တီးမှု အရှိန်အဟုန်နဲ့ အလိုက်ဖက်ဆုံး Plan ကို ရွေးချယ်ပြီး gX AI နဲ့အတူ Level Up လိုက်ပါ။

ဘယ် Plan ကို ရွေးရမလဲ ဝေခွဲမရသေးဘူးဆိုရင်တောင်
အခမဲ့ Free Plan နဲ့ အရင်ဆုံး စမ်းသုံးကြည့်ဖို့ အကြံပေးချင်ပါတယ်။

ယခုပဲ ကိုယ်ပိုင်အကောင့် အခမဲ့ စတင်ဖွင့်လှစ်ရန် 👉 [guruxai.io]

🚀AI နဲ့ အပိုဝင်ငွေ ရှာဖို့ စိတ်ဝင်စားတဲ့သူတွေ အတွက် ကို ကျွန်တော် FREE online webinar လေး တစ်ခု လုပ်ဖို့ စီစဥ်ထားပါတယ် လ...
27/05/2026

🚀AI နဲ့ အပိုဝင်ငွေ ရှာဖို့ စိတ်ဝင်စားတဲ့သူတွေ အတွက် ကို
ကျွန်တော် FREE online webinar လေး တစ်ခု လုပ်ဖို့
စီစဥ်ထားပါတယ်

လက်ရှိအချိန်က
ကုန်ဈေးနှုန်းတွေ မြင့်တက်လာလို့ ပုံမှန်ဝင်ငွေတစ်ခုတည်းနဲ့ မလုံလောက်တော့ဘူး

AI အကြောင်းတွေ အများကြီး ကြားနေရပေမယ့် တကယ်တမ်း ဘယ်ကနေစရမှန်း မသိဖြစ်နေတာ ...

AI သုံးတတ်နေပေမယ့် အပိုဝင်ငွေရမယ့် Side Hustle လမ်းကြောင်းကို မသိသေးတာ

Digital Product တွေဖန်တီးဖို့၊
video တွေဖန်တီးဖို့ စိတ်ကူးရှိပေမယ့်
Technical ပိုင်းတွေမှာ အခက်အခဲဖြစ်နေတာ

ဒါတွေအားလုံးအတွက် အဖြေကို
"AI for Side Hustles" အခမဲ့ Webinar မှာ
ကျွန်တော် ကိုယ်တိုင် လုပ်ဆောင်ခဲ့တဲ့ အတွေ့အကြုံတွေ နဲ့ တကွ ပြန်လည်
မျှဝေပေးပါမယ်

AI ခေတ်ကြီးမှာ ကိုယ့်ရဲ့ အားလပ်ချိန်လေးကို အသုံးချပြီး
အပိုဝင်ငွေ သေချာပေါက်ရှာချင်သူတွေအတွက်
အထူးရည်ရွယ်ပြီး ပြုလုပ်ပေးမယ့် ပွဲလေးပဲ ဖြစ်ပါတယ်။

ဒီ Webinar မှာ (၃) နာရီဝန်းကျင် အောက်ပါအကြောင်းအရာတွေကို အသေးစိတ် မျှဝေပေးသွားမှာပါ။

AI Opportunities: AI ကို အသုံးပြုပြီး မြန်မာကနေ ဘယ်လိုတွေ အပိုဝင်ငွေရှာလို့ရမလဲ... လမ်းကြောင်းတွေ

Proven Strategies: ကိုယ်တိုင် လက်တွေ့အသုံးပြုပြီး ဝင်ငွေရှာနေတဲ့ နည်းလမ်းတွေ (AI Media, AI Chatbot, AI Resell နဲ့ AI SaaS)

Content Creation: AI အကူအညီနဲ့ Content & video တွေကို မြန်မြန်ဆန်ဆန်နဲ့ ထိထိရောက်ရောက် ဘယ်လိုဖန်တီးမလဲ

gX AI Platform Demo: gX AI Platform တို့ Flow တို့ကို ကိုသုံးပြီး Marketing နဲ့ Video တွေ ဘယ်လိုလွယ်လွယ်ကူကူ ဖန်တီးမလဲ

Business Model: AI product / service ရပြီဆိုရင် တကယ်ဝင်ငွေရဖို့ လုပ်သင်တဲ့ Business model

Passive Income: ဝင်ငွေထပ်ရှာလို့ရမယ့် Affiliate Program အကြောင်း။

🎙️ ဆွေးနွေးမျှဝေပေးမည့်သူ (Speaker Profile)

Wayne Jr (AI Entrepreneur)

ကျွန်တော်ကိုယ်တိုင်လည်း AI video နဲ့ Monetization က နေ ငွေဝင်နေတာထက် AI products & AI service တွေ ပေးပြီး ဝင်ငွေ ရှာနေသူတစ်ဦးပါ

လက်ရှိ
မြန်မာ SME & Brand (၅၀) ကျော် ကို AI video နဲ့ AI Marketing Service တွေကို ပေးနေတဲ့ GuruTechX Agency

AI tools ပေါင်း ၅၀ ကျော်ကို တစ်နေရာတည်းမှာ မြန်မာလိုသုံးနိုင်မယ့် gX AI platform ( AI SaaS )

လစဥ် ဝယ်ယူသူ ထောင်ချီ ရှိတဲ့ Digital & AI Premium software တွေကို Resell ရောင်းချပေးနေတယ့် Premium AI store

စတဲ့ AI Startup တွေကို လုပ်ကိုင်နေတဲ့ Founder တစ်ဦးဖြစ်ပြီး

AI chatbot, AI Agent, AI Training တွေကို လုပ်ငန်းတွေ အတွက် ဝန်ဆောင်မှု ပေးနေတဲ့ အသက် ၂၅ နှစ်ကျော် လူငယ်တစ်ဦးဖြစ်ပါတယ်

ဒီတော့ ကျွန်တော်ရဲ့ AI career လမ်းကြောင်းက
အတွေ့အကြုံတွေ နည်းလမ်းလေးတွေ ကို မျှဝေသွားပါမယ်

ဒီ Webinar ကို အစအဆုံး တက်ရောက်သူတွေထဲကနေလည်း
AI premium account တွေ မဲဖောက်ပေးသွားမှာပါ...

📅 အချိန်နှင့် ရက်စွဲ

ရက်စွဲ: June 7, 2026 (ဇွန်လ ၇ ရက်)

အချိန်: ည ၈ မှ ၁၁ နာရီ

ဒီ Webinar ကို အခမဲ့ တက်ရောက်နိုင်ဖို့ အောက်ပါ အဆင့် (၂) ဆင့်ကို လုပ်ဆောင်ပေးရပါမယ်။
( လူဦးရေ ကန့်သတ်ထားပါတယ် )​

၁။ အောက်ပါ Google Form လင့်ခ်တွင် အချက်အလက်များ ဖြည့်ပေးပါ။
👉 https://forms.gle/TeDw86TCsdMCgFCU9

၂။ AI Update တွေ သိနိုင်ဖို့ Telegram Channel ကို Join ထားပေးပါ။
👉 https://t.me/AiBizgX

Join ရမယ့် Zoom link ကို Mail / Telegram က နေ ပို့ပေးပါမယ်

AI နဲ့အတူ ကိုယ့်ရဲ့ စီးပွားရေးလမ်းကြောင်းသစ်တစ်ခု စတင်ဖို့စဥ်းစားထားရင်တော့ Register လုပ်ထားလိုက်ပါ။

Webinar မှာ တွေ့ကြပါမယ်!

23/05/2026

ရောင်းအားတက်ဖို့က Customer Data ရှိထားဖို့လည်း လိုပါတယ် ‼️

Customer data ရှိမှ သေချာ သုံးသပ်ပြီး ဘာတွေပြင်ဆင်ရမယ်
ဘယ်လို ရောင်းရမလဲ ဆိုတာ ကို သိနိုင်မှာပါ

အခုဆို AI ကိုသုံးပြီး လုပ်ငန်း မားကင်းတင်း အတွက် Data Anlaysis ကောင်းကောင်း လုပ်နိုင်ပြီ

gX AI မှာလည်း one click နဲ့
ကိုယ့် FB နဲ့ inbox က Customer Data တွေကို Analysis လုပ်ကာ လိုအပ်ချက် တွေ ပြင်ဆင်နိုင်ပါပြီ !

gX AI platform မှာက Video creation အတွက်ပဲ မဟုတ်ပါဘူး
လုပ်ငန်းတစ်ခုမှာ လိုအပ်တဲ့ အရာတွေ ကို
AI နဲ့ ပေါင်းစပ်ပြီး အလွယ်တကူဖန်တီးနိုင်ပါပြီ !

22/05/2026

GX - AI Platform ရဲ့ Customer Service ကို AI Chatbot စနစ် ပြောင်းလိုက်ပါပြီ

အရင်က Telegram bot မှာ ပဲရသေးပေမယ့်
အခု Messenger မှာ ပါ တပ်လို့ရသွားပြီ
မကြာခင် Tiktok ပေါ့

အရင်က Traditional chatbot - Manychat တို့လို မျိုး
Manual chatflow ဆွဲပြီး ဒါမေးဒါဖြေမဟုတ်တော့ပဲ

AI က နေ Training ထားတဲ့ လုပ်ငန်းဒေတာ တွေကို ဖတ်မယ်
ဆက်စပ်တွေးခေါ်ပြီး
အသင့်လျှော်ဆုံးအဖြေကို
လူတစ်ယောက်လိုတွေးကာ
မြန်မာလို ရောင်းပေး - ဖြေပေး မှာပါ

Page messenger က နေ စမ်းကြည့်လို့ရပါတယ်
m.me/599545893251300

( တခုတော့ ရှိတယ် စစ ချင်းမှာ Response Time နဲနဲ ကြာလိမ့်မယ် )

Meta AI က လည်း လုပ်နေပြီဆိုပေမယ့်လို့
စမ်းကြည့်တာ
Set up လုပ်ရတာတွေက မလွယ်သေးသလို
Page တိုင်းမှာ မရသေးဘူး
အထူးသဖြင့် မြန်မာ က page တွေ မှာ မရဘူး
ဖြေတဲ့ ဟာကလည်း မြန်မာလို မကောင်းဘူး
အဖြေအမှားတွေပဲ ပေးနေသေးတယ်

ဒီတော့ မြန်မာ မားကတ်အတွက် လိုအပ်ချက်ရှိမယ်ထင်တယ်

အဲ့တာနဲ့ ကိုယ်တိုင်ပဲချတော့တာ

မကြာခင်တော့ ကျွန်တော့် Client တွေ အတွက်
Sale & Customer Service AI Agent Service ပေးပါမယ်

အခုတော့ ကိုယ့်လုပ်ငန်းတွေ မှာ အရင်စမ်းကြည့်လိုက်ဦးမယ်
page admin တစ်လ ၃-၄ သိန်း ဖြေတာနဲ့
24/7 run တဲ့ AI agent ဖြေတာမှာ
ဘယ်ဟာက effective ဖြစ်ပြီး ROI ပိုကျန်လဲပေါ့

သူများဟာ ယူခိုးပြီး ဖြတ်ညှပ်ကပ်လုပ်စားတဲ့ ရေတိုလမ်းစဉ် အစားရေရှည် ခိုင်မာတဲ့ Monetization လမ်းကြောင်းကို သွားချင်ရင်... ...
21/05/2026

သူများဟာ ယူခိုးပြီး ဖြတ်ညှပ်ကပ်လုပ်စားတဲ့
ရေတိုလမ်းစဉ် အစား

ရေရှည် ခိုင်မာတဲ့ Monetization လမ်းကြောင်းကို သွားချင်ရင်...

"100% ကိုယ်ပိုင် Content (Own Content)" ကိုပဲ ဖန်တီးပါ။

gX AI Platform ကို စ Launch ခဲ့တာ တစ်ပတ်ကျော် ကြာသွားပြီ။
အမေးအများဆုံး မေးခွန်းတစ်ခု ရှိတယ်။

" gX ထဲမှာ Link ထည့်လိုက်တာနဲ့ အလိုလို ဖြတ်ညှပ်ကပ်လုပ်၊ အသံဖျောက်၊ မြန်မာလို AI အသံထပ် (Dubbing) ပေးတဲ့ Movie Recap Tool ပါလား?" တဲ့။

အဖြေက - "မပါပါဘူး။ နောက် ထည့်ပေးမှာလည်း မဟုတ်ပါဘူး။"

Google AI Studio မှာ Web App လေးတစ်ခု ဆွဲပြီး ချိတ်လိုက်တာနဲ့...
Video Link ထည့် > အသံဖြုတ် > စာဖျောက် > AI Voiceover အသစ်ပြန်ထည့် ဆိုတဲ့ အလုပ်ကို
အလွယ်လေး လုပ်လို့ရတယ်။

AI movie recap နဲ့ ပိုက်ဆံရှာတာ ကျွန်တော် လုံးဝ အားမပေးဘူး။
gX ထဲမှာလည်း ထည့်မပေးထားဘူး။

ဘာလို့လဲ?

"Monetization ရဖို့ ပိုက်ဆံ အမြန်ရနိုင်တာ မှန်ပေမယ့်... ခင်ဗျား Channel သက်တမ်း မကြာဘူး။"

သူများ ဖန်တီးထားတဲ့ ရုပ်ရှင်ကို ဖြတ်ညှပ်ကပ် လုပ်ထားတာမို့
Copyright Policy ငြိပြီး Channel ပါ ပြတ်ကျသွားနိုင်တယ်။

အခုဆို လူတိုင်း Movie Recap လုပ်ကြလွန်းလို့ ဒီ ဇာတ်လမ်းတွေ ပဲထပ် ခေါက်ရိုးကြိုးနေပြီဗျာ

ပြီးတော့ ရုပ်ရှင် Recap ဆိုတာ
ကိုယ်တိုင်ကြည့်၊ ကိုယ်တိုင် ခံစားပြီးမှ
ကိုယ့်အာဘော်နဲ့ ပြန်ရေးတာကမှ တကယ့် အနုပညာပါ။
ကိုယ်တိုင်တောင် ဇာတ်လမ်းမသိပဲ စက်ရုပ်ကို ခိုင်းတာ အရသာ မရှိဘူး။

သူများဟာ ယူခိုးပြီး ဖြတ်ညှပ်ကပ်လုပ်စားတဲ့ ရေတိုလမ်းစဉ် အစား
ရေရှည် ခိုင်မာတဲ့ Monetization လမ်းကြောင်းကို သွားချင်ရင်...

"100% ကိုယ်ပိုင် Content (Own Content)" ကိုပဲ ဖန်တီးပါ။

အဲ့ဒီအတွက် တကယ် Knowledge လည်း ပေးနိုင်မယ်၊
ရေရှည် ပိုက်ဆံလည်း ရှာနိုင်မယ့် Tools တွေကိုပဲ
ကျွန်တော့် Platform မှာ အသစ်ထည့်ထားပေးတယ်။

Link လေးတစ်ခု၊ ဒါမှမဟုတ် လုပ်ချင်တဲ့ Idea လေး တစ်ကြောင်း ထည့်ပေးလိုက်ရုံနဲ့...

gX AI က သူ့အလိုလို

- ဆွဲဆောင်မှုရှိတဲ့ Headline အလိုလို ရေးပေးမယ်။
- YouTube/ Tiktok Thumbnail ဆွဲပေးမယ်
- Script & Storyboard အပြည့်အစုံ ရေးပေးမယ်
(မကြိုက်ရင် ကိုယ်တိုင် Manual ဝင်ပြင်လို့ရတယ်)
- စာသားနဲ့ ကိုက်ညီမယ့် AI Image & Video Prompt တွေ တန်းထုတ်ပေးတယ်
- Confirm ပြီဆို AI model တစ်ခု ရွေးပြီး AI ပုံထုတ်မယ်
- နောက်ခံ AI Voice (အသံ) ထည့်ပေးမယ် ( မြန်မာလိုပါရ )​

ဒါတင်ဘယ်ဟုတ်မလဲ....
အစအဆုံး Video Editing ပါ တစ်ခါတည်း ပြီးအောင် လုပ်ပေးမယ်

သတင်းလား? သုတလား? အားကစားလား? ကျန်းမာရေးလား?

ကြိုက်တဲ့ Niche ကို ရွေး။
၁ မိနစ်စာ Short Video ကနေ ၁၀ မိနစ်စာ Video အရှည်ကြီးတွေအထိ Click တစ်ချက်တည်းနဲ့ ဖန်တီးလို့ရတယ်။

Comment မှာ gX AI နဲ့ ဖန်တီးထားတဲ့ AI video တစ်ခု ရှိတယ်..

ဒီတော့ မိနစ်ပိုင်းအတွင်းကို video ဆယ်နဲ့ချီ ထုတ်လို့ ရမယ်
Monetization အတွက်ဆို နိုင်ငံခြားအသံနဲ့ လုပ်
ပိုပေါက်တယ်

ပိုလည်း ကွာလတီ ကောင်းချင်ရင်
Human touch လေးထည့်လိုက်ပေါ့

ဒီတော့ ကိုယ်ပိုင် Source ရှာ or Niche ရှာ၊
AI နဲ့ Script ရေး၊ AI နဲ့ ပုံဖော်ထားတာမို့
100% Copyright ကိုယ့်လက်ထဲမှာပဲ ရှိတယ်။

gX AI Platform ထဲက Script - Knowledge, News Researcher, နဲ့ Video Generator*Tools တွေက Monetization သမားတွေအတွက် အဓိကပါ

ကိုယ်တိုင် ဝင်စမ်းကြည့်ချင်လား?
Comment ဒါမှမဟုတ် CB မှာ "gX AI" လို့ ရေးခဲ့ပါ။
Account Free ဖွင့်ပြီး ကိုယ်တိုင် ဝင်စမ်းလို့ရအောင် ကျွန်တော် စီစဉ်ပေးပါမယ်။

20/05/2026

မြန်မာ AI video creators တွေ အတွက် အထူး သတင်းကောင်းပါဗျို့

Big Updates from google Flow 🤩

Flow update အသစ် မှာ
ပိုမိုလွယ်ကူတဲ့ AI agent အသစ် Omini Flash ပါဝင်လာသလို

မြန်မာ လိုပါ ပီသအောင် ထုတ်နိုင်ပါပြီ

Agent mode ကိုရွေးပြီး ကိုယ်ထုတ်ချင်တဲ့ ideas ကိုသာပြောလိုက်
Flow agent က
storyboard ဆွဲမယ်
ပုံထုတ်မယ်
Video ပါ တစ်ခါတည်းထုတ်သွားမှာပါ

ပြီးရင် Flow ထဲမှာပဲ တစ်ခါတည်း edit လို့ရတာပါ

မြန်မာ အသံက ပိုတည်ကြည်ပြီး ထုတ်တိုင်းကို မှန်နေတာပါ
အရင် က ဆို မြန်မာ လို ပီဖို့ကို တော်တော် လေးရုန်းကန်ရတာ

အခု တော့ တကယ် မြန်မာလို ပြောနိုင်ပါပြီ ဗျို့!

စမ်းကြည့်ကြည့်ပါဦး ဘော်ဒါတို့ !

နောက်နေ့မှ Tutorial လေးတစ်ခု ထပ်လုပ်ပြပါဦးမယ်

၂၀၂၆ မှာ အလိုအပ်ဆုံး ဖြစ်လာမယ့် 'AI Orchestrator' ဆိုတာ ဘာလဲ?"ငါကတော့ Video Editing ကိုပဲ အသေအလဲ ကျွမ်းကျင်အောင် လုပ်မယ်...
16/05/2026

၂၀၂၆ မှာ အလိုအပ်ဆုံး ဖြစ်လာမယ့် 'AI Orchestrator' ဆိုတာ ဘာလဲ?

"ငါကတော့ Video Editing ကိုပဲ အသေအလဲ ကျွမ်းကျင်အောင် လုပ်မယ်"
"ငါကတော့ Programming Code တွေကို ရှယ်ပိုင်အောင်လုပ်မယ်"
"ငါကတော့ Content Writing ကိုပဲ တစိုက်မတ်မတ် သွားမယ်"

ဒီလို တွေးနေတုန်းပဲလား?

၂၀၂၆ ကို ရောက်နေပါပြီ။

ခလုတ်နှိပ်တဲ့ အလုပ်တွေ၊ Technical သီးသန့်ကျတဲ့ အလုပ်တွေကို
AI က ခင်ဗျားထက် အဆ ၁၀၀ ပိုမြန်၊ ပိုသက်သာအောင် လုပ်ပေးနိုင်နေပြီ။

အရင်ခေတ်က "Specialist (နယ်ပယ်တစ်ခုတည်းကို အသေကျွမ်းကျင်သူ)" တွေက ဈေးကွက်ကို အုပ်စိုးတယ်။

ဒါပေမဲ့ အခုခေတ်မှာ... ကိုယ်တိုင် အကုန်လိုက်လုပ်နေတဲ့
Specialist တွေဟာ AI ရဲ့ အစားထိုးခြင်းကို ခံရဖို့ အလွယ်ဆုံး ပစ်မှတ်တွေ ဖြစ်နေပါပြီ။

ဒီခေတ်မှာ ရှင်သန်ချင်ရင် "Generalist" (ဟိုစပ်ဒီစပ် အကုန်သိသူ) ဖြစ်ဖို့လိုပြီ။
ဒါပေမဲ့ ရိုးရိုး Generalist မဟုတ်ဘူး...
"AI Orchestrator"ဖြစ်ရပါမယ်။

Orchestrator ဆိုတာ သံစုံတီးဝိုင်း ညွှန်မှူးပါ။
သူက ပီယာနိုလည်း အနည်းအကျဉ်း တီးတတ်တယ်၊
တယောလည်း နားလည်တယ်၊ ဒရမ်လည်း ရိုက်တတ်တယ်။

ဒါပေမဲ့ သူကိုယ်တိုင် ပွဲထွက်ပြီး လိုက်တီးမနေဘူး။
တူရိယာသမား (AI Tools) တွေကို ဘယ်အချိန်၊ ဘယ်လို ပေါင်းစပ်ရမလဲ ဆိုတာကိုပဲ ညွှန်ကြား (Manage) ပြီး
အမိုက်စား သံစဉ် (Project) တစ်ခု ဖန်တီးယူတာပါ။

AI Orchestrator တစ်ယောက် ဘယ်လို အလုပ်လုပ်လဲ?

AI Video တွေ ဘယ်လို ထုတ်မလဲ ( Grok, Flow, Higgsfield ) ?
No-code Web App တွေ ဘယ်လို ရေးမလဲ (Cursor, V0, Claude)?
Marketing Copy တွေ ဘယ်လို ဆွဲမလဲ (ChatGPT, Gemini)?
ဒါတွေကို ၃၀% လောက်စီ အကြမ်းဖျင်း (Foundation) နားလည်ထားဖို့ပဲ လိုတယ်။

ပြီးရင် အဲ့ဒီ AI တွေကို ကိုယ့်ရဲ့ "ဝန်ထမ်းတွေ / Co-founders တွေ" လို သဘောထားပြီး
Project တစ်ခုလုံးကို ပေါင်းစပ်ခိုင်း (Orchestrate) တာပါ။

ကျွန်တော် ကိုယ်တိုင် gX AI Platform (All-in-one AI SaaS) ကို တည်ဆောက်တဲ့ နေရာမှာ
ဒီ Concept ကို သုံးထားတာပါ။

ကျွန်တော်က Code တွေ အကုန်ထိုင်ရေးနေတဲ့ Developer အကြီးစားကြီး မဟုတ်ပါဘူး။
ဒါပေမဲ့ Customer တွေ ဘာလိုချင်လဲ (Marketing) ကို သိတယ်။
AI App တွေ ဘယ်လို အလုပ်လုပ်လဲ (Logic Flow) ကို နားလည်တယ်။
Design ဘယ်လို သွားမလဲ (UI/UX) ကို ခေါင်းထဲမှာ မြင်တယ်။

အဲ့ဒီ ဟိုစပ်ဒီစပ် Foundation တွေကို သုံးပြီး...
Full stack developer တစ်ယောက် နဲ့ AI ကို Code ရေးခိုင်းတယ်၊
AI ကို Error ရှာခိုင်း (Debug လုပ်ခိုင်း) တယ်၊ AI ကိုပဲ Copy တွေ ရေးခိုင်းတယ်။

ကိုယ်တိုင်ကတော့ အဲ့ဒီ အစိတ်အပိုင်းတွေကို ပေါင်းစပ်ပြီး (Orchestrate လုပ်ပြီး) Product တစ်ခုလုံးကို ဖန်တီးခဲ့တာပါ။
(ကိုယ်တိုင် အစအဆုံးသာ ထိုင်ရေးနေရင် ၂ နှစ်လောက် ကြာမယ့် အလုပ်ကို
လူ ၂ ယောက်တည်း လပိုင်းနဲ့ အပြီးသတ်နိုင်ခဲ့တယ်)။

AI product ထွက်လာတယ်
guruxai.io

လစဥ် ဝယ်သူ ထောင်ချီ ရှာပေးနေတဲ့ AI Store ကြီး ( Premium Digital Store 2.0 ) ကို
Staff (၂) ယောက် ရယ် ကျွန်တော်နဲ့ AI ကိုပဲ Orchestrator လုပ်
System ချပြီး run နေပါတယ်

ဒါဆို ကျွန်တော်တို့ လူငယ်တွေ
AI Orchestrator တစ်ယောက် ဖြစ်ဖို့ ဘာတွေ ပြင်ဆင်ရမလဲ?

ဒီ (၄) ချက် အရေးကြီးတယ်

၁။ Tool တွေကို မကိုးကွယ်ပါနဲ့၊ Logic ကို နားလည်အောင်လုပ်ပါ

Software တွေ ဘယ်လိုသုံးရလဲ သင်မယ့်အစား၊ Video Pacing (အနှေးအမြန်) နဲ့ Storytelling ကို နားလည်အောင်လုပ်ပါ။
ကိုယ့်အတွက် တကယ်ကိုက်ညီ tool ကိုပဲ ရှာပြီး result ထွက်အောင်သုံးပါ
Tool တွေက နေ့တိုင်း အသစ်တွေပြောင်းလဲနေပေမယ့် Foundation Logic က ဘယ်တော့မှ မပြောင်းပါဘူး။

၂။ Code တွေ အလွတ်မကျက်နဲ့၊ System Design ကို လေ့လာပါ

Website တစ်ခုလုပ်ဖို့ Code တွေ ထိုင်ကျက်မယ့်အစား၊ Database ဘယ်လို အလုပ်လုပ်လဲ၊ User က ဘယ်ကနေ ဘယ်ကိုသွားမလဲ (User Journey) ကို ခေါင်းထဲမှာ မြင်အောင် ကြည့်တတ်ပါစေ။ Code ကို AI က ရေးပေးပါလိမ့်မယ်။

၃။ Delegation (ခိုင်းတတ်တဲ့ ပညာ) ကို ကျင့်ပါ
ကိုယ်တိုင် အကုန်လုပ်ချင်တဲ့ Ego (ငါသိ၊ ငါတတ်စိတ်) ကို ချထားခဲ့ပါ။
Prompt ကောင်းကောင်းပေးပြီး AI တွေကို နေရာတကျ ခိုင်းတတ်တဲ့ ပညာက ဒီခေတ်မှာ အရေးအကြီးဆုံးပါ။
Tool တိုင်းမှာ အားသာချက်ရှိလို့ ဘယ် tool ကို ဘယ်နေရာမှ ခိုင်းရမလဲ သိဖိို့လိုမယ်

၄။ Project-Based သွားပါ

ဟိုစာအုပ်ဖတ်၊ ဒီ Video ကြည့်နဲ့ အချိန်မဖြုန်းပါနဲ့ "ငါတော့ AI နဲ့ Landing Page တစ်ခု ဆွဲပြီး Digital Product လေး တစ်ခု ရောင်းကြည့်မယ်"

AI video တစ်ခု ကိုယ်တိုင်လုပ်ပြီး Service ပေးကြည့်မယ်

ဆိုပြီး လက်တွေ့ Project အသေးစားလေး တစ်ခုကို အစအဆုံး ကိုယ်တိုင် Orchestrate လုပ်ကြည့်ပါ။

ဈေးကွက်က ခင်ဗျား ဘယ်လောက် ပင်ပန်းခံပြီး ကိုယ်တိုင် လုပ်ခဲ့လဲ ဆိုတာကို ပိုက်ဆံပေးတာ မဟုတ်ဘူး။

ဖောက်သည်အတွက် "ဘယ်လို ရလဒ် (Outcome)" ထုတ်ပေးနိုင်လဲ ဆိုတာကိုပဲ ပိုက်ဆံပေးတာပါ။

ကိုယ်တိုင် အကုန်လိုက်လုပ်ရင်း လောင်ကျွမ်း (Burnout) အဖြစ်ခံမလား?
ဒါမှမဟုတ်... AI တွေကို ပေါင်းစပ်ခိုင်းတဲ့ "AI Orchestrator" လုပ်မလား?

ကဲ... ခင်ဗျားကော လက်ရှိ ဘယ် AI Tool တွေကို ပေါင်းစပ်ပြီး
ဘာ Project လေးတွေ စမ်းလုပ်နေပြီလဲ?

စမ်းရင် နဲ့ စ လုပ်ဖို့ အရေးကြီးတယ်!

အဆုံးထိ ဖတ်ပေးလို့ ကျေးဇူးပါ။
Page မှာ AI, Digital Income & Entrepreneurship အကြောင်းတွေ တင်ပေးလျက်ရှိပါတယ်ခင်ဗျာ။


ที่อยู่

Greenery Villa, SanSai
Chiang Mai
50000

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Wayne Jrผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์