Seng's Mart မြန်မာပြည်ကို လွမ်းတဲ့အခါ ဒီပေ့ချ်လေးကို ဝင်ကြည့်ပါ
ဒေသထွက်ကုန်လေးတွေရနိုင်ပါတယ်
လိုချင်တဲ့အရာလေးတွေ တွေ့ခဲ့ရင် အားပေးပါ

အခုတလော အလုပ်တွေရှုပ် အရှုပ်တွေလုပ်နေလို့ page ကို လှည့်မကြည့်နိုင်ဖြစ်နေတယ်😁🍀မကြာခင် ချင်းမိုင်မှာ ဖွင့်တော့မယ့် ကျမတို...
25/08/2024

အခုတလော အလုပ်တွေရှုပ် အရှုပ်တွေလုပ်နေလို့ page ကို လှည့်မကြည့်နိုင်ဖြစ်နေတယ်😁🍀
မကြာခင် ချင်းမိုင်မှာ ဖွင့်တော့မယ့် ကျမတို့ရဲ့ဆိုင်လေးမှာလည်း Seng's Mart page မှာ ရနိုင်တဲ့ စားသောက်ကုန်တွေ အစုံအပြင် တမ်းတမ်းတတ ရှာဖွေချင်ကြတဲ့ ဒေသထုတ်ကုန်လေးတွေပါ တင်ပေးသွားမှာပါ🥳🍀🍀
အထားခံတဲ့ ဒေသထွက်ကုန်၊ စားသောက်ကုန်တွေ ကို ကျမတို့ဆိုင်မှာတင်ရောင်းချင်တဲ့သူတွေကိုလဲ ဖိတ်ခေါ်ပါတယ်၊ ကျန်းမာရေးနဲ့ညီညွတ်တဲ့ quality ကောင်းတဲ့ ပစ္စည်းတွေကို လာတင်လို့ရပါတယ်🥰

ဆိုင်ဖွင့်ပွဲကျရင် အားလုံးကို ဖိတ်လိုက်မယ်နော်🎉

I Can Do it.
You Can Do it.
Together, we can do it🙏
https://www.facebook.com/share/p/zS443WQAXro4oaKi/?mibextid=oFDknk

ရောင်းအား အကောင်းဆုံး ငါးရံ့ခြောက်ဖုတ်10 သား ပြည့်ပြည့်ကိုမှ 250 ဘတ် ပဲဆီလေးဆမ်းစားမလားငရုတ်သီးစိမ်း၊ ကြက်သွန်နီပါးပါးလှ...
07/08/2024

ရောင်းအား အကောင်းဆုံး ငါးရံ့ခြောက်ဖုတ်
10 သား ပြည့်ပြည့်ကိုမှ 250 ဘတ်

ပဲဆီလေးဆမ်းစားမလား
ငရုတ်သီးစိမ်း၊ ကြက်သွန်နီပါးပါးလှီးပြီး သံပရာသီးနဲ့ ချဉ်စပ်လေး သုပ်စားမလား
ဟင်းထောင်းပဲ ထောင်းစားမလား ရှယ်ပဲ😋😋🥰

📣📣📣 In stock လေးတွေ ရမယ်နော်ဒီတစ်ခေါက်မှာတော့ Seng ရန်ကုန်မှာ နေကတည်းက အရမ်းကြိုက်ပြီး စွဲစွဲမြဲမြဲအားပေးခဲ့တဲ့ အမတစ်ယော...
28/07/2024

📣📣📣 In stock လေးတွေ ရမယ်နော်

ဒီတစ်ခေါက်မှာတော့ Seng ရန်ကုန်မှာ နေကတည်းက အရမ်းကြိုက်ပြီး စွဲစွဲမြဲမြဲအားပေးခဲ့တဲ့ အမတစ်ယောက်ရဲ့ ထုတ်ကုန်လေးတွေကို ရောင်းပေးချင်ပါတယ်

အဲ့အမကို စသိခဲ့တာက ကိုဗစ်ကာလ ဘယ်မှ မသွားရ မလာရဖြစ်နေချိန်မှာ သူ့ရဲ့ Signature လို့ပြောရမယ့် ပုရစ်ကြော်မှာစားကြည့်ရင်းက သိခဲ့ရတာပဲ
ပုရစ်ကြော်စားပြီး အရမ်းကြိုက်သွားလို့ သူ့ရဲ့ တခြား ထုတ်ကုန်လေးတွေကို မှာပြီး အားပေးတော့လဲ တော်တော်များများကို အကြိုက်တွေ့ခဲ့တယ်
ပုရစ်တို့ ပိုးကောင်တို့နဲ့ သိပ်မတည့်ပေမဲ့ မသက်မေ ပုရစ်ကိုတော့ စားကောင်းကောင်းနဲ့ အကြိုက်တွယ်ခဲ့ဖူးတယ် ပြီးမှ အလာဂျီဆေးလေး ပြန်ရှာသောက်တာ
ဒီလိုနဲ့ သူ့ရဲ့ အမာခံ ပရိသတ်ဖြစ်ခဲ့ရတာပဲ
ဖြစ်ဆို သူလုပ်သမျှစားသောက်ကုန်တွေမှာ အရသာ၊ သန့်ရှင်းမှု၊ စစ်မှန်မှု၊ စေတနာ အဲ့ဒါတွေ အကုန်ပါတယ်

အခု ချင်းမိုင်ရောက်တော့လဲ Seng ပုံမှန်မှာစားနေတဲ့ဟာတွေထဲမှာ ဒီဟာတွေက မပါမဖြစ်ပဲ
သူ့ကို မသက်မေလို့ သိကြတယ်
သူ့ရဲ့ စားသောက်ကုန်တွေက မြန်မာပြည်ထဲတင်မကဘူး ကမ္ဘာအနှံ့ကို ခြေဆန့်နေခဲ့တာလဲ ကြာပါပြီ

ဒါကြောင့် အရမ်းစားလို့ကောင်းတဲ့ အမရဲ့ စားသောက်ကုန်တွေထဲက အထားခံပြီး အိမ်မှာ ဆောင်ထားရမဲ့ ဟာလေးတွေကို ရောင်းပါမယ်နော်

🍽️ငါးရံ့ခြောက်မီးဖုတ် ၁၀သား ၂၅၀ ဘတ်
🍽️ငါးရံ့ခြောက်ထောင်းကြော် ၁ ထုပ် ၁၈၀ ဘတ်
🍽️ဝက်မွမီးကင် ၁ ထုပ် ၁၈၀ ဘတ်
🍽️ဆိတ်မွမီးကင် ၁ ထုပ် ၁၉၀ ဘတ်
🍽️ဆတ်သားခြောက် မီးကင် ၁ ထုပ် ၂၀၀ ဘတ်
🍽️မျှင်ငါးပိ ၅၀သား ၁ ဗူး ၂၃၀ ဘတ်

ငါးရံ့၊ ဆိတ်သား၊ ဆတ်သား အစစ်ဖြစ်ကြောင်း အာမခံပါတယ်ရှင့်

မြန်မာပြည်ကိုလဲ အလွမ်းပြေ၊ အရသာကောင်းတာလေးတွေကိုလဲ စားစေချင်လို့ မှာယူအားပေးကြပါအုံးနော်

ပို့စ်တောင် မတင်ရသေးခင် ဝယ်ယူအားပေးတဲ့သူတွေကိုလဲ
ကျေးဂျူးကမ္ဘာဆိုင်ရော


#မသက်မေ

25/07/2024

သူတို့ ကို ကြည့်ပြီး
ပေါင်မုန့် နဲ့ ဘာလချောင်‌ညှပ်စားတဲ့ ကိုယ့်ကိုယ်ပြန်မြင်ယောင်မိတယ်😅

ဘတ်မိုင်ရွာက ထောပတ်🥑 တစ်ကီလို 25 ဘတ်   မှာ ဝယ်လို့ရပါပြီတဲ့ကောင်းလို့ အခမဲ့ ကြေညာပေးတာပါ🍀 Page Link👇https://www.facebook...
20/07/2024

ဘတ်မိုင်ရွာက ထောပတ်🥑 တစ်ကီလို 25 ဘတ်
မှာ ဝယ်လို့ရပါပြီတဲ့
ကောင်းလို့ အခမဲ့ ကြေညာပေးတာပါ🍀

Page Link👇
https://www.facebook.com/profile.php?id=61561610271459&mibextid=LQQJ4d

အခွံစိမ်းစိမ်းလေး
ဝင်းလာရင် နည်းနည်းဖိကြည့် အိလာရင် မှည့်ပြီပဲ အခွံမည်းမှ မှည့်တဲ့ ထောပတ်သီးမျိုး မဟုတ်လို့ အခွံမည်းတဲ့ထိ စောင့်လို့မရဘူး🤗
ဒီလို ပုံထဲကလို လုပ်စား နတ်သုဒ္ဓါပဲ😋😋😍

Foodie လေးတွေအတွက် Moti လေး လာပေးတာ😅
19/07/2024

Foodie လေးတွေအတွက် Moti လေး လာပေးတာ😅

ဒညင်းသီး အော်ဒါလေးတွေ အကုန် Cancel လုပ်ပါရစေနော်🥲မနေ့ညက မြစ်ကြီးနားမျိုး ဘတ်မိုင်ကချင်ရွာက ဒညင်းသီးရတာတောင် မြစ်ကြီးနားက...
18/07/2024

ဒညင်းသီး အော်ဒါလေးတွေ အကုန် Cancel လုပ်ပါရစေနော်🥲

မနေ့ညက မြစ်ကြီးနားမျိုး ဘတ်မိုင်ကချင်ရွာက ဒညင်းသီးရတာတောင် မြစ်ကြီးနားက ဒညင်းသီးရမှပဲ အဝစားမယ်ဆိုပြီး ချေမိုးနေခဲ့တဲ့ မင်မင်

ဒီမနက် ဒညင်းသီးတွေ ချင်းမိုင်ကားဂိတ်ရောက်ပြီဆိုတော့ ဝမ်းသာအားရနဲ့ အပြေးအလွှားသွားရွေးတယ် အဝေးကနေ ဒညင်းသီးအိတ်လှမ်းမြင်ရတာနဲ့တင်ကို လူက တော်တော် ဝမ်းသာနေပြီ။ စိတ်ထဲမှာ ကိုယ်လဲ အဝစားမယ်၊ အားလုံးကိုလဲ ကောင်းကောင်းလေး လုပ်ရောင်းမယ်ဆိုပြီး တွေးနေတာ။

ဒါနဲ့ပဲ ဂိတ်မှာ ရွေးပြီး ကားပေါ်တင်မယ်လုပ်တော့ အနံ့က သိပ်မကောင်း၊ စိတ်ကတော့ ထင့်ကနဲဖြစ်သွားတယ်၊ ဒါပေမယ့် အော် မြစ်ကြီးနားကတောင် လာခဲ့ရတာ ဒီလောက်တော့ ရှိမှာပေါ့ဆိုပြီး စိတ်ကိုဖြေပြီး ဒညင်းသီးတွေ သယ်ပြီး အိမ်ကို ပြန်ခဲ့တယ်

အိမ်ရောက်လို့ ဒညင်းသီးအိတ်လဲဖွင့်ရော လူလဲ အမောဆို့တော့တာပါပဲ
တစ်အိတ်က လုံးဝ မှိုတွေတက်လို့၊ တစ်ကယ်ဆို တစ်ပတ်ဆိုတဲ့ အချိန်နဲ့တော့ ဒညင်းသီးက ဒီလောက် မဖြစ်ရဘူးလေ။ ဒညင်းသီး မလတ်ဆတ်မှာစိုးလို့တောင် တန်ဆာခ အများကြီးပိုကျမယ်မှန်းသိပေမယ့် အခွံမခွာခိုင်းဘဲ မှာလိုက်တာ။

အိတ်ကို မ လိုက်တော့လဲ စိုစိစိနဲ့။ တခြား ၁ အိတ်ကတော့ မှိုမတက်။ ဒါနဲ့ပဲ မှိုမတက်တဲ့ တစ်အိတ်ကတော့ ကောင်းလောက်မှာပါဆိုပြီး စိတ်မလျှော့ပဲ တမနက်လုံး ဒညင်းသီးတွေ ထိုင်ခွာနေတာ။ ခွာနေတဲ့အချိန်ထဲက သတိထားမိတယ်။ ဒညင်းသီးတွေက အလုံးမညီ။ ကြီးတဲ့ဟာက ကြီး။ သေးတဲ့ဟာကသေး။ ဒါပေမယ့် အမြင်ကလှနေတော့ အဆင်ပြေလောက်မှာပါဆိုပြီး တစ်ချို့ အော်ဒါတွေ လက်ခံနေသေးတယ်။

အဲ့ဒီအတွေးတွေ အကုန်လုံးက ဦးဦးဖျားဖျား အဝစားမယ်ဆိုပြီး ကိုယ်ပြုတ်ထားတဲ့ အိုးကျက်တဲ့အချိန်မှာ အကုန် ပျက်စီးရတာပါပဲ။ ဒညင်းသီးက စားလို့ ကောင်းတဲ့ အလုံးက ကောင်းတယ်။ မကောင်းတဲ့ အလုံးက မကောင်းဘူး။ မြစ်ကြီးနား ဒညင်းသီးနဲ့ တခြား ဒညင်းသီးတွေ ရောနေသလိုမျိုးလဲ ခံစားရတယ်။ လမ်းခရီးကြောင့်ပဲ ဖြစ်တာလား စထည့်ပေးကတည်းက ဖြစ်တာလားလဲ မသိ။ လူလဲ ငိုချင်စိတ်တောင် ပေါက်လာတယ်။ ပိုက်ဆံ ဆုံးရှုံးရတာက သိပ်မများပေမယ့် ကိုယ့်လိုပဲ စားချင်လို့ တကူးတကမှာတဲ့ လူတွေကိုလဲ ဘယ်လိုပြောရမယ်မှန်းမသိ။

ကောင်းတဲ့အလုံးက ကောင်းတယ်ဆိုပေမယ့် ဘယ်အလုံးက ကောင်းတယ် ဘယ်အလုံးကမကောင်းဘူးဆိုတာကိုလဲ အမြင်နဲ့ ဘယ်လိုမှ မရွေးတတ်တော့ဘူး။ ကိုယ်က ရောင်းပေးပြီးမှ မျှော်လင့်တကြီးနဲ့ ပြုတ်ပြီး ကိုယ့်လိုမျိုး ခံစားရမှာမျိုးကိုလဲ မဖြစ်စေချင်ဘူး။ ဒါကြောင့် စိတ်ကို ဖြတ်ပြီး အော်ဒါတွေအားလုံးကို Cancel လုပ်လိုက်တော့မယ်ဆိုပြီးပဲ ဆုံးဖြတ်လိုက်တယ်။ မြစ်ကြီးနား ဒညင်းသီးကို နိုင်ငံတကာပို့မယ်ဆိုတဲ့ ကိုယ့်ရဲ့ အကြံလဲ အပိုင်း (၁) မှာပဲ ဇာတ်သိမ်းသွားပြီလား မသိ။

မင်မင် မှတ်ထားဖူးတဲ့ စကားကို ပြောရရင် အစားအသောက်ရောင်းတယ်ဆိုတာ စေတနာကိုပါ ထည့်ရောင်းရတယ်တဲ့။ အခုလဲ ကောင်းတာတွေကို စားစေချင်တယ် ဆိုတဲ့ စေတနာနဲ့ ကောင်းတာလေးတွေကို ရောင်းပေးမယ်ဆိုပြီး ဒီပေ့ချ်ကို လုပ်ဖြစ်တာဆိုတော့ လုံးဝကြီးမကောင်းတာ မဟုတ်ပေမယ့် မင်မင့်ရဲ့ QC passed မဖြစ်တဲ့ ဒီ ဒညင်းသီးကို မရောင်းပေးတော့တာပါ။

ဒါပေမယ့် စိတ်တော့ မလျှော့ပါဘူး။ တခြား ကောင်းတာလေးတွေ မှာထားပါသေး တယ်နော်။ အဲ့ဒီ ဟာလေးတွေ ရောက်လာတဲ့ အခါမှာ ကြော်ငြာပြီး ပြန်ရောင်းပေးပါမယ်။ ဒီတစ်ခါတော့ ကြိုမကြော်ငြာတော့ဘူး။ မင်မင်ကိုယ်တိုင် QC check အရင်လုပ်ပြီး QC passed ဖြစ်မှပဲ ရောင်းပေးတော့မယ်။

တကူးတကမှာပြီး မစားလိုက်ရတဲ့ သူတွေကိုလဲ အားနာပါတယ်။ တကူးတက အားပေးလို့ ကျေးဇူးလဲတင်ပါတယ်။ နောက်အခေါက်တွေမှာလဲ ပြန်ပြီး အားပေးကြပါအုံးနော်။


#ဒညင်းသီး

ချင်းမိုင်ရောက် မြစ်ကြီးနား ဒညင်းသီးဒညင်းသီးဆိုတဲ့ အမျိုးက စားပြီး ကြိုက်မိပြီဆိုရင် တကူးတက တမ်းတတတ်တဲ့ အထဲပါတယ်အခုလိုမျ...
17/07/2024

ချင်းမိုင်ရောက် မြစ်ကြီးနား ဒညင်းသီး

ဒညင်းသီးဆိုတဲ့ အမျိုးက စားပြီး ကြိုက်မိပြီဆိုရင် တကူးတက တမ်းတတတ်တဲ့ အထဲပါတယ်
အခုလိုမျိုး အဝေးရောက်နေတဲ့အချိန်ဆို ပိုပြီး တမ်းတတတ်တာပေါ့
အဲ့လိုတမ်းတလို့ တကူးတက ဝယ်စားပြီး မစီးပဲ ဖွယ်တယ်တယ်ဖြစ်ပြီဆိုရင်လဲ အင်မတန် စိတ်ပျက်ရတာမျိုး
ဒါကြောင့် စားဖူးသူတိုင်း ကြိုက်ကြတဲ့ မြစ်ကြီးနား ဒညင်းသီး
စီးစီးပိုင်ပိုင်နဲ့ စားရတဲ့သူကို စိတ်ကျေနပ်မှု အပြည့် ရစေတဲ့ ဒညင်းသီးတွေ ရောင်းပေးမယ်နော်

မြစ်ကြီးနားကနေ တကူးတကမှာထားတဲ့ မြစ်ကြီးနား ဒညင်းသီး စစ်စစ်တွေပါ
ကချင်ပြည်နယ်မှာဆိုရင် ဒညင်းသီးကို စာကလေး၊ စာလတ်၊ ကျွဲ ဆိုပြီး အမျိုးအစားတွေခွဲထားတာရှိတယ်။ ရနိုင်တဲ့အချိန်တွေလဲ မတူကြဘူး။ အခုကတော့ စာကလေး ဒညင်းသီး ကောင်းကောင်းရင့်ချိန်ရောက်ပြီ။

အခု ရောင်းပေးမှာကလည်း စာကလေး ဒညင်းသီးလေးတွေပါ
စာကလေးဆိုတဲ့အတိုင်းပဲ အရမ်းမကြီးပေမယ့် သေးသေးလေးနဲ့ စီးတဲ့ အမျိုး။ သူ့အရသာက စီးစီးပိုင်ပိုင်နဲ့ စားလို့အရမ်းကောင်းတယ်။

Seng တို့ ကချင်ပြည်နယ်သူတွေက ဒညင်းသီးကို ပြုတ်စားကြတာပဲ များတယ်။ ဒါပေမယ့် ဒညင်းသီးကို အမျိုးမျိုးလုပ်စားလို့ရသလို ဟင်းတစ်ခွက်အနေနဲ့လဲ ဖန်တီးလို့ရပါတယ်။

Seng's Mart မှာ ရနိုင်တဲ့ ဒညင်းသီး မီနူးလေးပါ

၁။ ဒညင်းသီး အစိမ်း 1 Kg ၉၀ ဘတ်
၂။ ဒညင်းသီးပြုတ် ၁ လုံး ၄ဘတ် (အသင့်စားလို့ရအောင် ပဲဆီနဲ့ ဆားထည့်ပေးမယ်)
၃။ ဒညင်းသီး အုန်းနို့ဆမ်း ၁ ပွဲ ၅၀ ဘတ်
၄။ ဒညင်းသီး ပုဇွန်ခြောက် ငပိချက် ၁ ပွဲ ၅၀ ဘတ်
၅။ ဒညင်းသီး လက်ဘက်နှပ် ၁ ပွဲ ၅၀ ဘတ်

ဒညင်းသီး အစိမ်းကလွဲရင် ကျန်တဲ့ မီနူးတွေကတော့ ၁ ရက် ကြိုတင် အော်ဒါမှာရပါမယ်နော်
လာယူမယ်ဆိုရင်လဲ ရပါတယ်
ပို့ပေးရမယ်ဆိုရင်တော့ Grab delivery နှုန်းအတိုင်း ကျပါမယ်
လာမယ့် စနေနေ့တစ်ရက်ကိုတော့ ချင်းမိုင်မြို့တွင်းဆိုရင် Free delivery နဲ့ ပို့ပေးပါမယ်

အကောင်းဆုံး ဒညင်းသီးကို စားချင်တယ်ဆိုရင်တော့ အခုပဲ မှာလိုက်တော့နော်


#ဒညင်းသီး

ဒီပေ့ချ်လေးကို စတင်ရတဲ့ အကြောင်းကို မိတ်ဆက်ရမယ်ဆိုရင်တော့ Seng ကတော့ Foodie တစ်ယောက်ပါမြန်မာပြည်မှာ နေတုန်းကတော့ နေရာအနှ...
17/07/2024

ဒီပေ့ချ်လေးကို စတင်ရတဲ့ အကြောင်းကို မိတ်ဆက်ရမယ်ဆိုရင်တော့ Seng ကတော့ Foodie တစ်ယောက်ပါ
မြန်မာပြည်မှာ နေတုန်းကတော့ နေရာအနှံ့လျှောက်သွားပြီး ဒေသစာတွေ အတော်များများ လျှောက်စားခဲ့တယ်
အဲ့ဒီတုန်းကတော့ ဒီတိုင်းပဲ ရောက်ရာနေရာမှာ တွေ့ရာ ဒေသစာတွေကို မြည်းစမ်းခဲ့တာပဲ
ကိုယ်စားချင်စိတ်ဖြစ်တဲ့အခါမှာလဲ အလွယ်တကူ လက်လှမ်းမှီတော့ တကူးတက လွမ်းရကောင်းမှန်းမသိခဲ့ဘူး
အခု အကြောင်းကြောင်းနဲ့ ချင်းမိုင်ကို ပြောင်းလာဖြစ်တော့လဲ ရောက်ခါစ တစ်လလောက်ကတော့ ဒီက သူတို့ရဲ့ အစားအစာတွေလျှောက်စားရင်း ပျော်နေတာပဲ
ဒါပေမယ့် ကြာလာတာနဲ့အမျှ ကိုယ်အရင်က အလွယ်တကူစားခဲ့တဲ့ ဒေသစာလေးတွေကို လွမ်းလာတယ်
စားတိုင်းမှာ တစ်ခုခုလိုသလို ခံစားလာရတယ်
အဲ့ဒါနဲ့ အွန်လိုင်းပေါ်မှာ မွှေနှောက်ပြီးတော့ ချင်းမိုင်မှာ ရနိုင်တဲ့ မြန်မာပြည်အလွမ်းပြေ ဒေသစာတွေ လိုက်မှာ စားပြန်တယ်
ချင်းမိုင်မှာ မရနိုင်တဲ့ဟာတွေကို မြန်မာပြည်ကနေမှာစားတယ်
အဲ့လိုမှာစားရင်းနဲ့ မြန်မာပြည်အနှံ့က ဒေသစာတွေကို လူကိုယ်တိုင်သွားမစားနိုင်သေးပေမယ့် မှာစားချင်တဲ့ စိတ်တွေ တဖွားဖွားဖြစ်လာတယ်
ဒါပေမယ့် ကိုယ့်တစ်ယောက်စာမှာစားတဲ့အခါ ပို့ခနဲ့ စားရတာက သိပ်မကာမိသလို ဖြစ်လာတယ်
များများမှာတဲ့အခါကျတော့လဲ မကုန်မခမ်းနဲ့ ပစ်လိုက်ရပြန်ရော
ဒါနဲ့ပဲ ကိုယ့်လိုပဲ ဒေသစာတွေကို လွမ်းတဲ့သူတွေလဲ ရှိမှာပဲ၊ များများမှာလိုက်ရင် ဈေးလဲသက်သာမယ်၊ အားလုံးလဲ စားလို့ရမယ် ဆိုတဲ့ အတွေးနဲ့ ဒီပေ့ချ်လေးကို လုပ်ဖြစ်တာပါ
ဘာတွေ ရောင်းမှာလဲဆိုရင်တော့ ကိုယ်စားချင်တာ၊ ကိုယ်လိုချင်တာ အကုန်ရောင်းပါမယ်နော်
Seng ကလဲ အကောင်းကြိုက်တဲ့သူဆိုတော့ ရောင်းတဲ့ဟာတွေကို မကောင်းမှာ တော့မပူနဲ့
မြန်မာပြည်က ကောင်းတယ်ဆိုတဲ့ဟာတွေကိုပဲ ရွေးပြီး မှာပြီး ရောင်းပါမယ်
ဆိုင်လိုမျိုး ဖွင့်ထားတာမျိုးမဟုတ်တော့ အမြဲတမ်း ပစ္စည်းရှိနေမှာမျိုးတော့ မဟုတ်ဘူးပေါ့
ကိုယ်မှာလိုက်ပြီး ရောက်လာတဲ့ အခါတိုင်းမှာ ဒီမှာ တင်ပြီး ရောင်းပါမယ်နော်
နောက်ကျရင်တော့ ကိုယ်လဲစားချင်ပြီး ကိုယ်လဲ ကောင်းကောင်းလုပ်တတ်တဲ့ ဟာလေးတွေကို စိတ်ကူးပေါက်ရင် ပေါက်သလို တင်ပြီး ရောင်းပါမယ်
ဒါကြောင့် Seng လိုပဲ Foodie လေးတွေ ရှိရင် ဒီပေ့ချ်လေးကို Like and Follow လုပ်ထားပါ
ကောင်းတာလေးတွေ ရောက်လာတိုင်း ကြေငြာပြီး ရောင်းပါမယ်နော်
အားလုံးပဲ ကိုယ့်ဒေသရဲ့ အဝေးမှာ အဆင်ပြေ နေပျော်ကြပါစေ

's_Mart

ที่อยู่

San Sai
Chiang Mai
50210

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Seng's Martผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์