သုညတ တရားရေအေးဖြင့် ငြိမ်းချမ်းသောဘဝ တည်ဆောက်နိုင်ကြပါစေ။

🙏🙏🙏ဘုရားဂုဏ်ကို နည်းအမျိုးမျိုးနဲ့ ပွားများအားထုတ်မယ်ဆိုရင် ဘာအကျိုးရတုန်းလို့ဒီလို မေးဖွယ်ရှိတယ်။လောကမှာ လူတွေကတော့ မျှ...
30/08/2025

🙏🙏🙏ဘုရားဂုဏ်ကို နည်းအမျိုးမျိုးနဲ့
ပွားများအားထုတ်မယ်ဆိုရင်
ဘာအကျိုးရတုန်းလို့ဒီလို မေးဖွယ်ရှိတယ်။

လောကမှာ လူတွေကတော့
မျှော်မှန်းချက်တွေ အများကြီးပေါ့။
လိုချင်တဲ့ အကျိုးတွေကလည်း အများကြီးပဲ။

တစ်ယောက်နဲ့တစ်ယောက် တူချင်မှတူမယ်ပေါ့။

စိတ်ဆန္ဒတွေအမျိုးမျိုးနဲ့
အဲ့ဒီ စိတ်ဆန္ဒအမျိုးမျိုးကို ဘုရားဂုဏ်ကို
အမြဲတမ်းအမှတ်ရနေတဲ့ သတိတရားကို
မိမိသန္တာန်မှာ ဖြစ်အောင်လုပ်မယ်

တိုးပွားအောင် လုပ်မယ်ဆိုလို့ရှိရင်
စိတ်ရဲ့အလိုဆန္ဒတွေ အားလုံးဟာ
ပြည့်လာမယ်လို့ ပြောတာပဲ။

အလိုဆန္ဒပြည့်ဖို့ဆိုတာ
အင်မတန်မှ ခဲရင်းတယ်လေ...

လူတိုင်းလူတိုင်းဟာ အလိုဆန္ဒ မပြည့်ကြတာပဲများတယ်။

အဲ့တော့ ကိုယ့်ရဲ့စိတ်ဆန္ဒတွေ
ပြည့်ဝဖို့ဆိုရင် ဘာလုပ်ရမလဲဆိုတော့
အမြတ်ဆုံးသော ဘာဝနာကို အားထုတ်ကြရမယ်။

အဲ့ဒီအမြတ်ဆုံးသော
ဘာဝနာဆိုတာ ဘာလဲဆိုရင် ဗုဒ္ဓါနုဿတိပါပဲ။

ဗုဒ္ဓါနုဿတိဟာ ဘာဝနာတွေထဲမှာ
ဘာလို့အမြတ်ဆုံးဖြစ်ရလဲလို့ဆိုရင် အဖြေကတော့ ရှင်းရှင်းပဲ။

လောကမှာ အမြတ်ဆုံးပုဂ္ဂိုလ်
ဘယ်သူလဲဆိုရင် ဘုရားပဲပေါ့။
ဒီထက် မြတ်တဲ့ပုဂ္ဂိုလ်မရှိဘူးလေ။

အဲ့ဒီအမြတ်ဆုံးပုဂ္ဂိုလ်နဲ့ ပတ်သက်လာတဲ့
ဂုဏ်ရည်ဂုဏ်သွေးတွေ အမြတ်ဆုံးသော
တရားဓမ္မတွေကို ကြည်ညို တာ။

ဘုရားကို ကြည်ညိုတဲ့သူဟာ
အမြတ်ဆုံးသောအရာကို ကြည်ညိုတာပဲတဲ့။

🌿🙏🌷ပါမောက္ခချုပ်ဆရာတော်
🌸🙏🌷ဒေါက်တာနန္ဒမာလာဘိဝံသ

29/08/2025

မြတ်စွာဘုရားရှင် ရဲရဲဝင့်ဝင့် ပြောဆိုခဲ့သော အချက်(၄)ချက်၊ ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး🙏🙏🙏

28/08/2025

ကိုယ်စိတ်နှစ်ပါး အေးချမ်းကြပါစေ 🙏🙏🙏

28/08/2025

ကလေးတွေအတွက် September အတန်းလေးဖွင့်ပေးလိုက်ပါတယ်။ မိဘတွေ လာမေးကြတာက အသက် ၁၃-၁၄ ပိုများကြလို့ လစဉ်လည်းဖွင့်ပေးနိုင်အောင်လို့ စီစဉ်ပေးလိုက်ပါတယ်။

အသက် ၁၃ နှစ်နဲ့အထက်အရွယ်ကနေစပြီး လေ့ကျင့်သင်ကြားပေးသွားပါမယ်။ ကလေးကြီးတွေလည်း ဒီအတန်းကနေပဲ စသင်ပေးပါမယ်။

OpenStax ရဲ့ လမ်းကြောင်းအတိုင်း Algebra and Trigonometry စာအုပ်မှာ စဉ်ထားတာလေးကို Module One အနေနဲ့ သုံးလအရင်သင်ပါမယ်။

ပြီးမှ OpenStax ရဲ့ Precalculus စာအုပ်မှာ စဉ်ထားတဲ့အတိုင်းလေးကို Module Two အနေနဲ့ သုံးလဆက်သင်ပါမယ်။

ပြီးမှ OpenStax ရဲ့ Calculus Volume 1 စာအုပ်မှာ စဉ်ထားတဲ့အတိုင်းလေးကို Midule Three အနေနဲ့ သုံးလဆက်သင်ပါမယ်။

မိဘတွေအနေနဲ့က ကိုယ့်ကလေး အတန်းအချိန်အဆင်ပြေတဲ့အတန်းမှာ လိုက်တက်ထားပြီး ကိုယ့်ကလေးရဲ့ လိုက်နိုင်တဲ့အနေအထားကိုကြည့်ပြီးမှ Module တဆင့်ပြီး တဆင့်တက်သွားလို့ရအောင် စဉ်ထားပါတယ်။

ဒီ Modules သုံးခုလုံးပြီးသွားရင်တော့ နိုင်ငံတကာ တက္ကသိုလ်တွေမှာ သင်္ချာအပိုင်းရော Python အပိုင်းမှာပါ ကောင်းကောင်း လိုက်နိုင်သွားပါလိမ့်မယ်။

28/08/2025
27/08/2025

သေတတ်ဖို့ သေခါနီးမှ ကပ်ပြီး ကျင့်လို့မရဘူး။
သစ္စာရွှေစည်ဆရာတော် အရှင်ဥတ္တမ။

26/08/2025
25/08/2025

တရားထိုင်ရင် ခါးနာသူများ ဘယ်လို တရားရှုမှတ်မလဲ။ Dr. ဓမ္မနန်းတော် ဆရာတော်🙏🙏🙏

👉👉သက္ကာယဒိဋ္ဌိ🌿🌿🌿🌿မှားသောအမြင်။ ပရမတ္ထအားဖြင့် ထင်ရှားရှိသော တရားအပေါင်း (ခန္ဓာငါးပါး)၌ မှားသော-အမြင်-အယူအဆသက္ကာယဒိဋ္ဌိ ...
25/08/2025

👉👉သက္ကာယဒိဋ္ဌိ🌿🌿
🌿🌿မှားသောအမြင်။

ပရမတ္ထအားဖြင့် ထင်ရှားရှိသော တရားအပေါင်း (ခန္ဓာငါးပါး)၌ မှားသော-အမြင်-အယူအဆ

သက္ကာယဒိဋ္ဌိ ဆိုသည်မှာ အတ္တဒိဋ္ဌိကို ဆိုလိုသည်။

စက္ခု(မျက်စိ) ကို ငါ, ငါဟူ၍လည်းကောင်း,
ငါ၏ အတ္တဟူ၍လည်းကောင်း ထင်မြင်စွဲလမ်း၍နေသော ဒိဋ္ဌိ ဖြစ်သည်၊

ထို့အတူ သောတ(နား)ကို,

ဃာန(နှာခေါင်း) ကို,

ဇိဝှါ(လျှာ) ကို,

ကာယ(ကိုယ်အရေပြား) ကို,

မနော(စိတ်) ကို ငါ, ငါဟူ၍လည်းကောင်း၊ ငါ၏အတ္တဟူ၍လည်းကောင်း, ထင်မြင်စွဲလမ်း၍နေသာ ဒိဋ္ဌိ (ထင်မြင်မှု) ဖြစ်သည်။
🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿

စွဲလမ်းပုံ

အဆင်းသဏ္ဌာန်ကို မြင်ကြသောအခါ ငါမြင်သည်, ငါမြင်သည်ဟု ထင်မြင်စွဲလမ်း၍ နေမှုသည် စက္ခုကို ငါ-ငါဟူ၍ ထင်မြင်စွဲလမ်းမှု မည်၏။

ထိုထိုအသံကို ကြားကြသောအခါ ငါကြားသည် ငါကြားသည်ဟု၊

ထိုထိုအနံ့ကို နံကြသောအခါ ငါနံသည် ငါနံသည်ဟု၊

ထိုထိုအရသာကို စားကြသောအခါ ငါစားသည် ငါစားသည်ဟု၊

ကိုယ်၌ ပူခြင်း, အေးခြင်း, ညောင်းခြင်း, ညာခြင်း, နာခြင်း, ကျင်ခြင်း စသည် ဖြစ်ပေါ်လာသောအခါ ငါပူသည်, ငါအေးသည်, ငါညောင်းညာသည်, ငါကျင်သည်ဟု၊ ထိုထိုအရာကို ကြံဖန်ကြသောအခါ ငါကြံသည် ငါကြံသည်ဟု ထင်မြင်စွဲလမ်း၍ နေမှုသည်

မနောကို ငါ-ငါဟူ၍ ထင်မြင်စွဲလမ်းမှု မည်၏။ ဤသည်မှာ အတွင်း အာယတန ခြောက်ပါးတို့တွင် သက္ကာယဒိဋ္ဌိ စွဲလမ်းနေပုံ ဖြစ်သည်။

ကိုးကား။

သက္ကာယဒိဋ္ဌိ (ထီ) [သန္တ+ကာယ+ဒိဋ္ဌိ။ သက္ကာယဒမ္ပိ-သံ။

တိပိဋကအဘိဓာန် အတွဲ-၂၁။

# သုညတ

24/08/2025

မှန်လှပါ ဘုရား 🙏🙏🙏

ที่อยู่

Chiang Mai
50000

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ သုညတผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์