Note By Hnin “ Life is short , Create more memories “📝

28/01/2025

ချင်းရိုင်က အာခါ တိုင်းရင်းသားတွေ ဖွင့်ထားတဲ့ ဆိုင်လေး 💕
ချင်းရိုင်ဘက် ရောက်ရင် အာခါ တိုင်းရင်းသားစာ နဲ့ coffee သွားသောက်သင့်တဲ့ ဆိုင်လေး အရမ်းလည်းအရသာရှိတယ်
ကိုယ်တွေသွားတဲ့အချိန် ရာသီဥတုကလည်း 14° လောက်ထိ အေးနေလို့ သူတို့နဲ့အတူ မီးလည်း အတူလှုံခဲ့ရတာ အမှတ်တရပါပဲ အစ်မ တစ်ယောက်က မြန်မာလိုလည်း ပြောတတ်တယ် အရမ်းသဘောကောင်းတဲ့ တိုင်းရင်းသားတွေပါ



Location - https://maps.app.goo.gl/96Y4dEkzp783kWU16

ချင်းမိုင်မြို့က စံပယ်ပန်းဘုရားလို့ လူသိများတဲ့ Wat Phra That Doi Khanစံပယ်ပန်းကပ်ပြီး ဆုတောင်းရင် ဆုတောင်းပြည့်တယ်လို့ ...
13/01/2025

ချင်းမိုင်မြို့က စံပယ်ပန်းဘုရားလို့ လူသိများတဲ့ Wat Phra That Doi Khan

စံပယ်ပန်းကပ်ပြီး ဆုတောင်းရင် ဆုတောင်းပြည့်တယ်လို့ နာမည်ကြီးလို့ လူအများအပြား လာရောက်ကြတဲ့ ချင်းမိုင်က နာမည်ကြီးဘုရား

Location - https://maps.app.goo.gl/nMykV6Fw2fW5LHhx8

#ချင်းမိုင် #စံပယ်ပန်းဘုရား

🌸 ချင်းမိုင်က ပန်းပွဲတော်ချင်းမိုင်မှာ ရောက်နေတယ် Charming Chiang Mai Flower Festival ကို မရောက်သေးဘူးဆိုရင်တော့ Jan 5 ထ...
29/12/2024

🌸 ချင်းမိုင်က ပန်းပွဲတော်

ချင်းမိုင်မှာ ရောက်နေတယ် Charming Chiang Mai Flower Festival ကို မရောက်သေးဘူးဆိုရင်တော့ Jan 5 ထိ ရှိသေးတာမို့ သွားလည်လို့ရသေးတယ်နော်

ဝင်ကြေးကလည်း အခမဲ့ပါ

နေ့ဘက်ဆို ပန်းတွေနဲ့ ဓာတ်ပုံရိုက်လို့ရပြီးတော့ ညဘက်ဆို မီးရောင်စုံလေးတွေနဲ့ လည်း ဓာတ်ပုံရိုက်လို့လှတယ်နော် ဓာတ်ပုံရိုက်ဝါသနာပါတဲ့ ကောင်မလေးတွေ သွားလည်ကြည့်ပေါ့နော်🥰

မုန့်ဈေးတန်းလည်းရှိ ၊ မင်မင်ကတော့ စတော်ဘယ်ရီလေးတွေ ဈေးချိုလို့ အကြိုက်တွေ့ခဲ့ပါတယ်😋

Location => https://maps.app.goo.gl/bUja2juTnd3j5usM8

ဒီပုံလေးတွေ မတင်ရသေးလို့ 🥰 NCU ရှေ့က coffee ဆိုင်လေး လူရှင်းတယ် တိတ်ဆိတ်တယ် photo ရိုက်လို့လည်း လှတဲ့ ဆိုင်လေး
10/12/2024

ဒီပုံလေးတွေ မတင်ရသေးလို့ 🥰 NCU ရှေ့က coffee ဆိုင်လေး လူရှင်းတယ် တိတ်ဆိတ်တယ် photo ရိုက်လို့လည်း လှတဲ့ ဆိုင်လေး

ချင်းမိုင်မြို့ကနေ နာရီဝက်လောက် ကားမောင်းသွားရင် ရောက်မဲ့ သဘာဝ ရေတံခွန် Mae Sa Waterfall အားလပ်ရက်မှာ အေးဆေးတဲ့ နေရာလေး ...
25/11/2024

ချင်းမိုင်မြို့ကနေ နာရီဝက်လောက် ကားမောင်းသွားရင် ရောက်မဲ့ သဘာဝ ရေတံခွန် Mae Sa Waterfall

အားလပ်ရက်မှာ အေးဆေးတဲ့ နေရာလေး သွားမယ်ဆိုပြီး ရောက်ဖြစ်ခဲ့တဲ့ ရေတံခွန်လေးပေါ့ အဆင့် ၁၀ ဆင့်ရှိပြီး ၃ ဆင့်ထိ ဆိုင်ကယ် / ကား နဲ့ သွားလို့ရပါတယ်
ဝင်ကြေးက တစ်ယောက် ဘတ် ၁၀၀ ပေးရပြီး မင်မင်တို့က ဆိုင်ကယ်နဲ့ သွားတော့ ဆိုင်ကယ် ဝင်ကြေးက တစ်စီး ၂၀ ပေးရတယ်ပေါ့နော်
၃ ဆင့်မြောက်မှာ ကား/ဆိုင်ကယ် parking နဲ့ စားသောက်ဆိုင်လေးတွေလည်း ရှိလို့ အနားယူ စားသောက်လို့ရပါတယ် စားသောက်ဆိုင်လေးတွေကနေ ဖျာငှားပြီး ရေတံခွန်ဘေးမှာ စားသောက် အပန်းဖြေလို့ရလို့ နီးနီးနားနား relax လုပ်ဖို့ ကောင်းတဲ့ နေရာလေးပါ
အဝတ်လဲခန်းလေးတွေလည်း ရှိတော့ ရေတံခွန်ထဲ ဆင်းပြီး ရေချိုးလို့လည်း အဆင်ပြေတယ်
၃ ဆင့်ကနေ ၁၀ ဆင့်ထိကိုတော့ ခြေလျှင် တက်ရပြီး small hiking လိုမျိုး vibe လေးရတယ်ပေါ့နော် hiking လည်း တက်ချင်တယ် ပေါ့ပေ့ါပါးပါး relax လည်း လုပ်ချင်တယ်ဆိုရင်တော့ သွားသင့်တဲ့ နေရာလေးပါပဲ

Location
https://maps.app.goo.gl/Q9YkmTzoMbnTqsi49




me - ရာသီဥတုက တောင်ပေါ်ရာသီဥတုလေးဖြစ်နေပြီ ဓာတ်ပုံရိုက်ရအောင် လှလှလေးနေmy 🐱- 👇
06/11/2024

me - ရာသီဥတုက တောင်ပေါ်ရာသီဥတုလေးဖြစ်နေပြီ ဓာတ်ပုံရိုက်ရအောင် လှလှလေးနေ
my 🐱- 👇

ခုတလော အလစ်တဲလေး review ကောင်းနေတဲ့ ချင်းမိုင်က အသစ်ဖွင့်တဲ့ PAO Park လေးကို ရောက်ဖြစ်ခဲ့လို့ share ပေးချင်လို့ပါရှင် re...
20/10/2024

ခုတလော အလစ်တဲလေး review ကောင်းနေတဲ့ ချင်းမိုင်က အသစ်ဖွင့်တဲ့ PAO Park လေးကို ရောက်ဖြစ်ခဲ့လို့ share ပေးချင်လို့ပါရှင် review တွေမှာ အရမ်းလှတယ် ပြောကြလို့ သွားခဲ့ပေမဲ့ မျှော်လင့်ထားသလောက် မဟုတ်ခဲ့ဘူးပေါ့နော် တချို့နေရာတွေ ခုမှ မြေတူးဆွနေတုန်းဆိုတော့ နောက်ကျရင်တော့ ပိုလှလာမယ်လို့တော့ ထင်ပါတယ်ရှင်
ခုတော့ တကူးတက သွားလည်ရလောက်တဲ့ထိ မကြိုက်ပါဘူးရှင်(Just my opinion) ညနေခင်း မနက်ခင်း အပန်းဖြေ လမ်းလျှောက်ရုံသာသာပါပဲ
မင်မင့်အနေနဲ့တော့ PAO park ထက် Chiang Mai University ထဲ ကို ပိုကြိုက်ပါတယ် ပိုပြီး စိမ်းစိုသာယာတယ်လို့ ခံစားရတယ်
ပထမပုံကတော့ PAO park က ပုံဖြစ်ပြီးတော့ ဒုတိယပုံကတော့ Chiang Mai University တစ်နေရာက ပုံလေးပါရှင်

23/07/2024

ที่อยู่

Chiang Mai

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Note By Hninผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์