30/06/2026
အမြင်အာရုံမသန်စွမ်းသူများအတွက် အခွင့်အလမ်းအသစ်တွေ၊ ပိုကောင်းမွန်တဲ့နေ့ရက်တွေ ရရှိစေဖို့ ဒစ်ဂျစ်တယ်အသိပညာပေးသင်တန်းကို XtraSure မှပေးအပ်ခဲ့
Apple Authorized Resller ဖြစ်တဲ့ XtraSure ရဲ့ "ကောင်းသောနေ့များဆီသို့" CSR လူမှုအကျိုးပြုအစီအစဉ် အဖြစ် အမြင်အာရုံမသန်စွမ်းသူ (၃၀) ဦးအတွက် ဒစ်ဂျစ်တယ်အသိပညာပေးသင်တန်းကို ရန်ကုန်မြို့ Pan Pacific Hotel မှာ ဇွန်လ ၂၄ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပါတယ်။ သင်တန်းမှာ iPhone ရဲ့ VoiceOver, Siri, Accessibility Shortcuts နဲ့ Control Center စတဲ့ Accessibility Features တွေကို အသုံးပြုနည်း၊ AI အကူအညီနဲ့ Navigation ပြုလုပ်နည်းအပြင် iMovie အသုံးပြုပြီး Video ရိုက်ကူးတည်းဖြတ်နည်းတွေကို လက်တွေ့သင်ကြားပေးခဲ့ပါတယ်။
ဒီသင်တန်းကနေ သင်တန်းသားတွေဟာ ဖုန်းခေါ်ဆိုတာ၊ Message ပို့တာ၊ အချက်အလက်ရှာဖွေတာ၊ လမ်းကြောင်းရှာဖွေတာနဲ့ နေ့စဉ်လုပ်ငန်းဆောင်တာတွေကို အခြားသူတွေအပေါ် အားကိုးမှုနည်းပြီး ကိုယ်တိုင်လုပ်ဆောင်နိုင်မယ့် နည်းလမ်းတွေကို လေ့လာခွင့်ရရှိခဲ့ကြပါတယ်။ ဒါ့အပြင် သင်တန်းပို့ချသူ မဝေဖူးကလည်း အမြင်အာရုံမသန်စွမ်းသူတစ်ဦးအဖြစ် ဒစ်ဂျစ်တယ်နည်းပညာကို ကိုယ်တိုင်သင်ယူအသုံးပြုခဲ့တဲ့ အတွေ့အကြုံတွေကို မျှဝေပေးခဲ့ပြီး နည်းပညာဟာ နေ့စဉ်ဘဝ၊ ပညာရေးနဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေမှာ ဘယ်လိုအထောက်အကူပြုနိုင်တယ်ဆိုတာကို လက်တွေ့ဥပမာတွေနဲ့ ရှင်းပြခဲ့ပါတယ်။ XtraSure ကတော့ လူတိုင်း ဒစ်ဂျစ်တယ်နည်းပညာကို ပိုမိုလက်လှမ်းမီစေဖို့နဲ့ လူမှုအသိုက်အဝန်းအတွက် ပိုမိုကောင်းမွန်တဲ့နေ့ရက်တွေ ဖန်တီးနိုင်ဖို့ CSR အစီအစဉ်တွေကို ဆက်လက်အကောင်အထည်ဖော်သွားမယ်လို့ သိရပါတယ်။
#ကောင်းသောနေ့များဆီသို့