Duwun

Duwun မျိုးဆက်သစ်တို့ရဲ့မီဒီယာ မ်ုိးဆက္သစ္တို႔အတြက္ မီဒီယာ
(3880)

"ယဉ်ကျေးမှုကြွယ်ဝပြီး အရသာရှိတဲ့ အစားအသောက်တွေပေါတဲ့ ဆာကူရာမြေကို အလည်သွားဖြစ်ခဲ့ရင်..."အေးချမ်းတဲ့ရာသီဥတုနဲ့အတူ ဆန်းသစ်...
22/01/2025

"ယဉ်ကျေးမှုကြွယ်ဝပြီး အရသာရှိတဲ့ အစားအသောက်တွေပေါတဲ့ ဆာကူရာမြေကို အလည်သွားဖြစ်ခဲ့ရင်..."

အေးချမ်းတဲ့ရာသီဥတုနဲ့အတူ ဆန်းသစ်တဲ့အတွေ့အကြုံတွေကို ခံစားချင်တဲ့ခရီးသွားတွေအတွက် ဂျပန်နိုင်ငံရဲ့ အထင်ကရမြို့တွေအကြောင်း တင်ဆက်ပေးလိုက်ပါတယ်။

ဆန်းသစ်တဲ့အတွေ့အကြုံတွေကို ခံစားချင်တဲ့ခရီးသွားတွေအတွက် ဂျပန်နိုင်ငံရဲ့ အထင်ကရမြို့တွေအကြောင်း တင်ဆက်ပ.....

21/01/2025

"အသက် ၁၈ နှစ်တည်းက ဝက်သားတုတ်ထိုးရောင်းလာခဲ့တဲ့ ဦးခင်မောင်ဦး ""အာကွေ့""

စားသုံးသူတွေဟာဆိုရင် ဆိုင်ရှင်နဲ့ တရင်းတနှီး ပြောဆိုဝယ်စားလေ့ရှိတာကြောင့် တရုတ်မင်းသား ""အာကွေ့"" လို့ ချစ်စနိုး နာမည်ပေးထားကြတာပါ။ တစ်မတ်ငါးမူး ခေတ်တည်းက ဝက်သားတုတ်ထိုးက အခုဆို တစ်ချောင်း ၃၀၀၊ ၅၀၀ ဖြစ်နေပါပြီ။ ဒီဆိုင်ရဲ့ ဝက်သားတုတ်ထိုးတွေက နူးညံ့ပြီး စားနေကျစားသုံးသူတွေက စွဲစွဲမြဲမြဲ ကြိုက်ကြပါတယ်။ ဆိုင်လိပ်စာကတော့ စမ်းချောင်းမြို့နယ်၊ ဇလွန်လမ်း၊ လင်းလွန်းမြောက်ရပ်ကွက်မှာပါ။

#အာကွေ့ #ဝက်သားတုတ်ထိုး

"တန်းစီတုံကင်စနစ်နဲ့ ရောင်းရလောက်အောင် ရောင်းကောင်းတဲ့ မြောက်ဒဂုံက ဘိုင်လေးကြက်ကြော်ဆိုင်"ဒီဆိုင်မှာ တစ်နေ့ကို အနည်းဆုံး...
21/01/2025

"တန်းစီတုံကင်စနစ်နဲ့ ရောင်းရလောက်အောင် ရောင်းကောင်းတဲ့ မြောက်ဒဂုံက ဘိုင်လေးကြက်ကြော်ဆိုင်"

ဒီဆိုင်မှာ တစ်နေ့ကို အနည်းဆုံး ကြက်အကောင်ရေ ၇၀ ကျော်လောက်ရောင်းရပြီး ပိတ်ရက်ဆို ကြက်အကောင်ရေ ၁၀၀ ကျော်လောက် ရောင်းရတယ်လို့သိရပါတယ်။ ဆိုင်သက်တမ်း ၁၀ နှစ်လောက် ရှိပြီဖြစ်ပြီး ရောင်းစက တစ်နေ့ကို ကြက် ၃ ကောင်လောက်ပဲ ရောင်းခဲ့ရတာပါ။ အရင်က ဆိုင်ရှင်တစ်ယောက်တည်း ရောင်းခဲ့ရပေမယ့် အခုတော့ ဝန်ထမ်းတွေလည်း အများအပြား ခန့်ထားနိုင်သလို မိသားစုလုပ်ငန်းလည်း ဖြစ်နေပါပြီ။ အသားတွေကို မဆလာနဲ့အရသာနှပ်ပြီး တစ်နေ့စာတစ်နေ့ပဲ ကုန်အောင်ရောင်းတာကြောင့် လတ်ဆတ်ပြီး အရသာလည်း ကောင်းပါတယ်။ ဈေးနှုန်းတွေအနေနဲ့ ၅၀၀ ကျပ်ကနေ ၃၀၀၀ ကျပ်အတွင်းရှိပြီး ကြက်သားနဲ့ပတ်သက်လို့ ကြက်အရေခွံ၊ အူကအစ အသားအစုံ ရနိုင်ပြီး ဆိတ်ဆာတေးလည်း ရောင်းပါတယ်။ ဆိုင်စဖွင့်တဲ့အချိန်ဆို လူအရမ်းကျတာကြောင့် တုံကင်စနစ်နဲ့ ရောင်းပေးပြီး အွန်လိုင်းကလည်း မှာယူလို့ ရပါတယ်။ လိပ်စာကတော့ မြောက်ဒဂုံမြို့နယ်၊ ၃၆ ရပ်ကွက်၊ မန္တလေးလမ်းမကြီးပေါ်မှာပါ။

#ဘိုင်လေးကြက်ကြော်

20/01/2025

မွန်လက်ရာ အိမ်ချက်ထမင်းဟင်းတွေကို မိသားစုစဉ်ဆက် ရောင်းလာတဲ့ ရွှေမြိတ်

ဆိုင်ရှင်တို့ မိသားစုဟာဆိုရင် အဖွားလက်ထက်တည်းက မြိတ်မှာ ထမင်းဆိုင်ဖွင့်ခဲ့တာပါ။ ၂၀၁၁ မှာတော့ ရန်ကုန်ပြောင်းလာဖွင့်ခဲ့ပြီး ဒီလုပ်ငန်းရဲ့ ဝင်ငွေနဲ့ပဲ သားသမီးတွေကို ဘွဲ့ရစေခဲ့တယ်လို့ သိရပါတယ်။ ထမင်းတစ်ခါပြင် ၃၅၀၀ ကျပ်နဲ့ စေတနာရှိရှိ ရောင်းတဲ့ ရွှေမြိတ် ထမင်းဆိုင်ရဲ့ လိပ်စာကတော့ မြောက်ဒဂုံမြို့နယ်၊ တပင်ရွှေထီးလမ်းနဲ့ နတ်မောက်လမ်းထောင့်၊ ၃၉ ရပ်ကွက်မှာပါ။

#ရွှေမြိတ်

"၁၉၇၈ ခုနှစ်တည်းက ရုံးဝန်ထမ်းတွေနဲ့ အမြဲစည်ကားခဲ့တဲ့ အလုံ (ဦးပိန်လေး) မုန့်ဟင်းခါး"ဦးပိန်လေးဟာဆိုရင် အသက် ၆၀ ကျော်အထိ ကိ...
19/01/2025

"၁၉၇၈ ခုနှစ်တည်းက ရုံးဝန်ထမ်းတွေနဲ့ အမြဲစည်ကားခဲ့တဲ့ အလုံ (ဦးပိန်လေး) မုန့်ဟင်းခါး"

ဦးပိန်လေးဟာဆိုရင် အသက် ၆၀ ကျော်အထိ ကိုယ်တိုင် မုန့်ဟင်းခါးချက်ရောင်းနေတာပါ။ ၁၉၇၈ ခုနှစ်တုန်းတည်းက လက်ရာကို မပြောင်းလဲသွားအောင် ထိန်းထားနိုင်တာဖြစ်လို့ မိတ်ဟောင်းစားသုံးသူတွေက တကူးတက လာစားလေ့ရှိကြပါတယ်။ အရင်ခေတ်က မုန့်ဟင်းခါးကို ငါးသလောက်ဥ၊ ငါးဖယ်၊ အကြော်စုံတွေနဲ့ ဈေးတန်တန်လေး ရောင်းပေးတာကြောင့် ရုံးဝန်ထမ်းတွေကြား အရမ်းနာမည်ရခဲ့တာပါ။ အရင်က မုန့်ဟင်းခါးနဲ့ အုန်းနို့ခေါက်ဆွဲကို အဓိကရောင်းခဲ့ပေမယ့် အခုတော့ နန်းကြီးသုပ်၊ နန်းပြားသုပ်၊ ရွှေတောင်ခေါက်ဆွဲတို့ပါ ရောင်းနေပါပြီ။ အခုချိန်ထိ မုန့်ဟင်းခါးကို လူကြိုက်များနေဆဲဖြစ်ပြီး တစ်နေ့ကို မုန့်ဖတ် ပိဿာ ၂၀ လောက်ရောင်းရတယ်လို့ သိရပါတယ်။ ဆိုင်လိပ်စာကတော့ သာကေတမြို့နယ်၊ ရန်ပြေ ၁၈ လမ်းနဲ့ ၁၉ လမ်းထိပ်မှာပါ။

#အလုံဦးပိန်လေးမုန့်ဟင်းခါး

“အကောင့်တစ်ခု၊ ဖုန်းတစ်လုံးစနစ်” ဆိုတာဘာလဲ? “အကောင့်တစ်ခု၊ ဖုန်းတစ်လုံးစနစ်” ဆိုတာ အသုံးပြုသူရဲ့ Mobile Wallet အကောင့်ကိ...
18/01/2025

“အကောင့်တစ်ခု၊ ဖုန်းတစ်လုံးစနစ်” ဆိုတာဘာလဲ?

“အကောင့်တစ်ခု၊ ဖုန်းတစ်လုံးစနစ်” ဆိုတာ အသုံးပြုသူရဲ့ Mobile Wallet အကောင့်ကို OTP နဲ့ PIN နံပါတ် တို့ဖြင့် အကာအကွယ်ပေးထားသည့်အပြင် ထပ်ဆင့် အကာအကွယ်ပေးထားသော စနစ်တစ်ခုဖြစ်ပါတယ်။

“အကောင့်တစ်ခု၊ ဖုန်းတစ်လုံးစနစ်” သည် အသုံးပြုသူများအား မိမိ၏ Mobile Wallet အကောင့်ကို မိမိလက်ရှိ အသုံးပြုနေသော ဖုန်းတစ်လုံးထဲတွင်သာ ထည့်သွင်း အသုံးပြုခွင့်ပေးပါတယ်။ အကောင့်ကို အခြား ဖုန်းအသစ်တစ်လုံးထဲသို့ ပြောင်းလဲ အသုံးပြုလိုပါက လက်ရှိ အကောင့်ဝင်ထားသော ဖုန်းအမျိုးအစားမှ log out ထွက်ခြင်းကို မိမိကိုယ်တိုင် လုပ်ဆောင်ရမှာဖြစ်ပါတယ်။ ဖုန်းအဟောင်းတွင် log out လုပ်ဆောင်ခဲ့မှသာ ဖုန်းအသစ်တွင် မိမိ၏ အကောင့်ကို ဝင်ရောက် အသုံးပြုနိုင် မှာဖြစ်ပါတယ်။

“အကောင့်တစ်ခု၊ ဖုန်းတစ်လုံးစနစ်” က အသုံးပြုသူများအတွက် ပို၍ လုံခြုံမှုပေးသလို တစ်ဖက်တွင်လည်း မသမာသူများမှ မိမိအကောင့်ထဲကို ဝင်ရောက်ဖို့ ကြိုးစားတဲ့အခါ မိမိ၏ ဖုန်းတွင် “စက်အသစ်ပြောင်းလဲမှုအတွက် ခွင့်ပြုချက်တောင်းခံစာ” ကို လက်ခံရရှိမှာဖြစ်တဲ့အတွက် ၎င်းကို လက်ခံ ခွင့်မပြုမိစေဖို့ အလွန်အရေးကြီးပါတယ်။ မိမိဘက်မှ လက်ခံ ခွင့်ပြုလိုက်မိတာနဲ့ မသမာသူတွေက ၎င်းတို့ရဲ့ ဖုန်းမှတစ်ဆင့် မိမိအကောင့်ထဲကို ဝင်ရောက်၍ ငွေကြေးလိမ်လည် ထုတ်ယူနိုင်ပါတယ်။ ဒါကြောင့် စက်ပြောင်းဖို့အတွက် မိမိကိုယ်တိုင်လုပ်ဆောင် ခွင့်ပြုချက် တောင်းခံတဲ့အခါမှသာ လက်ခံဖို့ တိုက်တွန်းလိုက်ပါတယ်။

Wave အသုံးပြုသူတွေအနေနဲ့ ငွေကြေးလိမ်လည်မှုအန္တရာယ်တစ်စုံတစ်ခု ကြုံတွေ့ခဲ့ရပါက Wave Money ရဲ့ call-center နံပါတ်ဖြစ်တဲ့ ၀၉ ၇၉၀၀၀၉၀၀၀ (ဒါမှမဟုတ်) atom ဖုန်းနံပါတ်တွေအတွက်ဆိုရင် ၉၀၀ ကို အချိန်မှီ ဆက်သွယ်ဖို့ တိုက်တွန်းလိုက်ပါသည်။

"ကြက်သားတုတ်ထိုးအစုံကို အရသာထိထိမိမိ စားရမယ့် မိဈေး ကြက်သားတုတ်ထိုး"ဒီဆိုင်ကတော့ ထုတ်ထုတ်လေးနဲ့ စားကောင်းတဲ့ ကြက်နီမအရေခ...
18/01/2025

"ကြက်သားတုတ်ထိုးအစုံကို အရသာထိထိမိမိ စားရမယ့် မိဈေး ကြက်သားတုတ်ထိုး"

ဒီဆိုင်ကတော့ ထုတ်ထုတ်လေးနဲ့ စားကောင်းတဲ့ ကြက်နီမအရေခွံကြောင့် လူသိများလာတာပါ။ ကြက်နဲ့ပတ်သက်တဲ့ အသားအစုံရနိုင်ပြီး ကြက်မဲ၊ ကြက်ဥချောင်းတွေလည်း ရပါတယ်။ ကြက်နီမ အရေခွံဟာဆိုရင် ဝက်ခေါက်လိုမျိုး ထုတ်ထုတ်လေးနဲ့ စားလို့ကောင်းပြီး အီလည်းမအီလို့ အခုလို လူကြိုက်များလာတာပါ။ အချဉ်ရည်ကို အချို၊ အစပ် မိမိကြိုက်နှစ်သက်ရာ စပ်ခိုင်းလို့ရပြီး အစပ်ပိုကြိုက်ရင် ကုလားအော်သီးပါ ထပ်ထည့်ပေးပါတယ်။ မိသားစုဝင်တွေအကုန် ဝိုင်းလုပ်တဲ့ စီးပွားရေးလုပ်ငန်းကို တစ်နေ့ကို အနည်းဆုံး ကြက်ပိဿာအချိန် ၂၀ လောက် ရောင်းရတယ်လို့ သိရပါတယ်။ ဈေးနှုန်းတွေအနေနဲ့ ကြက်အချင်းတိုင်၊ ကြက်မဲ၊ ဟော့ဒေါ့တွေက တစ်ချောင်း (၁၀၀၀) ကျပ်ဖြစ်ပြီး အခြားတုတ်ထိုးတွေကတော့ တစ်ချောင်း (၂၀၀) ကျပ်ပါ။ လိပ်စာကတော့ တောင်ဒဂုံမြို့နယ် (၂၀) ရပ်ကွက်၊ လှိုင်သီတာ (၃) လမ်းထိပ်၊ မြိတ်လမ်းမပေါ်မှာ ရှိပါတယ်။

#မိဈေး #ကြက်သားတုတ်ထိုး

17/01/2025

"ဈေးနှုန်းသင့်တင့်ပြီး အကြော်အစုံရတဲ့ ပုဇွန်တောင်စာတိုက်နားက ဒေါ်မြင့်မြင့်စိန်ရဲ့ အကြော်စုံ"

ဒီဆိုင်ကအကြော်ကို ကြိုက်နှစ်သက်သူတွေ များပြားတာကြောင့် ဆိုင်စဖွင့်တည်းက ဝယ်ဖို့ တန်းစီနေကြပါပြီ။ ဆိုင်ရှင် ဒေါ်မြင့်မြင့်စိန်ကတော့ အသက် ၂၅ နှစ် အရွယ်တည်းက အခုချိန်ထိ အကြော်ကြော်ရောင်းနေတာပါ။ ပူပူလေးနဲ့ လတ်လတ်ဆတ်ဆတ် ကြော်ရောင်းတာဖြစ်လို့ ည ၁၀ နာရီလောက်ထိ လူဝယ်မပြတ်ဘဲ ဆိုင်ဖွင့်ရပါတယ်။ ""မမြင့်စိန်"" အကြော်စုံဆိုင်ရဲ့ လိပ်စာကတော့ အထက်ပုဇွန်တောင်လမ်း၊ ပုဇွန်တောင် စာတိုက်အနီးမှာပါ။

#မမြင့်စိန် #အကြော်စုံ

"ကိုယ့်အိမ်ကိုယ့်ယာမှာ စားရသလို နွေးထွေးမှုမျိုးကိုပေးမယ့် သလ္လာဝတီဆိုင်"ဒီဆိုင်ရဲ့ အပြင်အဆင်က အိမ်ပုံစံမျိုးလုပ်ထားတာကြ...
17/01/2025

"ကိုယ့်အိမ်ကိုယ့်ယာမှာ စားရသလို နွေးထွေးမှုမျိုးကိုပေးမယ့် သလ္လာဝတီဆိုင်"

ဒီဆိုင်ရဲ့ အပြင်အဆင်က အိမ်ပုံစံမျိုးလုပ်ထားတာကြောင့် ဆိုင်မှာထိုင်စားမယ်ဆိုရင် နွေးထွေးတဲ့ စိတ်ခံစားမှုကို ရစေမှာပါ။ ဒေသအစားအစာကို လူသိများစေချင်တဲ့ ရည်ရွယ်ချက်နဲ့ ဖွင့်ထားတာဖြစ်ပြီး ဆိုင်ရဲ့ထူးခြားချက်အနေနဲ့ မြန်မာနိုင်ငံတစ်ဝှမ်းက ထင်ရှားတဲ့ အစားအသောက်တွေကို ရောင်းပေးပါတယ်။ မီနူးအမျိုးအစားကိုလည်း (၇) မျိုးခွဲထားပြီး တောင်ပေါ်ဒေသအစားအစာ၊ မြေပြန့်ဒေသအစားအစာဆိုပြီး သတ်မှတ်ထားတာပါ။ ဒေသအစားအစာတွေကို တကူးတက ဆိုင်ရှာစရာမလိုအောင် တစ်နေရာတည်းမှာ စီစဉ်ပေးထားပြီး ဆိုင်အပြင်အဆင်ကိုလည်း ရှေးဟောင်းဒီဇိုင်းပုံစံလေးနဲ့ပဲ ပြင်ထားပါတယ်။ အစားအသောက်တွေအားလုံးကို မှာယူတဲ့အချိန်မှ ပူပူနွေးနွေး ချက်ပေးတာဖြစ်လို့ အကြော်တွေဆိုရင် ပူပူနဲ့ ကြွပ်ကြွပ်လေး စားရမှာပါ။ ဒေသစာ အရသာစစ်စစ်ရအောင် ကုန်ကြမ်းတွေကိုလည်း သက်ဆိုင်ရာ အရပ်ဒေသတွေကပဲ မှာယူတယ်လို့ သိရပါတယ်။ သလ္လာဝတီဆိုင်ရဲ့ လိပ်စာကတော့ အမှတ် (၂၈/က)၊ ကုက္ကိုင်းရေကူးကန်လမ်း၊ ဗဟန်းမြို့နယ်မှာပါ။

#သလ္လာဝတီ

16/01/2025

"ငါးများများနဲ့ ပူပူစပ်စပ် မော်လမြိုင်စတိုင် တပင်တိုင် မုန့်ဟင်းခါး"

ဒီဆိုင်ကတော့ မော်လမြိုင်မှာ သရုပ်ဆောင် မေပန်းချီ မကြာခဏအားပေးတဲ့ ဆိုင်ဖြစ်ပြီး အခု ရန်ကုန်မှာ ဆိုင်ခွဲလာဖွင့်ထားတာပါ။ မုန့်ဟင်းခါးအပြင် မော်လမြိုင်စတိုင် အခြားအသုပ်တွေလည်း ရနိုင်ပေမယ့် ပရိသတ်တွေကတော့ မေပန်းချီစားနေကျ မုန့်ဖတ်သုပ်အတိုင်း စားချင်လို့ တကူးတက လာစားကြတယ်လို့ သိရပါတယ်။ တပင်တိုင် မုန့်ဟင်းခါးဆိုတာကတော့ မိုးမျှော်ငရုတ်သီး၊ ငရုတ်ကောင်း၊ ကြက်သွန်ဖြူနံ့မွှေးမွှေးနဲ့ ချက်ထားတာဖြစ်ပြီး လက်ညှစ်မုန့်ဖတ်နဲ့ စားရတာပါ။ အန်တီဘုတ် မုန့်ဟင်းခါးကို စားကြည့်ချင်သူတွေအတွက် ဆိုင်လိပ်စာကတော့ တိုက်အမှတ် (၉)၊ ဇဋိလလမ်း၊ မလွှကုန်းဌေးကြွယ်ရပ်ကွက်၊ ကျောက်မြောင်း၊ တာမွေမြို့နယ်မှာ ဖွင့်ထားပါတယ်။

#အန်တီဘုတ် #တပင်တိုင်မုန့်ဟင်းခါး

"လက်ဖက်ရည်ကောင်းကောင်း တစ်ခွက်နဲ့ အေးဆေးထိုင်လို့ရမယ့် ကာကာဆိုင်"ဒီဆိုင်ကိုတော့ ၁၉၆၀ တုန်းက အငွေ့အသက်တွေရအောင် ပြင်ဆင်ထာ...
16/01/2025

"လက်ဖက်ရည်ကောင်းကောင်း တစ်ခွက်နဲ့ အေးဆေးထိုင်လို့ရမယ့် ကာကာဆိုင်"

ဒီဆိုင်ကိုတော့ ၁၉၆၀ တုန်းက အငွေ့အသက်တွေရအောင် ပြင်ဆင်ထားတာဖြစ်ပြီး လက်ဖက်ရည်ကို အဓိကရောင်းပါတယ်။ လက်ဖက်ရည်အရသာကောင်းအောင် စိတ်ကြိုက် အဖျော်ဆရာတွေ ရွေးချယ်ပြီး အစိမ်းဖောက် အရသာမျိုး ဖျော်တာပါ။ လက်ဖက်ရည်ကို အချိုအရသာကနေ အကျအရသာအထိ အမျိုးမျိုး ရနိုင်ပြီး လူငယ်ဘဝမှာ လက်ဖက်ရည်ဆိုင်ထိုင်ရတဲ့ ခံစားမှုမျိုးရအောင် လုပ်ပေးထားပါတယ်။ ဆိုင်မှာ အရင်ခေတ်က ကက်ဆက်တွေ၊ တိတ်ခွေတွေထည်း ထားပေးထားတာကြောင့် မိမိကြိုက်နှစ်သက်ရာ အခွေကို ဖွင့်ပြီးနားထောင်လို့ရသလို ခွက်၊ ပန်းကန်တွေကအစ အရင်ခေတ်က ပစ္စည်းပုံတွေနဲ့ပဲ သုံးပေးထားတာပါ။ မီနူးတွေ အများကြီးမရှိပေမယ့် Signature မီနူးတွေ ထားပေးပြီး ဈေးနှုန်းကိုလည်း လူတန်းစား‌မရွေး စားနိုင်အောင် စီစဉ်ပေးထားတယ်လို့ သိရပါတယ်။ လက်ဖက်ရည်ဆိုင်လိုမျိုး လွတ်လွတ်လပ်လပ် ထိုင်လို့ရအောင် စီစဉ်ပေးထားပြီး ဆိုင်ကတော့ ၂ ထပ်ရှိတာပါ။ ဆိုင်ရှင်ဟာဆိုရင် စိတ်ကူးအိပ်မက်ထဲကအတိုင်း ဒီဆိုင်လေးကို ဖန်တီးထားတာလို့လည်း သိရပါတယ်။ ကာကာဆိုင် လိပ်စာကတော့ တိုက်D၊G-08 မြေညီထပ် ပုလဲကွန်ဒို၊ ဗဟန်းမြို့နယ်မှာပါ။

#ကာကာဆိုင် #မြန်မာ့လက်ဖက်ရည်

15/01/2025

"အိန္ဒိယလက်ရာ ထမင်းဟင်းတွေကို မြန်မာလူမျိုးတွေအကြိုက် ချက်ရောင်းတဲ့ ရွှေအင်းဝ ထမင်းဆိုင်

ဒီဆိုင်မှာ အသား၊ ငါး၊ အသီးအရွက် ဟင်းအစုံ ရောင်းပြီးတော့ ဈေးနှုန်းလည်း သင့်တင့်ပါတယ်။ ထူးခြားတဲ့ ဟင်းတွေအနေနဲ့ အမဲသားလုံး၊ အရွက်သုပ်တွေ ရနိုင်ပြီး အသားဟင်းပွဲတွေကို အိုးကြီးကြီးနဲ့ ချက်ရတဲ့အထိ ရောင်းရတာပါ။ လူကြိုက်များကြလို့ ဆိုင်ခွဲ (၃) ဆိုင်အထိ ဖွင့်ထားပြီး ရွှေအင်းဝ (၃) ထမင်းဆိုင်ရဲ့ လိပ်စာကတော့ ဒေါ်သိန်းတင်လမ်းမပေါ်၊ မင်္ဂလာတောင်ညွန့်မြို့နယ်မှာ ရှိပါတယ်။

#ရွှေအင်းဝ"

Address

Kamayut

Alerts

Be the first to know and let us send you an email when Duwun posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Duwun:

Share

No.1 Digital Media in Myanmar

Telling the best stories in Myanmar through digital channels engaging with millennial