The Runaway Diary Escaping the ordinary. Living wild, one story at a time.
(1)

သွားရတဲ့ ခရီးရှည်လေလေစီးထားတဲ့ ဖိနပ် ဘယ်လောက်လှလည်း ဆိုတာထက်ဒီဖိနပ်ကို ဘယ်လောက်ထိ ယုံကြည်စိတ်ချလို့ရလည်း ဆိုတာက ပိုပြီး ...
23/08/2026

သွားရတဲ့ ခရီးရှည်လေလေ
စီးထားတဲ့ ဖိနပ် ဘယ်လောက်လှလည်း ဆိုတာထက်
ဒီဖိနပ်ကို ဘယ်လောက်ထိ
ယုံကြည်စိတ်ချလို့ရလည်း ဆိုတာက
ပိုပြီး အဓိက ကျလာလေပါပဲ ..။

22/08/2026

“ကမ္ဘာကြီးရဲ့ အလှအစစ်ကိုမြင်ချင်ရင်
တောင်တန်းတွေဆီ ရောက်အောင်သွား

သဘာဝကို ထိတွေ့ပျော်ရွှင်ချင်ရင်
ပင်လယ်တွေဆီ ခရီးထွက်”


အခန်းပြန်ရောက်ပါပြီခမျာနိုင်ရာဖက်က ကူညီစောင့်ရှောက်ပေးစိတ်ပူပေးခဲ့ကြတဲ့ တစ်ဦးချင်းတစ်ယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးတင်...
21/08/2026

အခန်းပြန်ရောက်ပါပြီခမျာ
နိုင်ရာဖက်က ကူညီစောင့်ရှောက်ပေး
စိတ်ပူပေးခဲ့ကြတဲ့ တစ်ဦးချင်းတစ်ယောက်ချင်းစီတိုင်းကို
ကျေးဇူးအထူးတင်ပါတယ်.

ရုတ်တရက် မူးလဲခြင်းတစ်ယောက်တည်း ခရီးသွားပြီး ဆိုးဝါးတဲ့ ကျန်းမာရေးပြဿနာကြုံလာရင် ဘယ်လို တုန့်ပြန်ကြမလဲဟုတ်ကဲ့ကျနော်တစ်ယေ...
17/08/2026

ရုတ်တရက် မူးလဲခြင်း

တစ်ယောက်တည်း ခရီးသွားပြီး ဆိုးဝါးတဲ့ ကျန်းမာရေးပြဿနာကြုံလာရင် ဘယ်လို တုန့်ပြန်ကြမလဲ

ဟုတ်ကဲ့
ကျနော်တစ်ယောက်တည်း ဟန်ချက်မထိန်းနိုင်ပဲ တစ်ယောက်တည်း မူးလဲသွားခဲ့တာပါ (ခရီးပန်းတာ အဟာရပြည့်ပြည့်ဝဝမစားသောက်နိုင်ခဲ့တာနဲ့စိတ်ဖိစီးမှုများလွန်းခဲ့တာတွေကြောင့်)

အခုပြောချင်တာက
ဒီလိုအခြေအနေအတွက် ဘယ်လိုကြိုတင်ပြင်ဆင်ထားရမလဲဆိုတာပါ

ကျနော်တို့ရဲ့ မှတ်စုစာအုပ်မှာ ဒါမှမဟုတ် ဖုန်းမှာပဲဖြစ်ဖြစ်
ကျနော်တို့ ဖြစ်ခဲ့ဖူးတဲ့ ကျန်းမာရေးအခြေအနေတွေနဲ့ သောက်နေကျဆေးတွေ၊
မတည့်တဲ့ဆေးဝါးတွေ အစားအသောက်တွေ ပြီးတော့
ကိုယ့်အကြောင်းကို သေချာပြောပြပေးနိုင်မဲ့ မိသားစု ဒါမှမဟုတ် မိတ်ဆွေတစ်ယောက်ယောက်ကို ဆက်သွယ်ရမဲ့ အရာတွေ ကြိုတင်ပြီး ရေးသားထားဖို့ အကြံပြုလိုတာပါ
ဒါမှ ကိုယ်စကားမပြောနိုင်တဲ့အထိ ဆိုးဝါးတဲ့ အခြေအနေတွေမှာ ကိုယ့်ပတ်ဝန်းကျင်မှာတဲ့ တစ်ယောက်ယောက်ကအဲဒီအချက်အလက်တွေကိုကြည့်ပြီး အခြေအနေကိုချက်ချင်းနားလည်ကာ ထိရောက်တဲ့ကူညီမှုမျိုးကို အချိန်မီ ပြုလုပ်နိုင်ပါလိမ့်မယ်
(ကျနော်ဒီအချက်တွေကြောင့် အချိန်မီအဆင်ပြေခဲ့ရတယ်)

စွန့်စားခရီးသွားလာခြင်းကို လူငယ်တွေ တော်တော်များများ စိတ်ဝင်စားလာတာ အတော်လေးကောင်းပါတယ်
ဒါပေမဲ့ ခရီးမှာ ဖြစ်လေ့ရှိနိုင်တဲ့ ဆိုးဝါးဆုံးအခြေအနေအတွက် ကြိုတင်ပြင်ထားဖို့ မမေ့သင့်ပါဘူး

ဒီရက်ပိုင်းတော့ ကျနော် ကောင်းကောင်းအနားယူပြီးရင်
ရေခဲတောင် နဲ့ ဘူတန်နိုင်ငံ အတွက် ပြင်ဆင်ပါဦးမယ်

ကျနော့်အတွက် အမြဲအသင့်ရှိနေပေးကြတဲ့အတွက်တစ်ဦးချင်းတစ်ယောက်ချင်းစီတိုင်းကို
လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ် ..။

ကျနော်ကတော့ ဘာမှမတတ်နိုင်တော့ဘူးလို့ ခံစားမိလာရင်တောင်တန်းတွေဆီ ပြေးထွက်လိုက်တာပါပဲ..။
13/08/2026

ကျနော်ကတော့
ဘာမှမတတ်နိုင်တော့ဘူးလို့
ခံစားမိလာရင်
တောင်တန်းတွေဆီ ပြေးထွက်လိုက်တာပါပဲ..။

အမေရေ ဒီလတော့ ကျွဲတစ်ကောင်ဖိုး ပြန်ရပြီ ဟဲဟဲ
13/08/2026

အမေရေ ဒီလတော့ ကျွဲတစ်ကောင်ဖိုး ပြန်ရပြီ ဟဲဟဲ

ခရီးထွက်ရင် ဘာတွေသယ်ရမှန်းမသိတဲ့ ညီငယ် ညီမငယ်များအတွက်..
12/08/2026

ခရီးထွက်ရင် ဘာတွေသယ်ရမှန်းမသိတဲ့ ညီငယ် ညီမငယ်များအတွက်..

အလုပ်တွေများပြီးခရီးမထွက်နိုင်တဲ့သူတွေအတွက်ကျနော် အငှားကိုယ်စား ခရီးသွားပေးပါတယ်တောင်တန်း စိမ့်စမ်း ချိုင့်ဝှမ်း ပင်လယ် ...
11/08/2026

အလုပ်တွေများပြီးခရီးမထွက်နိုင်တဲ့သူတွေအတွက်
ကျနော် အငှားကိုယ်စား ခရီးသွားပေးပါတယ်
တောင်တန်း စိမ့်စမ်း ချိုင့်ဝှမ်း ပင်လယ် ပြည်တွင်း/ပြည်ပဘယ်နေရာဖြစ်ဖြစ်ရပါတယ်
သွားချင်တဲ့နေရာပေါ်မူတည်ပြီးခရီးကုန်ကျစရိတ်ပေးချေရုံပါပဲ
ကျနော်ဟိုရောက်တဲ့ အခါ Video Call နဲ့ပြပေးပါ့မယ်...

အခုမြင်နေရတဲ့ကျနော့်အခြေအနေဟာတစ်ချိန်က ကျနော့်အိပ်မက်တွေပါပဲ ...။
10/08/2026

အခုမြင်နေရတဲ့ကျနော့်အခြေအနေဟာ
တစ်ချိန်က ကျနော့်အိပ်မက်တွေပါပဲ ...။

ที่อยู่

Chiang Mai

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ The Runaway Diaryผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ทางลัด

แชร์