23/02/2026
Useful Sentences
------------------------
အလုပ်လျှောက်ဖို့ လေ့လာနေသူလေးတွေရှိရင် လွယ်ကူအသုံးဝင်မယ်Sentences လေးတွေကို ဖော်ပြထားပါတယ်
1. I would like to apply for a job here.
ကျွန်တော်/ကျွန်မ ဒီမှာ အလုပ်လျှောက်ချင်ပါတယ်။
2. Is there any position available?
လစ်လပ်ရာထူး ရှိပါသလားခင်ဗျာ။
3. May I speak with the person in charge?
ကျွန်တော်/ကျွန်မ တာဝန်ရှိသူနဲ့ စကားပြောလို့ ရမလားခင်ဗျာ။
4. I have brought my CV with me.
ကျွန်တော့်/ကျွန်မ CV ကို ယူဆောင်လာပါတယ်။
5. I have experience in this field.
ကျွန်တော်/ကျွန်မ ဒီလုပ်ငန်းမှာ အတွေ့အကြုံ ရှိပါတယ်။
6. I can start work immediately.
ကျွန်တော်/ကျွန်မ ချက်ချင်း အလုပ်စလုပ်နိုင်ပါတယ်။
7. I am hardworking and responsible.
ကျွန်တော်/ကျွန်မက ကြိုးစားပြီး တာဝန်ယူမှုရှိပါတယ်။
8. What are the working hours?
အလုပ်ချိန် ဘယ်လို သတ်မှတ်ထားပါသလဲခင်ဗျာ။
9. What is the salary?
လစာ ဘယ်လောက် ရပါသလဲခင်ဗျာ။
10. Is there a probation period?
အစမ်းခန့်ကာလ ရှိပါသလားခင်ဗျာ။
11. I am ready for an interview.
ကျွန်တော်/ကျွန်မ အင်တာဗျူးဖြေဖို့ အဆင်သင့်ပါ။
12. I can work overtime if needed.
လိုအပ်ရင် ကျွန်တော်/ကျွန်မ အချိန်ပို လုပ်နိုင်ပါတယ်။
13. Thank you for your time.
အချိန်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
14. Please contact me if needed.
လိုအပ်ပါက ကျွန်တော်/ကျွန်မ ကို ဆက်သွယ်နိုင်ပါတယ်။
15. I hope to work with your team.
ကျွန်တော်/ကျွန်မ သင်တို့အဖွဲ့နဲ့ အတူ အလုပ်လုပ်ခွင့် ရမယ်လို့ မျှော်လင့်ပါတယ်။