08/07/2025
မြွေကိုက်ခံရတဲ့ လူနာကို ဒေသအခေါ် တိမ်ကြာပင်လို့ခေါ်တဲ့ အပင်ရဲ့ အမြစ် ၁၀ ဥလောက် စားစေရုံနဲ့ အဆိပ်ဖြေနိုင်တယ်၊ မြွေပွေးအဆိပ် အထူးအာမခံတယ်ဆိုပြီး ဆိုရှယ်မီဒီယာပေါ်မှာ ပြောဆိုဖြန့်ဝေနေပါတယ်။
မြွေဆိပ်ဖြေဆေးပင်ဆိုပြီး ဖြန့်ဝေနေတဲ့ ဒီအကြောင်းအရာကို Aung Ko Oo ဆိုတဲ့ ဖေစ့်ဘွတ်အကောင့်ကနေ မေလ ၂၉ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပါတယ်။
ဒီဖြန့်ဝေမှုကို ပြန်လည်ဖြန့်ဝေမှုပေါင်း ၃ သောင်း ၂ ထောင်ကျော်နဲ့ ဝင်ရောက်ကြည့်ရှု့သူ ၂.၅ သန်းကျော် ရှိနေပါတယ်။
#သတင်းမှား #သတင်းတု #သတင်းစိစစ်မှု #မြွေဆိပ်ဖြေဆေးပင် #မြွေဆိပ်ဖြေဆေး #မြွေ