23/05/2025
ယခုနှစ် 2025 ရာသီမှာ free agent နဲ့ ရမယ့် နာမည်ကြီး football top players အကြောင်းကို တင်ပြပါရစေ
Cristiano Ronaldo, 40, FW, Al Nassr
Al-Nassr နဲ့ ထိပ်တန်းဂိုးသွင်း အသက် ၄၀ ရှိပြီဖြစ်တဲ့ Ronaldo ဟာ ဒီရာသီ အကုန်မှာ စာချုပ်ကုန်ဆုံးမယ် ဖြစ်ပြီး စာချုပ် သက်တမ်း မတိုးလိုတော့ပဲ Saudi Club ထဲက Club World Cup ယှဉ်ပြိုင်ခွင့်ရထားတဲ့ Al Hilal club ကလဲ ခေါ်ယူ ဖို့ ဆွေးနွေးနေကြောင်း သတင်း ထွက်ပေါ်ထားပါတယ်။ ဒါ့အပြင် ဘရာဇီး ကလပ် Botafogo ကလဲ ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း သိရှိရပါတယ်။ မည်သို့ပင်ဆိုစေကာမူ Ronaldo တယောက် ဘယ်လို မျိုးနဲ့ ဆက်လက် ဘောလုံးလောကမှာ ခြေဆန့်ဦးမလဲ ဆိုတာ စောင့်ကြည့်ရမှာပါ
Lionel Messi, 37, FW, Inter Miami CF
Messi ကတော့ ဒီနှစ် 2025 အကုန်မှာ သက်တမ်းကုန်ဆုံးမှာ ဖြစ်ပြီး ၁နှစ် သက်တမ်းထပ်တိုးဖို့ အသင်းဘက်က ဆွေးနွေးလိုနေတာပဲဖြစ်ပါတယ်
ဒါပေမယ့် Messi ဘက်ကတော့ ဆက်နေဖို့အတွက် စဉ်းစားနေပြီး လက်မှတ် ထိုးဖို့ မှင်တွေဟာ ခြောက်သွေ့သည့်တိုင်အောင် အကြောင်းပြချက်မျိုးစုံးနဲ့ တွန့်ဆုတ်နေကြောင်း ကြားသိရပါတယ်
Leroy Sané, 29, FW, Bayern Munich
Sane တယောက်ကတော့ ဘယန်မြူးနစ်နဲ့စာချုပ်သစ် ချုပ်ဖို့ မျှော်လင့်နေပေမယ့် Arsenal နဲ့ Liverpool ကလည်း ခေါ်ယူဖို့ စောင့်ကြည့်ခံနေရကြောင်း သတင်းထွက်ပေါ်နေပါတယ်
Kevin De Bruyne, 33, AM, Manchester City
မန်စီးတီး ကွယ်လယ်ကစားသမားကတော့ ပြီးခဲ့တဲ့ အင်္ဂါနေ့ ပွဲစဉ်မှာတော့ မန်စီးတီးကွင်း Etihad ကွင်းမှာ မျက်ရည်များစွားနဲ့ ဝမ်းနည်းစွာ နှုတ်ဆက်ခဲ့ပါတယ်
ပြောင်းရွေ့မှုကိုတော့ ခုထိ သေချာ ရေရာစွာ မသိရသေးပဲ MLS Chicago Fire FC ,Saudi Clubs တွေအပြင် အီတလီ ကလပ် Napoli ကပါ စိတ်ဝင်စားနေကြောင်း သတင်းဆက်လက် ထွက်ပေါ်နေပါတယ်
Jonathan Tah, 29, CB, Bayer Leverkusen
လေဗာကူဆင်က Tag ကတော့ ဘာယန်မြူးနစ် အသင်းကို အလွတ်ပြောင်းရွေ့ကြေးနဲ့ ပြောင်းဖို့
ပြီးခဲ့တဲ့ နွေရာသီကတည်းက သဘောတူညီ ထားတယ်လို့ သိရပါတယ်
Trent Alexander-Arnold, 26, RB, Liverpool
လီဗာပူး ညာနောက်ခံ ကစားသမား Alexander-Arnold ကတော့ Real Madrid ကို အလွတ်နဲ့ ပြောင်းဖို့ကို သဘောတူညီမှု ရထားတယ်လို့ ရာသီ မကုန်ခင်ကတည်းက သတင်းကျယ်လောင်စွာ ထွက်ပေါ်ထားတာ ဖြစ်ပါတယ်
Luka Modrić , 39 ,CM Real Madrid
Real Madrid အသင်းမှာ ၁၃ နှစ်ကြာဖြတ်သန်းပြီးနောက် ဒီရာသီ စာချုပ် သက်တမ်း ကုန်ဆုံးရင် အလွတ် ထွက်ခွါမှာ ဖြစ်ပြီး ဘယ်အသင်းကိုပြောင်းမယ်ဆိုတာကို သတင်းထွက်ရှိမလာသေးကြောင်း သိရှိရပါတယ်
Jonathan David , 25,ST, Lille
စာချုပ်သက်တမ်း ကုန်ဆုံးပြီး အလွတ်ပြောင်းရွေ့ကြေးနဲ့ ရမယ့် Canadian Striker David ကို
Premier Club တွေ ဖြစ်တဲ့ ManU , Chelsea , Arsenal က ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်
Neymar,33, LW, (Santos)
ကာလတို စာချုပ်နဲ့ Santos ကို ပြောင်းရွေ့လာတဲ့ နေမာ ကိုတော့ အသင်းက 2026 World Cup ပြီးတဲ့ အထိ စာချုပ်သက်တမ်း တိုးချင်းပေမယ့် ကစားသမားကတော့ Europe အသင်းတွေဘက် ပြောင်းရွေ့လိုကြောင်း သိရှိရပါတယ်
Callum Wilson , ST ,33, Newcastle United
ဒီရာသီမှာ ဒဏ်ရာတွေကြောင့် ရုန်းကန်နေရတဲ့ Wilson ကိုတော့ အသင်းက တနှစ် သက်တမ်းတိုးမယ်လို့ ကြားသိရသော်လည်း ထွက်ခွါလိုပါက ထွက်ခွါလို့ ရကြောင်း ပြောကြားထားပါတယ်
ကစားသမားကို Leeds United ကလဲ ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်
ဘောလုံး အကြောင်းတွေကို အချိန်နဲ့ တပြေးညီ သိရှိလိုပါက like and follow လုပ်ထားကြဖို့ မမေ့ပါနဲ့နော် 😍