
22/06/2025
"CDM လုပ်လို့နောင်တရတာတော့ မရှိပါဘူး
တစ်ခါတစ်လေတော့လည်း ကိုယ်ချစ်တဲ့အလုပ်ဆိုတော့ လွမ်းမိပါတယ်"
Voice of Danu ဓနုအသံမှ ဓနု CDMသူရဲကောင်း ဆရာမတစ်ဦးနှင့် မေးမြန်းချက်
Voice of Danu ဓနုအသံ၊ ဇွန်လ (၂၂)။
ဓနုလူမျိုးများ နေထိုင်ရာနေရာဒေသ အသီးသီးဖြစ်သော ကလော၊ ရွာငံ ၊ ပင်းတယ ၊ အောင်ပန်း ၊ ရပ်စောက် ၊ နောင်ချို ၊ တောင်ကြီး စတဲ့ ဒေသများမှာ အာဏာရှင်စနစ်အောက်က ရုန်းထွက်ပြီး ဘဝကို ခက်ခက်ခဲခဲ ရပ်တည်နေကြတဲ့ CDM သူရဲကောင်းများ များစွာရှိနေကြောင်း သိရှိရသည်။
“cdm လုပ်တာ 4 နှစ်နဲ့ 4 လကြာပီ တရားမျှတမှုမရှိတဲ့ အစိုးရရဲ့ အုပ်ချုပ်မှုကို လက်မခံချင်လို့ပါ”ဟု CDM ဆရာမမှ VOD ကို ပြောသည်။
ဓနုဒေသမှာ အာဏာသိမ်းစဉ် အစက CDM လုပ်ပြီး များမကြာမှီမှာပဲ Non CDM ပြန်လုပ်လိုက်တဲ့ အစိုးရဝန်ထမ်းတစ်ချို့လည်းရှိပါတယ်။ သို့ပေမယ့် အာဏာရှင်စနစ်အောက် ဒူးမထောက် လက်မမြှောက်ပဲ နောင်တကင်းစွာနဲ့ ယခုအချိန်ထိ ကြံ့ကြံ့ခံကာ အမှန်တရားကို သိပြီး ပိုမိုမြတ်နိုးလာတယ်လို့ CDM ဆရာမမှ ခုလိုပြောထားပါတယ်။
“CDM လုပ်လို့နောင်တ ရတာတော့ မရှိပါဘူးတခါတလေတော့လဲ ကိုယ်ချစ်တဲ့အလုပ်လေးဆိုတော့ လွမ်းမိပါတယ်။ နောင်တမရတာကတော့ တဖြည်းဖြည်း နဲ့ကိုယ်ရွေးချယ်ခဲ့တဲ့လမ်းက မမှားဘူးဆိုတာကို လက်တွေ့ကျကျ မြင်ခွင့်သိခွင့်ရှိလာလို့ပါရှင့်” ဟု CDM ဆရာမမှ VOD ကိုပြောပါတယ်။
နိုင်ငံရေးအခြေအနေနဲ့ CDM အမျိုးသမီးတစ်ဦးရဲ့အခက်အခဲ ကိုလည်း မေးမြန်းထားပါတယ်။
“အမျိုးသမီးတစ်ယောက်အနေနဲ့ ခက်ခဲတာတွေ အများကြီးကြုံရပေမယ့်လည်း CDM လုပ်ပီးတော့ ကြုံတွေ့ရတာ ဆိုရင်တော့ ကိုယ်တန်ဖိုးထားတဲ့ အလုပ်ကို စွန့်လိုက်တော့ ဘယ်လမ်းကိုဆက်လျောက်ရမှာလဲ ကိုယ့်ဘဝကို ဘယ်ကနေပြန်ပီး စရမှာလဲဆိုတာတွေ အရမ်းတွေးခဲ့ရတယ်။ ချက်ချင်းဆိုသလို အလုပ်လက်မဲ့ဘဝကိုရောက်လို ဖြစ်သွားတော့ စိတ်တွေ အရမ်းကျခဲ့ရတယ် အဲလိုနဲ့ 1 နှစ်ကနေ 2 နှစ်ကြာလာတော့ ကိုယ်နဲ့အဆင်ပြေမဲ့ အလုပ်တွေ လမ်းစလေးတွေ ပြန်ပီးတွေ့လာခဲ့ရပါတယ်။
ပထမတော့ နေ့စားလိုက်တယ် တစ်ရက်ကို ၃၅၀၀ ရတယ်။ အခုတော့ အိမ်ကအလုပ် တောင်သူအလုပ်ပဲ ပြန်လုပ်နေရတယ်" လို့ VOD ကိုပြောပါတယ်။
‘’cdm တစ်ယောက်အနေနဲ့တော့ ကိုယ့်မြန်မာနိုင်ငံကြီးကို အမြန်ဆုံး အေးချမ်းမှုတွေ ငြိမ်းချမ်းမှုတွေ ပြန်လိုချင်ပါတယ်ရှင့်” ဟု CDM ဆရာမမှ VOD ကို ပြောပါတယ်။
Voice of Danu ဓနုအသံ အနေနဲ့ ဓနုလူမျိုး ဓနုသေနဲ့ ဓနုတစ်မျိုးသားလုံးရဲ့ အသံကို ပုံမှန်တင်ဆက်ပေးနိုင်ရန် ကြိုးပမ်းလျက်ရှိပါသည်။
ဓနုလူမျိုး ဓနုဒေသတွင်း သတင်းအချက်အလက်များကိုလည်း Voice of Danu ဓနုအသံကို page messenger မှဖြစ်စေ
Email- [email protected] မှဖြစ်စေ ပေးပို့နိုင်ပါသည်။
ပေးပို့သူများ၏ လုံခြုံရေးကို အထူးအလေးပေး
ကာကွယ်သွားမည်ဖြစ်သောကြောင့် စိတ်ချယုံကြည်စွာ သတင်းအချက်အလက်များကို VOD သို့ ပေးပို့နိုင်ပါသည်။
#လူပဲ့ငယ်