Healing with Nature

Healing with Nature ကလော မှာ တောတိုး ၊ တောင်တက်ချင်ရင်
လိုက်ပို့ပေးမယ်ရှင် 📱09405952347

သစ္စာတွေက သစ္စာရှိပါတယ် ❣️အလှဆုံးပွင့်လန်းခဲ့ကြပြီး ရာသီကုန်လို့ မကြာခင်ပြန်ကြတော့မယ် ။သူတို့က အလေ့ကျပေါက်တာလေပြုစုစိုက်...
23/08/2026

သစ္စာတွေက သစ္စာရှိပါတယ် ❣️
အလှဆုံးပွင့်လန်းခဲ့ကြပြီး ရာသီကုန်လို့
မကြာခင်ပြန်ကြတော့မယ် ။

သူတို့က အလေ့ကျပေါက်တာလေ
ပြုစုစိုက်ပျိုးထားတဲ့ သစ္စာတွေ နဲ့ တူမလိုနဲ့
ကွဲပါတယ်။
အပွင့်သေးတယ် ။ ရိုးတံက ကျစ်တယ် ။
အရောင်စုံ တောသစ္စာပန်းတွေ
တောင်ပေါ်မြေမှာ အလှဆုံးပွင့်ကြတယ် ။

ဒီလို အလေ့ကျပေါက်တာကို ရှမ်းပြည်ရောက်မှ
မြင်ဖူးတာ ။ ဒီနှစ်ပထမဆုံးပေါ့ ။

6 လပိုင်း ၊ 7 လပိုင်းမှာ တောင်တက်တောတိုးရင်း
အများကြီးတွေ့ခဲ့တာ ။ ခုတော့ နည်းနည်းပဲတွေ့တော့တယ် ။

သူတို့ကို တခါတလေ ဟိုနားတစု ဒီနားတစု အစုလိုက်အများကြီး ပွင့်နေတာတွေ့ခဲ့တယ် ။
1 ပင်ထဲလဲ ရှင်သန်ပြီး အလှဆုံးပွင့်နေခဲ့တာတွေလဲ
မြင်ဖူးခဲ့တယ် ။

ဒီနှစ်တွေ့ခဲ့တဲ့ အရောင်တွေက လိမ္မော်ရောင် ၊ ချိုချဉ်ရောင် ၊အဝါရောင် ၊ အနီရောင် ၊ အဖြူရောင် တွေပဲ ။
ချိုချဉ်ရောင်လေးကိုတော့ အများဆုံးတွေ့ခဲ့တာ ။
အဖြူလေးကိုတော့ တောင်ပေါ်မှာ တပင်ထဲ တခါထဲ တွေ့ဖူးတယ် ။ ပုံတော့ မရိုက်မိခဲ့ဘူး ။

ဒီပန်း‌လေးက ဝါဆိုမှာပွင့်တာရယ် ၊ ဝါဆိုဘုရားပွဲတွေမှာ မြိုင်မြိုင်ဆိုင်ဆိုင်ကပ်လှူ ပူဇော်ကြလို့ ဒေသအခေါ် ဝါဆိုပန်းလို့ခေါ်ကြတယ် ။

တနှစ်တခါ သူ့အချိန်ရောက်တိုင်း မြေကြီးထဲက ကျန်နေတဲ့ဥကနေ မိုးရေနဲ့‌ထိ‌ေတွ့ပြီး
အလေ့ကျပေါက်လာကာ အလှဆုံးပန်းလေးတွေ
ပွင့်ပေးရှာတယ် ။

ဒီပုံလေးတွေက သူတို့ရဲ့ရာသီ အလှဆုံးပွင့်နေချိန်မှာ တောတိုးရင်းတွေ့ခဲ့ရတဲ့ ပုံတွေပါ ။ ရက်တွေမတူဘူးပေါ့ ။ သူတို့ နဲ့ ကိုယ် နဲ့ ဆုံတွေ့ခွင့်ရခဲ့တဲ့ ရက်တွေအများကြီးပဲ ။ ဆုံခွင့်ရပေမဲ့ မရိုက်မိခဲ့တဲ့
သစ္စာတွေလဲရှိတယ် ။

ရှမ်းပြည်ကို ပန်းတွေပွင့်ချိန်အလိုက် ပန်းချစ်သူတွေ လာလည်ကြတယ်လေ ။ Cosmos ချိန် ၊
စိန်းပန်းပြာ ချိန် ၊ ချယ်ရီ ချိန် ၊ တောင်နေကြာ ချိန်
သူတို့လေးတွေက လူမြင်လွယ်တဲ့ လမ်းတွေပေါ်မှာ
ရှိတတ်ပြီး အလှဆုံးပွင့်ပေမဲ့
တောသစ္စာပန်းလေးတွေ မြင်ချင်ရင်တော့ တောတိုး တောင်တက်မှ တွေ့ရဖို့ အခွင့်အရေးများတယ် ။
စုပြုံပြီး အများကြီး အခင်းလိုက်ကြီး ခရီးသွားတွေကို ဆွဲဆောင်နိုင်ဖို့ မရှိတတ်ပေမဲ့
သဘာဝကိုထိတွေ့ချင်သူတွေအတွက်တော့ ဆုအနေ နဲ့ တောထဲမှာ ၊ တောင်ပေါ်မှာ ၊တောင်ယာခင်းတွေနားမှာ သူတို့လေးတွေ စောင့်နေကြတယ် ။

** ဒီပန်းလေးတွေက ကိုင်းကျိုးနေတာမျိုး ၊
အောက်ကအပွင့်တွေအများကြီး ညှိုးနေပြီး
အပေါ်က နည်းနည်းပဲ အလှကျန်တော့မှ ခူးထား‌တာတွေပါ ။

----------------------------------------

ကလောရောက်တုန်း သဘာဝအလှတွေခံစားဖို့
Hiking, Trekking သွားချင်ရင် Solo ရော
အဖွဲ့လိုက်ရောပို့ပေးပါတယ်နော် ။
လမ်းလျှောက်ကြာချိန် 3 နာရီ ကနေ 6 နာရီ
အမျိုးမျိုးရှိတာမို့ ကြိုက်ရာရွေးပြီးသွားလို့ရပါတယ် ။

အသေးစိတ် page cb (or )
Viber 09405952347 မှာ မေးလို့ရပါတယ် ။

Phone - 09405952347

Kalaw မှာ ပေါ့ပေါ့ပါးပါး Hiking လုပ်ချင်ရင် Beginner တွေအတွက် တက်လို့ကောင်းမဲ့ နေရာလေး လိုက်‌ပို့ပေးမယ်နော်။ Solo လဲ ပို...
23/08/2026

Kalaw မှာ ပေါ့ပေါ့ပါးပါး Hiking လုပ်ချင်ရင် Beginner တွေအတွက် တက်လို့ကောင်းမဲ့
နေရာလေး လိုက်‌ပို့ပေးမယ်နော်။

Solo လဲ ပို့ပေးပါတယ် ။
အဖွဲ့လိုက်လဲ ပို့ပေးတယ်နော် 🥰

သဘာဝကြီးဆီ ...သွားကြမယ် ... လာကြဟေ့
အေးအေးဆေးဆေး တောင်တက်မယ် 🕊️🌿🍀

Hiking, Trekking လမ်းကြောင်းကတော့ နေရာအမျိုးမျိုးရှိတာမို့ အသေးစိတ် cb မှာ မေးလို့ရပါတယ်နော် ။

Phone - 09405952347
Viber - 09405952347

ခုမှပထမဆုံးမြင်ဖူးတဲ့ ရွှေအိုရောင်အလှလေးသူ့နာမည်လေးများ သိကြလားကွယ် 💕💕‌တောင်တက်ရင်း တောထဲမှာ တွေ့ခဲ့တာ အရောင်လေးကလေ တကယ့...
22/08/2026

ခုမှပထမဆုံးမြင်ဖူးတဲ့ ရွှေအိုရောင်အလှလေး
သူ့နာမည်လေးများ သိကြလားကွယ် 💕💕
‌တောင်တက်ရင်း တောထဲမှာ တွေ့ခဲ့တာ

အရောင်လေးကလေ တကယ့်ကိုရွှေအိုရောင်လေး
လှရက်လိုက်တာ အရမ်းပဲ နားကပ်လေးလို
လုပ်ဝတ်ရင် လှတယ်နော် 😁

အဖူးက အညိုလေး ၊ ပွင့်လာတော့ ပိတောက်ခြောက်ရောင်လိုလေး နှစ်ခုတွဲစပ်မြင်ရတော့
ကျက်သရေရှိတဲ့ ရွှေအိုရောင် အလှလေးပေါ့ ။

အနံ့ မရဘူး ။
အရွက်က ငါးချဉ်ထုပ်တဲ့အရွက်နဲ့ ဆင်တယ် ။
နာမည်လေး သိရင်ပြောပြပေးကြပါဦး 🥰

ပန်းချစ်သူတွေအတွက် ပန်းတွေမြင်ရတဲ့အခါ
ပျော်ရတဲ့အပျော်က တန်ဖိုးကြီးတယ် ။
တောပန်းလေးဆိုပေမဲ့ စိတ်ကြည်နူးမှု
အေးချမ်းမှုကို တနေ့တာလုံး ခံစားစေတယ် ။

----------------------------------------

ကလောမှာ တောင်တက်ရင်း သဘာဝရဲ့အလှတွေ
ရှာဖွေဖို့ Hiking, Trekking သွားချင်ရင် လိုက်ပို့ပေးပါတယ်နော် ။

Date ကို ဧည့်သည်က ရွေးချယ်လို့ရပြီး
Solo ရော ၊ အဖွဲ့လိုက်ရော ပို့ပေးပါတယ် ။

နေ့ချင်းပြန်လမ်းကြောင်း တွေပါ။
August, September မှာ
လမ်းလျှောက်ကြာချိန် ( 3 နာရီ ➡️ 6 နာရီ )
အမျိုးမျိုးရှိတဲ့ Trail တွေပို့‌‌ပေးပါမယ် ။

Hiking, Trekking စလုပ်ကြည့်ချင်သူတွေ
အတွက်လဲ သင့်တော်တဲ့ လမ်းကြောင်းရှိတာမို့
try ကြည့်လို့ရပါတယ် ။

အသေးစိတ် page cb (or) Viber 09405952347 မှာ စုံစမ်းလို့ရပါတယ် ။
မ join ဖြစ်လဲ အားမနာပါနဲ့နော် ။
လာမေးပါ ❣️🥰

Phone - 09405952347
တခါ‌တလေ ဖုန်းလိုင်းတွေ သိပ်မမိတာမို့
ဆက်မရရင် စာပို့ထားလို့ရပါတယ်နော် ။
ပြန်ဆက်သွယ်ပေးပါမယ် ။


ဒီနေ့တော့ အိမ်နောက်က တောင်ပေါ်တက်ပြီးဘကြီးတို့နဲ့ အာလူးဖုတ် တော်ကီပစ် 🕊️🌿ရှေ့ရက်က မိုးတွေအရမ်းရွာ‌လို့ ပန်းလေးတွေမဲကုန်လ...
22/08/2026

ဒီနေ့တော့ အိမ်နောက်က တောင်ပေါ်တက်ပြီး
ဘကြီးတို့နဲ့ အာလူးဖုတ် တော်ကီပစ် 🕊️🌿

ရှေ့ရက်က မိုးတွေအရမ်းရွာ‌လို့ ပန်းလေးတွေမဲကုန်လို့လေ ချွေပစ်ပြီး ကိုင်းကိုညှပ်ထုတ်တယ် ။
အဲဒီကိုင်းက ပြန်စိုက်လို့ရတယ်တဲ့ ။

ချွေတဲ့ပန်းလေးတွေယူပြီး ကော်ဖီခွက်လေးထဲထည့်
ပန်းလေးတွေကို စိတ်အာရုံနဲ့ ကော်ဖီထဲထည့်သောက်လိုက်တယ် 😁

ရာသီဥတု ကြည်လင်နေတော့ ပတ်ချာလည်က တောင်တွေ မြင်နေရတာ စိမ်းစိုနေတာပဲ ။

မကြာခင်မှာ မြင်းက Viewpoint မှာ
Cosmos တွေပွင့်ပြီး သိပ်လှတော့မှာ ။
ခုလဲတောင်ပေါ်ကနေ လှမ်းမြင်ရတဲ့ ထင်းရှူးတောတွေ နဲ့ တောင်တွေက သိပ်ကိုလှတာပေါ့ ။

ဒီရွာလေးကိုလေ တောင်တွေပတ်လည်ဝိုင်းလို့
သဘောကျတာ ။

ကိုယ်က လမ်းလျှောက်ရတာ
ကြိုက်တဲ့သူ‌ဆိုတော့ တနေ့တနေ့ အိပ်ယာနိုးတာနဲ့
အလုပ်မရှိရင် ကြိုက်တဲ့တောင် လက်ညှိုးထိုးပြီးတက်သွားလိုက်ရုံပဲ ။

သဘာဝတရားကြီးက ကိုယ် နဲ့ နီးနီးလေး
စိတ်ရှိတိုင်း သွားတွေ့ခွင့်ရတယ် 🍀

----------------------------------------

ကလောမှာ Hiking, Trekking သွားချင်ရင် Solo ရော ၊ အဖွဲ့လိုက်ရော ပို့ပေးပါတယ်နော် 🍀🌿

Beginner တွေ အတွက် ပေါ့ပေါးပါးပါးတက်လို့ရတဲ့ တောင်လဲရှိတယ် ။
ရွာတွေကို ပတ် ၊ တတောင်တက် တတောင်ဆင်း
ဝေးဝေးလေး သွားချင်လဲ ရပါတယ် ။

ရာသီဥတု နဲ့ အလိုက် လှနေမဲ့နေရာတွေ လိုက်ပို့တာမို့ သွားချင်တဲ့ လမ်းပုံစံမျိုး ၊ မြင်တွေ့ချင်တဲ့ ရှုခင်းမျိုးပြောပြီး Hiking , Trekking လမ်းကြောင်းတွေကိုရွေးချယ်လို့ရပါတယ်ရှင် ။

အသေးစိတ် cb မှာ မေးလို့ရပါတယ် ။

Phone - 09405952347

မြင်းကရွာထဲက ပန်းတွေ 🌿🕊️အိမ်တိုင်းမှာ ပန်းတွေနေကြတယ် 🏡အမျိုးအစားတွေသာမတူတာတရွာလုံး ပန်းလေးတွေကို အမြတ်တနိုးအလှကြည့်ဖို့ ...
21/08/2026

မြင်းကရွာထဲက ပန်းတွေ 🌿🕊️
အိမ်တိုင်းမှာ ပန်းတွေနေကြတယ် 🏡

အမျိုးအစားတွေသာမတူတာ
တရွာလုံး ပန်းလေးတွေကို အမြတ်တနိုး
အလှကြည့်ဖို့ စိုက်ထားကြတယ် ။

ပန်းတွေ လှပစွာရှင်သန်ခွင့်ရမဲ့မြေမှာပဲ
ကိုယ်လဲ ပန်းတွေနဲ့အတူ နေချင်တယ် ။

---------------------------------------

ကလောရောက်တုန်း Day Return Trekking , Hiking သွားချင်ရင် Solo ရော အဖွဲ့လိုက်ရော
ပို့ပေးပါတယ်နော် 🥰

စိမ်းလန်း အေးချမ်းနေတဲ့ တောင်ပေါ်မြေမှာ
သဘာဝကြီးဆီ သွားကြမယ် ။

လမ်းကြောင်းအသေးစိတ် cb မှာ မေးလို့ရပါတယ် ။

Phone - 09405952347

စိုက်ထားတာလေး သဘောကျလိုက်တာ ❣️❣️ဒို့လဲ အားကျပြီး စိုက်ဖို့ပြင်နေတယ်နော် ။
20/08/2026

စိုက်ထားတာလေး သဘောကျလိုက်တာ ❣️❣️
ဒို့လဲ အားကျပြီး စိုက်ဖို့ပြင်နေတယ်နော် ။

Kalaw Hiking 🕊️🌿🤍အိုးစည်တောင် - မနောလှတောင်ကလောမြို့ကို ဝိုင်းထားတဲ့တောင်တွေထဲက အိုးစည်တောင် ၊ မနောလှတောင် ၊ သိုးခြံ ၊တေ...
20/08/2026

Kalaw Hiking 🕊️🌿🤍
အိုးစည်တောင် - မနောလှတောင်

ကလောမြို့ကို ဝိုင်းထားတဲ့တောင်တွေထဲက အိုးစည်တောင် ၊ မနောလှတောင် ၊ သိုးခြံ ၊
တောင်မင်းကြီးခုံပြာ ၊ City Viewpoint ရှိတဲ့ တောင်ကြောကို သွားချင်လား‌ဟေ့...

တောင်လဲ တက်ရမယ် ။
နာမည်ကြီး လည်ပတ်စရာနေရာတွေလဲ
တခါထဲ ရောက်မယ် ။

Trekking / Hiking အတွက် သီးသန့် တရက်
အိုးစည်တောင် ၊မနောလှတောင်ကြော လည်ဖို့ တရက် ( သိုးခြံ ၊ တောင်မင်းကြီးခုံပြာ ၊ City Viewpoint )

နှစ်ရက်အချိန်ကုန်စရာမလိုတော့ပဲနဲ့ အရမ်းလှတဲ့
ကလောမြို့လေးရဲ့ အလှတွေရယ် ၊
ကလောမြို့ကိုဝိုင်းထားတဲ့ တောင်တွေရဲ့
မိုးရာသီအလှအပတွေရယ်ကို တောင်ပေါ်တက်
တောင်ပတ်လမ်းတွေ ကွေ့ဝိုက်လျှောက်ပြီး
သွားကြည့်ချင်ရင် Solo ရော ၊ အဖွဲ့လိုက်ရော
ပို့ပေးပါတယ်နော် 🌿🍀

ဒီလမ်းကြောင်းက ခုမှ Trekking, Hiking စ လုပ်ကြည့်ချင်တဲ့ Beginner တွေ အတွက်သင့်တော်ပါတယ် ။ တောင်တက်ဖိနပ်တော့ မဖြစ်မနေလိုပါတယ်နော် ။

လမ်းလျှောက်ကြာချိန် သီးသန့်ကတော့ 4 နာရီခွဲလောက်ပါပဲ ။ ဒါပေမဲ့ တောင်ကြောတခုလုံးမှာ
လည်စရာ ၊ နားစရာ နေရာတွေ ပေါတာမို့ ခရီးကြာချိန်ကတော့ ဧည့်သည်အပေါ်မူတည်ပါတယ် ။

အသေးစိတ် cb မှာ မေးလို့ရပါတယ်ရှင် ။

Phone - 09405952347

Solo လာအနားယူနေတဲ့ ကောင်မလေးတွေ
တောင်လဲတက်ချင်တယ် ၊ အဖော်မရှိလို့ မသွားဖြစ်ဘူးဆိုရင်လေ ဒို့ နဲ့ join ပြီး
တောင်တက်တောတိုးရင်း စကားတပြောပြော နဲ့ အေးအေးဆေးဆေး လျှောက်သွားလို့ရတယ် ။

ယောကျာ်းလေး‌တွေချည်းဆိုရင်လဲ လမ်းပြ ယောကျာ်းလေး ပါပါမယ်နော် 🤍

ခုပုံထဲက ရှုခင်းတွေကတော့
အိုးစည်တောင် ကဿပဘုရား တောင်ပေါ်က
မြင်ရတဲ့ သိပ်ကိုလှလွန်းတဲ့ ရှုမြင်ကွင်းတွေပါ။

ဒီနေ့တောင်တက်ရင်း သစ္စာပန်းဥတူးလာတယ် ❣️အိမ်မှာစိုက်ဖို့ သူကအများကြီးပွားတယ်တဲ့။ ----------------------------------------...
20/08/2026

ဒီနေ့တောင်တက်ရင်း သစ္စာပန်းဥတူးလာတယ် ❣️
အိမ်မှာစိုက်ဖို့ သူကအများကြီးပွားတယ်တဲ့။

----------------------------------------

ကလောရောက်တုန်း ပေါ့ပေါ့ပါးပါး သိပ်ပြီးလမ်း
မကြမ်းတဲ့ တောင်တွေတက်ချင်ရင် Hiking, Trekking လိုက်ပို့ပေးပါတယ်နော် ။

Trekking Date ကို ဧည့်သည်က ရွေးချယ်လို့ရပြီး
Solo ရော ၊ အဖွဲ့လိုက်ရော ပို့ပေးပါတယ် ။

အသေးစိတ် cb မှာ မေးလို့ရပါတယ် ။

Phone - 09405952347

#𝐒𝐡𝐚𝐧𝐬𝐭𝐚𝐭𝐞

ခုချိန် ရှမ်းပြည်မှာကွယ် ပင်စိမ်း 500 ဖိုးဟာပန်းအိုးတောင် ထိုးလို့ရတယ် 🌿💚အများမှ အများကြီး‌ပဲ။ ကလော အလည်လာတဲ့အခါ လည်စရာတ...
19/08/2026

ခုချိန် ရှမ်းပြည်မှာကွယ် ပင်စိမ်း 500 ဖိုးဟာ
ပန်းအိုးတောင် ထိုးလို့ရတယ် 🌿💚

အများမှ အများကြီး‌ပဲ။

ကလော အလည်လာတဲ့အခါ လည်စရာတွေထဲ ဈေးနေ့လဲ ပါပါတယ် ။
အနီးနားရွာ တောင်ယာခင်းတွေကလဲ ဈေးနေ့မှာ
ဆင်းရောင်းကြတာမို့ ဈေးချိုချိုနဲ့ လတ်လတ်ဆတ်ဆတ်တွေရတယ် ။

ပြက္ခဒိန်မှာရက်ကြည့်ပြီး ပြန်မဲ့ရက်ကို ဈေးနေ့ကြုံတိုက်အောင်လာရင် အကောင်းဆုံးပဲ။
အိမ်ပြန်လက်ဆောင်တွေ အကြိုက်ဝယ်လို့ရတယ် ။

တောတောင်ထဲ‌မှာ သဘာဝအလှတွေ ခံစားဖို့ Kalaw Trekking လျှောက်ကြစို့ 🕊️🌿🤍သဘာဝကြီးဆီကအားယူပြီး နောက်ရက်တွေအတွက် စိတ်ခွန်အားမွ...
18/08/2026

တောတောင်ထဲ‌မှာ သဘာဝအလှတွေ ခံစားဖို့
Kalaw Trekking လျှောက်ကြစို့ 🕊️🌿🤍

သဘာဝကြီးဆီကအားယူပြီး နောက်ရက်တွေအတွက် စိတ်ခွန်အားမွေးမယ် ။
ကလောမြေကနေ အေးချမ်းခြင်းတွေ ထွေးပွေ့ပြီး
ပြန်မယ် ။

ခုချိန် မြင်မြင်သမျှဟာ စိမ်းစိုနေမှာမို့
မြင်ရသူတိုင်း စိတ်အေးချမ်းနေမှာပါနော် ။

သဘာဝကြီး နဲ့ အမှတ်တရတွေ ဖန်တီးဖို့
Trekking လျှောက်ချင် လာခဲ့နော် ။

Trekking Date ကို ဧည့်သည်က ရွေးလို့ရပြီး
Solo ရော ၊ အဖွဲ့လိုက်ရောပို့ပေးပါတယ်နော် 🥰

အသေးစိတ် cb မှာ မေးလို့ရပါတယ် ။

Phone - 09405952347

ที่อยู่

22/10 Arak 5 Road, Tambon Si Phum, Mueang Chiang Mai District, Chang Wat
Chiang Mai
50200

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Healing with Natureผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ทางลัด

แชร์