
04/06/2025
ဒီကနေ့ဟာ တရုတ်နိုင်ငံ ဘေကျင်းမြို့ တိန်အန်မင် ရင်ပြင်မှာ ဒီမိုကရေစီရေး ငြိမ်းချမ်းစွာ ဆန္ဒပြ တောင်းဆိုနေသူတွေကို တရုတ်ကွန်မြူနစ်ပါတီက တင့်ကားအပါအဝင် စစ်တပ်အင်အားသုံးပြီး သွေးထွက်သံယို အကြမ်းဖက် နှိမ်နင်းခဲ့တဲ့ ၃၆ နှစ်ပြည့် နှစ်ပတ်လည်နေ့ ဖြစ်ပါတယ်။
၁၉၄၉ ခုနှစ် တရုတ်ကွန်မြူနစ်ပါတီ အာဏာရပြီးနောက်ပိုင်း တရုတ်ပြည်မှာဖြစ်ပေါ်ခဲ့တဲ့ အကြီးမားဆုံး အစိုးရဆန့်ကျင်ရေးလူထုလှုပ်ရှားမှုပါ။
တိန်အန်မင် အရေးအခင်းဖြစ်တာက ၁၉၈၉ ခုနှစ်ထဲမှာပါ။ တရုတ်ကွန်မြူနစ်ပါတီခေါင်းဆောင်တဦးဖြစ်တဲ့ ဟူယောက်ပန်း ကွယ်လွန်ခြင်းကနေ အစပြုပြီး ၁၉၈၉ ခုနှစ် ဧပြီလ ကနေ ဇွန်လအတွင်း ဖြစ်ပွားခဲ့တာပါ။ ဘေကျင်းတက္ကသိုလ် ကျောင်းသားတွေက အစပြုပြီး အလွှာပေါင်းစုံ ပါဝင်ခဲ့ကြတယ်။
၁၉၈၉ ခုနှစ် ဇွန်လ ၄ ရက်နေ့ တိန်အန်မင် ရင်ပြင်ကို တင့်ကားတွေဝင်လာပြီး ဖြိုခွင်းခဲ့တယ်။ တရုတ်ကွန်မြူနစ်တွေက ဒီဖြစ်စဥ်နဲ့ပတ်သက်တာမှန်သမျှကို ဆင်ဆာပိတ်ထားဆဲဖြစ်ပြီး နှစ်ပတ်လည်အထိမ်းအမှတ်ပွဲ ပြုလုပ်ဖို့စဥ်စီသူတွေကိုလည်း လိုက်လံဖမ်းဆီးနေဆဲ ဖြစ်ပါတယ်။
တိန်အန်မင် အရေးအခင်းဖြစ်တာက ဗမာပြည်မှာ ၈၈ အရေးတော်ပုံပြီးလို့ နောက်တနှစ်မှာ ဖြစ်ပွားခဲ့တာပါ။
အချက်အလက် စုဆောင်းရေးသားသူများအား လေးစားစွာဖြင့်။
မှတ်ချက် - ပုံကတော့ လွန်ခဲ့တဲ့ ၂၀၁၆ ခုနှစ်တုန်းက အဲ့ဒီရင်ပြင်ကို သွားရောက်လေ့လာခွင့် ရခဲ့တဲ့ ပုံပါ။