03/09/2026
ဝါရာဇွပ်ကျေးရွာတွင်း အသက်ပြည့်သော လူငယ်များ ပြည်သူ့စစ်လုပ်ရန် အမည်စာရင်း ကောက်ခံနေရ
ပါဂျောင်မီဒီယာ
၃ရက်၊စက်တင်ဘာ၊၂၀၂၆။
ဝါရာဇွပ်ကျေးရွာတွင် ရပ်ကွက်လူကြီးဦးဆောင်ကာ အသက်၁၈နှစ်ပြည့်သော လူငယ်များ ပြည်သူ့စစ်မလုပ်မနေရဟုဆိုကာ လူငယ်အမည်စာရင်း လိုက်လံကောက်ခံနေကြောင်း ဒေသခံများထံမှ သိရသည်။
ပြီးခဲ့သည့် ဩဂုတ်၃၁ရက်နေ့မှစ၍ ရပ်ကွက်လူကြီးကိုယ်တိုင် ဦးဆောင်ကာ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းနေရာများတွင် ကျောင်းသားစာရင်း ကောက်ခံနေပြီး၊ အသက်၁၈နှစ်ပြည့်ပြီးသော လူငယ်များမှာ ပြည်သူ့စစ် စစ်သားမလုပ်မနေရဟု ပြောဆိုထားကြောင်း သိရသည်။
အလားတူ နမ္မတီးကျေးရွာ အနီးဝန်းကျင်တွင်လည်း စက်တင်ဘာလဆန်း၁ရက်နေ့က မိုးကောင်း၊ ထွေအုပ်စစ်တပ်အစိုးရမှ ရပ်ကွက်လူကြီးများကို အသက်၁၈နှစ်ပြည့်သော လူငယ်များ၏ အမည်စာရင်းကို တင်ပြရန် ညွှန်ကြားထားသည်ဟု ဆိုသည်။
စစ်ကော်မရှင်မှ တနိုင်းမြို့ မုန်ဒိန်ရပ်ကွက်နှင့် ဆွတ်ငိုင်ရပ်ကွက်မှ တည်းခိုခန်းနေရာများတွင်လည်း ဧည့်စာရင်းလိုက်လံ စစ်ဆေးနေသလို ရပ်ကွက်တွင်လည်း ရဲများနှင့် ပူးပေါင်းကာ လိုက်လံစောင့်ကြည့်မှုများ ရှိနေကြောင်း သိရသည်။
လက်ရှိ ဝါရာဇွပ်၊ ရှဒူးဇွပ်၊ နောင်းမီနှင့် ဒွန့်ဘန့်တစ်ဝိုက် နေထိုင်သူ ပြည်သူများမှာ အပြင်ထွက်သွားလာရန်အတွက်ပင် စစ်ဆေးခံရခြင်း၊ ဖမ်းဆီးခံရခြင်းနှင့် အသက်အန္တရာယ်အထိ စိုးရိမ်နေရပြီး၊ လိုအပ်ချိန်မှသာ သွားလာနေထိုင်ကြကြောင်း သိရသည်။
သတင်း - ထုဆိုင်း
=============================================================
လူကြီးမင်းတို့ရဲ့ အမြင်တွေ၊ သုံးသပ်ချက်တွေ၊ သတင်းဖြစ်စဉ်အကြောင်းအရာတွေနဲ့ ထူးခြားဖြစ်စဉ် ဆောင်းပါးတွေကို ပေးပို့ချင်တယ်ဆိုရင် Pajau Media Channel ဖေ့ဘုတ် မက်ဆင်ဂျာမှဖြစ်စေ၊ [email protected] မှဖြစ်စေ ပေးပို့နိုင်သလို၊ ပါဂျောင်မီဒီယာသတင်းဌာနမှ နေ့စဉ်တင်ဆက်သည့် သတင်းများကိုလည်း အောက်ပါလင့်များတွင် ဝင်ရောက်ဖတ်ရှု့ လေ့လာနိုင်ပါသည်။
Telegram Link;-https://t.me/pajaumediachannelgenuinenews2023/13685
Website Link; https://www.pajau.net