Animal Gabar အားကစားသတင်းများ

ကတ်စမဲရိုးကတော့ ယူနိုက်တက်ပရိသတ်တွေကို လွမ်းအောင်လုပ်နေတယ်လို့ပဲ ပြောရတော့မှာပါ။ အက်စတွန်ဗီလာနဲ့ပွဲမှာ ဘရူနို ဖာနန်ဒက်စ်...
16/03/2026

ကတ်စမဲရိုးကတော့ ယူနိုက်တက်ပရိသတ်တွေကို လွမ်းအောင်လုပ်နေတယ်လို့ပဲ ပြောရတော့မှာပါ။ အက်စတွန်ဗီလာနဲ့ပွဲမှာ ဘရူနို ဖာနန်ဒက်စ်ရဲ့ ထောင့်ကန်ဘောကနေတစ်ဆင့် ကတ်စမဲရိုးက ခေါင်းတိုက်ပြီး အဖွင့်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။

ဒီဂိုးဟာ ရာသီကုန်မှာ အသင်းကနေ ထွက်ခွာတော့မယ့် ဘရားဇီးလ်သားကြီးအတွက် ဒီရာသီ ၇ ဂိုးမြောက်ဂိုးလည်း ဖြစ်ပါတယ် ကတ်စမဲရိုးဟာ ကွင်းလယ်ကစားသမားအနေနဲ့ ယူနိုက်တက်အတွက် ဒီရာသီမှာ ၆ ဂိုးသွင်း ၂ ဂိုးဖန်တီးပေးထားတာဖြစ်ပါတယ်။

အက်စတွန်ဗီလာကို ယူနိုက်တက်တို့ 3in1 တိုက်ခဲ့တဲ့ပွဲရဲ့ အဓိက ဇာတ်လိုက်ကတော့ အသင်းခေါင်းဆောင် ဘရူနိုပဲ ဖြစ်ပါတယ်။ ဘရူနိုဟာ ...
16/03/2026

အက်စတွန်ဗီလာကို ယူနိုက်တက်တို့ 3in1 တိုက်ခဲ့တဲ့ပွဲရဲ့ အဓိက ဇာတ်လိုက်ကတော့ အသင်းခေါင်းဆောင် ဘရူနိုပဲ ဖြစ်ပါတယ်။ ဘရူနိုဟာ ဒီရာသီမှာတင် ပရီးမီးယားလိဂ် ဂိုးဖန်တီးမှု ၁၆ ကြိမ်အထိ ရှိလာခဲ့တာကြောင့် ၁၉၉၉-၂၀၀၀ ရာသီမှာ ဒေးဗစ်ဘက်ခမ်း တင်ထားခဲ့တဲ့ ၁၅ ကြိမ်ဆိုတဲ့ တစ်ရာသီအတွင်း အများဆုံး ဂိုးဖန်တီးမှု စံချိန်ကိုလည်း ချိုးဖျက်နိုင်ခဲ့တာ ဖြစ်ပါတယ် ။

ဒီကစားသမားဟာ ပြီးခဲ့တဲ့ရာသီက ဖလားငါးလုံးရခဲ့တယ်ဒီနှစ်မှာလည်းခြေစွမ်းပြနေတယ်ပြီးခဲ့တဲ့ ချန်ပီယံလိဂ်ပွဲမှာ လူစားဝင်လာပြီး ...
14/03/2026

ဒီကစားသမားဟာ ပြီးခဲ့တဲ့ရာသီက ဖလားငါးလုံးရခဲ့တယ်
ဒီနှစ်မှာလည်းခြေစွမ်းပြနေတယ်
ပြီးခဲ့တဲ့ ချန်ပီယံလိဂ်ပွဲမှာ လူစားဝင်လာပြီး ချဲလ်ဆီးဘက် နှစ်ဂိုးသွင်း တစ်ဂိုးဖန်တီးသွားခဲ့တယ်

ဒီလောက်ကောင်းတဲ့ ကစားသမားအကြောင်းကို လူတွေ သိပ်မပြောကြပါဘူး
ဘာလို့လဲဆိုတော့

သူ့နာမည်ကခေါ်ရခက်လို့ပါ....

ချဲလ်ဆီးဂန္တဝင် အိုဘီမီခေးလ် 🗣️ “ အာဆင်နယ် ချန်ပီယံဖြစ်ခဲ့ရင်လည်း ကျနော်ကတော့ သူတို့ကို လုံးဝအသိအမှတ်မပြုပါဘူး ဒီလိုကစား...
13/03/2026

ချဲလ်ဆီးဂန္တဝင် အိုဘီမီခေးလ် 🗣️ “ အာဆင်နယ် ချန်ပီယံဖြစ်ခဲ့ရင်လည်း ကျနော်ကတော့ သူတို့ကို လုံးဝအသိအမှတ်မပြုပါဘူး ဒီလိုကစားဟန်မျိုး ဒီလိုညစ်ထေးတဲ့ပုံစံမျိုးနဲ့လိမ်လည်ပြီးချန်ပီယံဆုယူတာကို ကျနော်လုံးဝ လက်ခံမှာမဟုတ်ပါဘူး”

“ ကျနော့်အတွက်ကတော့ တန်ဖိုးကြီးကားတွေ၊ ခေတ်ပေါ်ဇိမ်ခံပစ္စည်းတွေ ဝယ်ဖို့ဆိုတာ အရေးမကြီးပါဘူး ကျနော်အတွက် ဦးစားပေးက ဆီနီဂေ...
13/03/2026

“ ကျနော့်အတွက်ကတော့ တန်ဖိုးကြီးကားတွေ၊ ခေတ်ပေါ်ဇိမ်ခံပစ္စည်းတွေ ဝယ်ဖို့ဆိုတာ အရေးမကြီးပါဘူး ကျနော်အတွက် ဦးစားပေးက ဆီနီဂေါမှာရှိတဲ့ ကျနော့်လူမျိုးတွေ ဗိုက်ပြည့်ဖို့ ကောင်းကောင်းမွန်မွန်အိပ်စက်နိုင်ဖို့ ဆေးရုံနဲ့ စာသင်ကျောင်းတွေ ရရှိဖို့ပဲ အရေးကြီးပါတယ်

ကျနော့်ဒေသကို ပိုကောင်းအောင်မလုပ်ပေးနိုင်မချင်း ကျနော် အေးဆေးအနားယူမှာမဟုတ်ပါဘူး တခြားဘောလုံးသမားတွေ ဇိမ်ခံကားတွေ၊ အဆောက်အဦတွေ ဝယ်ပြီး သုံးဖြုန်းနေတာမြင်ရင်လည်း ကျနော်ဝမ်းသာပါတယ် ဒါ သူတို့ကြိုးစားရှာဖွေထားတဲ့ ပိုက်ဆံတွေပါ သူတို့မှာ စိတ်ကြိုက်သုံးပိုင်ခွင့်ရှိပါတယ်

ကျနော်လည်း နောက်ပိုင်းမှာ သုံးဖို့ရှိပါတယ် ဇိမ်ခံပစ္စည်းတွေလည်း ဝယ်ကောင်းဝယ်ဖြစ်မှာပါ ဒါပေမယ့် လောလောဆည်မှာတော့ ကျနော့်ဒေသက လူတွေကိုပိုကောင်းတဲ့ဘဝရောက်အောင်ပဲ ကူညီပေးချင်ပါတယ်”

- မာနေး

မာနေးဟာ ဆီနီဂေါမှာ စာသင်ကျောင်း၊ ဆေးရုံ၊ တာဝါတိုင်၊ ဆီဖြည့်တဲ့နေရာတွေကို ဆောက်လုပ်ပေးထားသူပါ။ ဒါ့အပြင် ကျောင်းသားတွေကိုလည်း လပ်တော့တစ်ယောက်တစ်လုံးထောက်ပံ့ပေးထားသလို စာသင်စရိတ်ပါထောက်ပံ့ပေးထားသူဖြစ်ပါတယ်။ သူ့နေရပ်က လူတွေကို လစဉ်ထောက်ပံ့ကြေးပေးနေသူဖြစ်ပါတယ်။ လေးစားစရာပါ။

နော်ဝေကလပ် ဘိုဒိုဂလင့်ကိုတော့ လျော့တွက်လို့မရတော့ပါဘူး ။ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ကို တက်ဖို့သေချာသလောက် ရှိနေပါပြီ။ စ...
12/03/2026

နော်ဝေကလပ် ဘိုဒိုဂလင့်ကိုတော့ လျော့တွက်လို့မရတော့ပါဘူး ။ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ကို တက်ဖို့သေချာသလောက် ရှိနေပါပြီ။ စပို့တင်းကို ဂိုးပြတ်နဲ့ အနိုင်ယူလိုက်တဲ့ ရလဒ်က သူတို့အတွက် ကွာတားလက်မှတ်ကို အရယူလိုက်နိုင်တာဖြစ်ပါတယ်။

သူတို့ရဲ့ နောက်ဆုံး ၆ ပွဲ မှတ်တမ်းကို ကြည့်လိုက်ရင် အံ့ဩသွားရမှာ အမှန်ပါပဲ။ မန်စီးတီး လို အသင်းကြီးကို ၃-၁ နဲ့ အနိုင်ယူခဲ့သလို၊ အက်သလက်တီကို မက်ဒရစ် ကိုလည်း ၂-၁ နဲ့ အနိုင်ယူပြခဲ့ပါတယ်။ ပိုပြီး အံ့ဩစရာကောင်းတာကတော့ အင်တာမီလန် လို အသင်းကြီးကိုတောင် နှစ်ကျော့စလုံး နိုင်တာပါ။

ကွာတားဖိုင်နယ် တက်ဖို့ ရာခိုင်နှုန်းများနေတဲ့ ဘိုဒိုဂလင့်တို့ ချန်ပီယံလိဂ်မှာ ဘယ်အဆင့်အထိ တက်လှမ်းနိုင်မလဲဆိုတာ စိတ်ဝင်စားစရာကောင်းပါတယ်။

ရီးရဲလ်မက်ဒရစ်ရဲ့ ကြယ်ပွင့်တွေအကြောင်း စဉ်းစားရင် လူတိုင်းက အမ်ဘတ်ပီ၊ ဗီနီရှပ်၊ ဘယ်လင်ဟမ်တို့ရဲ့ နာမည်တွေကိုပဲ အရင်ပြေးမ...
12/03/2026

ရီးရဲလ်မက်ဒရစ်ရဲ့ ကြယ်ပွင့်တွေအကြောင်း စဉ်းစားရင် လူတိုင်းက အမ်ဘတ်ပီ၊ ဗီနီရှပ်၊ ဘယ်လင်ဟမ်တို့ရဲ့ နာမည်တွေကိုပဲ အရင်ပြေးမြင်တတ်ကြတာပါ။ ဗယ်ဗာဒီကတော့ အသံတိတ်သူရဲကောင်းလို့ပဲ ပြောရမှာ ဖြစ်ပါတယ်။ သူဟာ နာမည်ကြီးစူပါစတားတွေရဲ့ နောက်မှာ ရှိနေတတ်ပေမဲ့ အသင်းအကျပ်အတည်းနဲ့ တွေ့တိုင်း ကယ်တင်ရှင်အဖြစ် အမြဲတမ်း ပေါ်လာတတ်သူ ဖြစ်ပါတယ်။

ဗယ်ဗာဒီရဲ့ ထူးခြားချက်က တောင်ပံလား၊ ကွင်းလယ်လား ဒါမှမဟုတ် နောက်တန်းလား နည်းပြက ဘယ်နေရာမှာပဲ ထားထား၊ သူ့ရဲ့ ၁၀၀ ရာခိုင်နှုန်း လုပ်အားနှုန်းနဲ့ အကောင်းဆုံး ကစားပြတာပါပဲ။ အံ့အားသင့်စရာကောင်းတဲ့ အဝေးကန်ချက် ဂိုးအလန်းစားတွေကိုလည်း ပုံစံမျိုးစုံနဲ့ သွင်းပြလေ့ ရှိပါတယ်။

မနေ့ညက မန်စီးတီးနဲ့ပွဲမှာဆိုရင်လည်း လူမစုံတဲ့ ရီးရဲလ်မက်ဒရစ်ကို အသင်းခေါင်းဆောင်တစ်ယောက်အနေနဲ့ ဦးဆောင်ပြသွားခဲ့ပါတယ်။ သူသွင်းယူခဲ့တဲ့ ဟက်ထရစ် (၃) ဂိုး စလုံးဟာလည်း တကယ့်ကို အဆင့်မြင့်လွန်းပြီး အားရစရာပါပဲ။

ပထမဂိုးမှာ ဂိုးသမား ကော်တွိုက်စ်ရဲ့ ကန်တင်ပေးလိုက်တဲ့ အဝေးဘောကို ပါးပါးနပ်နပ် ထိန်းယူပြီး ဂိုးသမား ဒွန်နာရမ်မာကိုပါ ကျော်ဖြတ်ကာ ထောင့်ကျဉ်းလေးထဲကနေ အပိုင်ကန်သွင်းခဲ့တာပါ။ ပထမဂိုးရပြီး ၇ မိနစ်အကြာမှာပဲ ဗီနီစီးယက်စ်ရဲ့ ပေးပို့မှုကို အပိုင်ကန်သွင်းပြီး ဒုတိယဂိုးကို ရယူပေးခဲ့ပြန်ပါတယ်။

ပထမပိုင်း မပြီးခင်မှာတင် ဘရာဟင် ဒီယက်စ်ဆီကရတဲ့ ဘောလုံးကို လှလှပပ မတင် ကျော်ဖြတ်ပြီး သူ့ရဲ့ သမိုင်းဝင် ဟက်ထရစ်ဂိုးကို အဆုံးသတ်ပြခဲ့တာပဲ ဖြစ်ပါတယ်။

အသင်းမှာ အဓိက ဂိုးသွင်းရမယ့်သူ မဟုတ်သလို တစ်နေရာတည်းမှာပဲ သတ်သတ်မှတ်မှတ် ကစားရတာမျိုး မဟုတ်ပေမဲ့ ဆေးစက်ကျရာ အရုပ်ထင်အောင် ကစားပြနေတဲ့ ဗယ်ဗာဒီကိုတော့ လက်ခုတ်တီး ချီးကျူးပေးရမှာ အသေအချာပါပဲ။

ဒါဟာ မနှစ်က အမ်ဘတ်ပီပြီးရင် မန်စီးတီးဘက်ကို နောက်ထပ် ဟက်ထရစ်သွင်းနိုင်တဲ့ ရီးရဲလ်ကြယ်ပွင့်အဖြစ် ဗယ်ဗာဒီကို မှတ်တမ်းဝင်စေခဲ့တာဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ပရိသတ်တွေဟာ ပြီးခဲ့တဲ့ရက်က ဘာစီလိုနာ နယူးကာဆယ်ကို မနည်းသရေကန်လိုက်ရတော့ ဘာစီလိုနာသာ ပရီးမီးယားလိဂ်မှာ လာကန...
12/03/2026

ပရီးမီးယားလိဂ်ပရိသတ်တွေဟာ ပြီးခဲ့တဲ့ရက်က ဘာစီလိုနာ နယူးကာဆယ်ကို မနည်းသရေကန်လိုက်ရတော့ ဘာစီလိုနာသာ ပရီးမီးယားလိဂ်မှာ လာကန်ရင် အဆင့် ၁၀ အတွင်းတောင် မနည်းဝင်အောင် ကန်ရမှာဆိုပြီး လှောင်ပြောင်ခဲ့ကြပါတယ်။

ဒါပေမယ့် အခုချိန်မှာတော့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမအကျော့ပွဲအပြီးမှာ ပရီးမီးယားလိဂ်အသင်းတွေ တစ်သင်းမှ အနိုင်မရခဲ့တာကို တွေ့ရမှာ ဖြစ်ပါတယ်။

အာဆင်နယ်က ၈၉ မိနစ်မှရတဲ့ ပင်နယ်တီကြောင့်သာ ၁-၁ နဲ့ သရေကျပြီး သီသီလေး လွတ်ခဲ့ရသလို၊ လီဗာပူးလ်ကလည်း ဂါလာတာစရေးကို ဒီရာသီမှာတင် နှစ်ကြိမ်ဆက် ၁-၀ နဲ့ အရှုံးပေးခဲ့ရပြန်ပါတယ်။

မန်စီးတီးကလည်း ရီးရဲလ်မက်ဒရစ်ကို ၃ ဂိုးပြတ်နဲ့ အရေးနိမ့်ခဲ့သလို၊ ချဲလ်ဆီးနဲ့ စပါးတို့ဆိုရင်လည်း ပီအက်စ်ဂျီနဲ့ အက်သလက်တီကိုတို့ကို ၅ ဂိုး ၂ ဂိုးစီဆိုတဲ့ ဂိုးပြတ်ရလဒ်တွေနဲ့ အရှတ်တကွဲ ရှုံးနိမ့်ခဲ့ရတာဖြစ်ပါတယ်။

မန်စီးတီး၊ ချဲလ်ဆီး၊ စပါးတို့ဆိုရင် နောက်တစ်ဆင့်တက်ဖို့ဆိုတာ တော်တော်လေးကို ခဲယဉ်းသွားပါပြီ။ လီဗာပူးလ်၊ အာဆင်နယ်ကတော့ ဒုအကျော့ အိမ်ကွင်းမှာ ကစားရမှာမို့ မျော်လင့်ချက်ကြီးကြီးမားမားရှိနေပါတယ်။ နယူးကာဆယ်ကလည်း အဝေးကွင်းမှာ ဘာစီလိုနာကို လွယ်မှာမဟုတ်ပါဘူး။

ဘယ်အသင်းတွေ ကွာတားဖိုင်နယ်တက်မလဲ ?

03/02/2026

ကောင်းကင်ပေါ်ကနေ ခုန်ချပြီး သားကောင်ကို အမဲလိုက်ရတဲ့ ကျားသစ်ရဲ့ အံ့ဖွယ်စွမ်းရည်

ที่อยู่

XVF5+63P, Tambon Ban Du, Amphoe Mueang Chiang Rai, Chang Wat Chiang Rai
Chiang Rai
57100

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Animal Gabarผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์