Xolaw Book စေတနာဆိုတဲ့ စကားတစ်ခွန်းနဲ့ တစ်ခြားသူ စိတ်ဒုက္ခ ရောက်အောင်မလုပ်ပါနဲ့

04/03/2026

သင်ကောင်းတယ်လို့ထင်တဲ့အရာထက်
ဘုရားပြင်ဆင်ပေးထားပီးသားကပိုပီးကောင်းတာ
ဖြစ်တယ်

ကလေးတစ်ယောက်အတွက်တော့ မိဘနှစ်ပါးစလုံးရဲ့ မေတ္တာနဲ့ ပြည့်စုံတဲ့ အိမ်ဟာ တစ်လောကလုံးမှာ အလုံခြုံဆုံး ရိပ်မြုံပါပဲ။ အဲ့ဒီနွေ...
19/02/2026

ကလေးတစ်ယောက်အတွက်တော့
မိဘနှစ်ပါးစလုံးရဲ့ မေတ္တာနဲ့ ပြည့်စုံတဲ့
အိမ်ဟာ တစ်လောကလုံးမှာ
အလုံခြုံဆုံး ရိပ်မြုံပါပဲ။

အဲ့ဒီနွေးထွေးမှုနဲ့ ယုံကြည်မှုတွေကို
ကိုယ်တိုင်ဖျက်ဆီးလိုက်ခြင်းဟာ
ကလေးတွေရဲ့ ဘဝအုတ်မြစ်တစ်ခုလုံးကို
ဖြိုချလိုက်တာနဲ့ အတူတူပါပဲ။

အပြင်က ခဏတာ ပျော်ရွှင်မှုဆိုတာ
ရေတိုမှာ ကျေနပ်စရာလို့ ထင်ရပေမဲ့
အိမ်မှာ ကျန်ရစ်ခဲ့တဲ့
သားသမီးတွေအတွက်တော့
တစ်သက်တာလုံးစာ ကုစားလို့မရနိုင်တဲ့
စိတ်ဒဏ်ရာတွေ ဖြစ်သွားစေပါတယ်။

မိဘအပေါ် ထားရှိတဲ့ ယုံကြည်မှုတွေ
ပြိုလဲသွားတဲ့အခါ ကလေးတွေဟာ
ဘယ်သူ့ကို ဆက်ပြီး ယုံကြည်ရမလဲဆိုတဲ့
ဝေခွဲမရမှုတွေနဲ့
အားကိုးရာမဲ့သွားတတ်ပါတယ်။

ဒီဒဏ်ရာတွေဟာ သူတို့ရဲ့
အနာဂတ်လူမှုဆက်ဆံရေးတွေနဲ့
ဘဝလမ်းကြောင်းတစ်ခုလုံးအပေါ်မှာ
အရိပ်မည်းကြီးလို လွှမ်းမိုးသွားနိုင်
ပါတယ်။

သူတို့ကိုယ်တိုင် မိဘဖြစ်လာတဲ့
အချိန်အထိတောင် ဒီနာကျင်မှုတွေက
စိတ်ထဲမှာ ကပ်ပါလာနေဦးမှာ
ဖြစ်တာကြောင့် ဒါဟာ ကိုယ့်ရဲ့
ရေတိုဆန္ဒတစ်ခုအတွက် ပေးလိုက်ရတဲ့
တန်ဖိုးကြီးလွန်းတဲ့ ရင်းနှီးမှုပါပဲ။

အိမ်ထောင်ရေးသစ္စာဆိုတာ
အိမ်ထောင်ဖက်တစ်ယောက်တည်း
အတွက်တင် မဟုတ်ဘဲ ရင်သွေးလေးတွေရဲ့
စိတ်ကျန်းမာရေးနဲ့ ပျော်ရွှင်မှုအတွက်ပါ
တည်ဆောက်ထားတဲ့
အကာအကွယ်တစ်ခုပါ။

ကိုယ့်ရဲ့ "ခဏတာ ပျော်ရွှင်မှု" ထက်
သားသမီးတွေရဲ့ အနာဂတ်က
အဆပေါင်းများစွာ ပိုပြီး
အရေးကြီးပါတယ်။

ဒီသစ္စာတရားကို
မြတ်နိုးတန်ဖိုးထားခြင်းကသာ
သာယာတဲ့ မိသားစုဘဝကို
ဖြစ်စေမှာဖြစ်ပြီး ကလေးတွေ
အတွက်လည်း အကောင်းဆုံးသော
အမွေအနှစ်ကို ပေးစွမ်းနိုင်မှာ ဖြစ်ပါတယ်။

ကိုယ့်ရဲ့ ခဏတာ သာယာမှုနောက်ကို
လိုက်ရင်း သားသမီးတွေရဲ့ တစ်သက်တာ
ပျော်ရွှင်မှုကို မစတေးလိုက်ပါနဲ့။

အိမ်ထောင်ရေးသစ္စာဆိုတာ
ကလေးတွေရဲ့ အနာဂတ်ကို လုံခြုံစေမယ့်
အခိုင်မာဆုံးသော အမိုးအကာပါပဲ။

ရိုးသားမှုနဲ့ သစ္စာရှိခြင်းကသာ
သားသမီးတွေအတွက် အကောင်းဆုံးသော
လမ်းပြမြေပုံ ဖြစ်ပါလိမ့်မယ်။

ခဏတာ ပျော်ရွှင်မှုထက် သားသမီးတွေရဲ့
တစ်သက်တာ စိတ်အေးချမ်းမှုကို
ရှေ့တန်းတင်တတ်ခြင်းကသာ
စစ်မှန်တဲ့ မိဘမေတ္တာပါပဲ။

ရေးသူ 𝐊 𝐊𝐡𝐚𝐢

#𝐊𝐊𝐡𝐚𝐢

#𝐊𝐊𝐡𝐚𝐢𝐄𝐯𝐞𝐧𝐭
#စာပေဗဟုသုတများ

"Motherhood"  မိခင်ဘဝMotherhood is a journey of love, sacrifice & endless strength.မိခင်ဘဝဆိုတာ ချစ်ခြင်းမေတ္တာ၊ စွန့်လွ...
17/02/2026

"Motherhood"
မိခင်ဘဝ

Motherhood is a journey of love, sacrifice & endless strength.
မိခင်ဘဝဆိုတာ ချစ်ခြင်းမေတ္တာ၊ စွန့်လွှတ်မှုနဲ့ အဆုံးမရှိတဲ့ အားမာန်တွေပါဝင်တဲ့ ခရီးစဉ်တစ်ခုပါ။

Sleepless nights & tired days….
မအိပ်ရတဲ့ညတွေ၊ ပင်ပန်းနွမ်းနယ်တဲ့နေ့တွေ…

Hidden tears & selfless care….
မမြင်ရတဲ့ မျက်ရည်တွေ၊ ကိုယ်ကျိုးမရှိဘဲ ပေးဆောင်ရတဲ့ စောင့်ရှောက်မှုတွေ…

Unseen efforts & unconditional love…
မမြင်ရတဲ့ ကြိုးစားအားထုတ်မှုတွေ၊ အခြေအနေမရွေး ချစ်တဲ့မေတ္တာ…

To the world, you may just be a mother…
But to your child, you are everything.
ကမ္ဘာအမြင်မှာ သင်ဟာ မိခင်တစ်ယောက်သာ ဖြစ်နိုင်ပေမယ့်
သင့်ကလေးအတွက်တော့ သင်ဟာ အရာအားလုံးပါပဲ 💗

#အဆုံးထိဖတ်ပေးလို့ကျေးဇူးပါ

love


ဒီလမ်းလေးက ကခုန်ခဲ့တဲ့ မင်းကို အရမ်းသတိရတယ်ချစ်ဆုံးရယ်မကတတ် ကတတ်သင်သမျှ လိုက်လုပ်ပြီးအပြုံးချိုလေးနဲ့မင်းကို အရမ်းသတိရတယ...
15/02/2026

ဒီလမ်းလေးက ကခုန်ခဲ့တဲ့
မင်းကို အရမ်းသတိရတယ်
ချစ်ဆုံးရယ်

မကတတ် ကတတ်
သင်သမျှ လိုက်လုပ်ပြီး
အပြုံးချိုလေးနဲ့
မင်းကို အရမ်းသတိရတယ်
ချစ်ဆုံးရယ်

10/02/2026

သူများနိုင်ငံကနည်းပညာအတတ်ပညာတွေသာမသင်ယူနိုင်တာ ဒါမျိုးကျခေတ်မီသား

#ဗဟုသုတစာပေများ #စာပေချစ်သူ

""သူတစ်ပါးအိမ်ထောင်ကို ဖြိုခွဲတဲ့သူတွေခံစားရမယ့် အရာ(၅)မျိုး""======*****=====*****====*****=====*****====လောကမှာ ကြောက်...
09/02/2026

""သူတစ်ပါးအိမ်ထောင်ကို ဖြိုခွဲတဲ့သူတွေခံစားရမယ့် အရာ(၅)မျိုး""
======*****=====*****====*****=====*****====

လောကမှာ ကြောက်စရာအကောင်းဆုံးနဲ့ အယုတ်ညံ့
ဆုံးလုပ်ရပ်တွေထဲမှာသူတစ်ပါးအိမ်ထောင်ကိုဖြိုခွဲတာ
လည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်
ဒီလိုလူတွေက ယာယီတော့ ပျော်ရွှင်ရမယ်
ဒါပေမယ့်ဘယ်တော့မှ ငြိမ်းချမ်းမှု၊ ပျော်ရွှင်မှုကိုရရှိမှာ
မဟုတ်ပါဘူး
သူတစ်ပါးမိသားစုကိုဖြိုခွဲတဲ့သူတွေ၊ဖောက်ပြန်တဲ့သူ
တွေခံစားရမယ့်အရာတွေကို ဖော်ပြပေးလိုက်ပါတယ်
အားလုံးလည်း သတိထားဆင်ခြင်နိုင်ကြပါစေ။
(၁) ပူလောင်ခြင်း
---------------------
သူတစ်ပါးအိမ်ထောင်ကိုဖြိုခွဲတဲ့သူတွေနဲ့ ဖောက်ပြန်တဲ့
သူတွေ အမြဲတမ်းခံစားနေရမယ့်အရာကတော့ပူလောင်
ခြင်းပါပဲ
သူတို့ရင်ထဲမှာ နောင်တရသလိုလို၊ ကျေနပ်သလိုလို
မှားနေသလိုလို၊ မှန်နေပြန်သလိုလို မသေချာမရေရာ
တဲ့ခံစားချက်တွေ အမျိုးမျိုးဖြစ်နေပြီး ဘယ်တော့မှ
အေးချမ်းရမှာမဟုတ်ပါဘူး
တစ်ခါတလေအလိုလိုနေရင်း ဒေါသတွေထွက် ရှူးရှူး
ရှားရှားတွေဖြစ်ပြီးဘာတွေကိုဒေါသထွက်လို့ထွက်မှန်း
မသိအောင်ကို ပူလောင်ပြီး အရူးတစ်ယောက်လို ဖြစ်
နေမှာပါ။
(၂) စိုးရိမ်ထိတ်လန့်ခြင်း
---------------------------
ဒီလိုလူမျိုးတွေရဲ့ပတ်သက်မှုဟာ မတရားသဖြင့်ရရှိ
ထားတဲ့ ပတ်သက်မှု မျိုးဖြစ်တာကြောင့် အမြဲတမ်း
ပူပင်သောကရောက်နေရမှာပါ
ဒါ့အပြင်ဘယ်တော့ဝဋ်ပြန်လည်မလဲ၊ဘယ်တော့များ
တခြားသူနောက်ပြန်ပါသွားမလဲ၊
ကိုယ့်ကိုယ်ဘယ်တော့ထားသွားမလဲဆိုပြီး တစ်ချိန်
လုံး စိုးရိမ်သောကရောက်နေရမှာပါ
ဒါ့အပြင် ကြာလာတဲ့အခါသူတို့ကြားမှာနည်းနည်း
လေး ပြဿနာ ရှိလာတာနဲ့ တစ်ယောက်နဲ့ တစ်
ယောက်အပြစ်တင်ပြီး စိတ်ညစ်ပြီးရင်းညစ်လာရ
မှာပါ။
(၃) ဝဋ်လည်ခြင်း
--------------------
ဝဋ်ဆိုတာက တကယ်ကိုလည်ပါတယ်
ခုခေတ်မှာ ဝဋ်လည်တာပိုတောင်မြန်ပါသေးတယ်
ဒါကြောင့် ဒီလိုလူတွေဟာ သူတစ်ပါးကို မျက်ရည်
ကျအောင်၊ရင်ကွဲအောင်၊နာကျင်အောင်လုပ်ခဲ့သမျှ
သူတို့ပြန်ခံစားရမှာပါ
သူတစ်ပါးမျက်ရည်နဲ့တည်ဆောက်ထားတဲ့သူတို့တွေ
ရဲ့ ပတ်သက်မှုဟာ ဘယ်တော့မှ ပျော်စရာကောင်း
လာမှာ မဟုတ်သလို
တစ်ချိန်မှာ ကျိန်းသေပေါက်ဝဋ်ပြန်လည်လာတဲ့အခါ
ကျရင် သူတို့ကို ကူညီမယ့်သူ၊ သနားမယ့်သူ တစ်
ယောက်မှတောင်ရှိမှာ မဟုတ်ပါဘူး။
(၄) လူတွေရဲ့အထင်အမြင်သေးခြင်း
---------------------------------------
သူတစ်ပါးအိမ်ထောင်ကိုဖြိုခွဲတဲ့သူ၊ ဖောက်ပြန်တဲ့သူတွေ
ဟာဘယ်လောက်ပဲ စည်းစိမ်ဥစ္စာတွေရှိရှိ၊ ဘယ်လောက်
ပဲပညာအရည်အချင်းမြင့်မြင့် ဘယ်သူကမှသူတို့ကို လေး
စားတော့မှမဟုတ်သလို
ဘယ်သူကမှလည်း သူတို့ကိုယုံကြည်တော့မှာမဟုတ်ပါ
ဘူး
သူတို့ရဲ့ စည်းစိမ်ဥစ္စာ၊ နာမည်၊ ဂုဏ်ကြောင့်သာအပေါ်
ယံပေါင်းချင်ပေါင်းမယ်၊ ဒါပေမယ့် စိတ်ထဲမှာတော့သူတို့
ကို အထင်အမြင်အရမ်းသေးနေမှာဖြစ်ပါတယ်
ဒုက္ခရောက်တဲ့အချိန်တွေမှာတောင် ကူညီမယ့်သူတစ်
ယောက်မှ ရှိမှာ မဟုတ်ပါဘူး။
(၅) နောင်တတရား
---------------------
သူတစ်ပါးရဲ့အိမ်ထောင်ကိုဖြိုခွဲတဲ့သူတွေနဲ့ ဖောက်ပြန်
တဲ့သူတွေဟာ နောင်တတရားနဲ့ အဆုံးသတ်ရလေ့ရှိ
ပါတယ်
သူတို့ရဲ့ သားသမီးတွေရဲ့ နာကျည်းခြင်းကိုခံရတဲ့အခါ
အရာအားလုံးကို နောင်တရပြီး စစ်မှန်တဲ့ မေတ္တာတရား
ကို တောင့်တလာတဲ့အခါမှာ ဘယ်သူမှ သူတို့အနားမှာ
ရှိတော့မှာ မဟုတ်ပါဘူး
အရင်အချိန်တွေ၊ အရင်တုန်းကဖြူစင်ခဲ့တဲ့ အတိတ်တွေ
ကိုဘယ်လောက်ပဲပြန် လိုချင်လိုချင် သူတို့ကိုယ်တိုင်က
အမဲစက်ဖြစ်နေတဲ့အတွက် ဘယ်တော့မှပြန်ပြီး မဖြူစင်
နိုင်တော့ပါဘူး ။

Em Em(Auntymay)
Credit. To. TrueMan

“ကာမေသုမိစ္ဆာစာရကံရဲ့ ဆိုးကျိုးများ”
••••••••••••••••••••••••••••••••••
ရှေးတုန်းက “ဧရကစ္ဆမြို့” မှာ ရွှေပန်းတိမ်သည်
သူဌေးသားလူငယ်တစ်ယောက် ရှိခဲ့တယ်။
ဥစ္စာပေါ ရုပ်ချောဆိုတာ လူတကာငေးရတာပေါ့။
ငွေရှိတော့ ထင်တိုင်းကြဲ ပျိုပျိုအိုအို သူနဲ့ ကင်းလွတ်သူ
မရှိသလောက်ပါပဲ။ ဒီလိုပျော်ပါးရင်းနဲ့ပဲ ဘ၀ကုန်ဆုံးတော့
“ငရဲ”ကျရောက်ပါတယ်။

“ငရဲ”က လွတ်ပြန်တော့ မျောက်ဘ၀၊ ဆိတ်ဘ၀၊
နွားဘဝတွေမှာ ဖြစ်တယ်။ဖြစ်တိုင်းပဲ သင်းကွပ်ခြင်းကို
ခံရပါတယ်။ နွားဘ၀မှာ မျက်စိကန်းလို့ မကျန်းမမာ
ဖြစ်နေတာတောင် ထွန်ဆွဲရ၊ လှည်းရုန်းရနဲ့
မပြတ်လုပ်နေရတယ်။

နောက်ဘ၀ကျတော့ “ကျွန်အမျိုးသမီး”တစ်ဦးရဲ့ သားဖြစ်တယ်။
သားဆိုပေမယ့် ယောက်ျားမဟုတ်၊ မိန်းမဟုတ်တဲ့ “နပုံးပဏ္ဍုပ်”ပါ။
အသက်သုံးဆယ်မှာ သေဆုံးလို့ ဆင်းရဲသားလှည်းကူလီရဲ့
သမီးထပ်ဖြစ်ပြန်ရော။ အကြွေးမပေးနိုင်လို့ ၊
လှည်းကုန်သည်က လှည်းကူလီရဲ့ သမီးကို အကြွေးနဲ့သိမ်းလိုက်ပါတယ်။
၁၆ နှစ်အရွယ်မှာ မယားရှိတဲ့ “လှည်းကုန်သည်သား”က
ချစ်လှပါတယ်ဆိုပြီး “မယားငယ်”အဖြစ်နဲ့ သိမ်းပိုက်ခံရတယ်။

ကျေနပ်အောင် ပြုစုသော်လည်းပဲ “မေတ္တာစစ်”ကို မရခဲ့ပါဘူး။
အဲဘ၀ကနေ သေဆုံးတော့ ဂေါတမဘုရားရှင်လက်ထက်မှာ
“ဥဇ္ဇေနီပြည် သူဌေး”တစ်ဦးရဲ့ “သမီး” ဖြစ်ပါတယ်။
အရွယ်ရောက်တော့ သာကေတသူဌေးသား တစ်ယောက်နဲ့
လက်ထပ်ခဲ့တယ်။ လိမ်လိမ်မာမာနေကာ
မယား၀တ်ကျေအောင် ပြုစုပါသော်လည်း နောက်တော့
လင်ရဲ့ စွန့်ပစ်ခြင်း ကို ခံရပြန်ပါတယ်။
နောက်တစ်ယောက်နဲ့ ထပ်ပြု၊ ပြန်ကွဲ။
ဒီလိုနဲ့ “အိမ်ထောင်သုံးဆက်”ရှိတာ သုံးဆက်လုံး
“လင်စွန့်ပစ်တာ” ကို ခံရတယ်။ အပြစ်များလှပါပေတယ်။
ရွှေပန်းထိမ်သည်ဘ၀နဲ့ ငွေကို ရေလိုသုံးခဲ့သမျှ
ခံရတာမသက်သာပါလား။

နောက်ဆုံးမှာတော့ “ဇိနဒတ္တာထေရီမ” နဲ့ တွေ့လို့ တရားနာရတယ်။ ဘိက္ခုနီမ၀တ်တရားအားထုတ်လိုက်တာ
“ရဟန္တာမ” ဖြစ်သွား ပါတော့တယ်။
ဒီတော့မှ “ကာမေသုမိစ္ဆာစာရကံရဲ့ ၀ဋ်ကြွေး”မှ
လွတ်မြောက်သွားပါတော့တယ်။

သူများသားမယားဖောက်ပြားတဲ့ကံဟာ ဆိုးကျိုးများပြားလှပါတယ်။
ဒါကြောင့်ပဲ ရှေးဆရာတော်များက လူအများတို့
ကာမေသု မိစ္ဆာစာရအပြစ်များကို အလွယ်တကူ
သိရှိကြပြီး ရှောင်ကြဉ်နိုင်ကြရန်အတွက် ခုလို
ကဗျာစပ်ခဲ့ပါတယ်။

“သူ့လင်သူမယား၊ မရှောင်ရှားဘဲ၊ ပြစ်မှားလေမှု၊
ထိုသည့်သူအား၊ ရန်သူပေါများ၊ ချစ်သူရှား၏။
ယောကျားမပီ၊ မ,မပီပဲ၊ မကြည်အိနြေ္ဒ၊
ကျက်သရေမရှိ၊ ဟိရိမကပ်၊ သြတ္တပ်ကင်းကွာ၊
အင်္ဂါချိုတဲ့၊ ရှိန်ဇော်မဲ့၍၊ ချို့တဲ့ဥစ္စာ၊ ဆင်းရဲရှာ၏။
ကွဲကွာချစ်သူ၊ သောကဆူလျက်၊ စိတ်ပူပြင်းပြ၊
စိုးကြောင့်ကြနှင့်၊ လားရဒုဂ္ဂတိ၊ ဆင်းရဲဖိသည်။
ရ၏ဆိုးကျိုးများစွာတည်း။”

အရမ်းကြောက်စရာကောင်းလှပါတယ်။
စာချစ်ပရိသတ်များလည်း ဒီလို “ဝဋ်” မျိုးမခံရအောင်
“ကာမေသုမိစ္ဆာစာရကံ” ကို ရှောင်ကြဉ်ပြီး
အချစ်စစ်ကိုရှာ ဘဝလက်တွဲဖော်နဲ့သာ....

#ဗဟုသုတစာပေများ နေ့စဥ်ဖတ်ရှူဖို့ရာ
👇👇👇👇👇👇👇👇
https://www.facebook.com/ဆရာလယ်တွင်းသားစောချစ်-106476515203788/
https://www.facebook.com/ဆရာလယ်တွင်းသားစောချစ်-106476515203788/

ဒဏ်ရာတွေကသစ်ပြီးရင်းသစ်ရင်ထဲမှာ နင့်နေတာပဲတိုတောင်းလှတဲ့ ဘဝကြီးထဲမှာWhy alway me?     #စာပေချစ်သူ
08/02/2026

ဒဏ်ရာတွေကသစ်ပြီးရင်းသစ်ရင်ထဲမှာ နင့်နေတာပဲ
တိုတောင်းလှတဲ့ ဘဝကြီးထဲမှာ
Why alway me?

#စာပေချစ်သူ

နေ့စဥ်ဘ၀ရဲ့ စိတ်ခံစားမှုရာခိုင်နှုန်းတော်တော်များများဟာ ကိုယ့်အိမ်ထောင်ဘက်ဆီကနေရတာဖြစ်တဲ့အတွက် လူရွေးသာမှားသွားခဲ့ရင်ဘဝမ...
06/02/2026

နေ့စဥ်ဘ၀ရဲ့ စိတ်ခံစားမှုရာခိုင်နှုန်းတော်တော်များများဟာ
ကိုယ့်အိမ်ထောင်ဘက်ဆီကနေရတာဖြစ်တဲ့အတွက်
လူရွေးသာမှားသွားခဲ့ရင်
ဘဝမှာ အဆိုးရွားဆုံးသောထောင်ဟာ
အိမ်ထောင်ဖြစ်သွားတတ်သတဲ့...။

လူဆိုတာမျိုးက ကိုယ်ကပေးရတာထက် ကိုယ့်ဆီပြန်ရမယ့်
အရာကိုပဲအရင်လောဘတက်တတ်သော
သဘောသဘာ၀ရှိသူတွေပဲမလား....။

ကျွန်မကိုယ်တိုင်ကကော အခြားသူအတွက်
လူကောင်းဖြစ်နေပါရဲ့လား....ဆိုသောမေးခွန်းကိုလည်း
ကျွန်မတို့ကိုယ်ကျွန်မတို့ အမြဲမေးဖို့လိုအပ်မည်ထင်ပါသည်။

ကိုယ့်ဘေးကလူဟာ ကိုယ့်အတွက်ဘယ်လိုလူလဲ....
ဆိုတာမတွေးခင်
ကိုယ်ကကော ကိုယ့်ဘေးကလူအတွက် ဘယ်လိုလူလဲ....
ဆိုတာအရင်
တွေးဖြစ်ဖို့လည်းလိုအပ်ပါလိမ့်ဦးမည်....။

လက်ထပ်တယ်....ဆိုတာမျိုးက
ချစ်တဲ့သူနဲ့ပဲ လုပ်ရမယ် ဆိုတာမျိုးမဟုတ်ပဲ.....
လူကောင်းနဲ့လုပ်ရတာပါ.....တဲ့လေ

#စာပေချစ်သူ

ဒီနေ့ခေတ်မှာ ဖောက်ပြန်ခြင်းအစ Chatting ကတဲ့
06/02/2026

ဒီနေ့ခေတ်မှာ ဖောက်ပြန်ခြင်းအစ Chatting ကတဲ့

03/02/2026

Join ပြကြပါ😁😁

တစ်စုံတစ်ယောက်ကို ကိုယ့်ရင်ထဲ မဆန့်တဲ့အကြောင်းအရင်းတွေ ဘယ်လိုစိတ်တွေကြောင့် အိပ်မပျော်ခဲ့ရသလဲဆိုတဲ့အကြောင်းတွေ ပါးစပ်မှာ...
03/02/2026

တစ်စုံတစ်ယောက်ကို ကိုယ့်ရင်ထဲ
မဆန့်တဲ့အကြောင်းအရင်းတွေ
ဘယ်လိုစိတ်တွေကြောင့် အိပ်မပျော်ခဲ့ရသလဲဆိုတဲ့အကြောင်းတွေ ပါးစပ်မှာ အမြုံ့ထွက်တဲ့အထိ
ပြောပြချင်တယ် ။

#စာပေချစ်သူ #

ที่อยู่

130 Chom Thong Road
Chom Thong
65000

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Xolaw Bookผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์