13/06/2025
ဆော့ဖ်ဝဲ အင်ဂျင်နီယာ တစ်ယောက် ဖြစ်တဲ့ Pratik Joshi ဟာ လန်ဒန်မှာ နေတာ (၆) နှစ်ကြာခဲ့ပါပြီ။ မိသားစုအတွက် ပိုမိုကောင်းမွန်တဲ့ အနာဂတ်ကိုတည်ဆောက်ဖို့ အတွက် အိန္ဒိယမှာ ရှိတဲ့ ကလေးသုံးယောက်နဲ့ အမျိုးသမီး တို့နဲ့ခွဲခွာပြီး တစ်ယောက်တည်းရုန်းကန်နေခဲ့တာပါ။
အခုလို နှစ်များစွာ အကြာ လိုအပ်တဲ့စာရွက်စာတမ်းတွေ အစီအစဉ်တွေအားလုံးပြီးတဲ့ အချိန် မှာတော့ အိပ်မက်တွေအကောင်အထည်ပေါ်ဖို့ အချိန်တန်ခဲ့ပါတယ်။ အမျိုးသမီးဖြစ်တဲ့ ဒေါက်တာ Komi Vyas ဟာ လွန်ခဲ့သော နှစ်ရက်က အလုပ်ထွက်စာတင်ပြီး အနာဂတ်အတွက်တက်ကြွစွာ အထုပ်အပိုးဆွေပြင်ဆင်ခဲ့ပါတယ်။
မနေ့က မနက်မှာတော့ မိသားစု (၅)ယောက်လုံး ပျော်ရွှင်တက်ကြွစွာ အနာဂတ်အိပ်မက်များစွာနဲ့ လေယာဉ်ပေါ်တက်ခဲ့ပါတယ်။ ဒါကတော့ လေယာဉ်ပေါ်ကနေ ဆဲလ်ဖီရိုက်ပြီး ဆွေမျိုးမိဘတွေကို ပို့ခဲ့တဲ့နောက်ဆုံးဓါတ်ပုံလေးပါ။
တစ်ယောက်မှ အသက်မရှင်လိုက်ပါဘူး။
မိနစ်ပိုင်းလေးမှာပဲ တစ်ဘဝလုံးစာ ကြိုးစားရုန်းကန် စွန့်လွတ် ထားခဲ့တာ မှန်သမျှ အားလုံး မီးလောင်ပြီး ပြာအဖြစ်အသွင်ပြောင်းသွားခဲ့ပါတယ်။
ဒီပိုစ့်ကိုရေးရတဲ့ ရည်ရွယ်ချက်ကတော့ အားလုံးကိုသတိပေးချင်လို့ပါပဲ။ ဘဝမှာ ဘာတွေဘယ်လိုရည်ရွယ်ကြံစည်ကြိုးစားနေစေဦး။ ပြီးမြောက်အောင်မြင်ဦး။ အရာအားလုံးဟာ အဆုံးသတ်ခြင်းနဲ့ ကြိုးလေးတစ်မျှင်စာ ပဲဝေးပါတယ် ။ ဘဝဆိုတာ တကယ့်ကို နုနုလေးပါ။ နောက်ဘဝ ဟာ နောက်တစ်မိနစ်ထက် ပိုသေချာပါတယ်။
"ဒါကြောင့် ပျော်ရွှင်မူတွေကို ဘာအကြောင်းနဲ့မှ နောက်မရွေ့ပါနဲ့။"
Credit