Roam Light Steps Slow travel. Nature stays. Gentle steps through wild places.

Luang Prabang ရောက်ပြီဆိုရင် MANDAdeLAOS စိတ်ကူးယှဉ်ဆန်တဲ့ Fine Dining Restaurant လေးကို Recommends ပေးပါတယ်အသေးစိတ်ကို ...
27/10/2025

Luang Prabang ရောက်ပြီဆိုရင် MANDAdeLAOS စိတ်ကူးယှဉ်ဆန်တဲ့ Fine Dining Restaurant လေးကို Recommends ပေးပါတယ်

အသေးစိတ်ကို Comment မှာ သူရဲ့ Websites ချထားပေးပါတယ်

25/10/2025

River life on the way to Luang Prabang. That misty mountain view is just pure magic



🚤Lao Cruise  ချင်းရိုင်ကနေလာအိုခရီးစဉ်အဆက်🇹🇭➡️🇱🇦ချင်းရိုင်ကနေစထွက် နယ်စပ်မြို့ဖြစ်တဲ့ ချင်းခေါင် ( Chiang Khong ) ကို ၁ ...
24/10/2025

🚤Lao Cruise ချင်းရိုင်ကနေလာအိုခရီးစဉ်အဆက်🇹🇭➡️🇱🇦

ချင်းရိုင်ကနေစထွက် နယ်စပ်မြို့ဖြစ်တဲ့ ချင်းခေါင် ( Chiang Khong ) ကို ၁ နာရီခွဲကနေ ၂ နာရီလောက် ခရီးသွားရပါမယ်

အဲ့ဒီကနေ လာအို-ထိုင်း ချစ်ကြည်ရေးတံတားအမှတ် ( 4 ) ကိုဖြတ်စဖြတ်ရပါမယ်

🛂 နယ်စပ်ဖြတ်ကျော်ရတာကတော့ အရမ်းလွယ်ကူပါတယ်

♦️သတိထားစရာတစ်ခုတော့ရှိပါတယ် ထိုင်းနိုင်ငံမှာ အလုပ်လုပ်နေတဲ့သူတွေကတော့ Re-Entry တုံးမသွားခင်ထဲကကြိုတင်ထုထားအကောင်းဆုံးပါဘဲ မဟုတ်ရင် Immigration ရောက်မှထုရင် စကားတွေမလိုအပ်ဘဲအများကြီးပြောနေရပါလိမ့်မယ် Re-Entry တုံးမထုသွားမိခဲ့ရင် ပြန်အဝင်မှာ ရှိနေတဲ့ Visa လည်းအသုံးမဝင်တော့တာမို့ နှစ်ခါကုန်မဖြစ်စေချင်တဲ့အတွက် ကြိုတင်အသိပေးလိုက်ပါတယ်ရှင်

Step 1- ထိုင်းဘတ်ခြမ်း ချင်းခေါင် ( Chiang Khong ) လူဝင်မှူကြီးကြပ်ရေးမှာ ( Immigration) မှာအထွက်ပြပါ

Step 2 - တံတားကို Shuttle Bus နဲ့ဖြတ်ရပါမယ် ( 5 မနစ်ကနေ 10 မိနစ်ဘဲကြပါတယ် ) Admin သွားတုန်းက တစ်ယောက် 20 THB ကျပါတယ်

Step 3 - လာအိုဘက်ခြမ်း ရောက်တဲ့အခါ Admin ကတော့ ဆိုက်ရောက် Visa 14 ရက်ရပါတယ် Admin တုန်းက ပတ်စပို့စ်ဘဲပြရပါတယ် တစ်ချို့ကတော့ Lao ပိုက်ဆံအနည်းငယ်နဲ့ USD ဆောင်လာတာတွေ့ရတယ်

Step -4 ဟွေစိုင်း ( ( Huay Xai ) ဆိပ်ကမ်းမှာ လမ်းတစ်လျောက်မှာ သင်္ဘောအဖွဲ့သားတွေရှိပါတယ် booking လုပ်ထားတဲ့ သင်္ဘောဆီကို သူတို့လမ်းညွှန်ပေးကြပါလိမ့်မယ်

ဒါကတော့ အစအလည်အဆုံး Admin လုပ်ခဲ့တဲ့ Process ပါ

1 night 2 days cruise ဖြစ်တဲ့အတွက် ပတ်
ဘန်း( Pakbeng )မြို့လေးမှာ တစ်ညဝင်အိပ်ပါတယ်

Hotel ကလည်း Operator တာကချပေးတဲ့ Hotel ပါဘဲ ဝရန်တာကနေကြည့်ပြိီး အောက်က စီးဆင်းနေတဲ့မြစ်ရဲ့ တည်ငြိမ်အေးချမ်းနေတဲ့ Vibe ကြီးကိုခံစားရစေပါတယ်




🚤ချင်းရိုင်းမြို့ကနေ လာအို ခရီးသွားမယ် 🇹🇭➡️🇱🇦ထိုင်းနဲ့ လာအို နှစ်နိုင်ငံ နယ်နိမိတ်ကို ပိုင်းခြားထားတဲ့ ဧရာဝတီထက် ပိုမိုက...
23/10/2025

🚤ချင်းရိုင်းမြို့ကနေ လာအို ခရီးသွားမယ် 🇹🇭➡️🇱🇦

ထိုင်းနဲ့ လာအို နှစ်နိုင်ငံ နယ်နိမိတ်ကို ပိုင်းခြားထားတဲ့ ဧရာဝတီထက် ပိုမိုကြီးမားတဲ့ မဲခေါင်မြစ်မကြီး ပေါ်မှာ သင်္ဘောနဲ့ ရွက်လွှင့်သွားလာဖူးဖို့ အရင်ကစိတ်ကူးယှဉ်ခဲ့တာ 🌅

အခုတော့ Private Trip လူနည်းနည်းနဲ့မဟုတ်ဘဲ Shared Trip လူအများနဲ့သွားရတာတောင် admin ကအရမ်းပျော်နေရော

သဘာဝအတိုင်း လှပတဲ့ တောင်တန်းရှုခင်းတွေ ငြိမ်းချမ်းတဲ့ ကျေးရွာလေးတွေနဲ့ မြစ်ကမ်းဘေးက ဒေသခံလူနေမှုဘဝတွေကိုတွေကိုမြင်တွေ့ရတယ်

မဲခေါင်မြစ် ရဲ့ ရေပြင်ကျယ်ပေါ်မှာ စိတ်အေးလက်အေး ခရီးဆန့်ပြီးမြောက်ပိုင်းထိုင်းနဲ့ လာအိုနိုင်ငံ ရဲ့ ရင်သပ်ရှုမောဖွယ် ရှုခင်းအလှတွေကို မျက်ဝါးထင်ထင် တွေ့ရမယ်

🛕 လူပရာဘန် (Luang Prabang) လို ချစ်စရာကောင်းတဲ့ မြို့လေးဆီကို သွားရောက်လည်ပတ်ခွင့် ရမယ်

📸 ခရီးလမ်းတစ်လျောက် နေရာတိုင်းမှာ ဓာတ်ပုံရိုက်ဖို့ အကောင်းဆုံး နေရာများစွာကိုရှိနေတာ

Admin အတွက်တော့ ခရီးသွားခြင်းသက်သက် မဟုတ်ပါဘဲ ယဉ်ကျေးမှု ငြိမ်းချမ်းမှုနဲ့ စွန့်စားခန်းတွေ အပြည့်ပါတဲ့ ခရီးတစ်ခုပါဘဲ

သဘာဝအလှ၊ စိတ်အေးချမ်းမှုနဲ့ အတွေ့အကြုံသစ်တွေကို နှစ်သက်တဲ့ ခရီးသွားတွေအတွက် တကယ့်ကို အသင့်တော်ဆုံးပါပဲ

နယ်စယ်ဖြတ်ကျော်ပုံအဆင့်အဆင့်လုပ်ဆောင်ပုံတွေကိုတော့ နောက် Post တစ်ခုမှာ တင်ပေးပါ့မယ်ရှင့်




23/10/2025

🌄 ယွန်လိုက်ရှုခင်းနေရာ View Point

ဒါကတော့ ထိုင်းနိုင်ငံ၊ ပိုင်မြို့ (Pai) အနီးက ယွန်လိုက်ရှုခင်းနေရာ( View point ) ဖြစ်ပါတယ်

ဒီတောင်ထိပ်ပေါ်ကနေ ကြည့်လိုက်ရင် ပတ်ပတ်လည် ရှုခင်းအလှ ကို မြင်ရမှာပါ။

မမေ့နိုင်စရာ ဓာတ်ပုံကောင်းတွေ ရိုက်ဖို့လည်း အသင့်တော်ဆုံး နေရာထဲကတစ်ခုပါဘဲ

အသေးစိတ်ကိုရှေ့က Post မှာရှင်းပြပေးထားပါတယ်ရှင့်

📍 တည်နေရာ Yun Lai View Point လို့ Google map မှာရှာနိုင်ပါတယ်

🕕 နေထွက်ချိန် (မနက် ၅ နာရီခွဲကနေ ၇ နာရီကြား) ကို သွားနိုင်ရင်ပိုကောင်းပါတယ် admin ကတော့ အလုပ်တွေပင်ပန်းပြီး နေ့လည်မှဘဲရောက်တော့တယ် မနက်မထနိုင်လို့ 🥲

Yun Lai View Point (   ) ဒီ ယွန်လိုက် view point လေးက မြင်ကွင်းသီးသန့်မဟုတ်ဘဲ ဒီအောက်မှာဆိုရင် ယွန်နန်လူမျိုး တရုတ်ရိုးရ...
23/10/2025

Yun Lai View Point ( )

ဒီ ယွန်လိုက် view point လေးက မြင်ကွင်းသီးသန့်မဟုတ်ဘဲ ဒီအောက်မှာဆိုရင် ယွန်နန်လူမျိုး တရုတ်ရိုးရာ ( Santichon) လည်းရှိတယ်

ဒီနေရာတစ်ခုလုံးက တရုတ်ပြည်ကနေ ရှောင်တိမ်းလာတဲ့ ယွန်နန်လူမျိုးတွေ အခြေချခဲ့တဲ့ သမိုင်းကြောင်းတွေနဲ့ဆက်စပ်နေပါတယ်

ယွန်လိုက် ဆိုတဲ့နာမည်ကလည်း ကိုယ်တိုင်က တိမ်တွေ လာရောက်နားခိုးရာ ဒါမှမဟုတ် ယွန်နန်လူမျိုးတွေစုဝေးရာ ဆိုတဲ့ အဓိပ္ပာယ်ပါလို့ ဒီမှာရင်းနှီးတဲ့သူတွေရှင်းပြတာနဲ့သိခွင့်ရခဲ့တယ်

ထူးခြားမှုကတော့ အချစ်ဇာတ်လမ်းဆန်တာကိုနှစ်သက်တဲ့သူတွေအတွက် သစ်ပင်တစ်ပင်ရှိပြီးတော့
သစ်ပင်ပေါ်မှာနှလုံးသားပုံစံလေးတွေချိတ်ထားတာတွေ့ရနိုင်ပါတယ်

ချစ်ရတဲ့သူနဲ့လာခဲ့ရင်ဖြစ်ဖြစ် တစ်ယောက်ထဲ စိတ်ကူးယဉ်ဆန်နေရင်ဖြစ်ဖြစ် အဲ့ဒီ တိုကင်လေးတွေကို ယူ နာမည် ဒါမှမဟုတ် ဆုတောင်းတစ်ခုခုကိုရေးပြီး သစ်ပင်ပေါ်မှာ ချိတိထားလို့ရပါတယ် ဒါကလည်း ဒီ View point ရဲ့ လှပတဲ့ရိုးရားတစ်ခုလို့ပြောလို့ရပါတယ်

ဒီအပေါ်က ဆိုင်လေးကနေ ယွန်နန်လကဖက်ရည်ပူပူလေးတစ်ခွက်လောက်သောက်ပြီး ဒီနေရာရဲ့ အရသာကိုအပြည့်အဝခံစားလိုက်ပါ




22/10/2025

ပင်လယ်ကြီးရယ် သစ်ပင်အရိပ်တွေရယ် 🌳 🌊

Chumpon မှာ နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့ နေရာကတော့ Chom Kwang Bridge ( Deer Watching Bridge ) ပါဘဲသူ့ရဲ့မူလကတော့ ရေကြီ...
22/10/2025

Chumpon မှာ နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့ နေရာကတော့ Chom Kwang Bridge ( Deer Watching Bridge ) ပါဘဲ

သူ့ရဲ့မူလကတော့ ရေကြီးရေလျှံတာကို ကာကွယ်ဖို့ဆောက်ထားတာဆိုပေမဲ့ အခုတော့ အရမ်းလှတဲ့ အခြေခံခရီးသွားနေရာ ဖြစ်နေပါပြီ

သမင်လေးတွေရဲ့ တံတားနာမည်အတိုင်းဘဲ သမင်အကောင် 100 ကျော်လောက်နေ့စဉ်လွတ်လွတ်လပ်သွားလားနေတာကိုတွေ့ရတယ်

ခရီးသွားတွေကတော့ ငပျောသီး တစ်ထုတ်ကို ဘတ် 20 နဲ့ဝယ်ပြီး သမင်လေးတွေကိုအစာကြွေးကြတယ် ညနေစောင်းဆိုရင် အနီးကပ်မြင်ရဖို့အခွင့်အရေးပိုများတယ်

တံတားက အကြီးစား ရေကန်ကြီးနဲ့အလယ်ကိုဖြတ်ပြီးဆောက်ထားတာ လမ်းလျောက်ရတာလည်းရှူခင်းလှသလို ဓာတ်ပုံရိုက်ဖို့လည်း အရမ်းကောင်းတဲ့နေရာပေါ့

ဝင်ကြေးကတော့မရှိပါ အခမဲ့ဝင်ရောက်နိုင်ပါတယ် ချွန်ပွန်ခရိုင် Bank Luk မှာ ရှိပါတယ် သဘာဝအလှနဲ့ တိရစ္ဆာန်ချစ်မြတ်နိုးသူတွေအတွက် သွားသင့်တဲ့နေရာတစ်ခုပါဘဲ





🎣🌊 ချွန်ဖုန် (Chumphon) ရဲ့ ငါးဖမ်းဆိပ်ကမ်းအငွေ့အသက်တွေအပြည့်အဝရတဲ့နေရာချွန်ပွန်ဆိုတာက မြစ်ဝနဲ့ပင်လယ်ဆုံတဲ့နေရာမှာရှိပြီ...
20/10/2025

🎣🌊 ချွန်ဖုန် (Chumphon) ရဲ့ ငါးဖမ်းဆိပ်ကမ်းအငွေ့အသက်တွေအပြည့်အဝရတဲ့နေရာ

ချွန်ပွန်ဆိုတာက မြစ်ဝနဲ့ပင်လယ်ဆုံတဲ့နေရာမှာရှိပြီး နေ့စဉ်ဘဝကို ငါးဖမ်းလုပ်ငန်းတွေနဲ့အများအပြားလည်ပတ်နေတာကို ကိုယ်တိုင်တွေ့ရမှာပါ

ပိုက်ပြင်နေတဲ့တံငှါသည်တွေရဲ့ပုံရိပ်က ပင်လယ်ကမ်းခြေရဲ့ ခံစားချက်ကိုပိုပေးစေတယ်

ချွန်ပွန်မှာညဘက်ဆိုရင် ရေချိုငါး ( Squid ) ဖမ်းတဲ့လှေတွေလည်းရှိ ကိုယ်တိုင်ဖမ်းပြီး ကိုယ်တိုင် ချက်စားခဲ့ရတာကတော့ အကောင်းဆုံးဘဲ😋



Visual Beauty of Islands in Chumpon 🏝️ ချွန်ပွန်မှာရှိတဲ့ ကျွန်းလေးတွေရဲ့ အလှတရားက admin အတွက်တော့ ဓာတ်ပုံထဲက မြင်ကွင်းတ...
20/10/2025

Visual Beauty of Islands in Chumpon 🏝️

ချွန်ပွန်မှာရှိတဲ့ ကျွန်းလေးတွေရဲ့ အလှတရားက admin အတွက်တော့ ဓာတ်ပုံထဲက မြင်ကွင်းတွေထက်ပိုပြီး အပြင်မှာပိုပြီးအသက်ဝင်တယ်

ဒီမှာရှိတဲ့ ကျွန်းတွေက တစ်ခြားနာမည်ကြီးကျွန်းတွေလို လူတွေသိပ်မသိကြသေးတာကဘဲ သူ့ရဲ့သဘာဝအလှကို ပိုပြီးထိန်းထားသလိုဖြစ်နေတယ်လို့ ခံစားရတယ်

ဖြူဖွေးနေတဲ့သဲသောင်ပြင် စိမ်းပြောင်ရောင်ပင်လယ်ရေနဲ့အတူ လှပစွာဆက်စပ်နေပြီး ငြိမ်းချမ်းတဲ့ခံစားမှုကို ကိုယ်တိုင်ခံစားရတယ်

ထူးခြားဆန်းပြားတဲ့ကျောက်ဆောင်ပုံစံ စိမ်းလန်းစိုပြေသော တောင်ကုန်းတွေ ကျွန်းငယ်လေးတွေရဲ့အပေါ်ဘက်မှာ အမြဲစိမ်းသစ်ပင်တွေ ဖုံးလွမ်းနေပြီးတော့ ကြည်လင်နေတဲ့ရေ စမ်းလန်းနေတဲ့သစ်တောရဲ့ရောစပ်မှူကြီးက ဒီမှာရှိတဲ့ကျွန်းတွေရဲ့သဘာဝအလှကိုပိုမိုပေါ်လွှင်စေတယိလို့မြင်မိတယ်




18/10/2025

ချွန်ဖွန် (Chumphon) ရဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ ရေအောက်ကမ္ဘာထဲကို အလည်ဆင်းလိုက်ပါ! 🐠

လူတွေပြည့်ကျပ်နေတဲ့ ကမ်းခြေတွေနဲ့ ရေနောက်နေတဲ့နေရာတွေကို စိတ်ကုန်နေပြီလား။ ထိုင်းပင်လယ်ကွေ့ရဲ့ ဖုံးကွယ်ထားတဲ့ ရတနာတစ်ခုဖြစ်တဲ့ ချွန်ဖွန် (Chumphon) ရဲ့ မထိတွေ့ရသေးတဲ့ အလှတရားကို ရှာဖွေဖို့ အချိန်တန်ပါပြီ!

သန္တာကျောက်တန်းတွေက တောက်ပနေ၊ ရေသတ္တဝါတွေက ပေါများနေကာ ရေတွေကတော့ ဒီဗီဒီယိုထဲကအတိုင်း ကြည်လင်နေပါတယ်။

ချွန်ဖွန်မှာ ဘာလို့ Snorkeling လုပ်သင့်တာလဲ?

ရေအောက်ရှုခင်းထဲမှာ တကယ်ပဲ နစ်မြုပ်သွားသလို ခံစားရစေမယ့် မြင်ကွင်းကြည်လင်မှုကို ခံစားရစေတယ် ရောင်စုံငါးအုပ်လေးတွေဟာ မထိတွေ့ရသေးတဲ့ ကျောက်ဆောင်ဖွဲ့စည်းမှုတွေနဲ့ ကျန်းမာတဲ့ သန္တာဥယျာဉ်တွေတစ်ဝိုက် လှည့်ပတ်သွားလာနေတာကို တွေ့ရမှာပါ

ကျောက်ခက်ငါး (clownfish) တွေနဲ့ ခန့်ညားထည်ဝါတဲ့ ပင်လယ်လိပ်ကြီး တွေကနေ ထူးခြားတဲ့ အပျော့စားနဲ့ အမာစား သန္တာကျောက်တန်းတွေအထိ၊ ချွန်ဖွန်ရဲ့ ကွယ်ဝှက်ထားတဲ့ ကျွန်းတွေဟာ ပင်လယ်သတ္တဝါများရဲ့ ပေါက်ဖွားရာနေရာ ဖြစ်ပြီး မမေ့နိုင်စရာ သဘာဝနဲ့ ထိတွေ့မှုကို ပေးစွမ်းနိုင်ပါတယ်

လူသွားနည်းတဲ့ နေရာတွေရဲ့ တိတ်ဆိတ်ငြိမ်သက်မှုကို ခံစားစေတယ် ချွန်ဖွန်ဟာ ဆူညံသံတွေကနေ လွတ်မြောက်ပြီး စွဲမက်ဖွယ်ကောင်းတဲ့ ရေကမ္ဘာပေါ်မှာ ပေါ်မျောနေရင်း စစ်မှန်တဲ့ စိတ်ငြိမ်သက်မှု လိုအပ်နေပြီဆိုရင် ချွန်ပွန်ကိုတစ်ခါလောက်အလည်အပတ်လုပ်ဖို့တိုက်တွန်းပါတယ်





Chumpon is calling back 🏖️🌊လူသိနည်းသေးတဲ့ ကမ်းခြေအလှတွေကို ရှာဖွေလိုက်ပါ။ 😍 ချမ်ဖွန်ဟာ ပင်လယ်ရေကြည်ကြည်၊ သဲဖြူဖြူနဲ့ သဘာ...
18/10/2025

Chumpon is calling back 🏖️🌊

လူသိနည်းသေးတဲ့ ကမ်းခြေအလှတွေကို ရှာဖွေလိုက်ပါ။ 😍 ချမ်ဖွန်ဟာ ပင်လယ်ရေကြည်ကြည်၊ သဲဖြူဖြူနဲ့ သဘာဝအလှတရားတွေ ပြည့်နေတဲ့ မြို့လေးပါ။

ဘာကြောင့် ချမ်ဖွန်ကို သွားသင့်လဲ?✨

လူရှင်းပြီး သန့်ရှင်းတဲ့ ကမ်းခြေတွေ (ဥပမာ- Thung Wua Laen) Admin Favorite - နောက်ဆို အခြေချဖို့တောင်စဉ်းစားထားတယ် ချွန်ပွန်မှာ

🐠 ရေအောက်ကမ္ဘာနဲ့ ကျွန်းလှလှလေးတွေ (Mu Ko Chumphon National Park)

✈️(Bangkok) ကနေ သွားမယ်ဆိုရင် လေယာဉ်နဲ့ဆို (၁ နာရီ) ကြာပြီး လေယျဉ်ခကတော့ Admin 2 လလောက်ကြိုတင် book တဲ့အပြင် စျေးကျတာကိုအမြဲစောင့်ကြည့်နေတာမို့ Air Asia နဲ့ 980 THB ဘဲကျပါတယ် Hand carry နဲ့ဘဲသွားပါတယ်

ရထား ဒါမှမဟုတ် ဘတ်စ်ကား (၆ နာရီ ဝန်းကျင်)

📌 အမျိုးသားဥယျာဉ် ဝင်ကြေးကတော့ နိုင်ငံခြားသား လူကြီးတစ်ဦးကို ฿200 ဘတ် သာ ကျသင့်ပါတယ်။ ငွေသားနဲ့ဘဲပေးလို့ရတာမို့ ငွေသားမဖြစ်မနေဆောင်သွားသင့်ပါတယ်

🚤 Admin တို့ လူ 5 ယောက်ဆိုတော့ Private Speed Boat တစ်ရက် ခရီးစဉ်ငှါးတာမို့ 6000 THB စုစုပေါင်းပေးရပါတယ် ( Guide နဲ့ Lunch ပါဝင်ပါတယ် )



ที่อยู่

101/11 Village No. 6, Tha Yang Subdistrict
Chumphon
86000

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Roam Light Stepsผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์